[ZawGyi]

Vaseline တစ္မ်ိဳးတည္းကို ဘက္စံုသံုးမယ္

Vaseline Petroleum Jelly တစ္ဘူးကိုအသားပပ္ရင္လိမ္းဖုိ႔၊ ႏႈတ္ခမ္းကြဲရင္၊ ဖေနာင္႔ကြဲရင္ လိမ္းဖို႔ဆုိတာေလာက္ပဲ အသံုးခ်ေနေတာ႔မွာလား။ တကယ္ေတာ႔ Vaseline ကို အလွအပဆိုင္ရာအတြက္အမ်ားၾကီးသံုးလုိ႔ရပါေသးတယ္။ ေဆာင္းတြင္းတုန္းက Vaseline တစ္ဘူးဝယ္ထားျပီးခုထိမကုန္ေသးဘူးဆုိရင္ အခုလုိအသံုးခ်ၾကည္႔ပါဦးေနာ္။

စပါယ္ရွယ္ Cleansing Cream

Vaseline ကိုဇြန္းေလးနဲ႔ေကာ္ယူ ပန္းကန္ေလးထဲထည္႔ျပီး သံပရာရည္ေလးနည္းနည္းညွစ္ထည္႔ပါ။ ဒီ Vaseline နဲ႔ သံပရာအေရာအေႏွာကို မ်က္ႏွာေပၚသုတ္လိမ္းျပီး ဖြဖြႏွိပ္နယ္ေပးပါ။ ျပီးရင္ ဂြမ္းစနဲ႔ပြတ္သုတ္ပါ။ ေနာက္ဆံုးအဆင္႔ကေတာ႔ မ်က္ႏွာကိုေရေဆးခ်လုိက္ဖုိ႔ပါပဲ။ ဒီလုိ ၅ ရက္ဆက္တုိက္သန္႔စင္ေပးရင္ အသားအေရအသစ္တစ္ဖန္ႏုပ်ိဳလာတာကိုေတြ႔ရမွာပါ။

anti-aging-treatment

anti-aging-treatment

Anti-aging Treatment ျပဳလုပ္မယ္

အိုမင္းရင္႔ေရာ္ျခင္းနဲ႔ အေရးအေၾကာင္းစတဲ႔ဇရာလကၡဏာေတြကိုတိုက္ဖ်က္ဖို႔အတြက္လည္း Vaseline ကိုအသံုးခ်ႏိုင္ပါေသးတယ္။ Vaseline လက္ဖက္ရည္ဇြန္း ၂ ဇြန္းကိုယူပါ။ ဖန္ပန္းကန္ေလးထဲထည္႔ပါ။ ေရဆူေနတဲ႔အိုးေလးထဲမွာ ဒီဖန္ပန္းကန္ေလးကိုထည္႔ျပီး Vaseline ကိုအပူေပးပါ။ ဒီလိုေရေႏြးေငြ႔ေၾကာင္႔ အရည္ေပ်ာ္သြားတဲ႔ Vaseline ထဲကို Aloe Vera Gel လက္ဖက္ရည္ဇြန္းတစ္ဇြန္းထည္႔ပါ။ ျပီးရင္ Rose Water အနည္းငယ္ထည္႔ပါ။ သမေအာင္ေမႊျပီး မ်က္ႏွာေပၚဖြဖြႏွိပ္နယ္ကာလိမ္းႏိုင္ပါျပီ။ ဒီအေရာအေႏွာက မ်က္ႏွာကဇရာလကၡဏာေတြကို ေလ်ာ႔ပါးေစျပီး ႏုပ်ိဳေစပါလိမ္႔မယ္။

petroleum-jelly

petroleum-jelly

အမည္းစက္ေတြဖယ္ရွားမယ္

Vaseline လက္ဖက္ရည္ဇြန္း ၁ ဇြန္းယူပါ။ ႏြားႏို႔လက္ဖက္ရည္ဇြန္း ၁ ဇြန္းထည္႔ပါ။ ေသေသခ်ာခ်ာသမေအာင္ေမႊျပီး မ်က္ႏွာေပၚလိမ္းႏိုင္ပါျပီ။ မိနစ္ ၂၀ ေလာက္မ်က္ႏွာေပၚလိမ္းထားျပီးဂြမ္းစေလးနဲ႔ပြတ္သုတ္လုိက္ပါ။ ျပီးရင္ မ်က္ႏွာျပန္သစ္ပါ။ ပံုမွန္ျပဳလုပ္ေပးသြားမယ္ဆိုရင္ အမည္းစက္ေတြေလ်ာ႔ပါးသြားတာကိုေတြ႔ရမွာျဖစ္ပါတယ္။

