[Zawgyi]

ေဆးခန္းျပစရာမလုိဘဲ သြားကိုက္သက္သာေစမယ့္ အိမ္တြင္းကုထုံး(၅)သြယ္

သြားနဲဲ႕ပတ္သက္တဲ့ ေ၀ဒနာတစ္ခုခုခံစားရျပီဆုိရင္ တျခားေသာေရာဂါေ၀ဒနာေတြထက္ ပုိၿပီး ေနရထုိင္ခက္သလုိ အစားအေသာက္စားရမွာလည္း တကယ္ကုိ မသက္မသာျဖစ္ေစတာပါ ။ သြားကုိက္တဲ့အခါ လူတိုင္းနီးပါးက သြားဆရာ၀န္နဲ႕ ျပဖုိ႕ ၀န္ေလးၾကတာမုိ႕ တကယ္တမ္းသြားကုိက္တဲ့အခါ ေဆးခန္းမသြားဘဲ ေသာက္ေဆးေလးေသာက္ျပီး မွိန္းလိုက္ၾကတာမ်ားပါတယ္။ ေသာက္ေဆးေတြ မေသာက္ခ်င္ဘူး ၊ သြားဆရာ၀န္နဲ႕ျပရမွာလည္း ေၾကာက္တယ္ဆုိရင္ေတာ့ ဒီသဘာ၀ကုထုံးေလးေတြက ထိေရာက္လြယ္ကူေစမွာပါ။

(၁) ေလးညွင္းဆီ
ေလးညွင္းဆီဟာ သြားကုိက္ေ၀ဒနာ ကုိ သက္သာေစတဲ့ အေကာင္းဆုံးသဘာ၀ေဆးစြမ္းေကာင္းတစ္ခုျဖစ္တယ္လုိ႕ သြားဘက္ဆုိင္ရာ သုတေတသန တခ်ိဳ႕မွာ ေဖာ္ျပဖူးပါတယ္။ ဒါ့ျပင္ေလးညွင္းဆီကုိ သြားကုိက္တဲ့အခါမွာ ကုတဲ့ တရုတ္တုိင္းရင္းေဆးအေနနဲ႕လည္း အသုံးျပဳၾကတာေတြ႕ရပါတယ္။ ဂြမ္းစေလးတစ္ခုေပၚ ေလးညွင္းဆီႏွစ္စက္ကုိ ခ်ျပီး နာက်င္တဲ့ေနရာကုိ ဖိလိမ္းထားေပးမယ္ဆုိရင္ေတာ့ သြားကုိက္ေ၀ဒနာကုိ နာက်င္မႈကုိ သက္သာေစမွာျဖစ္ပါတယ္။

(၂) ဆားငန္ရည္ ေႏြးေႏြး
မီးဖုိေခ်ာင္သုံးအိမ္တြင္းကုထုံးေတြထဲမွာ ဆားငန္ရည္ ငုံထားတာကေတာ့ လူသုံးမ်ားတဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။
ဆားဟာ သြားနဲ႕ ခံတြင္းေ၀ဒနာအတြက္ သာမက ေသြးလည္ပတ္မႈ ေကာင္းျခင္း ၊ ႏွလုံးခုန္ႏႈန္းမွန္ေစျခင္း ၊ ေသြးဖိအားမွန္ေစျခင္း စတဲ့ က်န္းမာေရးေကာင္းက်ိဴးေတြကုိပါ ေပးစြမ္းႏုိင္ပါတယ္။ ဒါေၾကာင့္ သြားကုိက္တဲ့အခါမွာ ေရေႏြးထည့္ထားတဲ့ဖန္ခြက္တစ္ခြက္ထဲကုိ ဆားတစ္ဇြန္းခန္႕ ထည့္ျပီး အဲ့ဒီဆားငန္ရည္ကုိ အခ်ိန္အားေလ်ာ္စြာ ငုံထားေပးသင့္ပါတယ္။ ဒါဆုိရင္ေတာ့ သြားကုိက္ေ၀ဒနာကုိ သက္သာေစမယ့္အျပင္ ခံတြင္းအနံ႕ဆုိးၿခင္းကုိပါ ေပ်ာက္ကင္းေစမွာျဖစ္ပါတယ္။

