[Zawgyi]

Fashion ေလာကတစ္ခုလံုးရဲ႕ အဖိုးတန္ဂုဏ္ျဒပ္ PRADA ရဲ႕ ထူးျခားမႈ ၅ရပ္

PRADA ဆိုတာကေတာ့ အီတလီရဲ႕ အဆင့္အတန္းအျမင့္ဆံုး Fashion Line တစ္ခုျဖစ္ၿပီး အရည္အေသြးျမင့္မားတဲ့ လက္ကိုင္အိတ္ေတြ၊ Accessories ေတြ၊ ဖိနပ္ေတြအျပင္ ေရေမႊးေတြနဲ႔ ကမ႓ာ႔ Fashion ေလာကတစ္ခုလံုးကို အလႈပ္ခတ္ေစႏိုင္ဆံုး Fashion Brand ျဖစ္ပါတယ္။

1913 မွာ Mario Prada နဲ႔ Martino Prada တို႔ ညီအကို ၂ေယာက္စတင္ထူေထာင္ခဲ့တဲ့ PRADA ဟာ စစတည္ေထာင္ခ်ိန္မွာေတာ့ လည္သာနဲ႔တျခား
တိရိစၧာန္ေတြမွရတဲ့ ထုတ္ကုန္ေတြကို အဓိကထားေရာင္းခဲ့ၾကတာပါ။

ဒါေပမယ့္ သူတို႔မ်ိဳးႏြယ္ရဲ႕ တတိယမ်ိဳးဆက္ Miuccia Prada ရဲ႕ လက္ထက္မွာေတာ့ PRADA ဟာ Fashion ေလာကမွာ ေျပာစမွတ္တြင္ရေလာက္တဲ့ ဂုဏ္ရွိန္ဂုဏ္ျဒပ္တို႔ရဲ႕ အစဦးကာလျဖစ္ခဲ့ပါတယ္။ Miuccia ရဲ႕ Idea ေတြနဲ႔ စတင္ခဲ့တဲ့ PRADA ဟာ ၁၉၇၈မွာ Backpack ေတြ၊ Totebag ေတြနဲ႔စတင္ေစ်းကြက္ထဲျဖန္႔ခဲ့ပါတယ္။ ေစ်းကြက္မွာ လူသိမ်ားလာရာမွာ တစ္စထက္တစ္စေအာင္ျမင္လာခဲ႔တာဟာ သူမစတင္လႊဲေျပာင္းယူၿပီး ဆယ္ႏွစ္ဝန္းက်င္အၾကာမွာပဲ PRADA ရဲ႕ ႏွစ္စဥ္အေရာင္းဝင္ေငြ US$ ၅ ဘီလီယံထိရွိလာခဲ့ပါေတာ့တယ္။

၁၉၈၈ မွာေတာ့ PRADA ရဲ႕ ပထမဆံုး အမ်ိဳးသမီးဝတ္ Collection ကို ထုတ္လုပ္ခဲ့ၿပီး အဲ့ေနာက္ ၁၉၉၅ မွာေတာ့ အမ်ိဳးသားဝတ္ Collection ကို ဆက္လက္ထုတ္ေဝခဲ့ပါတယ္။

သူမ PRADA ကို လႊဲေျပာင္းယူခဲ့တဲ့ ႏွစ္ ၂၀ အတြင္းမွာပဲ Miuccia ဟာ ႏိုင္ငံေပါင္း ၇၀ အႏွံ့အျပားကို လုပ္ငန္းခ်ဲ႕ထြင္ခဲ့ၿပီး PRADA ရဲ႕ အသားတင္ဝင္ေငြေပါင္း US$ ၁၃ ဘီလီယံထိရွာႏိုင္ခဲ့ပါတယ္။

PRADA ရဲ႕ Fashion Line ဟာ တျခား Fashion ေတြထက္ လူထုၾကားထဲပိုမိုျပန္႔ဝင္ခဲ့ၿပီး Fashion ရပ္ဝန္းတစ္ခြင္ကလူတိုင္းအတြက္ေတာ့ PRADA ဆိုတာဟာ Brand နာမည္၊ Logo ေတြ၊ အဝတ္အစား Design ေတြ Style ေတြထက္ ကိုယ္နဲ႔လိုက္ဖက္မႈ၊ ကိုယ့္ရဲ႕ပံုရိပ္ကို အေကာင္းဆံုးပံုေဖာ္ေစႏိုင္မႈေတြေၾကာင့္ အခ်ိန္တိုအတြင္းကို ထိပ္သီး Brand တစ္ခုျဖစ္လာပါေတာ့တယ္။

