[Zawgyi]

ေအာင္ျမင္ခ်င္သူတုိင္း ျပဳလုပ္ရမယ့္နည္းလမ္း (၅)သြယ္

အခန္းထဲကုိ ဝင္ခ်င္တယ္ ဒါေပမယ့္ သင္ဟာ တံခါးလက္ကုိင္ကုိ ဘယ္လုိလွည့္ၿပီး ဖြင့္ရမွန္းမသိရင္ အထဲကို ဝင္လုိ႔ရမွာ မဟုတ္ပါဘူး။ ေအာင္ျမင္မႈလမ္းေၾကာင္းကေန ေသြဖယ္ေစတဲ့ ကိစၥေတြကုိ လုပ္ေဆာင္ေနတယ္ဆုိရင္ ဘယ္ေတာ့မွ ေအာင္ျမင္မွာ မဟုတ္ပါဘူး။ မေအာင္ျမင္ရတဲ့ အဓိကအေၾကာင္းကေတာ့ နည္းစနစ္မက်တဲ့ အေတြးအေခၚေတြကုိ လက္ကုိင္ထားတဲ့အတြက္ ေအာင္ျမင္မႈလမ္းေၾကာင္းကေန ေသြဖယ္သြားလုိ႔ျဖစ္ပါတယ္။

၁။ အႀကိမ္ေပါင္းမ်ားစြာ ၾကိဳးစားပါ။

ကေလးငယ္တစ္ေယာက္ဟာ ပစၥည္းတစ္ခုကုိ ဘယ္လုိကုိင္ရမယ္ဆုိတာေတာင္ မသိပါဘူး။ သူဟာ လက္ထဲမွာ ကုိင္တယ္၊ နည္းလမ္းမမွန္ေတာ့ ျပဳတ္က်တယ္၊ ျပန္ကုိင္တယ္။ ေနာက္ဆုံးေတာ့ ပစၥည္းကုိ ေအာက္သုိ႔လြတ္မက်ေအာင္ ကုိင္ႏုိင္ခဲ႔ပါတယ္။ လူတုိင္း က်ရႈံးဖူးပါတယ္။ လဲရင္ ျပန္ထ အဲဒါဘဝ။ တကယ္ေအာင္ျမင္ခ်င္တယ္ဆုိရင္ အႀကိမ္ေပါင္းမ်ားစြာ ႀကိဳးစားလုိက္ပါ။ ေနာက္ဆုံးမွာ မုခ် ေအာင္ျမင္ပါလိမ့္မယ္။ အယ္ဒီဆင္ေတာင္ မီးသီးတစ္လုံးအလင္းရဖုိ႔ အၾကိမ္ေပါင္းတစ္ေသာင္းေက်ာ္ ႀကိဳးစားခဲ့ရပါတယ္။

၂။ လုိက္ေလ်ာညီေထြမႈရွိပါေစ။

ဒီနည္းလမ္နဲ႔ ႀကိဳးစားလုိ႔ မေအာင္ျမင္ရင္ ပထမနည္းလမ္းကုိ ဘာျဖစ္လုိ႔ မေအာင္ျမင္တာလဲဆုိၿပီး ျပန္လည္သုံးသပ္သင့္ပါတယ္။ ေနာက္တစ္ၾကိမ္ ျပန္လည္ၾကိဳးစားလုိက္ပါ။ နည္းလမ္းတစ္ခုမွာ ဘယ္လုိအားနည္းခ်က္ေတြ ရွိခဲ့တယ္ဆုိတာ ျပန္လည္သုံးသပ္ၿပီး ျပင္ဆင္လုိက္ပါ။