(၃)ၾကက္သြန္နီ

ၾကက္သြန္နီကလည္း သြားကိုက္ေဝဒနာကို သက္သာပ်ာက္ကင္းေစတဲ့ အိမ္တြင္းကုထုံးထဲက တစ္ခုအပါအဝင္ပါပဲ။
သြားကိုက္တာ၊ သြားဖုံးနာတာ၊ သြားဖုံးေသြးယိုတာေတြကို ထိေရာက္ေစတဲ့ကုထုံးတစ္ခုမို႔ ၾကက္သြန္နီအလုံးႀကီးတစ္လုံးကို ခပ္ထူထူေလးလွီးၿပီး နာက်င္တဲ့ေနရာမွာ ဖိဖိညႇပ္ညႇပ္ဝါးေပးပါ။ မဝါးခ်င္ဘူးဆိုရင္ေတာ့ အဲ့ဒီနာက်င္တဲ့ေနရာကိုပဲ ဖိေပးထားပါ။

(၄) ေရခဲကပ္ေပးပါ။
သြားကုိက္တဲ့အခါ အျပင္ဘက္ကေန ကုိက္တဲ့ေနရာကုိမွန္းျပီး ေရခဲစိမ္ထားတဲ့ လက္ကုိင္ပ၀ါ သုိ႕မဟုတ္ အ၀တ္တစ္ခုနဲ႕ ပါးနားမွာ မိနစ္(၂၀)ေလာက္ ဖိေပးထားပါ။ ဒီလုိမ်ဳိဳး ပုံမွန္လုပ္ေပးရင္ေတာ့ သြားကုိက္ေ၀ဒနာကုိ သက္သာေပ်ာက္ကင္းေစမွာေသခ်ာပါတယ္။

(၅) ၾကက္သြန္ျဖဴ
ေနာက္ဆုံးအေနနဲ႕ သြားကုိက္ေ၀ဒနာကုိ ကုလုိ႕ရတဲ့ အိမ္တြင္းကုထုံးကေတာ့ ၾကက္သြန္ျဖဴနဲ႕ပါ။ ၾကက္သြန္ျဖဴ တစ္မႊာေလာက္ ခြာျပီး အေပၚက နည္းလမ္းအတုိင္း သြားနာတဲ့ေနရာတစ္၀ုိက္နားမွာ ၀ါးေပးပါ ။ ပုံမွန္ တစ္ေန႕ (၂)ၾကိမ္ေလာက္ပုံမွန္ဖိျပီး ၀ါးေပးမယ္ဆုိရင္ေတာ့ နာက်င္တဲ့ေ၀ဒနာေတြ သိသိသိသာသာ ေပ်ာက္သြားပါလိမ့္မယ္။

သြားကုိက္ေ၀ဒနာ ခံစားေနရသူေတြအတြက္ေတာ့ ဒီနည္းလမ္းေလးေတြက အခ်ိန္ကုန္ ၊ ေငြကုန္ သက္သာေစမယ့္အျပင္ သြားနဲ႕ပတ္သက္တဲ့ နာက်င္မႈေ၀ဒနာမွန္သမွ် ကုိ သက္သာေပ်ာက္ကင္းေစမွာပါ။

Stella (Akhayar)

www.Akhyar.com

[Unicode] 

ဆေးခန်းပြစရာမလိုဘဲ သွားကိုက်သက်သာစေမယ့် အိမ်တွင်းကုထုံး(၅)သွယ်

သွားနဲ့ပတ်သက်တဲ့ ဝေဒနာတစ်ခုခုခံစားရပြီဆိုရင် တခြားရောဂါဝေဒနာတွေထက် ပိုပြီး နေရထိုင်ခက်သလို အစားအသောက် စားရမှာလည်း တကယ်ကို    မသက်မသာဖြစ်စေတာပါ ။ သွားကိုက်တဲ့အခါ လူတိုင်းနီးပါးက သွားဆရာဝန်နဲ့ ပြဖို့ ဝန်လေးကြတာမို့ တကယ်တမ်းသွားကိုက်တဲ့အခါ ဆေးခန်းမသွားဘဲ သောက်ဆေးလေးသောက်ပြီး မှိန်းလိုက်ကြတာများပါတယ်။ သောက်ဆေးတွေ မသောက်ချင်ဘူး ၊ သွားဆရာဝန်နဲ့ပြရမှာလည်း ကြောက်တယ်ဆိုရင်တော့ ဒီသဘာဝကုထုံးလေးတွေက ထိရောက်လွယ်ကူစေမှာပါ။

(၁) လေးညှင်းဆီ
လေးညှင်းဆီဟာ သွားကိုက်ဝေဒနာ ကို သက်သာစေတဲ့ အကောင်းဆုံးသဘာဝဆေးစွမ်းကောင်းတစ်ခုဖြစ်တယ်လို့ သွားဘက်ဆိုင်ရာ သုတတေသန တချို့မှာ ဖော်ပြဖူးပါတယ်။ ဒါ့ပြင်လေးညှင်းဆီကို သွားကိုက်တဲ့အခါမှာ ကုတဲ့ တရုတ်တိုင်းရင်းဆေးအနေနဲ့လည်း အသုံးပြုကြတာတွေ့ရပါတယ်။ ဂွမ်းစလေးတစ်ခုပေါ် လေးညှင်းဆီနှစ်စက်ကို ချပြီး နာကျင်တဲ့နေရာကို ဖိလိမ်းထားပေးမယ်ဆိုရင်တော့ သွားကိုက်ဝေဒနာကို နာကျင်မှုကို သက်သာစေမှာဖြစ်ပါတယ်။

