[Zawgyi]

လုပ္ငန္းခြင္မွာ သူေဌးဆီက အထင္ႀကီးမႈရရွိေအာင္ ဒီလိုေနထိုင္ၾကမယ္

လုပ္ငန္းခြင္မွာ ေအာင္ျမင္ဖို႔အတြက္ဆို ေပါင္းသင္ဆက္ဆံေရး၊ အေျပာအဆို၊ အေနအထိုင္ေတြကအစ အစအစအရာရာ အေရးႀကီးပါတယ္။ အလုပ္လုပ္ၿပီးဆိုမွေတာ့ အလုပ္က သူေဌးခ်စ္ၿပီး အျမင္ၾကည္မွလည္း ရာထူးေတြတိုး၊ လစာေတြ မ်ားမ်ားရၿပီး လုပ္ငန္းခြင္မွာ ေပ်ာ္ရႊင္စြာနဲ႔ လုပ္ႏုိင္မွာ ျဖစ္ပါတယ္။ ကိုယ္သူေဌးဆီကေန အထင္ႀကီးမႈရရွိတယ္ဆိုတာကလည္း နည္းတဲ့ ကံေကာင္းျခင္း မဟုတ္ပါလား။ အဲဒီလို သူေဌးဆီကေန အထင္ႀကီးမႈရရွိေစဖို႔အတြက္ ဒီလိုေလးေတြ ေနထုိင္ၾကည္႔သင့္ပါတယ္။ ဘယ္လိုေနပံုထုိင္ပံုမ်ဳိးက သူေဌးဆီကေန အထင္ႀကီးမႈကို သိမ္းပိုက္ႏိုင္တာလဲဆိုတာ သိရွိၿပီး လုိက္လံက်င္႔ၾကံ့ႏိုင္ေစဖို႔ ေလ့လာၾကည္႔ရေအာင္။

(၁) သင္႔ေတာ္တဲ႔ဝတ္စားဆင္ယင္မႈပံုစံရွိပါေစ

အလုပ္လုပ္ၿပီဆိုရင္ေတာ့ ပေရာ္ဖက္ရွင္နယ္ဆန္ဖို႔ အေရးႀကီးပါတယ္။ ပေရာ္ဖက္ရွင္နယ္ဆန္ဖို႔ ဝတ္တာစားတာကလည္း တစ္စိတ္တစ္ပိုင္း အေရးပါပါတယ္။ အလုပ္နဲ႔ကိုက္ညီတဲ႔ အဝတ္အစားကို ေသေသခ်ာခ်ာေလး ဂရုစိုက္ၿပီး ဝတ္တဲ႔အခါမွာ ကိုယ့္ကို သူေဌးက မခ်ီးက်ဴးရင္ေတာင္မွ အသိျပဳမႈကိုေတာ့ ရရွိေစမွာ အေသခ်ာပါပဲ။ အကယ္၍ ကိုယ္က ဖက္ရွင္ကုမၸဏီအလုပ္လုပ္ႏိုင္တယ္ဆိုရင္ ကိုယ္ကုမၸဏီရဲ႕ အမွတ္တံဆိပ္ကို ဂရုတစိုက္ဝတ္ဆင္ေပးျခင္းျဖင္႔ ကုမၸဏီရဲ႕ပံုရိပ္ကိုလည္း ေငြကုန္ေၾကးက်နည္းနည္းနဲ႔ ေဖာ္ေဆာင္ေပးသလို ျဖစ္ေစပါတယ္။ ဒါေၾကာင္႔မို႔ အလုပ္လုပ္တဲ့အခါမွာ ဝတ္စားဆင္ယင္မႈကို ဂရုတစိုက္ ဝတ္ဆင္ဖို႔ အျမဲသတိျပဳသင့္ပါတယ္။