ဒီေလာက္ နာမည္ႀကီးလူသိမ်ားတဲ့ PRADA မွာလည္း လူတိုင္းမသိႏိုင္တဲ့ ထူးျခားတဲ့အခ်က္ေတြ ကြယ္ဝွက္လို႔ေနပါေသးသတဲ့။ အဲ့လိုထူးျခားခ်က္ေတြကေတာ့-

(၁) ပညာတတ္ ေနာက္ခံအသိုင္းအဝိုင္း

Fashion ေလာကကို ဝင္ေရာက္လာၾကတဲ့ Designer ေတြ Founder ေတြအားလံုးနီးပါးဟာ နဂိုကတည္းကကို Fashionပိုင္း ေလ့လာလိုက္စားသူ၊ စိတ္ဝင္စားသူေတြအျဖစ္ ဒီနယ္ပါယ္ထဲကပဲ ဝင္ေရာက္လာၾကသူေတြျဖစ္ေပမယ့္ Miuccia Prada ကေတာ့ Fashion ေလာကနဲ႔ မသက္ဆိုင္တဲ့ ႏိုင္ငံေရးသိပၸံဘာသာရပ္မွာ Ph.D ဘြဲ႔ရခဲ့သူျဖစ္ပါတယ္။

(၂) The Devil Wears PRADA

Vogue Magazine ရဲ႕ Editor-in-chief လက္ေအာက္မွာ လက္ေထာက္အျဖစ္လုပ္ကိုင္ရတဲ့ အမ်ိဳးသမီးငယ္ေလးအေၾကာင္း႐ုပ္ရွင္႐ိုက္ကူးခဲ့တဲ့ “The Devil Wears Prada” ႐ုပ္ရွင္ဇာတ္ကားဟာ Editor-in-chief ျဖစ္သူ Dame Anna Wintour ရဲ႕ မာန္မာနႀကီးမားပံုေတြကို သိသာေအာင္ အသားေပးၿပီး ခ်ိဳးခ်ိဳးႏွိမ္ႏွိမ္ေျပာဆိုတတ္ပံုေတြကို ႐ိုက္ကူးထားေပမယ့္ သူမကိုယ္တိုင္ ဒီ႐ုပ္ရွင္အေပၚစိတ္ဆိုးျခင္းလံုးဝမရွိဘဲ ႐ုပ္ရွင္ကားရဲ႕ အႀကိဳမိတ္ဆက္ပြဲမွာ PRADA ဖိနပ္ကိုစီးၿပီး ခပ္ေမာ့ေမာ့တက္ေရာက္ခဲ့ပါေသးတယ္။ အဲ့ေနာက္ပိုင္းကစလို႕ The Devil Wears PRADA ဆိုတဲ့ စကားေပၚလာခဲ့ၿပီး မိန္းကေလးေတြၾကား PRADA ဟာ နာမည္သတင္း ပိုေမႊးလာပါေတာ့တယ္။

(၃) ပထမဆံုး ထုတ္လုပ္တဲ့အိတ္နဲ႔ မူပိုင္ခြင့္

PRADA ဟာ သူတို႔ Brand ရဲ႕ နာမည္ေက်ာ္ၾကားမႈအစအျဖစ္ ပထမဆံုးထုတ္ခဲ့တဲ့ အရည္အေသြးျမင့္ အီတလီလည္သာအိတ္ေတြကို အေလးထားလြန္းလို႔ အဲ့အိတ္ေတြနဲ႔ပတ္သက္ၿပီး မူပိုင္ခြင့္ေတြပါ ယူထားခဲ့ပါတယ္။ ဒီေန႔ထိ ေရေမႊး၊ ဖိနပ္၊ အိတ္နဲ႔ အမ်ိဳးသမီးအမ်ိဳးသားဝတ္ေတြထုတ္လုပ္ခဲ့ေပမယ့္ ပထမဆံုးထုတ္လုပ္ခဲ့တဲ့ အိတ္ေတြကိုလည္း အမွတ္တရထုတ္လုပ္ေနဆဲပါ။

