[Zawgyi]

ကမၻာ့စစ္အင္အားအႀကီးဆုံး ႏုိင္ငံႀကီး (၅) ခုက ဘာေတြလဲ

ကမၻာ့ႏုိင္ငံေတြရဲ႕စစ္အင္အားကုိ တြက္ခ်က္တဲ့အခါမွာ စစ္သားအေရအတြက္တစ္ခုတည္းကုိပဲ ပုံေသထားလုိ႔ မရပါဘူး။ စစ္သားအေရအတြက္ထက္ တျခားအေရးႀကီးတဲ့အရာေတြလည္း ရွိပါေသးတယ္။ စစ္အင္အားတြက္ခ်က္တဲ့အခါ စစ္သားအေရအတြက္ဟာ (၅) ရာခုိင္ႏႈန္းေလာက္ပဲ အေရးပါၿပီး တင့္ကားအေရအတြက္ဟာ (၁ဝ) ရာခုိင္ႏႈန္း၊ တုိက္ေလယာဥ္အေရအတြက္ဟာ (၁၅) ရာခုိင္ႏႈန္း၊ စစ္ေလယာဥ္ဟာ (၂ဝ) ရာခုိင္ႏႈန္း၊ ေလယာဥ္တင္သေဘၤာအေရအတြက္ဟာ (၂၅) ရာခုိင္ႏႈန္းနဲ႔ ေရငုတ္သေဘၤာဟာ (၂၅) ရာခုိင္ႏႈန္းအထိ အေရးပါပါတယ္။  ကဲ . . . ကမၻာႏုိင္ငံေတြထဲကမွ စစ္အင္အားအႀကီးဆုံးႏုိင္ငံ (၅)ခုအေၾကာင္းကုိ ေဖာ္ျပလုိက္ပါတယ္။

၅။ ျပင္သစ္ႏုိင္ငံ

စစ္အသုံးစရိတ္ = ၃၅ ဘီလီယံ

လူဦးေရ = ၆၆.၈ သန္း

စစ္သားအေရအတြက္ = ၃၈၇,၆၃၅ ေယာက္

တုိက္ေလယာဥ္ = ၂၉၆ စီး

တင့္ကား = ၄ဝ၆ စီး

စစ္ေလယာဥ္ = ၁,၃ဝ၅ စီး

ေရတပ္ဖြဲ႕ = ၁၁၈ စီး (ေလယာဥ္တင္သေဘၤာ ၄စီး)

France

France

၄။ အိႏၵိယႏုိင္ငံ

စစ္အသုံးစရိတ္ = ၅၁ ဘီလီယံ

လူဦးေရ = ၁၂၆၆.၈ သန္း

စစ္သားအေရအတြက္ = ၄,၂ဝ၇,၂၅ဝ ေယာက္

တုိက္ေလယာဥ္ = ၆၇၆ စီး

တင့္ကား = ၄,၄၂၆ စီး

စစ္ေလယာဥ္ = ၂,၁ဝ၂ စီး

ေရတပ္ဖြဲ႕ = ၂၉၅ စီး (ေလယာဥ္တင္သေဘၤာ ၃စီး)

 India

India

အိႏၵိယႏုိင္ငံရဲ႕စစ္အသုံးစရိတ္ဟာ ၅၁ဘီလီယံအထိ ရွိပါတယ္။ ဆင္းရဲတဲ့ႏုိင္ငံျဖစ္ေပမယ့္ စစ္အသုံးစရိတ္ဟာ ေၾကာက္မက္ဖြယ္ ေကာင္းလြန္းပါတယ္။ အခုခ်ိန္မွာေတာ့ အိႏၵိယႏုိင္ငံဟာ ကမၻာ့စတုတၳေျမာက္ စစ္အင္အားအႀကီးဆုံးႏုိင္ငံျဖစ္ေနပါၿပီ။ ဒီထက္ပုိႀကီးမားလာမယ္လုိ႔ သုံးသပ္ရပါတယ္။

