[Zawgyi]

HIV ရွိတာကို ဖံုးထားျပီး လိင္ဆက္ဆံလို႔ တရားစြဲခံလိုက္ရတဲ့ ဖေလာ္ရီဒါျပည္နယ္သား

Rasheem Bodiford ဆိုတဲ့ အေမရိကန္ႏုိင္ငံ၊ ဖေလာ္ရီဒါျပည္နယ္သားတစ္ေယာက္ဟာ HIV-positive ျဖစ္ေနတာကို မေျပာဘဲ လိင္ဆက္ဆံတယ္လို႔ စြပ္စြဲခ်က္ေတြနဲ႔ တရားရင္ဆုိင္ေနရပါတယ္။

ႏုိဝင္ဘာလ ၁၄ ရက္ေန႔မွာေတာ့ Bodiford အမႈကို ထပ္မံၾကားနာမွာ ျဖစ္ပါတယ္။ သူဟာ ၂၀၁၇ ခုႏွစ္ႏုိဝင္ဘာလတုနး္က စတင္အဖမ္းဆီးခံခဲ့ရတာ ျဖစ္ျပီး သူ႔မွာ HIV-positive ျဖစ္ေနတာကို မေျပာဘဲ အမ်ိဳးသမီး ၃ေယာက္နဲ႔ လိင္ဆက္ဆံမႈနဲ႔ စြပ္စြဲခံထားရတာလည္းျဖစ္ပါတယ္။ အမ်ိဳးသမီး ၃ ေယာက္လံုးကလည္း Bodiford ဆီကေန ဒီပိုးကူးစက္မႈရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

ျပည္နယ္လက္ေထာက္ေရွ႕ေန Greg Marcille ကေတာ့ “ဖေလာ္ရီဒါမွာေတာ့ ကိုယ့္ရဲ႕ အေဖာ္ကို ကုိယ့္ရဲ႕ ေရာဂါအေျခအေနကို မေျပာဘဲ လိင္ဆက္ဆံမႈျပဳခဲ့ရင္ ျပစ္မႈေျမာက္တယ္” လို႔ဆုိပါတယ္။ ဖေလာ္ရီဒါက်န္းမာေရးဌာနက Dr. John Lanza ကေတာ့ “HIV ဆိုတာ ေဆးမရွိေသးတဲ့အတြက္ အၾကာၾကီးကုသမွ ရမယ့္ အေျခအေနမ်ိဳးပါ၊ HIV ကူးစက္တယ္ဆုိတာ ေသမိန္႔က်သလိုျဖစ္ျပီး ကုိယ့္ကုိယ္ကိုယ္ ဂရုစိုက္ရင္ အသက္ ၇၀၊ ၈၀၊ ၉၀ အထိေနသြားႏုိင္တယ္ဆုိေပမယ့္ ဘဝတစ္ေလွ်ာက္လံုးေတာ့ ေဆးကုသမႈခံယူရပါေတာ့မယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ လိင္မွတဆင့္ကူးစက္ႏုိင္ေသာ ေရာဂါမ်ားျဖန္႔ေဝမႈအတြက္ ဖေလာ္ရီဒါျပည္နယ္ရဲ႕ ျပစ္ဒဏ္က အေသးအဖြဲေပမယ့္ HIV အတြက္ ျပစ္ဒဏ္ကေတာ့ ၾကီးေလးပါတယ္။

တခ်ိဳ႕ လူေတြက်ေတာ့လည္း Bodiford ဘက္က ဝင္ျငင္းေပးျပီး “HIV ရွိသူတိုငး္ဟာ မျဖစ္မေန ကိုယ့္ေရာဂါအေၾကာင္းကို ထုတ္ေျပာေနစရာမလိုဘူး” လို႔ဆိုပါတယ္။

ဘယ္လိုပဲ ျဖစ္ျဖစ္ လက္ရွိမွာေတာ့ Bodiford ဟာ အျပစ္ရွိတယ္ဆုိရင္ ေထာင္ဒဏ္ ၁၅ ႏွစ္ထိ က်ခံရဖြယ္ရွိေနပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : komonews.com
[Unicode]

HIV ရှိတာကို ဖုံးထားပြီး လိင်ဆက်ဆံလို့ တရားစွဲခံလိုက်ရတဲ့ ဖလော်ရီဒါပြည်နယ်သား

Rasheem Bodiford ဆိုတဲ့ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်သားတစ်ယောက်ဟာ HIV-positive ဖြစ်နေတာကို မပြောဘဲ လိင်ဆက်ဆံတယ်လို့ စွပ်စွဲချက်တွေနဲ့ တရားရင်ဆိုင်နေရပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ Bodiford အမှုကို ထပ်မံကြားနာမှာ ဖြစ်ပါတယ်။ သူဟာ ၂၀၁၇ ခုနှစ်နိုဝင်ဘာလတုန်းက စတင်အဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး သူ့မှာ HIV-positive ဖြစ်နေတာကို မပြောဘဲ အမျိုးသမီး ၃ယောက်နဲ့ လိင်ဆက်ဆံမှုနဲ့ စွပ်စွဲခံထားရတာလည်းဖြစ်ပါတယ်။ အမျိုးသမီး ၃ ယောက်လုံးကလည်း Bodiford ဆီကနေ ဒီပိုးကူးစက်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။

ပြည်နယ်လက်ထောက်ရှေ့နေ Greg Marcille ကတော့ “ဖလော်ရီဒါမှာတော့ ကိုယ့်ရဲ့ အဖော်ကို ကိုယ့်ရဲ့ ရောဂါအခြေအနေကို မပြောဘဲ လိင်ဆက်ဆံမှုပြုခဲ့ရင် ပြစ်မှုမြောက်တယ်” လို့ဆိုပါတယ်။ ဖလော်ရီဒါကျန်းမာရေးဌာနက Dr. John Lanza ကတော့ “HIV ဆိုတာ ဆေးမရှိသေးတဲ့အတွက် အကြာကြီးကုသမှ ရမယ့် အခြေအနေမျိုးပါ၊ HIV ကူးစက်တယ်ဆိုတာ သေမိန့်ကျသလိုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရင် အသက် ၇၀၊ ၈၀၊ ၉၀ အထိနေသွားနိုင်တယ်ဆိုပေမယ့် ဘဝတစ်လျှောက်လုံးတော့ ဆေးကုသမှုခံယူရပါတော့မယ်” လို့ ပြောကြားခဲ့ပါတယ်။ လိင်မှတဆင့်ကူးစက်နိုင်သော ရောဂါများဖြန့်ဝေမှုအတွက် ဖလော်ရီဒါပြည်နယ်ရဲ့ ပြစ်ဒဏ်က အသေးအဖွဲပေမယ့် HIV အတွက် ပြစ်ဒဏ်ကတော့ ကြီးလေးပါတယ်။

တချို့ လူတွေကျတော့လည်း Bodiford ဘက်က ဝင်ငြင်းပေးပြီး “HIV ရှိသူတိုင်းဟာ မဖြစ်မနေ ကိုယ့်ရောဂါအကြောင်းကို ထုတ်ပြောနေစရာမလိုဘူး” လို့ဆိုပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိမှာတော့ Bodiford ဟာ အပြစ်ရှိတယ်ဆိုရင် ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရဖွယ်ရှိနေပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : komonews.com