(၄) Logo

PRADA ရဲ႕ Logo ေတြဟာ သိသိသာသာႀကီးထင္းထြက္ေနတာမဟုတ္ဘဲ သာမန္အားျဖင့္ရွာရခက္ပါတယ္တဲ့။ အေၾကာင္းကေတာ့ PRADA အေနနဲ႔ သူ႔ရဲ႕တံဆိပ္ေၾကာင့္ဝယ္တာမဟုတ္ဘဲ အရည္အေသြးေၾကာင့္သာ ဝယ္ယူေစလိုတဲ့ဆႏၵနဲ႔ တံဆိပ္ေတြကို သိုသိပ္စြာထည့္ထားတဲ့ပံုပါပဲ။

(၅) Fashion ဟာ ေပ်ာ္စရာေကာင္းဖို႔အတြက္ပဲျဖစ္သင့္ပါတယ္။

PRADA ရဲ႕ မ်ိဳးဆက္သစ္ Fashion Founder Miuccia ရဲ႕ အေတြးအျမင္ေတြကေတာ့ ခပ္လန္းလန္းပါပဲ။ Fashion ဆိုတာ သူ႔ေနရာနဲ႔သူပဲ အဆင္ေျပပါတယ္။ ဘဝတစ္ခုလံုးကို စိုးမိုးေနစရာမလိုပါဘူး။ ကြ်န္မကေတာ့ Fashion ဆိုတာ ကိုယ့္ပံုရိပ္ကို ပံုေဖာ္ဖို႔ပါပဲ။ ေပ်ာ္စရာတစ္ခုအေနနဲ႔ ေပါ့ေပါ့ပါးပါးပဲ သတ္မွတ္တာပဲ ေကာင္းပါတယ္လို႔ ဆိုထားသူပါ။

PRADA ကေတာ့ ၂၁ ရာစုရဲ႕ Luxury Brand ေတြထဲမွာမွ ေခတ္ေရစီးေၾကာင္းထဲက မေသြဖယ္သြားတဲ့ ဂုဏ္သေရရွိအဆင့္တန္းျမင့္အသိုင္းအ၀ိုင္းတို႔ရဲ႕ အေဆာင္အေယာင္တစ္ခုအျဖစ္ ဝံ့ႂကြားစြာ ရပ္တည္ေနတာကေတာ့ ဂုဏ္ယူအားက်ဖြယ္ရာပါပဲ။

EiEiKhineMinn (Akhayar)

[Unicode]

Fashion လောကတစ်ခုလုံးရဲ့ အဖိုးတန်ဂုဏ်ဒြပ် PRADA ရဲ့ ထူးခြားမှု ၅ရပ်

PRADA ဆိုတာကတော့ အီတလီရဲ့ အဆင့်အတန်းအမြင့်ဆုံး Fashion Line တစ်ခုဖြစ်ပြီး အရည်အသွေးမြင့်မားတဲ့ လက်ကိုင်အိတ်တွေ၊ Accessories တွေ၊ ဖိနပ်တွေအပြင် ရေမွှေးတွေနဲ့ ကမ္ဘာ့ Fashion လောကတစ်ခုလုံးကို အလှုပ်ခတ်စေနိုင်ဆုံး Fashion Brand ဖြစ်ပါတယ်။

1913 မှာ Mario Prada နဲ့ Martino Prada တို့ ညီအကို ၂ယောက်စတင်ထူထောင်ခဲ့တဲ့ PRADA ဟာ စစတည်ထောင်ချိန်မှာတော့ လည်သာနဲ့တခြား
တိရိစ္ဆာန်တွေမှရတဲ့ ထုတ်ကုန်တွေကို အဓိကထားရောင်းခဲ့ကြတာပါ။