၃။ တရုတ္ႏုိင္ငံ

စစ္အသုံးစရိတ္ = ၁၆၁.၇ ဘီလီယံ

လူဦးေရ = ၁၃၇၃.၅ သန္း

စစ္သားအေရအတြက္ = ၃,၇၁၂,၅ဝဝ ေယာက္

တုိက္ေလယာဥ္ = ၁,၂၇၁ စီး

တင့္ကား = ၆,၄၅၇ စီး

စစ္ေလယာဥ္ = ၂,၉၅၅ စီး

ေရတပ္ဖြဲ႕ = ၇၁၄ စီး (ေလယာဥ္တင္သေဘၤာ ၁စီး)

China

China

လူဦးေရ ၁၃၇၃.၅ သန္းရွိတဲ့ တရုတ္ႏုိင္ငံဟာ စစ္သည္အေရအတြက္ ၃.၇ သန္းေက်ာ္ရွိၿပီး ကမၻာ့စစ္သည္အမ်ားဆုံးႏုိင္ငံျဖစ္ပါတယ္။ တကယ္ေတာ့ တရုတ္ႏုိင္ငံရဲ႕စစ္တပ္အင္အားဟာ ၿပီးခဲ့တဲ့ရာစုႏွစ္အနည္းငယ္အတြင္းမွာပံ မယုံႏုိင္ေလာက္စရာေကာင္းေအာင္ တုိးတက္လာခဲ့တာျဖစ္ပါတယ္။ တင့္ကားအေရအတြက္ဟာ တရုတ္ႏုိင္ငံထက္ မ်ားတာဆုိလုိ႔ ရုရွားႏုိင္ငံပဲရွိပါတယ္။ အဲဒါေၾကာင့္မုိ႔ တရုတ္ႏုိင္ငံဟာ ကမၻာေပၚမွာ တတိယစစ္အင္အားအႀကီးဆုံးႏုိင္ငံျဖစ္ေနတာပါ။

၂။ ရုရွားႏုိင္ငံ

စစ္အသုံးစရိတ္ = ၄၄.၆ ဘီလီယံ

လူဦးေရ = ၁၄၂.၃ သန္း

စစ္သားအေရအတြက္ = ၃,၃၇၁,ဝ၂၇ ေယာက္

တုိက္ေလယာဥ္ = ၈ဝ၆ စီး

တင့္ကား = ၂ဝ,၂၁၆ စီး

စစ္ေလယာဥ္ = ၃,၇၉၄ စီး

ေရတပ္ဖြဲ႕ = ၃၅၂ စီး (ေလယာဥ္တင္သေဘၤာ ၁စီး)

Russia

Russia

ရုရွားႏုိင္ငံရဲ႕စစ္အင္အားဟာ ကမၻာ့ဒုတိယအင္အားအႀကီးဆုံးႏုိင္ငံျဖစ္တယ္ဆုိတာ ေမးခြန္းထုတ္စရာ မလုိပါဘူး။ ရုရွားႏုိင္ငံဟာ တင့္ကားအမ်ားဆုံးႏုိင္ငံျဖစ္ပါတယ္။ တကယ္တမ္းေတာ့ ရုရွားႏုိင္ငံဟာ ၂ဝဝ၈ခုႏွစ္ကတည္းက စစ္တပ္အသုံးစရိတ္ကုိ သုံးဆေလာက္ပုိသုံးခဲ့တာပါ။ ေနာက္သုံးႏွစ္ၾကာတဲ့အခါ ရုရွားႏုိင္ငံရဲ႕စစ္အသုံးစရိတ္ဟာ လက္ရွိထက္ (၄၄) ရာခုိင္ႏႈန္းပုိမ်ားလာမယ္လုိ႔ ခန္႔မွန္းရပါတယ္။

၁။ အေမရိကန္ႏုိ္င္ငံ

စစ္အသုံးစရိတ္ = ၅၈၇.၈ ဘီလီယံ

လူဦးေရ = ၃၂၃.၉ သန္း

စစ္သားအေရအတြက္ = ၂,၃၆၃,၆၇၅ ေယာက္

တုိက္ေလယာဥ္ = ၂,၂၉၆ စီး

တင့္ကား = ၅,၈၈၄ စီး

စစ္ေလယာဥ္ = ၁၃,၇၆၂ စီး

ေရတပ္ဖြဲ႕ = ၄၁၅ စီး (ေလယာဥ္တင္သေဘၤာ ၁၉ စီး)

