[Zawgyi]

မန္စီတီး-အာဆင္နယ္ပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္(၅)ခု

ၿပီးခဲ့တဲ့တနဂၤေႏြေန႔မွာ မန္စီးတီးနဲ႔အာဆင္နယ္အသင္းတို႔ဟာ လိဂ္ဖလားဗုိလ္လုပဲြအျဖစ္ယွဥ္ၿပိဳင္ကစားခဲ့ၿပီး မန္စီးတီးအသင္းက (၃-၀)ဂုိးနဲ႔ အႏုိင္ယူဗုိလ္စဲြခဲ့ပါတယ္။ ဒီဖလားဟာ၂၀၁၇-၁၈ ရာသီမွာ မန္စီးတီးအသင္းအတြက္ ပထမဆုံးဆုဖလားျဖစ္ခဲ့သလုိ၊ နည္းျပဂြါဒီယုိလာအတြက္လည္း မန္စီးတီးနည္းျပဘ၀ ပထမဆုံးရယူခဲ့တဲ့ ဆုဖလားတစ္ခုျဖစ္ခဲ့တယ္။ အဲဒီပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္(၅)ခုကုိ ၿဗိတိန္နာမည္ေက်ာ္သတင္းစာ Dailymail က ေဖာ္ျပခဲ့တာကုိ ပရိသတ္ေတြသိရွိႏုိင္ေအာင္ ျပန္လည္ေဖာ္ျပလုိက္ပါတယ္။

အဓိကဗိုလ္လုပဲြတစ္ပဲြမွာ ပထမဆုံးဂုိးသြင္းယူႏုိင္ခဲ့တဲ့ အဂြဲရုိး Aguero

မန္စီးတီးအသင္းအတြက္ ဂုိးေတြ တဒုိင္းဒုိင္းသြင္းေနတဲ့ အာဂ်င္တီးနားနာမည္ေက်ာ္တိုက္စစ္မွဴးအဂြဲ႐ုိးAgueroဟာ ကစားသမားဘ၀တစ္ေလွ်ာက္ အဓိကဗုိလ္လုပဲြတစ္ပဲြမွာ အခုမွ ပထမဆုံးအႀကိမ္ဂုိးသြင္းဖူးတာဆုိရင္ ပရိသတ္ေတြအတြက္ အံ့အားသင့္စရာမ်ားျဖစ္ေနမလား။ အဂြဲ႐ုိးဟာ အသင္းေဟာင္း အက္သလက္တီကုိမွာလည္း အဓိက ဗုိလ္လုပဲြေတြမွာ ဂုိးမသြင္းႏုိင္ခဲ့ဘဲ အာဆင္နယ္နဲ႔လိဂ္ဖလားပဲြမွသာ ႏွစ္ေပါင္းမ်ားစြာ တည္တံ့ေနတဲ့ က်ိန္စာဆုိးကုိ ေခ်ဖ်က္ႏုိင္ခဲ့တာျဖစ္ပါတယ္။ အခုဆုိရင္ မန္စီးတီးအသင္းအတြက္ စုစုေပါင္းသြင္းဂုိးအေရအတြက္က (၁၉၉)ဂုိးအထိရွိလာၿပီျဖစ္ၿပီး လာမယ့္ၾကာသပေတးေန႔မွာ အာဆင္နယ္နဲ႔ထပ္ၿပီး ဆုံေတြ႕ရမယ့္ ပရီးမီးယားလိဂ္ပဲြမွာ ဂုိး(၂၀၀)ျပည့္ကုိ သြင္းယူႏုိင္မလားဆုိတာ စိတ္၀င္စားရာပါပဲ။

စကားလုံးတိုက္ပဲြျဖစ္ခဲ့တဲ့ ဂြါဒီယုိလာ Guardiola နဲ႔အာစင္၀င္းဂါး Arsene wenger

မန္စီးတီးအသင္းရဲ႕အဖြင့္ဂုိးကုိ အဂြဲ႐ုိး Aguero သြင္းယူၿပီးခဲ့အခ်ိန္မွာ အာစင္၀င္းဂါး Arsene wenger နဲ႔ ဂြါဒီယုိလာ Guardiolaတို႔ စကားမ်ားခဲ့တာကုိပရိသတ္ေတြ သတိျပဳမိရဲ႕လား။ အဂြဲ႐ုိးဟာ အာဆင္နယ္ေနာက္ခံလူ မူစတာဖီ Mustafi ကုိ တြန္းခဲ့တယ္လုိ႔ အာစင္၀င္းဂါးကယူဆခဲ့တဲ့အတြက္ စတုတၳဒုိင္ကုိ ေစာဒကတက္ခဲ့တာကုိ ဂြါဒီယုိလာက ျပန္လည္တုံ႔ျပန္ခဲ့တာပါ။