Dress Apropriately

Dress Apropriately

(၂) ရုံးေစာေစာေရာက္ေအာင္ႀကိဳးစားပါ

အခုေခတ္မွာ လူေတာ္ေတာ္မ်ားက ရုံးကိုေနာက္အရမ္းက်ရင္က် မက်ရင္ အခ်ိန္ကိုက္ ေရာက္ၾကတာ မ်ားပါတယ္။ အခ်ိန္ကိုက္ေရာက္တာ မေကာင္းဘူးလားဆိုေတာ့ မေကာင္းပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အခ်ိန္ကိုက္ေရာက္မွ လုပ္ရမယ့္အရာေတြကို ျပင္ဆင္တာနဲ႔ တကယ္လည္း အလုပ္စလုပ္တဲ႔အခ်ိန္မွာ ရုံးစတက္ခ်ိန္ရဲ႕ တစ္နာရီေလာက္ ေက်ာ္ေနပါၿပီ။ အဲဒီအခ်ိန္မွ အလုပ္စလုပ္ျဖစ္တဲ႔အတြက္ အစစအရာရာ အနည္းငယ္ဆီ ေနာက္က်ကုန္ပါတယ္။ ရုံးခ်ိန္မစမီ နာရီဝက္ေလာက္ႀကိဳေရာက္ထားရင္ေတာ့ သူေဌးကလည္း ကိုယ့္ကို ႀကိဳတင္ျပင္ဆင္တတ္သူအျဖစ္ ျမင္ၿပီး အမွတ္ေကာင္းရႏိုင္သလို ကိုယ္လုပ္စရာရွိတာ ႀကိဳလုပ္ထားႏိုင္တဲ႔အတြက္ ရုံးဆင္းခ်ိန္ေရာက္ၿပီးဆိုတာနဲ႔ ကြက္တိျပန္ႏိုင္မွာ ျဖစ္ပါတယ္။ ႀကိဳတင္ျပင္ဆင္တတ္ျခင္းကလည္း သူေဌးဆီက အထင္ႀကီးမႈကို သိမ္းပိုက္ႏိုင္တဲ႔ လွ်ဳိ႕ဝွက္လက္နက္ျဖစ္သလို အေလ့အက်င္ျဖစ္သြားတဲ႔အခါမွာလည္း ဘဝမွာ တိုးတက္ေအာင္ျမင္မႈကိုပါ ဆြတ္ခူးႏုိုင္သြားမွာပါ။

(၃) ထိထိမိမိရွင္းရွင္းလင္းလင္းေျပာဆိုႏိုင္ေအာင္ႀကိဳးစားပါ

မန္ေနဂ်ာေတြ၊ သူေဌးေတြဟာ အလုပ္ေတြအရမ္းမ်ားၿပီး အခ်ိန္မရသူေတြ ျဖစ္ပါတယ္။ သူတို႔ေတြဟာ အခ်ိန္အမ်ားႀကီး မေပးႏိုင္တဲ႔အတြက္ အစည္းအေဝးေတြလုပ္တဲ႔အခါမွာပဲျဖစ္ျဖစ္၊ သူတို႔နဲ႕ စကားေျပာတဲ႔အခါမ်ဳိးမွာပဲျဖစ္ျဖစ္ တိုတိုနဲ႔ လိုရင္းကို ထိထိမိမိ ေျပာဆိုတတ္ဖို႔ လိုပါတယ္။ အဲဒီလုိေျပာဆိုတတ္ဖို႔အတြက္ မေျပာခင္မွာ ႀကိဳတင္ျပင္ဆင္၊ အစီအစဥ္ေတြဆဲြ၊ အေရးႀကီးတာ မႀကီးတာကို ခဲြထုတ္ထားသင့္ပါတယ္။ ဒါမွ လိုရင္းကို အခ်ိန္တိုတိုနဲ႔ ေျပာဆိုတတ္ၿပီး အလုပ္ေတြ ၿပီးေျမာက္ေအာင္ျမင္သြားတဲ႔အခါ သူေဌးေတြ၊ မန္ေနဂ်ာေတြဆီကေန အလုပ္လုပ္တတ္တယ္ဆိုတဲ႔ အသိမွတ္ျပဳမႈနဲ႔ အထင္ႀကီးမႈကိုပါ သိမ္းပိိုက္ရရွိႏိုင္မွာ ျဖစ္ပါတယ္။

Speak with intention

Speak with intention

(၄)အလုပ္မွာအာရုံစိုက္ပါ

အလုပ္ခ်ိန္အတြင္းမွာ အလုပ္နဲ႔မသက္ဆိုင္တဲ႔ အျခားေနရာေတြမွာ အာရုံေရာက္ေနတဲ့ အေရအတြက္ကိုသာ သိသြားခဲ႔ရင္ လူေတာ္ေတာ္မ်ားမ်ား အံ့ၾသသြားၾကလိမ့္မယ္ထင္ပါတယ္။ ကုမၸဏီက အလုပ္လုပ္ဖို႔အတြက္ သင္တို႔ကုိ ဌားရမ္းထားတာျဖစ္တဲ႔အတြက္ အလုပ္ျပင္ အျခားအလုပ္ေတြကို မလုပ္မိဖို႔ အေရးႀကီးပါတယ္။ မေတာ္တဆ အလုပ္နဲ႔မဆိုင္တဲ႔ တျခားဟာလုပ္ေနတာကို သူေဌးေတြ႕သြားတဲ႔အခါ အထင္ႀကီးမႈမရေတာ့ဘဲ အလုပ္ေပၚဂရုမစိုက္တတ္သူအျဖစ္ ျမင္သြားႏိုင္လို႔ ဘယ္ေတာ့မွ မလုပ္သင့္ပါဘူး။

