[Zawgyi] 


5.2 Inch LCD Display





Perfect Fit


Ref: Sharp

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Notch နှစ်ခုပါတဲ့ Flagship ဖုန်းတစ်လုံးထွက်လာပြီ

Notch ဆိုတာ Display ပေါ်ကနေရာကိုယူထားလို့ လူတော်တော်များများ သဘောမကျပါဘူး။ Video ကြည့်တဲ့အခါ၊ Game ဆော့တဲ့အခါတွေမှာ Notch က Display ပေါ်မှာ သိသာသာကြီး ရှိနေတာကြောင့် တော်တော်များများက Notch တွေကို အပြစ်ပြောနေတဲ့အချိန် Sharp Aquos ကတော့ Notch ကို နှစ်ခုတောင် ထည့်လိုက်ပါပြီ။ 

5.2 Inch LCD Display

Sharp က Aquos R2 Compact ဆိုတဲ့ဖုန်းတစ်လုံးကို ဈေးကွက်အတွက်ထုတ်ပြလိုက်ပါပြီ။ ဒီဖုန်းမှာတော့ Design ပိုင်းမှာ သိသာတဲ့အချက် ၃ ခုရှိပါတယ်။ အဲ့ဒါတွေကတော့ Display ပေါ်မှာ Notch နှစ်ခုပါနေတာနဲ့ Compact ဖုန်းဖြစ်နေတဲ့အချက်ပါ။ Display ပေါ်က Notch တစ်ခုကတော့ Selfie Camera အတွက်ဖြစ်ပြီး အောက်ဖက်ကတော့ Fingerprint Scanner အတွက်ဖြစ်ပါတယ်။

Display Size ကတော့ 5.2 Inch ရှိပြီး အရင်ကထွက်ထားခဲ့တဲ့ Aquos R Compact ရဲ့ 4.9 Inch Display ထက် သိသိသာသာပိုကြီးလာပေမယ့် ဖုန်းအရွယ်ကတော့ အတူတူလောက်ပါပဲ။ Display ပဲ Size ကြီးလာပြီး Notch တွေကြောင့် Phone Body က ကျစ်ကျစ်လစ်လစ်ဖြစ်နေတုန်းပါပဲ။ Dispaly Resolution ကတော့ 2280 x 1080 ဖြစ်ပြီး LCD ပဲသုံးပေးထားတာပါ။ Specifiaction တွေအနေနဲ့တော့ Qualcomm Snapdragon 845 Processor ၊ 4GB RAM နဲ့ 2500mAh Battery ပါဝင်မှာပါ။ 

Screen Size Comparison

Camera ကတော့ တခြား Flagship တော်တော်များများလို Dual Camera တွေ Triple Camera တွေမသုံးပေးထားဘဲ 22.6MP Camera တစ်လုံးတည်းကိုပဲ သုံးပေးထားပါတယ်။ Android 9.0 Pie နဲ့ထွက်လာတာဖြစ်ပြီး Android Flagship ဖုန်းတွေထဲမှာတော့ Screen သေးလို့ 2018 Compact Flagship အဖြစ် သူက ပထမဦးဆုံးပါပဲ။

Perfect Fit

အခုအချိန်မှာတော့ Compact ဖုန်းတွေရှားနေလို့ ဒီလို Flagship Compact ထွက်လာတ စိတ်ဝင်စားစရာပါပဲ။ စရောင်းမယ့်ဈေးကိုမသိရသေးသလို စရောင်းဖို့ထွက်လာတဲ့အချိန်မှာလည်း ဂျပန်ပြည်တွင်းဈေးကွက်ကိုပဲ ရောင်းချမယ်လို့သိရပါတယ်။ 

Ref: Sharp

Min Than Htike (Akhayar)

www.akhayar.com