ကြန္ပနီ Kompany နဲ႔ပဲြၿပီးအင္တာဗ်ဴးမွာ အတည္ေပါက္နဲ႔၀င္ေနာက္တဲ့ မန္ဒီ Mendy

မန္စီးတီးေနာက္ခံလူ မန္ဒီ Mendy ဟာ အစအေနာက္ သန္တဲ့သူဆုိတာ အားလုံးအသိပဲျဖစ္ပါတယ္။ အခုလည္း အာဆင္နယ္နဲ႔ပဲြအၿပီး မီဒီယာေတြက ကြန္ပနီ Kompany ကုိ အင္တာဗ်ဴးေနတုန္း မန္ဒီဟာ ခပ္တည္တည္နဲ႔ပဲ ကင္မရာအေသးစားျဖစ္တဲ့ GoProကုိ selfie stick မွာတပ္ၿပီး ကြန္ပနီကုိ ႐ုပ္ရွင္႐ုိက္ခဲ့တာပါပဲ။

လိဂ္ဖလားဗုိလ္လုပဲြမွာ ႐ႈံးပဲြအမ်ားဆုံးျဖစ္ခဲ့တဲ့ အာဆင္နယ္

မန္စီးတီးကုိ ႐ႈံးခဲ့တာက အာဆင္နယ္အသင္းအတြက္ ႐ႈံးခ်က္နာတယ္လုိ႔ ေျပာရမွာပါ။ ဖလားတစ္လုံးကုိ လက္လႊတ္ခဲ့ရတဲ့အျပင္ လိဂ္ဖလားဗုိလ္လုပဲြမွာ ႐ႈံးနိမ့္မႈအမ်ားဆုံးဆုိတဲ့မွတ္တမ္းဆုိးတစ္ခုကုိလည္း ပုိင္ဆုိင္ခဲ့ရတယ္။ အာဆင္နယ္အသင္းဟာ လိဂ္ဖလားဗုိလ္လုပဲြကုိ (၈)ႀကိမ္( 1967–68, 1968–69, 1987–88, 2006–07, 2010–11, 2017–18၊ 1986–87, 1992–93)အထိ တက္ေရာက္ခဲ့ေပမယ့္(၆)ႀကိမ္အထိ ႐ႈံးနိမ့္ခဲ့ၿပီး 1986–87, 1992–93 ႏွစ္ရာသီသာ ဗုိလ္စဲြႏုိင္ခဲ့ပါတယ္။ အာဆင္နယ္ေနာက္ပုိင္း လိဂ္ဖလားဗုိလ္လုပဲြမွာ အႀကိမ္အမ်ားဆုံး႐ႈံးနိမ့္ခဲ့တာကေတာ့ သူတို႔ရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ စပါးအသင္းျဖစ္ၿပီး (၄)ႀကိမ္႐ႈံးခဲ့တာပါ။

ဂြါဒီယုိလာ Guardiola ရဲ႕အ၀ါေရာင္ဖဲႀကိဳးတိုက္ပဲြကုိ ေထာက္ခံခဲ့တဲ့ မန္စီးတီးပရိသတ္မ်ား

