[Zawgyi]

Tenshin Nasukawa နဲ႔ပဲြကုိ ဖ်က္သိမ္းလုိက္တဲ့ Floyd Mayweather

ဂႏၳဝင္လက္ေဝွ႕ေက်ာ္ Floyd Mayweather ဟာ ကစ္ေဘာက္ဆင္သမား Tenshin Nasukawa နဲ႔ ထုိးသတ္မယ့္ပြဲစဥ္ကုိ ဖ်က္သိမ္းလုိက္ေၾကာင္း တရားဝင္ေၾကညာခဲ့ပါတယ္။ ၿပီးေတာ့ ႏုိဝင္ဘာလ (၅) ရက္ေန႔မွာ ထုတ္ျပန္ခဲ့တဲ့ သတင္းထဲမွာ အခ်က္အလက္ေတြ မွားယြင္းခဲ့တဲ့အတြက္ ပရိသတ္ေတြကုိ ေတာင္းပန္ခဲ့ပါတယ္။

“စိတ္ပ်က္စရာေကာင္းတ့ဲ ဂ်ပန္ခရီးစဥ္ကေန အေမရိကန္ႏုိင္ငံကုိ ျပန္ေရာက္ပါၿပီ။ ဒီဇင္ဘာလ (၃၁) ရက္ေန႔မွာ က်င္းပမယ္လုိ႔ ေၾကညာထားတဲ့ ပြဲစဥ္နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြနဲ႔ မီဒီယာေတြအားလုံးကုိ အသိေပးခ်င္ပါတယ္။ ပထမဆုံးအေနနဲ႔ ေျပာခ်င္တာက ကြ်န္ေတာ္ဟာ Tenshin Nasukawa နဲ႔ ထုိးသတ္ဖုိ႔ ဘယ္တုန္းကမွ သေဘာမတူညီခဲ့ဘူးဆုိတာပါပဲ။ တကယ္တမ္းေတာ့ (ကန္ေတာ့ပါရဲ႕ ) ဂ်ပန္ကစ္ေဘာက္ဆင္သမား Tenshin Nasukawa ကုိ မၾကားဖူးဘူး။ ဂ်ပန္ႏုိင္ငံကုိ ေရာက္သြားမွ သိတာပါ။ Rizin Fighting Federation ဟာ သူတုိ႔ေရြးခ်ယ္ထားတဲ့ ကစားသမားတစ္ေယာက္နဲ႔ ကုိးမိနစ္ သုံးခ်ီ သရုပ္ျပပြဲ ကစားဖုိ႔ One Entertainment ရဲ႕ Brent Johnson ကတဆင့္ ကြ်န္ေတာ့္ကုိ ဆက္သြယ္လာတာပါ။ လူကုံထုံအနည္းငယ္ကုိ ဝင္ေၾကးမ်ားမ်ားေတာင္းၿပီး ‘အထူးပြဲ’ အေနနဲ႔ သရုပ္ျပပြဲကစားေပးဖုိ႔ပါပဲ။ လက္ေဝွ႔ပြဲအေနနဲ႔ ရုပ္သံကေန ထုတ္လႊင့္ျပသဖုိ႔အထိလည္း သေဘာမတူခဲ့ပါဘူး။ သတင္းစာရွင္းလင္းပြဲကုိ ေရာက္သြားေတာ့ ကြ်န္ေတာ္ အံ့ၾသသြားတယ္။ လြဲေနၿပီဆုိတာ သိလုိက္ၿပီေလ။ ကြ်န္ေတာ္ထင္တာက သရုပ္ျပကစားဖုိ႔။ သူတုိ႔လုပ္ေနတာက တကယ္လက္ေဝွ႔ပြဲေလ။ ကြ်န္ေတ္ာ့ခြင့္ျပဳခ်က္မရဘဲနဲ႔ ေၾကညာခ်လုိက္တာ။ ကြ်န္ေတာ္နဲ႔ နည္းျပအဖြဲ႕ဝင္ေတြဟာ ခ်က္ခ်င္းဖ်က္သိမ္းဖုိ႔ ႀကိဳးစားခဲ့တယ္။ သတင္းစာရွင္းလင္းပြဲတုန္းက တု႔ံဆုိင္းေနခဲ့မိလုိ႔ ကမၻာတလႊားက ပရိသတ္ေတြကုိ အႏူးအညႊတ္ကုိ ေတာင္းပန္ပါတယ္။ ဒီလုိျဖစ္လာဖုိ႔ မရည္ရြယ္ခဲ့ပါဘူး။ ေတာင္းပန္ပါတယ္ခင္ဗ်ာ” လုိ႔ သူ႕ရဲ႕ လူမႈကြန္ရက္ Instagram ကေန ေျပာၾကားခဲ့ပါတယ္။