ဒါပေမယ့် သူတို့မျိုးနွယ်ရဲ့ တတိယမျိုးဆက် Miuccia Prada ရဲ့ လက်ထက်မှာတော့ PRADA ဟာ Fashion လောကမှာ ပြောစမှတ်တွင်ရလောက်တဲ့ ဂုဏ်ရှိန်ဂုဏ်ဒြပ်တို့ရဲ့ အစဦးကာလဖြစ်ခဲ့ပါတယ်။ Miuccia ရဲ့ Idea တွေနဲ့ စတင်ခဲ့တဲ့ PRADA ဟာ ၁၉၇၈မှာ Backpack တွေ၊ Totebag တွေနဲ့စတင်ဈေးကွက်ထဲဖြန့်ခဲ့ပါတယ်။ ဈေးကွက်မှာ လူသိများလာရာမှာ တစ်စထက်တစ်စအောင်မြင်လာခဲ့တာဟာ သူမစတင်လွှဲပြောင်းယူပြီး ဆယ်နှစ်ဝန်းကျင်အကြာမှာပဲ PRADA ရဲ့ နှစ်စဉ်အရောင်းဝင်ငွေ US$ ၅ ဘီလီယံထိရှိလာခဲ့ပါတော့တယ်။

၁၉၈၈ မှာတော့ PRADA ရဲ့ ပထမဆုံး အမျိုးသမီးဝတ် Collection ကို ထုတ်လုပ်ခဲ့ပြီး အဲ့နောက် ၁၉၉၅ မှာတော့ အမျိုးသားဝတ် Collection ကို ဆက်လက်ထုတ်ဝေခဲ့ပါတယ်။

သူမ PRADA ကို လွှဲပြောင်းယူခဲ့တဲ့ နှစ် ၂၀ အတွင်းမှာပဲ Miuccia ဟာ နိုင်ငံပေါင်း ၇၀ အနှံ့အပြားကို လုပ်ငန်းချဲ့ထွင်ခဲ့ပြီး PRADA ရဲ့ အသားတင်ဝင်ငွေပေါင်း US$ ၁၃ ဘီလီယံထိရှာနိုင်ခဲ့ပါတယ်။

PRADA ရဲ့ Fashion Line ဟာ တခြား Fashion တွေထက် လူထုကြားထဲပိုမိုပြန့်ဝင်ခဲ့ပြီး Fashion ရပ်ဝန်းတစ်ခွင်ကလူတိုင်းအတွက်တော့ PRADA ဆိုတာဟာ Brand နာမည်၊ Logo တွေ၊ အဝတ်အစား Design တွေ Style တွေထက် ကိုယ်နဲ့လိုက်ဖက်မှု၊ ကိုယ့်ရဲ့ပုံရိပ်ကို အကောင်းဆုံးပုံဖော်စေနိုင်မှုတွေကြောင့် အချိန်တိုအတွင်းကို ထိပ်သီး Brand တစ်ခုဖြစ်လာပါတော့တယ်။

ဒီလောက် နာမည်ကြီးလူသိများတဲ့ PRADA မှာလည်း လူတိုင်းမသိနိုင်တဲ့ ထူးခြားတဲ့အချက်တွေ ကွယ်ဝှက်လို့နေပါသေးသတဲ့။ အဲ့လိုထူးခြားချက်တွေကတော့-

(၁) ပညာတတ် နောက်ခံအသိုင်းအဝိုင်း

Fashion လောကကို ဝင်ရောက်လာကြတဲ့ Designer တွေ Founder တွေအားလုံးနီးပါးဟာ နဂိုကတည်းကကို Fashionပိုင်း လေ့လာလိုက်စားသူ၊ စိတ်ဝင်စားသူတွေအဖြစ် ဒီနယ်ပါယ်ထဲကပဲ ဝင်ရောက်လာကြသူတွေဖြစ်ပေမယ့် Miuccia Prada ကတော့ Fashion လောကနဲ့ မသက်ဆိုင်တဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ Ph.D ဘွဲ့ရခဲ့သူဖြစ်ပါတယ်။

