[Zawgyi]

အလုပ္က လူေတြနဲ႔ အဆင္ေျပခ်င္ရင္ ဒါေတြေဆာင္

တစ္ေန႔တစ္ေန႔ အလုပ္သြားဖို႔ စိတ္ညစ္ရတဲ့ အထဲမွာ အလုပ္က ေပးတဲ့ စိတ္ဖိစီးမႈေတြ အျပင္ လုပ္ေဖာ္ကိုင္ဘက္ေတြနဲ႔ ဘယ္လို အဆင္ေျပေအာင္ ေနရပါ့မလဲဆိုတာလည္း ပါပါတယ္။ ဘယ္သူမွ မွားလို႔ မဟုတ္ဘဲ နားလည္မႈလြဲတာေတြ၊ အလုပ္ပင္ပန္းျပီး စိတ္မၾကည္ေတာ့ ရမ္းမိတာေတြ၊ အလုပ္ရဲ့ မူဝါဒအရ မဆက္ဆံခ်င္တဲ့ သူေတြနဲ႔ ဆက္ဆံရတာေတြ၊ တစ္ခါတေလ ဒါေတြက အလုပ္ထက္ေတာင္ စိတ္ဖိစီးမႈပိုေစတယ္ မဟုတ္လားဗ်ာ။

အလုပ္လည္း ေကာင္းေကာင္းလုပ္ႏုိင္တယ္၊ အလုပ္ခြင္က လူေတြနဲ႔လည္း အဆင္ေျပမယ္ဆိုရင္ ေကာင္းကင္ၾကီးက အျမဲေနသာၾကည္လင္ေနသလို ျဖစ္မွာပါပဲေလ။ အဲဒီေတာ့ Akhayar က လုပ္ငန္းခြင္ထဲက လူေတြနဲ႔ အဆင္ေျပေစမယ့္ လြယ္ကူတဲ့ အခ်က္ေလးေတြကို ဒီလို ဒီလို မွ်ေဝေပးခ်င္တယ္ခင္ဗ်။

၁။ ေမးခြန္းေတြ ေမးပါ။

လူေတြဟာ ကုိယ့္အေၾကာင္းကုိယ္ေျပာရတာကို အရမ္းၾကိဳက္ၾကပါတယ္၊ ဒါ လူ႔သဘာဝပါပဲ။ ဒီအခ်က္ကို အသံုးျပဳျပီး ကိုယ့္လုပ္ေဖာ္ကုိင္ဘက္ေတြရဲ့ ကိုယ္ပုိင္ ဘဝတို႔၊ သူတို႔ တာဝန္ယူရတဲ့ အလုပ္အေၾကာင္းေတြ၊ သူတို႔ ဘာစိတ္ဝင္စားလဲဆိုတာ ေမးႏုိင္ပါတယ္။ အရမ္းစပ္စပ္စုစုနဲ႔ သူတစ္ပါးမေျပာခ်င္တဲ့ အေၾကာင္းအရာေတြကိုေတာ့ မေမးမိေစနဲ႔ေပါ့။ ခင္လို႔ မင္လို႔ စကားလမ္းေၾကာင္းတာနဲ႔ သူတစ္ပါးကိုယ္ေရးကိုယ္တာကို သြားစပ္စုတာေလးက ပါးပါးေလး ကြာပါတယ္ဗ်ား 😀 ။

၂။ ခ်ီးမြမ္းေပးပါ၊ ဒါေပမယ့္ အလြန္အကၽြံ ဖားသလို၊ ဝင္ေရာသလို မျဖစ္ပါေစနဲ႔။

ကိုယ့္လုပ္ေဖာ္ကုိင္ဘက္တစ္ေယာက္ေယာက္က အလုပ္ကို အေကာင္းဆံုးလုပ္ႏုိင္တဲ့ အခါ ခ်ီးမြမ္းဖို႔ တြန္႔တုိမေနပါနဲ႔။ ဒီလို ခ်ီးမြမ္းလိုက္ျခင္းအားျဖင့္ သူနဲ႔ ကုိယ္ၾကား လူမႈဆက္ဆံေရးလည္း တုိးတက္ေစပါတယ္။

ဒီလိုတစ္ခါတရံ ရုိးရုိးသားသား အျပဳသေဘာေဆာင္တဲ့ မွတ္ခ်က္ေလးေတြက တစ္ခ်ိန္လံုး ေျမွာက္ပင့္ေနတာထက္စာရင္ လူမႈဆက္ဆံေရးမွာ အမ်ားၾကီးပိုသိသာေစပါတယ္ခင္ဗ်ာ။