၃။ ေအာင္ျမင္မယ္လုိ႔ ယုံၾကည္စိတ္အျပည့္နဲ႔လုပ္ပါ။

အယ္ဒီဆင္ရဲ႕ လက္သုံးစကားကုိ ျပန္ေျပာခ်င္ပါတယ္။ “ ကြ်န္ေတာ့္ကုိ လူေတြက အၾကိမ္ေပါင္းမ်ားစြာ ၾကိဳးစားေသာ္လည္း ဘာလုိ႔ မီးသီးေအာင္ျမင္ေအာင္ မလုပ္ႏုိင္ေသးတာလဲလုိ႔ ေလွာင္ေျပာင္ရင္ က်ေနာ္ျပန္ေျပာလုိက္တဲ့ လက္သုံးစကားကေတာ့ က်ေနာ္ မေအာင္ျမင္တာ မဟုတ္ပါဘူး၊ မီးလုံးကုိ တီထြင္ရာမွာ  အလုပ္မျဖစ္တဲ့နည္းလမ္းေတြကုိ ေတြ႕ရွိခဲ့တာပါ” လုိ႔ ေျပာခဲ့ပါတယ္။ ေအာင္ျမင္မႈပါရမီဆုိတာ ၾကိဳးစားအားထုတ္မႈ ၉၉ရာခုိင္ႏႈန္းနဲ႔ စိတ္ကူးေကာင္းျခင္း ၁ရာခုိင္ႏႈန္း ေပါင္းစပ္ထားပါတယ္လုိ႔ အယ္ဒီဆင္က ဆုိပါတယ္။

၄။ ေလ့လာျခင္းကုိ မရပ္တန္႔လုိက္ပါနဲ႔။

မေအာင္ျမင္ေသးတဲ့လူတခ်ိဳ႕ဟာ ကုိယ့္ကုိကုိယ္ စိတ္ဓာတ္က်ေလ့ရွိပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူတုိ႔ဟာ ေအာင္ျမင္ေအာင္ဘယ္လုိၾကိဳးစားရမယ္၊ ပန္းတုိင္ကုိ ေရာက္ေအာင္ ဘယ္လုိသြားရမယ္ဆုိတာကုိ မသိၾကေသးလုိ႔ပါ။ ကိစၥတစ္ခုကုုိ ေအာင္ျမင္ေအာင္မစြမ္းေဆာင္ႏုိင္ရင္ ဘာေၾကာင့္က်ရႈံးရတယ္ဆုိတာ ျပန္လည္သုံးသပ္လုိက္ပါ။ အမွားကုိ ျပင္ဆင္ၿပီး ေနာက္တစ္ၾကိမ္ ထပ္ႀကိဳးစားလုိက္ပါ။ တကယ္ေအာင္ျမင္ခ်င္တယ္ဆုိရင္ေတာ့ ပညာရပ္ေတြကုိ ဆက္လက္ေလ့လာရပါမယ္။ ေလ့လာျခင္းကုိ ရပ္တန္႔လုိက္ျပီဆုိတာနဲ႔ က်ရႈံးမႈလမ္းေၾကာင္း စတင္ေနျပီလုိ႔ မွတ္ယူထားလုိက္ပါ။

၅။ စိတ္ဓာတ္ၾကံ႕ခုိင္ပါ။

ပတ္ဝန္းက်င္က လူေတြဟာ သင့္ကုိ အျပစ္ရွာကဲ့ရဲ႕မယ္၊ ေလွာင္ေျပာင္မယ္၊ သိကၡာခ်မယ္၊ မင္းကုိ ျငင္းပယ္မယ္ဆုိရင္ေတာင္ သင္ စိတ္ဓာတ္မက်ဘဲ ခံႏုိင္ရည္ရွိရပါမယ္။ သင္ မေအာင္ျမင္ခင္မွာေတာ့ အခက္အခဲ၊ အတားအဆီးအမ်ားႀကီး ရင္ဆုိင္ရပါမယ္။သင္ တကယ္ေအာင္ျမင္ခ်င္တယ္ဆုိရင္ေတာ့ မေအာင္ျမင္ခင္ ၿပိဳလဲမသြားေအာင္ စိတ္ဓာတ္ၾကံခုိင္ဖုိ႔ အေရးၾကီးပါတယ္။ ေအာင္ျမင္ဖုိ႔အတြက္ အခ်ိန္ေတြ၊ သည္းခံမႈေတြ စေတးရပါတယ္။ သင္ ေအာင္ျမင္ဖုိ႔ အခ်ိန္ေတြအမ်ားၾကီးေပးဆပ္ေနရေပမယ့္ ခ်က္ခ်င္းေအာင္ျမင္ဖုိ႔ မလြယ္ပါဘူး။ ခ်က္ခ်င္း မေအာင္ျမင္ႏုိင္ဘူးလုိ႔ က်ေနာ္ဆုိလုိ္တာ မဟုတ္ပါဘူး၊ ေကာက္ရုိးမီးသဖြယ္ တဟုန္ထုိးေအာင္ျမင္တာက ေရရွည္အတြက္ မေကာင္းပါဘူး၊ က်ေနာ္လည္း အခုလုိ သန္းၾကြယ္သူေဌးတစ္ေယာက္ျဖစ္ဖုိ႔ ၁ဝႏွစ္ေက်ာ္ၾကာေအာင္ အခ်ိန္ေတြေပးခဲ့ရလုိ႔ပါ။ အားလုံး ေအာင္ျမင္ၾကပါေစ။