US

US

အေမရိကန္ႏုိင္ငံဟာ စီးပြားေရး၊ လူမႈေရး၊ ပညာေရးအသုံးစရိတ္ေတြထက္ စစ္အသုံးစရိတ္ကုိ ပုိသုံးတတ္ပါတယ္။ ကမၻာေပၚမွာ စစ္သုံးစရိတ္အျမင့္ဆုံးႏုိင္ငံလည္း ျဖစ္ေနပါတယ္။

ကမၻာ့ႏုိင္ငံေတြရဲ႕ စစ္အင္အားကုိ တြက္ခ်က္တဲ့ Global Firepower ဝက္ဘ္ဆုိက္ရဲ႕အဆုိအရ ျမန္မာႏုိင္ငံဟာ လူဦးေရ ၅၆.၈ သန္းရွိၿပီး စစ္သည္ေပါင္း ၅၁၆,ဝဝဝ ရွိတယ္လုိ႔ ဆုိထားပါတယ္။ ဝက္ဘ္ဆုိက္မွာ မွတ္တမ္းတင္ထားတဲ့ (၁၃၃) ႏုိင္ငံမွာ ျမန္မာႏုိင္ငံရဲ႕အဆင့္ဟာ (၃၁) ျဖစ္ပါတယ္။ စစ္ေလယာဥ္ေပါင္း (၂၄၉) ခုရွိတယ္လုိ႔ ေဖာ္ျပထားၿပီး တင့္ကား (၅၉၂) ခုရွိတယ္လုိ႔ သုံးသပ္ထားပါတယ္။

US Military Parade

US Military Parade

တကယ္တမ္းေတာ့ ႏုိင္ငံတစ္ႏုိင္ငံရဲ႕ဖြံ႕ၿဖိဳးတုိးတက္မႈကုိ စစ္အင္အားနဲ႔ မတုိင္းတာပါဘူး။ ပညာေရးနဲ႔ က်န္းမာေရးျမင့္မားမွသာ ဖြြံ႕ၿဖိဳးတုိးတက္တဲ့ တုိင္းျပည္ျဖစ္မွာပါ။ စစ္အသုံးစရိတ္ကုိ ပညာေရး၊ က်န္းမာေရးထက္ ပုိသုံးေနသေရြ႕ စီမံခန္႔ခြဲမႈလြဲမွားေနေသးတယ္လုိ႔သာ ဆုိခ်င္ပါတယ္။

Source – Business Insider

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကမ္ဘာ့စစ်အင်အားအကြီးဆုံး နိုင်ငံကြီး (၅) ခုက ဘာတွေလဲ

ကမ္ဘာ့နိုင်ငံတွေရဲ့စစ်အင်အားကို တွက်ချက်တဲ့အခါမှာ စစ်သားအရေအတွက်တစ်ခုတည်းကိုပဲ ပုံသေထားလို့ မရပါဘူး။ စစ်သားအရေအတွက်ထက် တခြားအရေးကြီးတဲ့အရာတွေလည်း ရှိပါသေးတယ်။ စစ်အင်အားတွက်ချက်တဲ့အခါ စစ်သားအရေအတွက်ဟာ (၅) ရာခိုင်နှုန်းလောက်ပဲ အရေးပါပြီး တင့်ကားအရေအတွက်ဟာ (၁ဝ) ရာခိုင်နှုန်း၊ တိုက်လေယာဉ်အရေအတွက်ဟာ (၁၅) ရာခိုင်နှုန်း၊ စစ်လေယာဉ်ဟာ (၂ဝ) ရာခိုင်နှုန်း၊ လေယာဉ်တင်သင်္ဘောအရေအတွက်ဟာ (၂၅) ရာခိုင်နှုန်းနဲ့ ရေငုတ်သင်္ဘောဟာ (၂၅) ရာခိုင်နှုန်းအထိ အရေးပါပါတယ်။  ကဲ . . . ကမ္ဘာနိုင်ငံတွေထဲကမှ စစ်အင်အားအကြီးဆုံးနိုင်ငံ (၅)ခုအကြောင်းကို ဖော်ပြလိုက်ပါတယ်။

