[Zawgyi]

အခ်ိန္တိုင္းပင္ပန္းႏြယ္နယ္တယ္္လို႔ ခံစားမိေစတဲ့အေၾကာင္းအရင္းေတြက ဘာေတြမ်ားျဖစ္မလဲ

တစ္ခါတေလ အိပ္ေရးဝဝအိပ္ၿပီး အာဟာရရွိတဲ႔ အစားအစာေတြ ေကာင္းေကာင္းစား ေသေသခ်ာခ်ာေလးအနားယူရဲ႕သားနဲ႔ အခ်ိန္တိုင္းလိုလုိ အင္အားကုန္ခန္းၿပီး ပင္ပန္းႏြယ္နယ္ေနသလို ခံစားမိတတ္ၾကပါတယ္။ ပင္ပန္းႏြယ္နယ္ျခင္းကို ခံစားမိေပမယ္႔လည္း ဘာေၾကာင့္ ပင္ပန္းႏြယ္နယ္ရလဲဆိုတဲ႔ အေၾကာင္းအရင္းကိုေတာ့ ေသေသခ်ာခ်ာ မေလ့လာမိၾကပါဘူး။  ဒီေတာ႔ အလကားေနရင္း ပင္ပန္းႏြမ္းနယ္ေနရျခင္းရဲ႕ အေၾကာင္းရင္းကို ရွာၾကည္႔ရေအာင္။

ပင္ပန္းတယ္လို႔ထင္တဲ႔အခါေလ့က်င္ခန္းမလုပ္ျခင္း

အလုပ္ကေန ပင္ပန္းလာလို႔၊ အိမ္မႈကိစၥလုပ္ရတာ ပင္ပန္းလို႔၊ ေက်ာင္းကေန ပင္ပန္းလာလို႔ အစရွိသျဖင့္ ပင္ပန္းလာတာကို အေၾကာင္းျပဳၿပီး အင္အားေတြကို ေခၽြတာလိုတဲ႔အတြက္ ေလ့က်င္႔ခန္းမလုပ္ဘဲ ေနတတ္ၾကပါတယ္။Georgia တကၠသိုလ္ရဲ႕ ေလ့လာမႈအရ တစ္ေနကုန္ထိုင္ၿပီး အလုပ္လုပ္ရတဲ႔သူေတြကို ေပါ့ေပါ့ပါးပါးေလ့က်င္႔ခန္း မိနစ္ ၂၀ ေလာက္လုပ္ခိုင္းၿပီး ေျခာက္ပတ္ၾကာလို႔ ျပန္လည္ဆန္းစစ္ၾကည္႔တဲ့အခါမွာ ပင္ပန္းႏြယ္နယ္မႈေတြ ေလ်ာ့နည္းလာၿပီး ပိုၿပီးလန္းဆန္းတက္ၾကြလာတာကို ေတြ႔ရတယ္လုိ႔ဆုိထားပါတယ္။ ပုံမွန္ေလး ေလ့က်င္ခန္းျပဳလုပ္ေပးျခင္းက ခြန္အားေတြနဲ႔ ခံႏိုင္ရည္ေတြကို တိုးပြားလာေစၿပီး ႏွလံုးေသြးေၾကာလည္ပတ္မႈစနစ္ကို ပိုမိုေကာင္းမြန္လာေအာင္ ကူညီေပးကာ တစ္ရွဴးေတြဆီကို ေအာက္ဆီဂ်င္နဲ႔ အာဟာရဓာတ္ေတြကို ပို႔ေဆာင္ေပးပါတယ္။ ပင္ပန္းလာလို႔ အိပ္ရာေပၚတက္ၿပီး အနားယူမယ္႔အစား လမ္းသြက္သြက္ေလွ်ာက္တဲ့ ေလ့က်င္ခန္းျပဳလုပ္ၿပီး က်န္းမာေရးကို ဂရုစိုက္လိုက္ပါ။