၃။  သူတို႔ရဲ့ ခႏၶာကိုယ္အမူအရာ၊ လက္ဟန္ေျခဟန္ေတြကို အာရံုစိုက္ေပးပါ။

လုပ္ေဖာ္ကိုင္ဘက္ေတြနဲ႔ စကားစျမည္မေျပာခင္ သူတို႔ ဘာေတြျဖစ္ေနလဲဆုိတာ အရင္ သိေအာင္လုပ္ျခင္းဟာ ႏွစ္ဦးႏွစ္ဘက္ဆက္ဆံေရးေကာင္းမြန္မႈမွာ အရမ္းအေရးၾကီးပါတယ္။ အေသးစိတ္အမူအရာေတြနဲ႔ Eye Contact ေတြက အစဖမ္းႏုိင္ရင္ အေကာင္းဆံုးေပါ့။

ဘာလုိ႔လဲဆိုေတာ့ ဥပမာ တစ္စံုတစ္ေယာက္က အလ်င္စလိုျဖစ္ေနတယ္၊ အေရးၾကီး လုပ္စရာရွိတာကို မသိဘဲ အလိုက္ကန္းဆိုး အလႅာပသလႅာပ ေတြ သြားေျပာမိေနတာမိ်ဳး မျဖစ္ေတာ့ဘူးေပါ့။

၄။ ေကာင္းေကာင္းမြန္မြန္ဆက္ဆံပါ။

ဒီအခ်က္က ေျပာစရာမလိုဘူးဆိုေပမယ့္ တကယ္ကို အေရးၾကီးတာပါ။ လူေတြ ကိုယ့္အေပၚသေဘာက်ေစခ်င္ရင္ ကိုယ္ကလည္း သူတို႔ သေဘာက်ေစခ်င္စရာ ပံုစံမ်ိဳး ေပါက္ေနမွ ဆိုတာ သဘာဝက်ပါတယ္။

အရမ္းခ်ိဳသာေနစရာမလိုပါဘူး။ ဒါေပမယ့္ ကိုယ့္လုပ္ေဖာ္ကုိင္ဘက္ေတြ ဘယ္ေနရာမွာ ဘယ္လို ေတာ္တယ္ဆိုတာရယ္၊ အဲဒီလို ကိစၥေတြနဲ႔ ပက္သက္ရင္ သူတို႔ဆီ အကူအညီ ဘယ္လို ေတာင္းရမယ္ဆိုတာရယ္၊ ေက်းဇူးတင္စကား ဘယ္လိုေျပာရမယ္ဆိုတာရယ္ဆိုတာေတာ့ ေကာင္းေကာင္းသိဖို႔လိုပါတယ္။ အရမ္းဆိုးပါတယ္ဆုိတဲ့ သူေတြမွာေတာင္မွ အရည္အခ်င္းေကာင္းေတြ အမ်ားၾကီး ရွိတတ္ပါတယ္။

လူေတြဟာ သူတို႔ရဲ့ အျမင္ေတြကို မွ်ေဝရတာ၊ သူတို႔ ကၽြမ္းက်င္တဲ့ အေၾကာင္းအရာေတြကို ျပန္လည္ သင္ၾကားေပးရတာေတြကို အရမ္းသေဘာက်တတ္ပါတယ္။ ဒါကို ကၽြမ္းက်င္ပါးနပ္စြာ အသံုးခ်ႏုိင္ပါေစ။

၅။ သဘာဝက်က်ေနထိုင္ပါ။

လူတုိင္းကို လႊမ္းမိုးႏုိင္ေအာင္၊ ဒါမွမဟုတ္ ကိုယ့္ကို လူတုိင္းက စိတ္ဝင္စားေအာင္ လုပ္ေနတယ္ဆိုတာ ရူးေၾကာင္ေၾကာင္ႏုိင္ပါတယ္။ လူေတြကို လႊမ္းမိုးဖို႔ထက္ ကိုယ့္ရဲ့ အလုပ္မွာ အသိမိတ္ေဆြေပါမ်ားေအာင္၊ လူသစ္ေတြနဲ႔ မိတ္ဖြဲ႔တတ္ေအာင္သာ လုပ္ေဆာင္ပါ။

တကူးတကၾကိဳးစားတာထက္စာရင္ အၾကိဳက္တူတာေလးေတြ မွ်ေဝရင္း ခင္မင္ရတာက ပိုေကာင္းပါတယ္။ တမင္ထက္ ေကာ္ဖီေသာက္ရင္း၊ ေန႔လည္စာ စုစားရင္း စကားေျပာၾကတာမ်ိဳးေပါ့။