ကတ္တလန္က ႏုိင္ငံေရးသားေတြ ေထာင္ဒဏ္က်ခံေနရတာကုိ ကန္႔ကြက္တဲ့အေနနဲ႔ ဂြါဒီယုိလာ Guardiola ဟာ အ၀ါေရာင္ဖဲႀကိဳးကုိတပ္ဆင္ခဲ့လုိ႔ FA ရဲ႕ စဲြခ်က္တင္တာ ခံခဲ့ရတယ္။ ဒါေပမဲ့ ဂြါဒီယုိလာဟာ အဲဒါကုိ ဂ႐ုမစုိက္ဘဲ အခုပဲြမွာ ထပ္မံ တပ္ဆင္ခဲ့တယ္။ မန္စီးတီးပရိသတ္ေတြကလည္း ဂြါဒီယုိလာနဲ႔တစ္သားတည္းရွိခဲ့သလုိ ပရိသတ္အမ်ားအျပားဟာ အ၀ါေရာင္ဖဲႀကိဳးေတြရင္ဘတ္မွာ တပ္ဆင္ခဲ့ၿပီး ကြင္းထဲမွာ အားေပးခဲ့ပါတယ္။

REF:Daily Mail

Ko Linn(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္

[Unicode]

မန်စီတီး-အာဆင်နယ်ပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်(၅)ခု

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့အာဆင်နယ်အသင်းတို့ဟာ လိဂ်ဖလားဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားခဲ့ပြီး မန်စီးတီးအသင်းက (၃-ဝ)ဂိုးနဲ့ အနိုင်ယူဗိုလ်စွဲခဲ့ပါတယ်။ ဒီဖလားဟာ၂၀၁၇-၁၈ ရာသီမှာ မန်စီးတီးအသင်းအတွက် ပထမဆုံးဆုဖလားဖြစ်ခဲ့သလို၊ နည်းပြဂွါဒီယိုလာအတွက်လည်း မန်စီးတီးနည်းပြဘ၀ ပထမဆုံးရယူခဲ့တဲ့ ဆုဖလားတစ်ခုဖြစ်ခဲ့တယ်။ အဲဒီပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်(၅)ခုကို ဗြိတိန်နာမည်ကျော်သတင်းစာ Dailymail က ဖော်ပြခဲ့တာကို ပရိသတ်တွေသိရှိနိုင်အောင် ပြန်လည်ဖော်ပြလိုက်ပါတယ်။

အဓိကဗိုလ်လုပွဲတစ်ပွဲမှာ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ အဂွဲရိုး Aguero

မန်စီးတီးအသင်းအတွက် ဂိုးတွေ တဒိုင်းဒိုင်းသွင်းနေတဲ့ အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူးအဂွဲရိုးAgueroဟာ ကစားသမားဘဝတစ်လျှောက် အဓိကဗိုလ်လုပွဲတစ်ပွဲမှာ အခုမှ ပထမဆုံးအကြိမ်ဂိုးသွင်းဖူးတာဆိုရင် ပရိသတ်တွေအတွက် အံ့အားသင့်စရာများဖြစ်နေမလား။ အဂွဲရိုးဟာ အသင်းဟောင်း အက်သလက်တီကိုမှာလည်း အဓိက ဗိုလ်လုပွဲတွေမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ အာဆင်နယ်နဲ့လိဂ်ဖလားပွဲမှသာ နှစ်ပေါင်းများစွာ တည်တံ့နေတဲ့ ကျိန်စာဆိုးကို ချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် မန်စီးတီးအသင်းအတွက် စုစုပေါင်းသွင်းဂိုးအရေအတွက်က (၁၉၉)ဂိုးအထိရှိလာပြီဖြစ်ပြီး လာမယ့်ကြာသပတေးနေ့မှာ အာဆင်နယ်နဲ့ထပ်ပြီး ဆုံတွေ့ရမယ့် ပရီးမီးယားလိဂ်ပွဲမှာ ဂိုး(၂၀၀)ပြည့်ကို သွင်းယူနိုင်မလားဆိုတာ စိတ်ဝင်စားရာပါပဲ။

စကားလုံးတိုက်ပွဲဖြစ်ခဲ့တဲ့ ဂွါဒီယိုလာ Guardiola နဲ့အာစင်ဝင်းဂါး Arsene wenger

မန်စီးတီးအသင်းရဲ့အဖွင့်ဂိုးကို အဂွဲရိုး Aguero သွင်းယူပြီးခဲ့အချိန်မှာ အာစင်ဝင်းဂါး Arsene wenger နဲ့ ဂွါဒီယိုလာ Guardiolaတို့ စကားများခဲ့တာကိုပရိသတ်တွေ သတိပြုမိရဲ့လား။ အဂွဲရိုးဟာ အာဆင်နယ်နောက်ခံလူ မူစတာဖီ Mustafi ကို တွန်းခဲ့တယ်လို့ အာစင်ဝင်းဂါးကယူဆခဲ့တဲ့အတွက် စတုတ္ထဒိုင်ကို စောဒကတက်ခဲ့တာကို ဂွါဒီယိုလာက ပြန်လည်တုံ့ပြန်ခဲ့တာပါ။