ေရအလံုအေလာက္မေသာက္သံုးျခင္း

ခႏၶာကိုယ္ရွိ ေရဓာတ္၂ ရာခိုင္ႏႈန္းဆံုးရႈံးျခင္းက အားအင္ကုန္ခမ္းျခင္းအေပၚ သက္ေရာက္မႈရွိတယ္လို႔ Texas Health Ben Hogan Sports Medicine က အာဟာရေဗဒပညာရွင္ျဖစ္တဲ့ Amy Goodson က ေျပာၾကားထားပါတယ္။ ေရဓာတ္ခန္းေျခာက္ျခင္းက ေသြးပမာဏကိုေလ်ာ့က်ေစတဲ႔အတြက္ ေသြးေတြကို ပိုမိုပ်စ္ခဲလာေစပါတယ္။ အဲလုိပ်စ္ခဲလာတဲ့အခါ ေအာက္ဆီဂ်င္နဲ႔အာဟာရဓာတ္ေတြက ၾကြက္သားေတြနဲ႔ အဂၤါအစိတ္အပိုင္းေတြဆီကို ေရာက္ရွိႏႈန္းေႏွးလာတဲ႔အတြက္ ႏွလံုးကလည္း ေသြးညွစ္အားက်ဆင္းလာပါတယ္။ အဲဒီလိုမျဖစ္ရေလေအာင္ ခႏၶာကိုယ္က ေရဓာတ္ျပည္႔ဝေနဖို႔ လိုပါတယ္။ ေရဓာတ္ခန္းေျခာက္ျခင္းမျဖစ္ေစဖို႔ ခႏၶာကိုယ္က လိုအပ္တဲ႔ ေရပမာဏကို သိထားဖို႔လိုအပ္ပါတယ္။ ခႏၶာကိုယ္က ပံုမွန္လိုအပ္တဲ႔ ေရပမာဏကိုသိရွိႏိုင္ဖို႔ ေအာက္ပါအတိုင္းတြက္ခ်က္ၾကည့္ၿပီး ေသာက္သံုးေပးလို႔ရပါတယ္။ ခႏၶာကိုယ္အေလးခ်ိန္ကို ေပါင္နဲ႔တိုင္းတာၿပီး တစ္ဝက္ဝက္ကာ ရလာတဲ႔ ေပါင္ခ်ိန္အတုိင္းအတာအတုိင္း တူညီတဲ့ေရေအာင္စကို ေသာက္သံုးေပးတာက ေရဓာတ္ျပည္႔ဝေအာင္ မွန္ကန္တဲ႔ ေသာက္သံုးပံု ျဖစ္ပါတယ္။

ျငင္းပယ္ဖို႔အားနာျခင္း

လူေတြက စိတ္ေက်နပ္မႈေတြ၊ ေပ်ာ္ရႊင္မႈေတြနဲ႔ စိတ္ခံစားမႈမ်ဳိးစံုကို ခံစားမိတဲ႔အခါမွာလည္း စြမ္းအင္ေတြကို အသံုးျပဳရပါတယ္။ ပိုဆိုးတာက ေဒါသထြက္ျခင္းနဲ႔မေက်မခ်မ္း ခံစားရတ့ဲအခါမ်ဳိးမွာ စြမ္းအင္ေတြ ပိုမိုသံုးစဲြရပါတယ္။ အလားတူပဲ ျငင္းပယ္ျခင္းေတြ ျပဳလုပ္ရတဲ႔အခါအမ်ဴိးမွာ၊ ျငင္းပယ္လို႔မေကာင္းတဲ့လူမ်ဳိးေတြနဲ႔ ၾကံဳေတြ႔ရတဲ႔အခါ၊ ျငင္းပယ္ခ်င္ေပမယ့္ ျငင္းပယ္လို႔မရတဲ႔ စိတ္ခံစားမႈေတြနဲ႔ၾကံဳရတဲ႔အခါ စိတ္ေတြအလြန္အမင္းပင္ပန္းျပီး အားအင္ေတြ ကုန္ခမ္းရပါတယ္။ ဒါေၾကာင္႔မို႔ ကိုယ္မလုပ္ႏိုင္တာေသခ်ာရင္ အားမနာဘဲ စိတ္ထဲမွာ ကသိကေအာက္အျဖစ္မခံဘဲ ျပတ္ျပတ္သားသား ျငင္းပယ္တတ္ဖို႔ အေလ့အက်င့္ျပဳလုပ္ထားသင့္ပါတယ္။

