[Zawgyi]

စိန္ေခၚတဲ့လူက ေဘာက္ဆင္ႀကိဳးဝုိင္းမွာ လာထုိးလုိ႔ ေျပာလုိက္တဲ့ Floyd Mayweather

UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Khabib Nurmagomedov ဟာ ဝိတ္တန္း (၅) ခုရဲ႕ ကမၻာ့ခ်န္ပီယံ Floyd Mayweather ကုိ စိန္ေခၚလုိက္တဲ့သတင္းကုိ အားလုံးသိၾကမယ္ထင္ပါတယ္။ “ခင္ဗ်ားကလည္း ပြဲ (၅ဝ) လုံး ရႈံးပြဲမရွိတဲ့လူပဲ။ ကြ်န္ေတာ္လည္း (၂၇) ပြဲလုံး ႏုိင္ပြဲဆက္ခဲ့တဲ့ေကာင္ပဲေလ။ က်ားနဲ႔ဆင္ လယ္ျပင္မွာ ေတြ႕ ၾကတာေပါ့။ ေတာထဲမွာ ေကသရာဇာျခေသၤ့မင္းက တစ္ေကာင္ပဲ ေအာင္းရမွာ။ ကြ်န္ေတာ္သာ ဘုရင္ပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကြ်န္ေတာ္က Conor McGregor ကုိ လွဲသိပ္ႏုိင္ခဲ့တဲ့ ေကာင္ေလ” လုိ႔ UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Khabib Nurmagomedov က ေၾကြးေၾကာ္ခဲ့ပါတယ္။

Floyd Mayweather ကလည္း “Mayweather Promotions ရဲ႕ CEO ျဖစ္တဲ့ Leonard Ellerbe ကုိ ဆက္သြယ္လုိက္ပါကြာ။ CBS ရုပ္သံလုိင္းနဲ႔ အက်ိဳးအျမတ္ကိစၥေျပာၾကတာေပါ့။ Grand Garden Arena မွာပဲ ထုိးရေအာင္ကြာ။ Las Vegas ၿမိဳ႕ ႀကီး စည္ကားသြားတာေပါ့” လုိ႔ တုံ႔ျပန္ခဲ့ပါတယ္။ Khabib Nurmagomedov နဲ႔ Floyd Mayweather တုိ႔ရဲ႕ လက္ေဝွ႔ပြဲဟာ အမွန္တကယ္ျဖစ္လာဖုိ႔ ရာခုိင္ႏႈန္းမ်ားလာပါၿပီ။ ဒါေပမယ့္ ပရိသတ္ေတြ စိတ္ဝင္စားတာက ေဘာက္ဆင္ႀကိဳးဝုိင္းမွာလား သံဇကာမွာလားဆုိတာပါပဲ။ အားကစားဝါသနာရွင္ေတြ သိခ်င္ေနတဲ့ အေျဖကုိ Floyd Mayweather က ဖြင့္ဟလုိက္ပါၿပီ။

“ဟာ . . . ကြ်န္ေတာ္ကေတာ့ ထုိးမွာပဲ။ Khabib ကေတာ့ ဘယ္လုိေနတုန္းမသိဘူး။ ကြ်န္ေတာ့္ဘက္ကေတာ့ ေသခ်ာေနပါၿပီ။ ကြ်န္ေတာ္က သူေဌးေလ သိတယ္မလား။ ကြ်န္ေတာ့္ကုိ စိန္ေခၚခ်င္ရင္ ကြ်န္ေတာ့္စည္းမ်ဥ္းနဲ႔ လာထုိးေပါ့။ ေဘာက္ဆင္ႀကိဳးဝုိင္းမွာပဲ ေတြ႕ ၾကမယ္။ ကြ်န္ေတာ္က စင္ေပၚကလူပဲ။ ကြ်န္ေတာ့္နယ္ကုိ လာခဲ့ေလ။ ဟာ . . ထုိးေၾကးလား။ ဂဏန္းကုိးလုံးရရင္ ထုိးရမွာေပါ့။ ေဒၚလာသန္းရာေက်ာ္ရရင္ ျပန္ထုိးမွာေလ။ Khabib ကေတာ့ ကြ်န္ေတာ့္ အၾကြင္းအက်န္ေတြကုိ ခံစားရမွာေပါ့”လုိ႔ Floyd Mayweather က ဂုဏ္ယူဝံ့ၾကြားစြာနဲ႔ ေျပာလုိက္တာပါ။