အခရာပရိသတ္ၾကီးေရာ အလုပ္ထဲက လူေတြနဲ႔ ဘယ္လို အဆင္ေျပေအာင္ ေနတယ္၊ ဘယ္လို အခက္အခဲေတြ ၾကံဳရတယ္ဆိုတာ Comment Box မွာ ေျပာျပေပးသြားပါဦးခင္ဗ်ာ။

ရိုးလူ (အခရာ)

www.akhayar.com

[Unicode]

အလုပ်က လူတွေနဲ့ အဆင်ပြေချင်ရင် ဒါတွေဆောင်

တစ်နေ့တစ်နေ့ အလုပ်သွားဖို့ စိတ်ညစ်ရတဲ့ အထဲမှာ အလုပ်က ပေးတဲ့ စိတ်ဖိစီးမှုတွေ အပြင် လုပ်ဖော်ကိုင်ဘက်တွေနဲ့ ဘယ်လို အဆင်ပြေအောင် နေရပါ့မလဲဆိုတာလည်း ပါပါတယ်။ ဘယ်သူမှ မှားလို့ မဟုတ်ဘဲ နားလည်မှုလွဲတာတွေ၊ အလုပ်ပင်ပန်းပြီး စိတ်မကြည်တော့ ရမ်းမိတာတွေ၊ အလုပ်ရဲ့ မူဝါဒအရ မဆက်ဆံချင်တဲ့ သူတွေနဲ့ ဆက်ဆံရတာတွေ၊ တစ်ခါတလေ ဒါတွေက အလုပ်ထက်တောင် စိတ်ဖိစီးမှုပိုစေတယ် မဟုတ်လားဗျာ။

အလုပ်လည်း ကောင်းကောင်းလုပ်နိုင်တယ်၊ အလုပ်ခွင်က လူတွေနဲ့လည်း အဆင်ပြေမယ်ဆိုရင် ကောင်းကင်ကြီးက အမြဲနေသာကြည်လင်နေသလို ဖြစ်မှာပါပဲလေ။ အဲဒီတော့ Akhayar က လုပ်ငန်းခွင်ထဲက လူတွေနဲ့ အဆင်ပြေစေမယ့် လွယ်ကူတဲ့ အချက်လေးတွေကို ဒီလို ဒီလို မျှဝေပေးချင်တယ်ခင်ဗျ။

၁။ မေးခွန်းတွေ မေးပါ။

လူတွေဟာ ကိုယ့်အကြောင်းကိုယ်ပြောရတာကို အရမ်းကြိုက်ကြပါတယ်၊ ဒါ လူ့သဘာဝပါပဲ။ ဒီအချက်ကို အသုံးပြုပြီး ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေရဲ့ ကိုယ်ပိုင် ဘဝတို့၊ သူတို့ တာဝန်ယူရတဲ့ အလုပ်အကြောင်းတွေ၊ သူတို့ ဘာစိတ်ဝင်စားလဲဆိုတာ မေးနိုင်ပါတယ်။ အရမ်းစပ်စပ်စုစုနဲ့ သူတစ်ပါးမပြောချင်တဲ့ အကြောင်းအရာတွေကိုတော့ မမေးမိစေနဲ့ပေါ့။ ခင်လို့ မင်လို့ စကားလမ်းကြောင်းတာနဲ့ သူတစ်ပါးကိုယ်ရေးကိုယ်တာကို သွားစပ်စုတာလေးက ပါးပါးလေး ကွာပါတယ်ဗျား 😀 ။

၂။ ချီးမွမ်းပေးပါ၊ ဒါပေမယ့် အလွန်အကျွံ ဖားသလို၊ ဝင်ရောသလို မဖြစ်ပါစေနဲ့။

ကိုယ့်လုပ်ဖော်ကိုင်ဘက်တစ်ယောက်ယောက်က အလုပ်ကို အကောင်းဆုံးလုပ်နိုင်တဲ့ အခါ ချီးမွမ်းဖို့ တွန့်တိုမနေပါနဲ့။ ဒီလို ချီးမွမ်းလိုက်ခြင်းအားဖြင့် သူနဲ့ ကိုယ်ကြား လူမှုဆက်ဆံရေးလည်း တိုးတက်စေပါတယ်။

ဒီလိုတစ်ခါတရံ ရိုးရိုးသားသား အပြုသဘောဆောင်တဲ့ မှတ်ချက်လေးတွေက တစ်ချိန်လုံး မြှောက်ပင့်နေတာထက်စာရင် လူမှုဆက်ဆံရေးမှာ အများကြီးပိုသိသာစေပါတယ်ခင်ဗျာ။