အပန္းေျဖခရီးထြက္တဲ့အခ်ိန္မွာအလုပ္လုပ္ေနျခင္း

စိတ္လက္အပန္းေျဖဖို႔ ခရီးထြက္တဲ႔အခ်ိန္မ်ဳိးမွာ အလုပ္ေတြကို လက္စမသပ္ဘဲ တစ္ပါးတည္းယူလာျခင္းက အင္အားကုန္ခမ္း ပင္ပန္းႏြယ္နယ္ျခင္းေတြကို ဝယ္ယူေနတာနဲ႔ အတူတူပါပဲ။ တကယ္တမ္းမွာေတာ႔ အပန္းေျဖခရီးထြက္ၿပီး စိတ္ေရာလူပါအနားယူကာ ရုံးျပန္တက္ဖို႔ အားသစ္ေတြေမြးတာမ်ဳိးပဲ ျဖစ္သင့္ပါတယ္။ အဲဒီလိုအလုပ္ေတြဆီကေန ေခတၱအနားယူလိုက္ျခင္းက အားအင္ေတြလည္း ျပန္ျပည့္လာေစသလုိ ဖန္တီးႏိုင္စြမ္းေတြလည္း ပိုေကာင္းလာေစကာ အလုပ္ကိုျမန္ျမန္နဲ႔ မ်ားမ်ားၿပီးေအာင္လည္း လုပ္ေဆာင္ႏိုင္လာေစပါတယ္။

အိပ္ရာဝင္တဲ႔အခ်ိန္မွာ နည္းပညာပစၥည္းေတြအသံုးျပဳျခင္း

တက္ဘလက္၊ စမတ္ဖုန္းနဲ႔ ကြန္ပ်ဴတာေတြရဲ႕ Screen ေတြကေနထြက္ရွိလာတဲ႔ စူးရွေတာက္ပေသာအလင္းေရာင္ေၾကာင္႔ ပံုမွန္အိပ္စက္မႈအေလ့အထကိုုျဖစ္ေပၚေစတဲ႔ ေဟာ္မုန္း Melatonin ကို ထိခိုက္မႈေတြ ျဖစ္ေစလာကာ ပံုမွန္အိပ္စက္မႈစက္ဝန္းေတြကုိပါ ထိခိုက္လာေစပါတယ္္။ အိပ္စက္မႈစက္ဝန္းကို မထိခိုက္ေစဖို႔အတြက္ အိပ္စက္ခါနီးအခ်ိန္ ႏွစ္နာရီ္ေလာက္အလိုမွာ ကြန္ပ်ဳတာကိုအသံုးျပဳၿပီး ေမးလ္စစ္တာမ်ဳိး၊ Technology Tools ေတြကို အသံုးျပဳတာမ်ဳိး ေရွာင္ရွားသင့္ပါတယ္။ အိပ္စက္မႈစက္ဝန္းကို ထိခုိက္လာတာနဲ႔အမွ် ပင္ပန္းႏြယ္မႈေတြကပါ တစ္ပါးတည္းကပ္ပါလာမွာ အေသအခ်ာပါပဲ။

အခုေဖာ္ျပထားတဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခုခုကို ျပဳလုပ္မိေနၿပီဆိုရင္ေတာ႔ ေန႔ရက္တုိင္းကို လန္းဆန္းမႈအျပည္႔နဲ႔ ျဖတ္သန္းႏိုင္မွာ မဟုတ္တဲ႔အတြက္ ဒီအေၾကာင္းအရင္းေတြကို အတတ္ႏိုင္ဆံုးမလုပ္မိေအာင္ ႀကိဳးစားၿပီး ေဖ်ာက္ပစ္ဖို႔ အၾကံျပဳပါရေစ။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အချိန်တိုင်းပင်ပန်းနွယ်နယ်တယ်လို့ ခံစားမိစေတဲ့အကြောင်းအရင်းတွေက ဘာတွေများဖြစ်မလဲ

တစ်ခါတလေ အိပ်ရေးဝဝအိပ်ပြီး အာဟာရရှိတဲ့ အစားအစာတွေ ကောင်းကောင်းစား သေသေချာချာလေးအနားယူရဲ့သားနဲ့ အချိန်တိုင်းလိုလို အင်အားကုန်ခန်းပြီး ပင်ပန်းနွယ်နယ်နေသလို ခံစားမိတတ်ကြပါတယ်။ ပင်ပန်းနွယ်နယ်ခြင်းကို ခံစားမိပေမယ့်လည်း ဘာကြောင့် ပင်ပန်းနွယ်နယ်ရလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ သေသေချာချာ မလေ့လာမိကြပါဘူး။ ဒီတော့ အလကားနေရင်း ပင်ပန်းနွမ်းနယ်နေရခြင်းရဲ့ အကြောင်းရင်းကို ရှာကြည့်ရအောင်။