www.2knowmyself.com ဝက္ဘ္ဆုိက္မွ  M.Farouk Radwan ရဲ႕ 5 tips that can make you more successful ကုိ ဘာသာျပန္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အောင်မြင်ချင်သူတိုင်း ပြုလုပ်ရမယ့်နည်းလမ်း (၅)သွယ်

အခန်းထဲကို ဝင်ချင်တယ် ဒါပေမယ့် သင်ဟာ တံခါးလက်ကိုင်ကို ဘယ်လိုလှည့်ပြီး ဖွင့်ရမှန်းမသိရင် အထဲကို ဝင်လို့ရမှာ မဟုတ်ပါဘူး။ အောင်မြင်မှုလမ်းကြောင်းကနေ သွေဖယ်စေတဲ့ ကိစ္စတွေကို လုပ်ဆောင်နေတယ်ဆိုရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ မအောင်မြင်ရတဲ့ အဓိကအကြောင်းကတော့ နည်းစနစ်မကျတဲ့ အတွေးအခေါ်တွေကို လက်ကိုင်ထားတဲ့အတွက် အောင်မြင်မှုလမ်းကြောင်းကနေ သွေဖယ်သွားလို့ဖြစ်ပါတယ်။

၁။ အကြိမ်ပေါင်းများစွာ ကြိုးစားပါ။

ကလေးငယ်တစ်ယောက်ဟာ ပစ္စည်းတစ်ခုကို ဘယ်လိုကိုင်ရမယ်ဆိုတာတောင် မသိပါဘူး။ သူဟာ လက်ထဲမှာ ကိုင်တယ်၊ နည်းလမ်းမမှန်တော့ ပြုတ်ကျတယ်၊ ပြန်ကိုင်တယ်။ နောက်ဆုံးတော့ ပစ္စည်းကို အောက်သို့လွတ်မကျအောင် ကိုင်နိုင်ခဲ့ပါတယ်။ လူတိုင်း ကျရှုံးဖူးပါတယ်။ လဲရင် ပြန်ထ အဲဒါဘဝ။ တကယ်အောင်မြင်ချင်တယ်ဆိုရင် အကြိမ်ပေါင်းများစွာ ကြိုးစားလိုက်ပါ။ နောက်ဆုံးမှာ မုချ အောင်မြင်ပါလိမ့်မယ်။ အယ်ဒီဆင်တောင် မီးသီးတစ်လုံးအလင်းရဖို့ အကြိမ်ပေါင်းတစ်သောင်းကျော် ကြိုးစားခဲ့ရပါတယ်။

၂။ လိုက်လျောညီထွေမှုရှိပါစေ။

ဒီနည်းလမ်နဲ့ ကြိုးစားလို့ မအောင်မြင်ရင် ပထမနည်းလမ်းကို ဘာဖြစ်လို့ မအောင်မြင်တာလဲဆိုပြီး ပြန်လည်သုံးသပ်သင့်ပါတယ်။ နောက်တစ်ကြိမ် ပြန်လည်ကြိုးစားလိုက်ပါ။ နည်းလမ်းတစ်ခုမှာ ဘယ်လိုအားနည်းချက်တွေ ရှိခဲ့တယ်ဆိုတာ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်လိုက်ပါ။