(၂) ဆားငန်ရည် နွေးနွေး
မီးဖိုချောင်သုံးအိမ်တွင်းကုထုံးတွေထဲမှာ ဆားငန်ရည် ငုံထားတာကတော့ လူသုံးများတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဆားဟာ သွားနဲ့ ခံတွင်းဝေဒနာအတွက် သာမက သွေးလည်ပတ်မှု ကောင်းခြင်း ၊ နှလုံးခုန်နှုန်းမှန်စေခြင်း ၊ သွေးဖိအားမှန်စေခြင်း စတဲ့ ကျန်းမာရေးကောင်းကျိူးတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် သွားကိုက်တဲ့အခါမှာ ရေနွေးထည့်ထားတဲ့ဖန်ခွက်တစ်ခွက်ထဲကို ဆားတစ်ဇွန်းခန့် ထည့်ပြီး အဲ့ဒီဆားငန်ရည်ကို အချိန်အားလျော်စွာ ငုံထားပေးသင့်ပါတယ်။ ဒါဆိုရင်တော့ သွားကိုက်ဝေဒနာကို သက်သာစေမယ့်အပြင် ခံတွင်းအနံ့ဆိုးခြင်းကိုပါ ပျောက်ကင်းစေမှာဖြစ်ပါတယ် ။

(၃)ကြက်သွန်နီ

ကြက်သွန်နီကလည်း သွားကိုက်ဝေဒနာကို သက်သာပျာက်ကင်းစေတဲ့ အိမ်တွင်းကုထုံးထဲက တစ်ခုအပါအဝင်ပါပဲ။ သွားကိုက်တာ၊ သွားဖုံးနာတာ၊ သွားဖုံးသွေးယိုတာတွေကို ထိရောက်စေတဲ့ကုထုံးတစ်ခုမို့ ကြက်သွန်နီအလုံးကြီးတစ်လုံးကို ခပ်ထူထူလေးလှီးပြီး နာကျင်တဲ့နေရာမှာ ဖိဖိညှပ်ညှပ်ဝါးပေးပါ။ မဝါးချင်ဘူးဆိုရင်တော့ အဲ့ဒီနာကျင်တဲ့နေရာကိုပဲ ဖိပေးထားပါ။

(၄) ရေခဲကပ်ပေးပါ။
သွားကိုက်တဲ့အခါ အပြင်ဘက်ကနေ ကိုက်တဲ့နေရာကိုမှန်းပြီး ရေခဲစိမ်ထားတဲ့ လက်ကိုင်ပဝါ သို့မဟုတ် အဝတ်တစ်ခုနဲ့ ပါးနားမှာ မိနစ်(၂၀)လောက် ဖိပေးထားပါ။ ဒီလိုမျိုး ပုံမှန်လုပ်ပေးရင်တော့ သွားကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေမှာသေချာပါတယ်။

(၅) ကြက်သွန်ဖြူ
နောက်ဆုံးအနေနဲ့ သွားကိုက်ဝေဒနာကို ကုလို့ရတဲ့ အိမ်တွင်းကုထုံးကတော့ ကြက်သွန်ဖြူနဲ့ပါ။ ကြက်သွန်ဖြူ တစ်မွှာလောက် ခွာပြီး အပေါ်က နည်းလမ်းအတိုင်း သွားနာတဲ့နေရာတစ်ဝိုက်နားမှာ ဝါးပေးပါ ။ ပုံမှန် တစ်နေ့ (၂)ကြိမ်လောက်ပုံမှန်ဖိပြီး ဝါးပေးမယ်ဆိုရင်တော့ နာကျင်တဲ့ဝေဒနာတွေ သိသိသိသာသာ ပျောက်သွားပါလိမ့်မယ်။

သွားကိုက်ဝေဒနာ ခံစားနေရသူတွေအတွက်တော့ ဒီနည်းလမ်းလေးတွေက အချိန်ကုန် ၊ ငွေကုန် သက်သာစေမယ့်အပြင် သွားနဲ့ပတ်သက်တဲ့ နာကျင်မှုဝေဒနာမှန်သမျှ ကို သက်သာပျောက်ကင်းစေမှာပါ။

Stella (Akhayar)

www.Akhyar.com