ပင်ပန်းတယ်လို့ထင်တဲ့အခါလေ့ကျင်ခန်းမလုပ်ခြင်း

အလုပ်ကနေ ပင်ပန်းလာလို့၊ အိမ်မှုကိစ္စလုပ်ရတာ ပင်ပန်းလို့၊ ကျောင်းကနေ ပင်ပန်းလာလို့ အစရှိသဖြင့် ပင်ပန်းလာတာကို အကြောင်းပြုပြီး အင်အားတွေကို ချွေတာလိုတဲ့အတွက် လေ့ကျင့်ခန်းမလုပ်ဘဲ နေတတ်ကြပါတယ်။ Georgia တက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေကို ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်း မိနစ် ၂၀ လောက်လုပ်ခိုင်းပြီး ခြောက်ပတ်ကြာလို့ ပြန်လည်ဆန်းစစ်ကြည့်တဲ့အခါမှာ ပင်ပန်းနွယ်နယ်မှုတွေ လျော့နည်းလာပြီး ပိုပြီးလန်းဆန်းတက်ကြွလာတာကို တွေ့ရတယ်လို့ဆိုထားပါတယ်။ ပုံမှန်လေး လေ့ကျင်ခန်းပြုလုပ်ပေးခြင်းက ခွန်အားတွေနဲ့ ခံနိုင်ရည်တွေကို တိုးပွားလာစေပြီး နှလုံးသွေးကြောလည်ပတ်မှုစနစ်ကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးကာ တစ်ရှူးတွေဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ပို့ဆောင်ပေးပါတယ်။ ပင်ပန်းလာလို့ အိပ်ရာပေါ်တက်ပြီး အနားယူမယ့်အစား လမ်းသွက်သွက်လျှောက်တဲ့ လေ့ကျင်ခန်းပြုလုပ်ပြီး ကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။

ရေအလုံအလောက်မသောက်သုံးခြင်း

ခန္ဓာကိုယ်ရှိ ရေဓာတ်၂ ရာခိုင်နှုန်းဆုံးရှုံးခြင်းက အားအင်ကုန်ခမ်းခြင်းအပေါ် သက်ရောက်မှုရှိတယ်လို့ Texas Health Ben Hogan Sports Medicine က အာဟာရဗေဒပညာရှင်ဖြစ်တဲ့ Amy Goodson က ပြောကြားထားပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းက သွေးပမာဏကိုလျော့ကျစေတဲ့အတွက် သွေးတွေကို ပိုမိုပျစ်ခဲလာစေပါတယ်။ အဲလိုပျစ်ခဲလာတဲ့အခါ အောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေက ကြွက်သားတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို ရောက်ရှိနှုန်းနှေးလာတဲ့အတွက် နှလုံးကလည်း သွေးညှစ်အားကျဆင်းလာပါတယ်။ အဲဒီလိုမဖြစ်ရလေအောင် ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းမဖြစ်စေဖို့ ခန္ဓာကိုယ်က လိုအပ်တဲ့ ရေပမာဏကို သိထားဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်က ပုံမှန်လိုအပ်တဲ့ ရေပမာဏကိုသိရှိနိုင်ဖို့ အောက်ပါအတိုင်းတွက်ချက်ကြည့်ပြီး သောက်သုံးပေးလို့ရပါတယ်။ ခန္ဓာကိုယ်အလေးချိန်ကို ပေါင်နဲ့တိုင်းတာပြီး တစ်ဝက်ဝက်ကာ ရလာတဲ့ ပေါင်ချိန်အတိုင်းအတာအတိုင်း တူညီတဲ့ရေအောင်စကို သောက်သုံးပေးတာက ရေဓာတ်ပြည့်ဝအောင် မှန်ကန်တဲ့ သောက်သုံးပုံ ဖြစ်ပါတယ်။