Stay focused

Stay focused

(၅) မွန္ကန္တဲ႔အလုပ္ခန္႔အပ္မႈျဖစ္တယ္ဆိုတာသိေအာင္လုပ္ပါ

ဘယ္သူေဌးကမွေတာ့ ကိုယ္ငွားရမ္းလုိက္တဲ႔ ဝန္ထမ္းက ကိုယ္အလုပ္နဲ႔ မကိုက္ညီဘူးဆိုတာမ်ဳိး မျဖစ္ခ်င္ပါဘူး။ ဒါေၾကာင္႔မို႔ ကိုယ္ကိုခန္႔အပ္လုိက္တာ မွန္ကန္တယ္ဆိုတာ သိေစဖို႔အတြက္ ကိုယ္လုပ္ရမယ္႔အလုပ္ကို ၿပီးေျမာက္ေအာင္ျမင္ေအာင္လုပ္ျခင္းျဖင့္ မွန္ကန္တယ္ဆိုတာကို ေသခ်ာေအာင္ျပဳလုပ္ေပးသင္႔ပါတယ္။ အကယ္၍ ကိုယ္စြမ္းေဆာင္ႏိုင္မႈကို သူေဌးက မသိခဲ႔ဘူးဆိုရင္လည္း ကိုယ္ဒီလုိ လုပ္ႏိုင္ခဲ႔တယ္ဆိုတာကို ပြင္႔ပြင္႔လင္းလင္း သူေဌးနဲ႔ေတြ႔ၿပီး ကိုယ္စြမ္းေဆာင္မႈေတြကို ရဲရဲဝံ့ဝံ့ေျပာျပသင့္ပါတယ္။

Remind your boss why you were hired

Remind your boss why you were hired

ဒီလိုအခ်က္ေတြကို လုပ္ေဆာင္ႏိုင္မယ္ဆုိရင္ သူေဌးဆီက အထင္ႀကီးမႈေတြ၊ အမွတ္ေတြရရွိလာႏိုင္တဲ႔အတြက္ လစာတိုးဖို႔နဲ႔ လုပ္ငန္းခြင္မွာ ေအာင္ျမင္မႈေတြ ရရွိေစဖို႔အတြက္ အခုပဲ လုိက္လံက်င္႔သံုးၾကည္႔ၾကရေအာင္။ သူေဌးဆီက အထင္ႀကီးမႈရရွိေအာင္ ပရိသတ္ႀကီး က်င္႔သံုးေလ့ရွိတဲ့ နည္းလမ္းေလးေတြလည္း ရွိရင္လည္း အျခားသူေတြ လုိက္လံက်င္႔သံုးလို႔ရေအာင္ ျပန္လည္မွ်ေဝေပးၾကပါဦး။

H.H(Akhayar)

www.akhayar.com

[Unicode]

လုပ်ငန်းခွင်မှာ သူဌေးဆီက အထင်ကြီးမှုရရှိအောင် ဒီလိုနေထိုင်ကြမယ်

လုပ်ငန်းခွင်မှာ အောင်မြင်ဖို့အတွက်ဆို ပေါင်းသင်ဆက်ဆံရေး၊ အပြောအဆို၊ အနေအထိုင်တွေကအစ အစအစအရာရာ အရေးကြီးပါတယ်။ အလုပ်လုပ်ပြီးဆိုမှတော့ အလုပ်က သူဌေးချစ်ပြီး အမြင်ကြည်မှလည်း ရာထူးတွေတိုး၊ လစာတွေ များများရပြီး လုပ်ငန်းခွင်မှာ ပျော်ရွှင်စွာနဲ့ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်သူဌေးဆီကနေ အထင်ကြီးမှုရရှိတယ်ဆိုတာကလည်း နည်းတဲ့ ကံကောင်းခြင်း မဟုတ်ပါလား။ အဲဒီလို သူဌေးဆီကနေ အထင်ကြီးမှုရရှိစေဖို့အတွက် ဒီလိုလေးတွေ နေထိုင်ကြည့်သင့်ပါတယ်။ ဘယ်လိုနေပုံထိုင်ပုံမျိုးက သူဌေးဆီကနေ အထင်ကြီးမှုကို သိမ်းပိုက်နိုင်တာလဲဆိုတာ သိရှိပြီး လိုက်လံကျင့်ကြံ့နိုင်စေဖို့ လေ့လာကြည့်ရအောင်။