ေဘာက္ဆင္ေလာကမွာ ယာယီအနားယူေနတဲ့ Floyd Mayweather ကုိ Rizin Fighting Federation အဖြဲ႕ က ဆက္သြယ္ခဲ့တယ္။ တုိက္ရုိက္ေတာ့ မဟုတ္ပါဘူး။ One Entertainment ရဲ႕  CEO ျဖစ္တဲ့ Brent Johnson ကတဆင့္ပါ။ အထူးပြဲအေနနဲ႔ ကုိးမိနစ္ သုံးခ်ီ သရုပ္ျပပြဲ ကစားဖုိ႔ပါ။ လက္ေဝွ႔ပြဲ မဟုတ္ဘဲ လာၾကည့္တဲ့ လူကုံထံေတြကုိပဲ ဝင္ေၾကးမ်ားမ်ားန႔ဲ သရုပ္ျပမယ့္ ဟန္ေရးျပပြဲစဥ္တစ္ခုပါ။ ေစ်းညွိၿပီးတာနဲ႔ Floyd Mayweather နဲ႔ သူ႕ အဖြဲ႕ ဟာ ဂ်ပန္ႏုိင္ငံကုိ လုိက္လာတယ္။ သတင္းစာရွင္းလင္းပြဲေရာက္ခါမွ တကယ့္လက္ေဝွ႔ပြဲက်င္းပဖုိ႔ဆုိတာ သိလုိက္ရတယ္။ ခ်က္ခ်င္းဖ်က္သိမ္းလုိက္လုိ႔ ရေပမယ့္ သတင္းစာရွင္းလင္းပြဲမွာ ပြဲဆူသြားမွာစုိးတာနဲ႔ အခုမွ ေၾကညာလုိက္တဲ့သေဘာပါ။

Floyd Mayweather ဟာ ‘ေခ်ာ္လဲေရာထုိင္’ လုပ္ၿပီး Rizin Fighting Federation ႀကိဳးဆြဲရာ ကမယ့္လူ မဟုတ္ျပန္ပါဘူး။ သူ သေဘာတူထားတဲ့ ေစ်းႏႈန္းဟာ သရုပ္ျပပြဲအတြက္ ျဖစ္ဟန္ရွိပါတယ္။ တကယ့္လက္ေဝွ႔ပြဲအတြက္ ထုိးသတ္ေၾကးနဲ႔ သေဘာတူထားတာ မဟုတ္ပါဘူး။ ၿပီးေတာ့ ေသခ်ာျပင္ဆင္ၿပီးမွ ထုိးသတ္ေလ့ရွိတဲ့ Floyd Mayweather ဟာ ရုတ္တရက္ထုိးသတ္ဖုိ႔ အဆင္ေျပမွာ မဟုတ္ပါဘူး။ ၿပီးေတာ့ Shane Mosley ၊ Miguel Cotto ၊ Canelo Álvarez နဲ႔ Manny Pacquiao တုုိ႔လုိ ကမၻာေက်ာ္ေတြနဲ႔ ရင္ဆုိင္ခဲ့တဲ့သူဟာ Tenshin Nasukawa လုိအဆင့္နဲ႔ မထုိးခ်င္ဘူးတူပါတယ္။ ဂ်ပန္သားေလး Tenshin Nasukawa ကေတာ့ အဖုိးႀကီး Floyd Mayweather တစ္ေယာက္ သူ႕လုိေၾကာက္လုိ႔ အေမရိကန္ႏုိင္ငံကုိ ျပန္ေျပးၿပီလုိ႔ ထင္ေနေလာက္ပါၿပီ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Tenshin Nasukawa နဲ့ပွဲကို ဖျက်သိမ်းလိုက်တဲ့ Floyd Mayweather

ဂန္ထဝင်လက်ဝှေ့ကျော် Floyd Mayweather ဟာ ကစ်ဘောက်ဆင်သမား Tenshin Nasukawa နဲ့ ထိုးသတ်မယ့်ပွဲစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ပြီးတော့ နိုဝင်ဘာလ (၅) ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ သတင်းထဲမှာ အချက်အလက်တွေ မှားယွင်းခဲ့တဲ့အတွက် ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