ကွန်ပနီ Kompany နဲ့ပွဲပြီးအင်တာဗျူးမှာ အတည်ပေါက်နဲ့ဝင်နောက်တဲ့ မန်ဒီ Mendy

မန်စီးတီးနောက်ခံလူ မန်ဒီ Mendy ဟာ အစအနောက် သန်တဲ့သူဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ အခုလည်း အာဆင်နယ်နဲ့ပွဲအပြီး မီဒီယာတွေက ကွန်ပနီ Kompany ကို အင်တာဗျူးနေတုန်း မန်ဒီဟာ ခပ်တည်တည်နဲ့ပဲ ကင်မရာအသေးစားဖြစ်တဲ့ GoProကို selfie stick မှာတပ်ပြီး ကွန်ပနီကို ရုပ်ရှင်ရိုက်ခဲ့တာပါပဲ။

လိဂ်ဖလားဗိုလ်လုပွဲမှာ ရှုံးပွဲအများဆုံးဖြစ်ခဲ့တဲ့ အာဆင်နယ်

မန်စီးတီးကို ရှုံးခဲ့တာက အာဆင်နယ်အသင်းအတွက် ရှုံးချက်နာတယ်လို့ ပြောရမှာပါ။ ဖလားတစ်လုံးကို လက်လွှတ်ခဲ့ရတဲ့အပြင် လိဂ်ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်မှုအများဆုံးဆိုတဲ့မှတ်တမ်းဆိုးတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ရတယ်။ အာဆင်နယ်အသင်းဟာ လိဂ်ဖလားဗိုလ်လုပွဲကို (၈)ကြိမ်( 1967–68, 1968–69, 1987–88, 2006–07, 2010–11, 2017–18၊ 1986–87, 1992–93)အထိ တက်ရောက်ခဲ့ပေမယ့်(၆)ကြိမ်အထိ ရှုံးနိမ့်ခဲ့ပြီး 1986–87, 1992–93 နှစ်ရာသီသာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ အာဆင်နယ်နောက်ပိုင်း လိဂ်ဖလားဗိုလ်လုပွဲမှာ အကြိမ်အများဆုံးရှုံးနိမ့်ခဲ့တာကတော့ သူတို့ရဲ့မြို့ခံပြိုင်ဘက် စပါးအသင်းဖြစ်ပြီး (၄)ကြိမ်ရှုံးခဲ့တာပါ။

ဂွါဒီယိုလာ Guardiola ရဲ့အဝါရောင်ဖဲကြိုးတိုက်ပွဲကို ထောက်ခံခဲ့တဲ့ မန်စီးတီးပရိသတ်များ

ကတ်တလန်က နိုင်ငံရေးသားတွေ ထောင်ဒဏ်ကျခံနေရတာကို ကန့်ကွက်တဲ့အနေနဲ့ ဂွါဒီယိုလာ Guardiola ဟာ အဝါရောင်ဖဲကြိုးကိုတပ်ဆင်ခဲ့လို့ FA ရဲ့ စွဲချက်တင်တာ ခံခဲ့ရတယ်။ ဒါပေမဲ့ ဂွါဒီယိုလာဟာ အဲဒါကို ဂရုမစိုက်ဘဲ အခုပွဲမှာ ထပ်မံ တပ်ဆင်ခဲ့တယ်။ မန်စီးတီးပရိသတ်တွေကလည်း ဂွါဒီယိုလာနဲ့တစ်သားတည်းရှိခဲ့သလို ပရိသတ်အများအပြားဟာ အဝါရောင်ဖဲကြိုးတွေရင်ဘတ်မှာ တပ်ဆင်ခဲ့ပြီး ကွင်းထဲမှာ အားပေးခဲ့ပါတယ်။

REF:Daily Mail

Ko Linn(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်