(၁) သင့်တော်တဲ့ဝတ်စားဆင်ယင်မှုပုံစံရှိပါစေ

အလုပ်လုပ်ပြီဆိုရင်တော့ ပရော်ဖက်ရှင်နယ်ဆန်ဖို့ အရေးကြီးပါတယ်။ ပရော်ဖက်ရှင်နယ်ဆန်ဖို့ ဝတ်တာစားတာကလည်း တစ်စိတ်တစ်ပိုင်း အရေးပါပါတယ်။ အလုပ်နဲ့ကိုက်ညီတဲ့ အဝတ်အစားကို သေသေချာချာလေး ဂရုစိုက်ပြီး ဝတ်တဲ့အခါမှာ ကိုယ့်ကို သူဌေးက မချီးကျူးရင်တောင်မှ အသိပြုမှုကိုတော့ ရရှိစေမှာ အသေချာပါပဲ။ အကယ်၍ ကိုယ်က ဖက်ရှင်ကုမ္ပဏီအလုပ်လုပ်နိုင်တယ်ဆိုရင် ကိုယ်ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ကို ဂရုတစိုက်ဝတ်ဆင်ပေးခြင်းဖြင့် ကုမ္ပဏီရဲ့ပုံရိပ်ကိုလည်း ငွေကုန်ကြေးကျနည်းနည်းနဲ့ ဖော်ဆောင်ပေးသလို ဖြစ်စေပါတယ်။ ဒါကြောင့်မို့ အလုပ်လုပ်တဲ့အခါမှာ ဝတ်စားဆင်ယင်မှုကို ဂရုတစိုက် ဝတ်ဆင်ဖို့ အမြဲသတိပြုသင့်ပါတယ်။

Dress Apropriately

Dress Apropriately

(၂) ရုံးစောစောရောက်အောင်ကြိုးစားပါ

အခုခေတ်မှာ လူတော်တော်များက ရုံးကိုနောက်အရမ်းကျရင်ကျ မကျရင် အချိန်ကိုက် ရောက်ကြတာ များပါတယ်။ အချိန်ကိုက်ရောက်တာ မကောင်းဘူးလားဆိုတော့ မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ အချိန်ကိုက်ရောက်မှ လုပ်ရမယ့်အရာတွေကို ပြင်ဆင်တာနဲ့ တကယ်လည်း အလုပ်စလုပ်တဲ့အချိန်မှာ ရုံးစတက်ချိန်ရဲ့ တစ်နာရီလောက် ကျော်နေပါပြီ။ အဲဒီအချိန်မှ အလုပ်စလုပ်ဖြစ်တဲ့အတွက် အစစအရာရာ အနည်းငယ်ဆီ နောက်ကျကုန်ပါတယ်။ ရုံးချိန်မစမီ နာရီဝက်လောက်ကြိုရောက်ထားရင်တော့ သူဌေးကလည်း ကိုယ့်ကို ကြိုတင်ပြင်ဆင်တတ်သူအဖြစ် မြင်ပြီး အမှတ်ကောင်းရနိုင်သလို ကိုယ်လုပ်စရာရှိတာ ကြိုလုပ်ထားနိုင်တဲ့အတွက် ရုံးဆင်းချိန်ရောက်ပြီးဆိုတာနဲ့ ကွက်တိပြန်နိုင်မှာ ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်တတ်ခြင်းကလည်း သူဌေးဆီက အထင်ကြီးမှုကို သိမ်းပိုက်နိုင်တဲ့ လျှို့ဝှက်လက်နက်ဖြစ်သလို အလေ့အကျင်ဖြစ်သွားတဲ့အခါမှာလည်း ဘဝမှာ တိုးတက်အောင်မြင်မှုကိုပါ ဆွတ်ခူးနိုင်သွားမှာပါ။