ငြင်းပယ်ဖို့အားနာခြင်း

လူတွေက စိတ်ကျေနပ်မှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ စိတ်ခံစားမှုမျိုးစုံကို ခံစားမိတဲ့အခါမှာလည်း စွမ်းအင်တွေကို အသုံးပြုရပါတယ်။ ပိုဆိုးတာက ဒေါသထွက်ခြင်းနဲ့မကျေမချမ်း ခံစားရတဲ့အခါမျိုးမှာ စွမ်းအင်တွေ ပိုမိုသုံးစွဲရပါတယ်။ အလားတူပဲ ငြင်းပယ်ခြင်းတွေ ပြုလုပ်ရတဲ့အခါအမျိူးမှာ၊ ငြင်းပယ်လို့မကောင်းတဲ့လူမျိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါ၊ ငြင်းပယ်ချင်ပေမယ့် ငြင်းပယ်လို့မရတဲ့ စိတ်ခံစားမှုတွေနဲ့ကြုံရတဲ့အခါ စိတ်တွေအလွန်အမင်းပင်ပန်းပြီး အားအင်တွေ ကုန်ခမ်းရပါတယ်။ ဒါကြောင့်မို့ ကိုယ်မလုပ်နိုင်တာသေချာရင် အားမနာဘဲ စိတ်ထဲမှာ ကသိကအောက်အဖြစ်မခံဘဲ ပြတ်ပြတ်သားသား ငြင်းပယ်တတ်ဖို့ အလေ့အကျင့်ပြုလုပ်ထားသင့်ပါတယ်။

အပန်းဖြေခရီးထွက်တဲ့အချိန်မှာအလုပ်လုပ်နေခြင်း

စိတ်လက်အပန်းဖြေဖို့ ခရီးထွက်တဲ့အချိန်မျိုးမှာ အလုပ်တွေကို လက်စမသပ်ဘဲ တစ်ပါးတည်းယူလာခြင်းက အင်အားကုန်ခမ်း ပင်ပန်းနွယ်နယ်ခြင်းတွေကို ဝယ်ယူနေတာနဲ့ အတူတူပါပဲ။ တကယ်တမ်းမှာတော့ အပန်းဖြေခရီးထွက်ပြီး စိတ်ရောလူပါအနားယူကာ ရုံးပြန်တက်ဖို့ အားသစ်တွေမွေးတာမျိုးပဲ ဖြစ်သင့်ပါတယ်။ အဲဒီလိုအလုပ်တွေဆီကနေ ခေတ္တအနားယူလိုက်ခြင်းက အားအင်တွေလည်း ပြန်ပြည့်လာစေသလို ဖန်တီးနိုင်စွမ်းတွေလည်း ပိုကောင်းလာစေကာ အလုပ်ကိုမြန်မြန်နဲ့ များများပြီးအောင်လည်း လုပ်ဆောင်နိုင်လာစေပါတယ်။

အိပ်ရာဝင်တဲ့အချိန်မှာ နည်းပညာပစ္စည်းတွေအသုံးပြုခြင်း

တက်ဘလက်၊ စမတ်ဖုန်းနဲ့ ကွန်ပျူတာတွေရဲ့ Screen တွေကနေထွက်ရှိလာတဲ့ စူးရှတောက်ပသောအလင်းရောင်ကြောင့် ပုံမှန်အိပ်စက်မှုအလေ့အထကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်း Melatonin ကို ထိခိုက်မှုတွေ ဖြစ်စေလာကာ ပုံမှန်အိပ်စက်မှုစက်ဝန်းတွေကိုပါ ထိခိုက်လာစေပါတယ်။ အိပ်စက်မှုစက်ဝန်းကို မထိခိုက်စေဖို့အတွက် အိပ်စက်ခါနီးအချိန် နှစ်နာရီ်လောက်အလိုမှာ ကွန်ပျုတာကိုအသုံးပြုပြီး မေးလ်စစ်တာမျိုး၊ Technology Tools တွေကို အသုံးပြုတာမျိုး ရှောင်ရှားသင့်ပါတယ်။ အိပ်စက်မှုစက်ဝန်းကို ထိခိုက်လာတာနဲ့အမျှ ပင်ပန်းနွယ်မှုတွေကပါ တစ်ပါးတည်းကပ်ပါလာမှာ အသေအချာပါပဲ။

အခုဖော်ပြထားတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုခုကို ပြုလုပ်မိနေပြီဆိုရင်တော့ နေ့ရက်တိုင်းကို လန်းဆန်းမှုအပြည့်နဲ့ ဖြတ်သန်းနိုင်မှာ မဟုတ်တဲ့အတွက် ဒီအကြောင်းအရင်းတွေကို အတတ်နိုင်ဆုံးမလုပ်မိအောင် ကြိုးစားပြီး ဖျောက်ပစ်ဖို့ အကြံပြုပါရစေ။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။