[Zawgyi]

ေအာင္လအန္ဆန္ (Aung La N Sang) ရဲ႕ၿပိဳင္ဘက္ဟာ လီယမ္ဒရုိ အက္တီးစ္ (Leandro Ataides) ျဖစ္လာပါၿပီ

၂ဝ၁၈ခုႏွစ္ ေမလ (၁၂) ရက္ေန႔ (စေနေန႔) တုန္းက အင္ဒုိနီးရွားႏုိင္ငံ (Indonesia) မွာ က်င္းပခဲ့တဲ့ ‘ONE Championship: Grit and Glory’ ပြဲရဲ႕ မစ္ဒယ္ဝိတ္တန္းမွာ ဘရာဇီးႏုိင္ငံသား ဂ်ဴဂ်စ္ဆု ငါးထပ္ကြမ္း ကမၻာ့ခ်န္ပီယံ လီယမ္ဒရုိ အက္တီးစ္ (Leandro Ataides) ဟာ ကမၻာ့ခ်န္ပီယံေဟာင္း ဗစ္တာလီ ဘစ္ဒက္ရွ္ (Vitaly Bigdash) ကုိ တတိယအခ်ီ (၂) မိနစ္ (၄၁) စကၠန္႔အေရာက္မွာ အလဲထုိးအႏုိင္ရရွိခဲ့ပါတယ္။ ‘ဗစ္တာလီဘစ္ဒက္ရွ္’ ဟာ အေစာပုိင္းအခ်ီမွာပဲ အလဲထုိးဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ ‘Stand Fight’ အားနည္းတာေၾကာင့္ ထင္တုိင္းမေပါက္ျဖစ္ခဲ့ရပါတယ္။ ဒီပြဲမွာ အႏုိင္ရမွသာ ခါးပတ္လုပြဲယွဥ္ၿပိဳင္ခြင့္ရမွာျဖစ္လုိ႔ တတိယအခ်ီမွာ တုိက္စစ္ျမွင့္ဖုိ႔ ႀကိဳးစားေပမယ့္ ‘လီယမ္ဒရုိ အက္တီးစ္’ ရဲ႕လက္သီးခ်က္ေတြေၾကာင့္ အလဲထုိးခံခဲ့ရတာျဖစ္ပါတယ္။

Leandro Ataides Vs Vitaly Bigdash

Leandro Ataides Vs Vitaly Bigdash

ဒါ့ေၾကာင့္ ‘လီယမ္ဒရုိ အက္တီးစ္’ ဟာ ေအာင္လအန္ဆန္ (Aung La N Sang) နဲ႔ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံဘြဲ႕ကုိ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံလုပြဲကုိ ဇြန္လ (၂၉) ရက္ေန႔ ရန္ကုန္ၿမိဳ႕ သုဝဏၰအားကစားရုံမွာ က်င္းပမွာျဖစ္ၿပီး ၿပိဳင္ပြဲရဲ႕နာမည္ကုိေတာ့ ‘ONE Championship: Spirit Of A Warrior’ လုိ႔ ေပးထားပါတယ္။

Aung La N Sang

Aung La N Sang

(၃၁) ႏွစ္ရွိၿပီျဖစ္တဲ့ ‘လီယမ္ဒရုိ အက္တီးစ္’ ဟာ ကုိယ္ခံပညာေပါင္းစုံၿပိဳင္ပြဲ (Mixed Martial Art – MMA) တစ္ေလ်ွာက္ (၁၄) ပြဲထုိးသတ္ခဲ့ၿပီး (၁၁) ပြဲႏုိင္ (၃) ပြဲရႈံးရလဒ္ကုိ ပုိင္ဆုိင္ထားပါတယ္။

Leandro Ataides

Leandro Ataides

ကုိယ္အေလးခ်ိန္ (၁၈၅) ေပါင္နဲ႔ အရပ္အျမင့္ (၆) ေပ ရွိၿပီး မုိဟာမတ္အလီ (Mohamed Ali) ၊ မုိက္ကယ္ ပက္စတာနက္ (Michal Pasternak) နဲ႔ ‘ဗစ္တာလီ ဘစ္ဒက္ရွ္’ တုိ႔ကုိ သုံးပြဲဆက္အႏုိင္ရရွိထားသူျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မစ္ဒယ္ဝိတ္တန္းနဲ႔ လုိက္ဟဲဗီးဝိတ္တန္း ကမၻာ့ခ်န္ပီယံ ‘ေအာင္လအန္ဆန္’ ရဲ႕မစ္ဒယ္ဝိတ္ခ်န္ပီယံကာကြယ္ပြဲဟာ ခက္ခဲဖြယ္ရွိတယ္လုိ႔ သုံးသပ္မိရင္း သုဝဏၰအားကစားရုံမွာ က်င္းပမယ့္ ‘ONE Championship: Spirit Of A Warrior’ ၿပိဳင္ပြဲႀကီးကုိပဲ ေစာင့္ေမ်ွာ္မိပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အောင်လအန်ဆန် (Aung La N Sang) ရဲ့ပြိုင်ဘက်ဟာ လီယမ်ဒရို အက်တီးစ် (Leandro Ataides) ဖြစ်လာပါပြီ