၅။ ပြင်သစ်နိုင်ငံ

စစ်အသုံးစရိတ် = ၃၅ ဘီလီယံ

လူဦးရေ = ၆၆.၈ သန်း

စစ်သားအရေအတွက် = ၃၈၇,၆၃၅ ယောက်

တိုက်လေယာဉ် = ၂၉၆ စီး

တင့်ကား = ၄ဝ၆ စီး

စစ်လေယာဉ် = ၁,၃ဝ၅ စီး

ရေတပ်ဖွဲ့ = ၁၁၈ စီး (လေယာဉ်တင်သင်္ဘော ၄စီး)

France

France

၄။ အိန္ဒိယနိုင်ငံ

စစ်အသုံးစရိတ် = ၅၁ ဘီလီယံ

လူဦးရေ = ၁၂၆၆.၈ သန်း

စစ်သားအရေအတွက် = ၄,၂ဝ၇,၂၅ဝ ယောက်

တိုက်လေယာဉ် = ၆၇၆ စီး

တင့်ကား = ၄,၄၂၆ စီး

စစ်လေယာဉ် = ၂,၁ဝ၂ စီး

ရေတပ်ဖွဲ့ = ၂၉၅ စီး (လေယာဉ်တင်သင်္ဘော ၃စီး)

 India

India

အိန္ဒိယနိုင်ငံရဲ့စစ်အသုံးစရိတ်ဟာ ၅၁ဘီလီယံအထိ ရှိပါတယ်။ ဆင်းရဲတဲ့နိုင်ငံဖြစ်ပေမယ့် စစ်အသုံးစရိတ်ဟာ ကြောက်မက်ဖွယ် ကောင်းလွန်းပါတယ်။ အခုချိန်မှာတော့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့စတုတ္ထမြောက် စစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်နေပါပြီ။ ဒီထက်ပိုကြီးမားလာမယ်လို့ သုံးသပ်ရပါတယ်။

၃။ တရုတ်နိုင်ငံ

စစ်အသုံးစရိတ် = ၁၆၁.၇ ဘီလီယံ

လူဦးရေ = ၁၃၇၃.၅ သန်း

စစ်သားအရေအတွက် = ၃,၇၁၂,၅ဝဝ ယောက်

တိုက်လေယာဉ် = ၁,၂၇၁ စီး

တင့်ကား = ၆,၄၅၇ စီး

စစ်လေယာဉ် = ၂,၉၅၅ စီး

ရေတပ်ဖွဲ့ = ၇၁၄ စီး (လေယာဉ်တင်သင်္ဘော ၁စီး)

China

China

လူဦးရေ ၁၃၇၃.၅ သန်းရှိတဲ့ တရုတ်နိုင်ငံဟာ စစ်သည်အရေအတွက် ၃.၇ သန်းကျော်ရှိပြီး ကမ္ဘာ့စစ်သည်အများဆုံးနိုင်ငံဖြစ်ပါတယ်။ တကယ်တော့ တရုတ်နိုင်ငံရဲ့စစ်တပ်အင်အားဟာ ပြီးခဲ့တဲ့ရာစုနှစ်အနည်းငယ်အတွင်းမှာပံ မယုံနိုင်လောက်စရာကောင်းအောင် တိုးတက်လာခဲ့တာဖြစ်ပါတယ်။ တင့်ကားအရေအတွက်ဟာ တရုတ်နိုင်ငံထက် များတာဆိုလို့ ရုရှားနိုင်ငံပဲရှိပါတယ်။ အဲဒါကြောင့်မို့ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယစစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်နေတာပါ။