၃။ အောင်မြင်မယ်လို့ ယုံကြည်စိတ်အပြည့်နဲ့လုပ်ပါ။

အယ်ဒီဆင်ရဲ့ လက်သုံးစကားကို ပြန်ပြောချင်ပါတယ်။ “ ကျွန်တော့်ကို လူတွေက အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း ဘာလို့ မီးသီးအောင်မြင်အောင် မလုပ်နိုင်သေးတာလဲလို့ လှောင်ပြောင်ရင် ကျနော်ပြန်ပြောလိုက်တဲ့ လက်သုံးစကားကတော့ ကျနော် မအောင်မြင်တာ မဟုတ်ပါဘူး၊ မီးလုံးကို တီထွင်ရာမှာ  အလုပ်မဖြစ်တဲ့နည်းလမ်းတွေကို တွေ့ရှိခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။ အောင်မြင်မှုပါရမီဆိုတာ ကြိုးစားအားထုတ်မှု ၉၉ရာခိုင်နှုန်းနဲ့ စိတ်ကူးကောင်းခြင်း ၁ရာခိုင်နှုန်း ပေါင်းစပ်ထားပါတယ်လို့ အယ်ဒီဆင်က ဆိုပါတယ်။

၄။ လေ့လာခြင်းကို မရပ်တန့်လိုက်ပါနဲ့။

မအောင်မြင်သေးတဲ့လူတချို့ဟာ ကိုယ့်ကိုကိုယ် စိတ်ဓာတ်ကျလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ အောင်မြင်အောင်ဘယ်လိုကြိုးစားရမယ်၊ ပန်းတိုင်ကို ရောက်အောင် ဘယ်လိုသွားရမယ်ဆိုတာကို မသိကြသေးလို့ပါ။ ကိစ္စတစ်ခုကို အောင်မြင်အောင်မစွမ်းဆောင်နိုင်ရင် ဘာကြောင့်ကျရှုံးရတယ်ဆိုတာ ပြန်လည်သုံးသပ်လိုက်ပါ။ အမှားကို ပြင်ဆင်ပြီး နောက်တစ်ကြိမ် ထပ်ကြိုးစားလိုက်ပါ။ တကယ်အောင်မြင်ချင်တယ်ဆိုရင်တော့ ပညာရပ်တွေကို ဆက်လက်လေ့လာရပါမယ်။ လေ့လာခြင်းကို ရပ်တန့်လိုက်ပြီဆိုတာနဲ့ ကျရှုံးမှုလမ်းကြောင်း စတင်နေပြီလို့ မှတ်ယူထားလိုက်ပါ။

၅။ စိတ်ဓာတ်ကြံ့ခိုင်ပါ။

ပတ်ဝန်းကျင်က လူတွေဟာ သင့်ကို အပြစ်ရှာကဲ့ရဲ့မယ်၊ လှောင်ပြောင်မယ်၊ သိက္ခာချမယ်၊ မင်းကို ငြင်းပယ်မယ်ဆိုရင်တောင် သင် စိတ်ဓာတ်မကျဘဲ ခံနိုင်ရည်ရှိရပါမယ်။ သင် မအောင်မြင်ခင်မှာတော့ အခက်အခဲ၊ အတားအဆီးအများကြီး ရင်ဆိုင်ရပါမယ်။သင် တကယ်အောင်မြင်ချင်တယ်ဆိုရင်တော့ မအောင်မြင်ခင် ပြိုလဲမသွားအောင် စိတ်ဓာတ်ကြံခိုင်ဖို့ အရေးကြီးပါတယ်။ အောင်မြင်ဖို့အတွက် အချိန်တွေ၊ သည်းခံမှုတွေ စတေးရပါတယ်။ သင် အောင်မြင်ဖို့ အချိန်တွေအများကြီးပေးဆပ်နေရပေမယ့် ချက်ချင်းအောင်မြင်ဖို့ မလွယ်ပါဘူး။ ချက်ချင်း မအောင်မြင်နိုင်ဘူးလို့ ကျနော်ဆိုလိုတာ မဟုတ်ပါဘူး၊ ကောက်ရိုးမီးသဖွယ် တဟုန်ထိုးအောင်မြင်တာက ရေရှည်အတွက် မကောင်းပါဘူး၊ ကျနော်လည်း အခုလို သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့ ၁ဝနှစ်ကျော်ကြာအောင် အချိန်တွေပေးခဲ့ရလို့ပါ။ အားလုံး အောင်မြင်ကြပါစေ။

www.2knowmyself.com ဝက်ဘ်ဆိုက်မှ  M.Farouk Radwan ရဲ့ 5 tips that can make you more successful ကို ဘာသာပြန်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com