၃။  သူတို့ရဲ့ ခန္ဓာကိုယ်အမူအရာ၊ လက်ဟန်ခြေဟန်တွေကို အာရုံစိုက်ပေးပါ။

လုပ်ဖော်ကိုင်ဘက်တွေနဲ့ စကားစမြည်မပြောခင် သူတို့ ဘာတွေဖြစ်နေလဲဆိုတာ အရင် သိအောင်လုပ်ခြင်းဟာ နှစ်ဦးနှစ်ဘက်ဆက်ဆံရေးကောင်းမွန်မှုမှာ အရမ်းအရေးကြီးပါတယ်။ အသေးစိတ်အမူအရာတွေနဲ့ Eye Contact တွေက အစဖမ်းနိုင်ရင် အကောင်းဆုံးပေါ့။

ဘာလို့လဲဆိုတော့ ဥပမာ တစ်စုံတစ်ယောက်က အလျင်စလိုဖြစ်နေတယ်၊ အရေးကြီး လုပ်စရာရှိတာကို မသိဘဲ အလိုက်ကန်းဆိုး အလ္လာပသလ္လာပ တွေ သွားပြောမိနေတာမျိုး မဖြစ်တော့ဘူးပေါ့။

၄။ ကောင်းကောင်းမွန်မွန်ဆက်ဆံပါ။

ဒီအချက်က ပြောစရာမလိုဘူးဆိုပေမယ့် တကယ်ကို အရေးကြီးတာပါ။ လူတွေ ကိုယ့်အပေါ်သဘောကျစေချင်ရင် ကိုယ်ကလည်း သူတို့ သဘောကျစေချင်စရာ ပုံစံမျိုး ပေါက်နေမှ ဆိုတာ သဘာဝကျပါတယ်။

အရမ်းချိုသာနေစရာမလိုပါဘူး။ ဒါပေမယ့် ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေ ဘယ်နေရာမှာ ဘယ်လို တော်တယ်ဆိုတာရယ်၊ အဲဒီလို ကိစ္စတွေနဲ့ ပက်သက်ရင် သူတို့ဆီ အကူအညီ ဘယ်လို တောင်းရမယ်ဆိုတာရယ်၊ ကျေးဇူးတင်စကား ဘယ်လိုပြောရမယ်ဆိုတာရယ်ဆိုတာတော့ ကောင်းကောင်းသိဖို့လိုပါတယ်။ အရမ်းဆိုးပါတယ်ဆိုတဲ့ သူတွေမှာတောင်မှ အရည်အချင်းကောင်းတွေ အများကြီး ရှိတတ်ပါတယ်။

လူတွေဟာ သူတို့ရဲ့ အမြင်တွေကို မျှဝေရတာ၊ သူတို့ ကျွမ်းကျင်တဲ့ အကြောင်းအရာတွေကို ပြန်လည် သင်ကြားပေးရတာတွေကို အရမ်းသဘောကျတတ်ပါတယ်။ ဒါကို ကျွမ်းကျင်ပါးနပ်စွာ အသုံးချနိုင်ပါစေ။

၅။ သဘာဝကျကျနေထိုင်ပါ။

လူတိုင်းကို လွှမ်းမိုးနိုင်အောင်၊ ဒါမှမဟုတ် ကိုယ့်ကို လူတိုင်းက စိတ်ဝင်စားအောင် လုပ်နေတယ်ဆိုတာ ရူးကြောင်ကြောင်နိုင်ပါတယ်။ လူတွေကို လွှမ်းမိုးဖို့ထက် ကိုယ့်ရဲ့ အလုပ်မှာ အသိမိတ်ဆွေပေါများအောင်၊ လူသစ်တွေနဲ့ မိတ်ဖွဲ့တတ်အောင်သာ လုပ်ဆောင်ပါ။

တကူးတကကြိုးစားတာထက်စာရင် အကြိုက်တူတာလေးတွေ မျှဝေရင်း ခင်မင်ရတာက ပိုကောင်းပါတယ်။ တမင်ထက် ကော်ဖီသောက်ရင်း၊ နေ့လည်စာ စုစားရင်း စကားပြောကြတာမျိုးပေါ့။

အခရာပရိသတ်ကြီးရော အလုပ်ထဲက လူတွေနဲ့ ဘယ်လို အဆင်ပြေအောင် နေတယ်၊ ဘယ်လို အခက်အခဲတွေ ကြုံရတယ်ဆိုတာ Comment Box မှာ ပြောပြပေးသွားပါဦးခင်ဗျာ။

ရိုးလူ (အခရာ)

www.akhayar.com