(၃) ထိထိမိမိရှင်းရှင်းလင်းလင်းပြောဆိုနိုင်အောင်ကြိုးစားပါ

မန်နေဂျာတွေ၊ သူဌေးတွေဟာ အလုပ်တွေအရမ်းများပြီး အချိန်မရသူတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ အချိန်အများကြီး မပေးနိုင်တဲ့အတွက် အစည်းအဝေးတွေလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ သူတို့နဲ့ စကားပြောတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် တိုတိုနဲ့ လိုရင်းကို ထိထိမိမိ ပြောဆိုတတ်ဖို့ လိုပါတယ်။ အဲဒီလိုပြောဆိုတတ်ဖို့အတွက် မပြောခင်မှာ ကြိုတင်ပြင်ဆင်၊ အစီအစဉ်တွေဆွဲ၊ အရေးကြီးတာ မကြီးတာကို ခွဲထုတ်ထားသင့်ပါတယ်။ ဒါမှ လိုရင်းကို အချိန်တိုတိုနဲ့ ပြောဆိုတတ်ပြီး အလုပ်တွေ ပြီးမြောက်အောင်မြင်သွားတဲ့အခါ သူဌေးတွေ၊ မန်နေဂျာတွေဆီကနေ အလုပ်လုပ်တတ်တယ်ဆိုတဲ့ အသိမှတ်ပြုမှုနဲ့ အထင်ကြီးမှုကိုပါ သိမ်းပိုက်ရရှိနိုင်မှာ ဖြစ်ပါတယ်။

Speak with intention

Speak with intention

(၄)အလုပ်မှာအာရုံစိုက်ပါ

အလုပ်ချိန်အတွင်းမှာ အလုပ်နဲ့မသက်ဆိုင်တဲ့ အခြားနေရာတွေမှာ အာရုံရောက်နေတဲ့ အရေအတွက်ကိုသာ သိသွားခဲ့ရင် လူတော်တော်များများ အံ့သြသွားကြလိမ့်မယ်ထင်ပါတယ်။ ကုမ္ပဏီက အလုပ်လုပ်ဖို့အတွက် သင်တို့ကို ဌားရမ်းထားတာဖြစ်တဲ့အတွက် အလုပ်ပြင် အခြားအလုပ်တွေကို မလုပ်မိဖို့ အရေးကြီးပါတယ်။ မတော်တဆ အလုပ်နဲ့မဆိုင်တဲ့ တခြားဟာလုပ်နေတာကို သူဌေးတွေ့သွားတဲ့အခါ အထင်ကြီးမှုမရတော့ဘဲ အလုပ်ပေါ်ဂရုမစိုက်တတ်သူအဖြစ် မြင်သွားနိုင်လို့ ဘယ်တော့မှ မလုပ်သင့်ပါဘူး။

Stay focused

Stay focused

(၅) မှန်ကန်တဲ့အလုပ်ခန့်အပ်မှုဖြစ်တယ်ဆိုတာသိအောင်လုပ်ပါ

ဘယ်သူဌေးကမှတော့ ကိုယ်ငှားရမ်းလိုက်တဲ့ ဝန်ထမ်းက ကိုယ်အလုပ်နဲ့ မကိုက်ညီဘူးဆိုတာမျိုး မဖြစ်ချင်ပါဘူး။ ဒါကြောင့်မို့ ကိုယ်ကိုခန့်အပ်လိုက်တာ မှန်ကန်တယ်ဆိုတာ သိစေဖို့အတွက် ကိုယ်လုပ်ရမယ့်အလုပ်ကို ပြီးမြောက်အောင်မြင်အောင်လုပ်ခြင်းဖြင့် မှန်ကန်တယ်ဆိုတာကို သေချာအောင်ပြုလုပ်ပေးသင့်ပါတယ်။ အကယ်၍ ကိုယ်စွမ်းဆောင်နိုင်မှုကို သူဌေးက မသိခဲ့ဘူးဆိုရင်လည်း ကိုယ်ဒီလို လုပ်နိုင်ခဲ့တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း သူဌေးနဲ့တွေ့ပြီး ကိုယ်စွမ်းဆောင်မှုတွေကို ရဲရဲဝံ့ဝံ့ပြောပြသင့်ပါတယ်။

Remind your boss why you were hired

Remind your boss why you were hired

ဒီလိုအချက်တွေကို လုပ်ဆောင်နိုင်မယ်ဆိုရင် သူဌေးဆီက အထင်ကြီးမှုတွေ၊ အမှတ်တွေရရှိလာနိုင်တဲ့အတွက် လစာတိုးဖို့နဲ့ လုပ်ငန်းခွင်မှာ အောင်မြင်မှုတွေ ရရှိစေဖို့အတွက် အခုပဲ လိုက်လံကျင့်သုံးကြည့်ကြရအောင်။ သူဌေးဆီက အထင်ကြီးမှုရရှိအောင် ပရိသတ်ကြီး ကျင့်သုံးလေ့ရှိတဲ့ နည်းလမ်းလေးတွေလည်း ရှိရင်လည်း အခြားသူတွေ လိုက်လံကျင့်သုံးလို့ရအောင် ပြန်လည်မျှဝေပေးကြပါဦး။

H.H(Akhayar)

www.akhayar.com