“စိတ်ပျက်စရာကောင်းတဲ့ ဂျပန်ခရီးစဉ်ကနေ အမေရိကန်နိုင်ငံကို ပြန်ရောက်ပါပြီ။ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ပွဲစဉ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေနဲ့ မီဒီယာတွေအားလုံးကို အသိပေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ ပြောချင်တာက ကျွန်တော်ဟာ Tenshin Nasukawa နဲ့ ထိုးသတ်ဖို့ ဘယ်တုန်းကမှ သဘောမတူညီခဲ့ဘူးဆိုတာပါပဲ။ တကယ်တမ်းတော့ (ကန်တော့ပါရဲ့ ) ဂျပန်ကစ်ဘောက်ဆင်သမား Tenshin Nasukawa ကို မကြားဖူးဘူး။ ဂျပန်နိုင်ငံကို ရောက်သွားမှ သိတာပါ။ Rizin Fighting Federation ဟာ သူတို့ရွေးချယ်ထားတဲ့ ကစားသမားတစ်ယောက်နဲ့ ကိုးမိနစ် သုံးချီ သရုပ်ပြပွဲ ကစားဖို့ One Entertainment ရဲ့ Brent Johnson ကတဆင့် ကျွန်တော့်ကို ဆက်သွယ်လာတာပါ။ လူကုံထုံအနည်းငယ်ကို ဝင်ကြေးများများတောင်းပြီး ‘အထူးပွဲ’ အနေနဲ့ သရုပ်ပြပွဲကစားပေးဖို့ပါပဲ။ လက်ဝှေ့ပွဲအနေနဲ့ ရုပ်သံကနေ ထုတ်လွှင့်ပြသဖို့အထိလည်း သဘောမတူခဲ့ပါဘူး။ သတင်းစာရှင်းလင်းပွဲကို ရောက်သွားတော့ ကျွန်တော် အံ့သြသွားတယ်။ လွဲနေပြီဆိုတာ သိလိုက်ပြီလေ။ ကျွန်တော်ထင်တာက သရုပ်ပြကစားဖို့။ သူတို့လုပ်နေတာက တကယ်လက်ဝှေ့ပွဲလေ။ ကျွန်တေ်ာ့ခွင့်ပြုချက်မရဘဲနဲ့ ကြေညာချလိုက်တာ။ ကျွန်တော်နဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ချက်ချင်းဖျက်သိမ်းဖို့ ကြိုးစားခဲ့တယ်။ သတင်းစာရှင်းလင်းပွဲတုန်းက တုံ့ဆိုင်းနေခဲ့မိလို့ ကမ္ဘာတလွှားက ပရိသတ်တွေကို အနူးအညွှတ်ကို တောင်းပန်ပါတယ်။ ဒီလိုဖြစ်လာဖို့ မရည်ရွယ်ခဲ့ပါဘူး။ တောင်းပန်ပါတယ်ခင်ဗျာ” လို့ သူ့ရဲ့ လူမှုကွန်ရက် Instagram ကနေ ပြောကြားခဲ့ပါတယ်။

ဘောက်ဆင်လောကမှာ ယာယီအနားယူနေတဲ့ Floyd Mayweather ကို Rizin Fighting Federation အဖွဲ့ က ဆက်သွယ်ခဲ့တယ်။ တိုက်ရိုက်တော့ မဟုတ်ပါဘူး။ One Entertainment ရဲ့  CEO ဖြစ်တဲ့ Brent Johnson ကတဆင့်ပါ။ အထူးပွဲအနေနဲ့ ကိုးမိနစ် သုံးချီ သရုပ်ပြပွဲ ကစားဖို့ပါ။ လက်ဝှေ့ပွဲ မဟုတ်ဘဲ လာကြည့်တဲ့ လူကုံထံတွေကိုပဲ ဝင်ကြေးများများနဲ့ သရုပ်ပြမယ့် ဟန်ရေးပြပွဲစဉ်တစ်ခုပါ။ ဈေးညှိပြီးတာနဲ့ Floyd Mayweather နဲ့ သူ့ အဖွဲ့ ဟာ ဂျပန်နိုင်ငံကို လိုက်လာတယ်။ သတင်းစာရှင်းလင်းပွဲရောက်ခါမှ တကယ့်လက်ဝှေ့ပွဲကျင်းပဖို့ဆိုတာ သိလိုက်ရတယ်။ ချက်ချင်းဖျက်သိမ်းလိုက်လို့ ရပေမယ့် သတင်းစာရှင်းလင်းပွဲမှာ ပွဲဆူသွားမှာစိုးတာနဲ့ အခုမှ ကြေညာလိုက်တဲ့သဘောပါ။

Floyd Mayweather ဟာ ‘ချော်လဲရောထိုင်’ လုပ်ပြီး Rizin Fighting Federation ကြိုးဆွဲရာ ကမယ့်လူ မဟုတ်ပြန်ပါဘူး။ သူ သဘောတူထားတဲ့ ဈေးနှုန်းဟာ သရုပ်ပြပွဲအတွက် ဖြစ်ဟန်ရှိပါတယ်။ တကယ့်လက်ဝှေ့ပွဲအတွက် ထိုးသတ်ကြေးနဲ့ သဘောတူထားတာ မဟုတ်ပါဘူး။ ပြီးတော့ သေချာပြင်ဆင်ပြီးမှ ထိုးသတ်လေ့ရှိတဲ့ Floyd Mayweather ဟာ ရုတ်တရက်ထိုးသတ်ဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ပြီးတော့ Shane Mosley ၊ Miguel Cotto ၊ Canelo Álvarez နဲ့ Manny Pacquiao တို့လို ကမ္ဘာကျော်တွေနဲ့ ရင်ဆိုင်ခဲ့တဲ့သူဟာ Tenshin Nasukawa လိုအဆင့်နဲ့ မထိုးချင်ဘူးတူပါတယ်။ ဂျပန်သားလေး Tenshin Nasukawa ကတော့ အဖိုးကြီး Floyd Mayweather တစ်ယောက် သူ့လိုကြောက်လို့ အမေရိကန်နိုင်ငံကို ပြန်ပြေးပြီလို့ ထင်နေလောက်ပါပြီ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com