၂။ ရုရှားနိုင်ငံ

စစ်အသုံးစရိတ် = ၄၄.၆ ဘီလီယံ

လူဦးရေ = ၁၄၂.၃ သန်း

စစ်သားအရေအတွက် = ၃,၃၇၁,ဝ၂၇ ယောက်

တိုက်လေယာဉ် = ၈ဝ၆ စီး

တင့်ကား = ၂ဝ,၂၁၆ စီး

စစ်လေယာဉ် = ၃,၇၉၄ စီး

ရေတပ်ဖွဲ့ = ၃၅၂ စီး (လေယာဉ်တင်သင်္ဘော ၁စီး)

Russia

Russia

ရုရှားနိုင်ငံရဲ့စစ်အင်အားဟာ ကမ္ဘာ့ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်တယ်ဆိုတာ မေးခွန်းထုတ်စရာ မလိုပါဘူး။ ရုရှားနိုင်ငံဟာ တင့်ကားအများဆုံးနိုင်ငံဖြစ်ပါတယ်။ တကယ်တမ်းတော့ ရုရှားနိုင်ငံဟာ ၂ဝဝ၈ခုနှစ်ကတည်းက စစ်တပ်အသုံးစရိတ်ကို သုံးဆလောက်ပိုသုံးခဲ့တာပါ။ နောက်သုံးနှစ်ကြာတဲ့အခါ ရုရှားနိုင်ငံရဲ့စစ်အသုံးစရိတ်ဟာ လက်ရှိထက် (၄၄) ရာခိုင်နှုန်းပိုများလာမယ်လို့ ခန့်မှန်းရပါတယ်။

၁။ အမေရိကန်နိုင်ငံ

စစ်အသုံးစရိတ် = ၅၈၇.၈ ဘီလီယံ

လူဦးရေ = ၃၂၃.၉ သန်း

စစ်သားအရေအတွက် = ၂,၃၆၃,၆၇၅ ယောက်

တိုက်လေယာဉ် = ၂,၂၉၆ စီး

တင့်ကား = ၅,၈၈၄ စီး

စစ်လေယာဉ် = ၁၃,၇၆၂ စီး

ရေတပ်ဖွဲ့ = ၄၁၅ စီး (လေယာဉ်တင်သင်္ဘော ၁၉ စီး)

US

US

အမေရိကန်နိုင်ငံဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးအသုံးစရိတ်တွေထက် စစ်အသုံးစရိတ်ကို ပိုသုံးတတ်ပါတယ်။ ကမ္ဘာပေါ်မှာ စစ်သုံးစရိတ်အမြင့်ဆုံးနိုင်ငံလည်း ဖြစ်နေပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အင်အားကို တွက်ချက်တဲ့ Global Firepower ဝက်ဘ်ဆိုက်ရဲ့အဆိုအရ မြန်မာနိုင်ငံဟာ လူဦးရေ ၅၆.၈ သန်းရှိပြီး စစ်သည်ပေါင်း ၅၁၆,ဝဝဝ ရှိတယ်လို့ ဆိုထားပါတယ်။ ဝက်ဘ်ဆိုက်မှာ မှတ်တမ်းတင်ထားတဲ့ (၁၃၃) နိုင်ငံမှာ မြန်မာနိုင်ငံရဲ့အဆင့်ဟာ (၃၁) ဖြစ်ပါတယ်။ စစ်လေယာဉ်ပေါင်း (၂၄၉) ခုရှိတယ်လို့ ဖော်ပြထားပြီး တင့်ကား (၅၉၂) ခုရှိတယ်လို့ သုံးသပ်ထားပါတယ်။

US Military Parade

US Military Parade

တကယ်တမ်းတော့ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို စစ်အင်အားနဲ့ မတိုင်းတာပါဘူး။ ပညာရေးနဲ့ ကျန်းမာရေးမြင့်မားမှသာ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်ဖြစ်မှာပါ။ စစ်အသုံးစရိတ်ကို ပညာရေး၊ ကျန်းမာရေးထက် ပိုသုံးနေသရွေ့ စီမံခန့်ခွဲမှုလွဲမှားနေသေးတယ်လို့သာ ဆိုချင်ပါတယ်။

Source – Business Insider

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။