for-damaged-hair

for-damaged-hair

ပ်က္စီးေနတဲ႔ဆံပင္ကို ကုသမယ္

Vaseline စားပြဲတင္ဇြန္း ၁ ဇြန္းယူပါ။ ၾကက္ဥတစ္လံုးယူျပီး အကာကိုပဲစစ္ထည္႔ပါ။ ၾကက္ဥနဲ႔ Vaseline ကိုသမေအာင္ေရာေမႊျပီး ဆံပင္ကိုသုတ္လိမ္းပါ။ နာရီဝက္ခန္႔ထားျပီးရင္ ေခါင္းေလွ်ာ္ခ်လိုက္ရံုပါပဲ။ ပ်က္စီးေနတဲ႔ဆံသားေတြ တျဖည္းျဖည္းေကာင္းလာတာကိုလက္ေတြ႔ျမင္ရမွာျဖစ္ပါတယ္။

multiple-uses

multiple-uses

မ်က္ခံုးနဲ႔မ်က္ေတာင္ ရွည္လ်ားထူထဲေစမယ္

မ်က္ခံုးနက္နက္ေလး မ်က္ေတာင္ရွည္ရွည္ေလးရဖုိ႔လည္း Vaseline ကိုသံုးႏိုင္ပါေသးတယ္။ Vaseline လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ သံလြင္ဆီ လက္ဖက္ရည္ဇြန္း တစ္ဝက္နဲ႔ ဗီတာမင္အီး Capsule ေလးတစ္ေတာင္႔ကိုေဖာက္ထည္႔ေရာေမႊဖုိ႔ပါပဲ။ ဒီအေရာအေႏွာကိုပိုျပီးအာနိသင္ေကာင္းေစဖုိ႔အတြက္ ၇ ရက္ေလာက္ႏွပ္ထားေပးလိုက္ပါ။ ၇ ရက္ျပည္႔ျပီဆုိရင္ေတာ႔ Mascara Brush အေဟာင္းေလးနဲ႔ဒီအဆီကိုတို႔ယူျပီး မ်က္ေတာင္နဲ႔ မ်က္ခံုးေမြးေတြေပၚကို လိမ္းေပးလို႔ရပါျပီ။ မ်က္ခံုးထူထူ မ်က္ေတာင္ရွည္ရွည္ေလးနဲ႔ ထင္းထင္းေလးလွလာေစမွာ အေသအခ်ာပါပဲ။

ဒီအခ်က္ေလးေတြက အလွအပခ်စ္သူေလးေတြအတြက္ အသံုးဝင္မယ္လို႔ေမ်ွာ္လင္႔ပါတယ္။ Vaseline တစ္ဘူးဝယ္ျပီးမကုန္ႏိုင္ျဖစ္ေနတယ္ဆုိရင္ ဒီနည္းေတြအတိုင္းအသံုးခ်ၾကည္႔ပါဦးေနာ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

Vaseline တစ်မျိုးတည်းကို ဘက်စုံသုံးမယ်

Vaseline Petroleum Jelly တစ်ဘူးကိုအသားပပ်ရင်လိမ်းဖို့၊ နှုတ်ခမ်းကွဲရင်၊ ဖနောင့်ကွဲရင် လိမ်းဖို့ဆိုတာလောက်ပဲ အသုံးချနေတော့မှာလား။ တကယ်တော့ Vaseline ကို အလှအပဆိုင်ရာအတွက်အများကြီးသုံးလို့ရပါသေးတယ်။ ဆောင်းတွင်းတုန်းက Vaseline တစ်ဘူးဝယ်ထားပြီးခုထိမကုန်သေးဘူးဆိုရင် အခုလိုအသုံးချကြည့်ပါဦးနော်။

စပါယ်ရှယ် Cleansing Cream

Vaseline ကိုဇွန်းလေးနဲ့ကော်ယူ ပန်းကန်လေးထဲထည့်ပြီး သံပရာရည်လေးနည်းနည်းညှစ်ထည့်ပါ။ ဒီ Vaseline နဲ့ သံပရာအရောအနှောကို မျက်နှာပေါ်သုတ်လိမ်းပြီး ဖွဖွနှိပ်နယ်ပေးပါ။ ပြီးရင် ဂွမ်းစနဲ့ပွတ်သုတ်ပါ။ နောက်ဆုံးအဆင့်ကတော့ မျက်နှာကိုရေဆေးချလိုက်ဖို့ပါပဲ။ ဒီလို ၅ ရက်ဆက်တိုက်သန့်စင်ပေးရင် အသားအရေအသစ်တစ်ဖန်နုပျိုလာတာကိုတွေ့ရမှာပါ။