“Conor McGregor နဲ႔ထုိးတုန္းက ဘယ္လုိျပႆနာျဖစ္သလဲဆုိတာ ကြ်န္ေတာ္ေသခ်ာမၾကည့္ရေသးဘူး။ ကြ်န္ေတာ့္ကုိ စိန္ေခၚခ်င္ရင္ေတာ့ ႀကိဳးဝုိင္းထဲမွာေရာ အျပင္မွာေရာ ပေရာ္ဖက္ရွင္နယ္ဆန္ဖုိ႔ လုိတယ္။ အရုိင္းဆန္လုိ႔ မရဘူး” လုိ႔ ေျပာသြားပါတယ္။ တကယ္လုိ႔ ေဘာက္ဆင္ႀကိဳးဝုိင္းမွာ ျပန္ေတြ႕ ရင္ေတာ့ Grand Garden Arena အားကစားရုံမွာ ထုိးသတ္ဖုိ႔ Floyd Mayweather က ေတာင္းဆုိထားပါတယ္။

၂ဝ၁၇ခုႏွစ္ ၾသဂုတ္လ (၂၆) ရက္ေန႔မွာ Conor McGregor နဲ႔ ထုိးသတ္ခဲ့တဲ့ပြဲမွာ Floyd Mayweather ဟာ ေဒၚလာ ၂၇၅သန္းအထိရခဲ့ၿပီး Khabib Nurmagomedov နဲ႔ပြဲကုိလည္း အဲဒီပမာဏထက္ ပုိရမွ လက္ခံဖြယ္ရွိပါတယ္။ တကယ္လုိ႔ ထုိးသတ္ျဖစ္ရင္ေတာ့ ၂ဝ၁၈ခုႏွစ္အတြင္းမွာမဟုတ္ဘဲ ၂ဝ၁၉ခုႏွစ္ဆန္းပုိင္းမွာ ရင္ဆုိင္ဖြယ္ရွိပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

စိန်ခေါ်တဲ့လူက ဘောက်ဆင်ကြိုးဝိုင်းမှာ လာထိုးလို့ ပြောလိုက်တဲ့ Floyd Mayweather

UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ Khabib Nurmagomedov ဟာ ဝိတ်တန်း (၅) ခုရဲ့ ကမ္ဘာ့ချန်ပီယံ Floyd Mayweather ကို စိန်ခေါ်လိုက်တဲ့သတင်းကို အားလုံးသိကြမယ်ထင်ပါတယ်။ “ခင်ဗျားကလည်း ပွဲ (၅ဝ) လုံး ရှုံးပွဲမရှိတဲ့လူပဲ။ ကျွန်တော်လည်း (၂၇) ပွဲလုံး နိုင်ပွဲဆက်ခဲ့တဲ့ကောင်ပဲလေ။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ ကြတာပေါ့။ တောထဲမှာ ကေသရာဇာခြင်္သေ့မင်းက တစ်ကောင်ပဲ အောင်းရမှာ။ ကျွန်တော်သာ ဘုရင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က Conor McGregor ကို လှဲသိပ်နိုင်ခဲ့တဲ့ ကောင်လေ” လို့ UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ Khabib Nurmagomedov က ကြွေးကြော်ခဲ့ပါတယ်။