၂ဝ၁၈ခုနှစ် မေလ (၁၂) ရက်နေ့ (စနေနေ့) တုန်းက အင်ဒိုနီးရှားနိုင်ငံ (Indonesia) မှာ ကျင်းပခဲ့တဲ့ ‘ONE Championship: Grit and Glory’ ပွဲရဲ့ မစ်ဒယ်ဝိတ်တန်းမှာ ဘရာဇီးနိုင်ငံသား ဂျူဂျစ်ဆု ငါးထပ်ကွမ်း ကမ္ဘာ့ချန်ပီယံ လီယမ်ဒရို အက်တီးစ် (Leandro Ataides) ဟာ ကမ္ဘာ့ချန်ပီယံဟောင်း ဗစ်တာလီ ဘစ်ဒက်ရှ် (Vitaly Bigdash) ကို တတိယအချီ (၂) မိနစ် (၄၁) စက္ကန့်အရောက်မှာ အလဲထိုးအနိုင်ရရှိခဲ့ပါတယ်။ ‘ဗစ်တာလီဘစ်ဒက်ရှ်’ ဟာ အစောပိုင်းအချီမှာပဲ အလဲထိုးဖို့ ကြိုးစားခဲ့ပေမယ့် ‘Stand Fight’ အားနည်းတာကြောင့် ထင်တိုင်းမပေါက်ဖြစ်ခဲ့ရပါတယ်။ ဒီပွဲမှာ အနိုင်ရမှသာ ခါးပတ်လုပွဲယှဉ်ပြိုင်ခွင့်ရမှာဖြစ်လို့ တတိယအချီမှာ တိုက်စစ်မြှင့်ဖို့ ကြိုးစားပေမယ့် ‘လီယမ်ဒရို အက်တီးစ်’ ရဲ့လက်သီးချက်တွေကြောင့် အလဲထိုးခံခဲ့ရတာဖြစ်ပါတယ်။

Leandro Ataides Vs Vitaly Bigdash

Leandro Ataides Vs Vitaly Bigdash

ဒါ့ကြောင့် ‘လီယမ်ဒရို အက်တီးစ်’ ဟာ အောင်လအန်ဆန် (Aung La N Sang) နဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဘွဲ့ကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲကို ဇွန်လ (၂၉) ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲရဲ့နာမည်ကိုတော့ ‘ONE Championship: Spirit Of A Warrior’ လို့ ပေးထားပါတယ်။

Aung La N Sang

Aung La N Sang

(၃၁) နှစ်ရှိပြီဖြစ်တဲ့ ‘လီယမ်ဒရို အက်တီးစ်’ ဟာ ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ (Mixed Martial Art – MMA) တစ်လျှောက် (၁၄) ပွဲထိုးသတ်ခဲ့ပြီး (၁၁) ပွဲနိုင် (၃) ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

Leandro Ataides

Leandro Ataides

ကိုယ်အလေးချိန် (၁၈၅) ပေါင်နဲ့ အရပ်အမြင့် (၆) ပေ ရှိပြီး မိုဟာမတ်အလီ (Mohamed Ali) ၊ မိုက်ကယ် ပက်စတာနက် (Michal Pasternak) နဲ့ ‘ဗစ်တာလီ ဘစ်ဒက်ရှ်’ တို့ကို သုံးပွဲဆက်အနိုင်ရရှိထားသူဖြစ်ပါတယ်။ ဒါ့ကြောင့် မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ‘အောင်လအန်ဆန်’ ရဲ့မစ်ဒယ်ဝိတ်ချန်ပီယံကာကွယ်ပွဲဟာ ခက်ခဲဖွယ်ရှိတယ်လို့ သုံးသပ်မိရင်း သုဝဏ္ဏအားကစားရုံမှာ ကျင်းပမယ့် ‘ONE Championship: Spirit Of A Warrior’ ပြိုင်ပွဲကြီးကိုပဲ စောင့်မျှော်မိပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com