anti-aging-treatment

anti-aging-treatment

Anti-aging Treatment ပြုလုပ်မယ်

အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းစတဲ့ဇရာလက္ခဏာတွေကိုတိုက်ဖျက်ဖို့အတွက်လည်း Vaseline ကိုအသုံးချနိုင်ပါသေးတယ်။ Vaseline လက်ဖက်ရည်ဇွန်း ၂ ဇွန်းကိုယူပါ။ ဖန်ပန်းကန်လေးထဲထည့်ပါ။ ရေဆူနေတဲ့အိုးလေးထဲမှာ ဒီဖန်ပန်းကန်လေးကိုထည့်ပြီး Vaseline ကိုအပူပေးပါ။ ဒီလိုရေနွေးငွေ့ကြောင့် အရည်ပျော်သွားတဲ့ Vaseline ထဲကို Aloe Vera Gel လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပါ။ ပြီးရင် Rose Water အနည်းငယ်ထည့်ပါ။ သမအောင်မွှေပြီး မျက်နှာပေါ်ဖွဖွနှိပ်နယ်ကာလိမ်းနိုင်ပါပြီ။ ဒီအရောအနှောက မျက်နှာကဇရာလက္ခဏာတွေကို လျော့ပါးစေပြီး နုပျိုစေပါလိမ့်မယ်။

petroleum-jelly

petroleum-jelly

အမည်းစက်တွေဖယ်ရှားမယ်

Vaseline လက်ဖက်ရည်ဇွန်း ၁ ဇွန်းယူပါ။ နွားနို့လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ သေသေချာချာသမအောင်မွှေပြီး မျက်နှာပေါ်လိမ်းနိုင်ပါပြီ။ မိနစ် ၂၀ လောက်မျက်နှာပေါ်လိမ်းထားပြီးဂွမ်းစလေးနဲ့ပွတ်သုတ်လိုက်ပါ။ ပြီးရင် မျက်နှာပြန်သစ်ပါ။ ပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုရင် အမည်းစက်တွေလျော့ပါးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။

for-damaged-hair

for-damaged-hair

ပျက်စီးနေတဲ့ဆံပင်ကို ကုသမယ်

Vaseline စားပွဲတင်ဇွန်း ၁ ဇွန်းယူပါ။ ကြက်ဥတစ်လုံးယူပြီး အကာကိုပဲစစ်ထည့်ပါ။ ကြက်ဥနဲ့ Vaseline ကိုသမအောင်ရောမွှေပြီး ဆံပင်ကိုသုတ်လိမ်းပါ။ နာရီဝက်ခန့်ထားပြီးရင် ခေါင်းလျှော်ချလိုက်ရုံပါပဲ။ ပျက်စီးနေတဲ့ဆံသားတွေ တဖြည်းဖြည်းကောင်းလာတာကိုလက်တွေ့မြင်ရမှာဖြစ်ပါတယ်။

multiple-uses

multiple-uses

မျက်ခုံးနဲ့မျက်တောင် ရှည်လျားထူထဲစေမယ်

မျက်ခုံးနက်နက်လေး မျက်တောင်ရှည်ရှည်လေးရဖို့လည်း Vaseline ကိုသုံးနိုင်ပါသေးတယ်။ Vaseline လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ ဗီတာမင်အီး Capsule လေးတစ်တောင့်ကိုဖောက်ထည့်ရောမွှေဖို့ပါပဲ။ ဒီအရောအနှောကိုပိုပြီးအာနိသင်ကောင်းစေဖို့အတွက် ၇ ရက်လောက်နှပ်ထားပေးလိုက်ပါ။ ၇ ရက်ပြည့်ပြီဆိုရင်တော့ Mascara Brush အဟောင်းလေးနဲ့ဒီအဆီကိုတို့ယူပြီး မျက်တောင်နဲ့ မျက်ခုံးမွေးတွေပေါ်ကို လိမ်းပေးလို့ရပါပြီ။ မျက်ခုံးထူထူ မျက်တောင်ရှည်ရှည်လေးနဲ့ ထင်းထင်းလေးလှလာစေမှာ အသေအချာပါပဲ။

ဒီအချက်လေးတွေက အလှအပချစ်သူလေးတွေအတွက် အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ Vaseline တစ်ဘူးဝယ်ပြီးမကုန်နိုင်ဖြစ်နေတယ်ဆိုရင် ဒီနည်းတွေအတိုင်းအသုံးချကြည့်ပါဦးနော်။

ဂျူဂျူး(Akhayar)

www.akhayar.com