[Zawgyi]

(၁၈) သန္းတန္ Jacob & Co ‘The Billionaire’ နာရီကုိ ဝယ္လုိက္တဲ့ Mayweather

Mayweather ဆုိတဲ့ပုဂၢိဳလ္က ၾကြားတဲ့ေနရာမွာ သူမ်ားနဲ႔ ပုိလြန္းတယ္။ အခုလည္း လုပ္လုိက္ျပန္ၿပီ။ ရတနာေတြနဲ႔ တန္ဖုိးႀကီးနာရီေတြ ထုတ္လုပ္တဲ့ Jacob & Co ကုမၸဏီကေန ေဒၚလာ (၁၈) သန္းတန္ နာရီတစ္လုံးဝယ္ထားတာကုိ လူမႈကြန္ရက္ကေန ၾကြားလုံးထုတ္လုိက္တာပါ။ Jacob & Co ကုမၸဏီက ‘The Billionaire’ နာရီလုိ႔ နာမည္ေပးထားၿပီး ေရႊျဖဴေရာင္စိန္ပြင့္ (၁၈,ဝဝဝ) ေက်ာ္နဲ႔ မြမ္းမံပါတယ္။ ‘The Billionaire’ နာရီထဲမွာကုိ စိန္ကာရက္ (၂၈ဝ) ရွိတယ္လုိ႔ သိရပါတယ္။ အၾကြားသန္တဲ့ သူ႕ရဲ႕ထုံးစံအတုိင္း Instagram ကေန ခပ္ေထ့ေထ့ေရးထားပါတယ္။

“ဒါကေတာ့ ကြ်န္ေတာ့္ရဲ႕ နာရီအသစ္ပါ။

Billionaire Watch လုိ႔ေခၚသဗ်။ နာရီအေၾကာင္း

အေသးစိတ္သိခ်င္ရင္ေတာ့ Google မွာရွာၾကည့္”

Mayweather ဟာ ေၾကးစားကစားသမားဘဝမွာ ပြဲ (၅ဝ) ထုိးသတ္ခဲ့ၿပီး ရႈံးပြဲမရွိစံခ်ိန္တင္ထားပါတယ္။ ၂ဝ၁၇ခုႏွစ္ ၾသဂုတ္လ (၂၆) ရက္ေန႔တုန္းက UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Conor McGregor နဲ႔ ထုိးသတ္ခဲ့တဲ့ ‘The Money Fight’ ပြဲမွာ ေဒၚလာ (၂၇၅) သန္းအထိ ရရွိခဲ့ေၾကာင္း သိရပါတယ္။ [ထုိးသတ္ေၾကးက သန္း (၁ဝဝ) + ရုပ္သံေၾကး (၁၇၅) သန္း]

ဒါ့အျပင္ Hublot နဲ႔ Tequila Avion တုိ႔လုိကုမၸဏီေတြက ရရွိတဲ့ေၾကာ္ျငာခေတြက (၁ဝ) သန္းအထိရွိတာေၾကာင့္ စုစုေပါင္း ေဒၚလာ (၂၈၅) သန္းနဲ႔ ၂ဝ၁၈ခုႏွစ္ရဲ႕ဝင္ေငြအေကာင္းဆုံးအားကစားသမားျဖစ္လာခဲ့ပါတယ္။ အသားတင္ၾကြယ္ဝမႈ ေဒၚလာ သန္း (၇ဝဝ) ရွိတဲ့သူဟာ အခုလုိ တန္ဖုိးႀကီးပစၥည္းေတြ သုံးႏုိင္တာေတာ့ အံ့ၾသစရာမဟုတ္ေလာက္ဖူးထင္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

(၁၈) သန်းတန် Jacob & Co ‘The Billionaire’ နာရီကို ဝယ်လိုက်တဲ့ Mayweather

Mayweather ဆိုတဲ့ပုဂ္ဂိုလ်က ကြွားတဲ့နေရာမှာ သူများနဲ့ ပိုလွန်းတယ်။ အခုလည်း လုပ်လိုက်ပြန်ပြီ။ ရတနာတွေနဲ့ တန်ဖိုးကြီးနာရီတွေ ထုတ်လုပ်တဲ့ Jacob & Co ကုမ္ပဏီကနေ ဒေါ်လာ (၁၈) သန်းတန် နာရီတစ်လုံးဝယ်ထားတာကို လူမှုကွန်ရက်ကနေ ကြွားလုံးထုတ်လိုက်တာပါ။ Jacob & Co ကုမ္ပဏီက ‘The Billionaire’ နာရီလို့ နာမည်ပေးထားပြီး ရွှေဖြူရောင်စိန်ပွင့် (၁၈,ဝဝဝ) ကျော်နဲ့ မွမ်းမံပါတယ်။ ‘The Billionaire’ နာရီထဲမှာကို စိန်ကာရက် (၂၈ဝ) ရှိတယ်လို့ သိရပါတယ်။ အကြွားသန်တဲ့ သူ့ရဲ့ထုံးစံအတိုင်း Instagram ကနေ ခပ်ထေ့ထေ့ရေးထားပါတယ်။

“ဒါကတော့ ကျွန်တော့်ရဲ့ နာရီအသစ်ပါ။

Billionaire Watch လို့ခေါ်သဗျ။ နာရီအကြောင်း

အသေးစိတ်သိချင်ရင်တော့ Google မှာရှာကြည့်”

Mayweather ဟာ ကြေးစားကစားသမားဘဝမှာ ပွဲ (၅ဝ) ထိုးသတ်ခဲ့ပြီး ရှုံးပွဲမရှိစံချိန်တင်ထားပါတယ်။ ၂ဝ၁၇ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့တုန်းက UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ Conor McGregor နဲ့ ထိုးသတ်ခဲ့တဲ့ ‘The Money Fight’ ပွဲမှာ ဒေါ်လာ (၂၇၅) သန်းအထိ ရရှိခဲ့ကြောင်း သိရပါတယ်။ [ထိုးသတ်ကြေးက သန်း (၁ဝဝ) + ရုပ်သံကြေး (၁၇၅) သန်း]

ဒါ့အပြင် Hublot နဲ့ Tequila Avion တို့လိုကုမ္ပဏီတွေက ရရှိတဲ့ကြော်ငြာခတွေက (၁ဝ) သန်းအထိရှိတာကြောင့် စုစုပေါင်း ဒေါ်လာ (၂၈၅) သန်းနဲ့ ၂ဝ၁၈ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံးအားကစားသမားဖြစ်လာခဲ့ပါတယ်။ အသားတင်ကြွယ်ဝမှု ဒေါ်လာ သန်း (၇ဝဝ) ရှိတဲ့သူဟာ အခုလို တန်ဖိုးကြီးပစ္စည်းတွေ သုံးနိုင်တာတော့ အံ့သြစရာမဟုတ်လောက်ဖူးထင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com