Floyd Mayweather ကလည်း “Mayweather Promotions ရဲ့ CEO ဖြစ်တဲ့ Leonard Ellerbe ကို ဆက်သွယ်လိုက်ပါကွာ။ CBS ရုပ်သံလိုင်းနဲ့ အကျိုးအမြတ်ကိစ္စပြောကြတာပေါ့။ Grand Garden Arena မှာပဲ ထိုးရအောင်ကွာ။ Las Vegas မြို့ ကြီး စည်ကားသွားတာပေါ့” လို့ တုံ့ပြန်ခဲ့ပါတယ်။ Khabib Nurmagomedov နဲ့ Floyd Mayweather တို့ရဲ့ လက်ဝှေ့ပွဲဟာ အမှန်တကယ်ဖြစ်လာဖို့ ရာခိုင်နှုန်းများလာပါပြီ။ ဒါပေမယ့် ပရိသတ်တွေ စိတ်ဝင်စားတာက ဘောက်ဆင်ကြိုးဝိုင်းမှာလား သံဇကာမှာလားဆိုတာပါပဲ။ အားကစားဝါသနာရှင်တွေ သိချင်နေတဲ့ အဖြေကို Floyd Mayweather က ဖွင့်ဟလိုက်ပါပြီ။

“ဟာ . . . ကျွန်တော်ကတော့ ထိုးမှာပဲ။ Khabib ကတော့ ဘယ်လိုနေတုန်းမသိဘူး။ ကျွန်တော့်ဘက်ကတော့ သေချာနေပါပြီ။ ကျွန်တော်က သူဌေးလေ သိတယ်မလား။ ကျွန်တော့်ကို စိန်ခေါ်ချင်ရင် ကျွန်တော့်စည်းမျဉ်းနဲ့ လာထိုးပေါ့။ ဘောက်ဆင်ကြိုးဝိုင်းမှာပဲ တွေ့ ကြမယ်။ ကျွန်တော်က စင်ပေါ်ကလူပဲ။ ကျွန်တော့်နယ်ကို လာခဲ့လေ။ ဟာ . . ထိုးကြေးလား။ ဂဏန်းကိုးလုံးရရင် ထိုးရမှာပေါ့။ ဒေါ်လာသန်းရာကျော်ရရင် ပြန်ထိုးမှာလေ။ Khabib ကတော့ ကျွန်တော့် အကြွင်းအကျန်တွေကို ခံစားရမှာပေါ့”လို့ Floyd Mayweather က ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောလိုက်တာပါ။

“Conor McGregor နဲ့ထိုးတုန်းက ဘယ်လိုပြဿနာဖြစ်သလဲဆိုတာ ကျွန်တော်သေချာမကြည့်ရသေးဘူး။ ကျွန်တော့်ကို စိန်ခေါ်ချင်ရင်တော့ ကြိုးဝိုင်းထဲမှာရော အပြင်မှာရော ပရော်ဖက်ရှင်နယ်ဆန်ဖို့ လိုတယ်။ အရိုင်းဆန်လို့ မရဘူး” လို့ ပြောသွားပါတယ်။ တကယ်လို့ ဘောက်ဆင်ကြိုးဝိုင်းမှာ ပြန်တွေ့ ရင်တော့ Grand Garden Arena အားကစားရုံမှာ ထိုးသတ်ဖို့ Floyd Mayweather က တောင်းဆိုထားပါတယ်။

၂ဝ၁၇ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့မှာ Conor McGregor နဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ Floyd Mayweather ဟာ ဒေါ်လာ ၂၇၅သန်းအထိရခဲ့ပြီး Khabib Nurmagomedov နဲ့ပွဲကိုလည်း အဲဒီပမာဏထက် ပိုရမှ လက်ခံဖွယ်ရှိပါတယ်။ တကယ်လို့ ထိုးသတ်ဖြစ်ရင်တော့ ၂ဝ၁၈ခုနှစ်အတွင်းမှာမဟုတ်ဘဲ ၂ဝ၁၉ခုနှစ်ဆန်းပိုင်းမှာ ရင်ဆိုင်ဖွယ်ရှိပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com