(၂) The Devil Wears PRADA

Vogue Magazine ရဲ့ Editor-in-chief လက်အောက်မှာ လက်ထောက်အဖြစ်လုပ်ကိုင်ရတဲ့ အမျိုးသမီးငယ်လေးအကြောင်းရုပ်ရှင်ရိုက်ကူးခဲ့တဲ့ “The Devil Wears Prada” ရုပ်ရှင်ဇာတ်ကားဟာ Editor-in-chief ဖြစ်သူ Dame Anna Wintour ရဲ့ မာန်မာနကြီးမားပုံတွေကို သိသာအောင် အသားပေးပြီး ချိုးချိုးနှိမ်နှိမ်ပြောဆိုတတ်ပုံတွေကို ရိုက်ကူးထားပေမယ့် သူမကိုယ်တိုင် ဒီရုပ်ရှင်အပေါ်စိတ်ဆိုးခြင်းလုံးဝမရှိဘဲ ရုပ်ရှင်ကားရဲ့ အကြိုမိတ်ဆက်ပွဲမှာ PRADA ဖိနပ်ကိုစီးပြီး ခပ်မော့မော့တက်ရောက်ခဲ့ပါသေးတယ်။ အဲ့နောက်ပိုင်းကစလို့ The Devil Wears PRADA ဆိုတဲ့ စကားပေါ်လာခဲ့ပြီး မိန်းကလေးတွေကြား PRADA ဟာ နာမည်သတင်း ပိုမွှေးလာပါတော့တယ်။

(၃) ပထမဆုံး ထုတ်လုပ်တဲ့အိတ်နဲ့ မူပိုင်ခွင့်

PRADA ဟာ သူတို့ Brand ရဲ့ နာမည်ကျော်ကြားမှုအစအဖြစ် ပထမဆုံးထုတ်ခဲ့တဲ့ အရည်အသွေးမြင့် အီတလီလည်သာအိတ်တွေကို အလေးထားလွန်းလို့ အဲ့အိတ်တွေနဲ့ပတ်သက်ပြီး မူပိုင်ခွင့်တွေပါ ယူထားခဲ့ပါတယ်။ ဒီနေ့ထိ ရေမွှေး၊ ဖိနပ်၊ အိတ်နဲ့ အမျိုးသမီးအမျိုးသားဝတ်တွေထုတ်လုပ်ခဲ့ပေမယ့် ပထမဆုံးထုတ်လုပ်ခဲ့တဲ့ အိတ်တွေကိုလည်း အမှတ်တရထုတ်လုပ်နေဆဲပါ။

(၄) Logo

PRADA ရဲ့ Logo တွေဟာ သိသိသာသာကြီးထင်းထွက်နေတာမဟုတ်ဘဲ သာမန်အားဖြင့်ရှာရခက်ပါတယ်တဲ့။ အကြောင်းကတော့ PRADA အနေနဲ့ သူ့ရဲ့တံဆိပ်ကြောင့်ဝယ်တာမဟုတ်ဘဲ အရည်အသွေးကြောင့်သာ ဝယ်ယူစေလိုတဲ့ဆန္ဒနဲ့ တံဆိပ်တွေကို သိုသိပ်စွာထည့်ထားတဲ့ပုံပါပဲ။

(၅) Fashion ဟာ ပျော်စရာကောင်းဖို့အတွက်ပဲဖြစ်သင့်ပါတယ်။

PRADA ရဲ့ မျိုးဆက်သစ် Fashion Founder Miuccia ရဲ့ အတွေးအမြင်တွေကတော့ ခပ်လန်းလန်းပါပဲ။ Fashion ဆိုတာ သူ့နေရာနဲ့သူပဲ အဆင်ပြေပါတယ်။ ဘဝတစ်ခုလုံးကို စိုးမိုးနေစရာမလိုပါဘူး။ ကျွန်မကတော့ Fashion ဆိုတာ ကိုယ့်ပုံရိပ်ကို ပုံဖော်ဖို့ပါပဲ။ ပျော်စရာတစ်ခုအနေနဲ့ ပေါ့ပေါ့ပါးပါးပဲ သတ်မှတ်တာပဲ ကောင်းပါတယ်လို့ ဆိုထားသူပါ။

PRADA ကတော့ ၂၁ ရာစုရဲ့ Luxury Brand တွေထဲမှာမှ ခေတ်ရေစီးကြောင်းထဲက မသွေဖယ်သွားတဲ့ ဂုဏ်သရေရှိအဆင့်တန်းမြင့်အသိုင်းအဝိုင်းတို့ရဲ့ အဆောင်အယောင်တစ်ခုအဖြစ် ဝံ့ကြွားစွာ ရပ်တည်နေတာကတော့ ဂုဏ်ယူအားကျဖွယ်ရာပါပဲ။

EiEiKhineMinn (Akhayar)