[Zawgyi]

Celebrity ေတြနဲ႔ သူတို႔ဝတ္ဆင္တဲ့ Luxury Watch မ်ား

လူေတာ္ေတာ္မ်ားမ်ားက Luxury Watch ေတြကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ဝယ္ယူဝတ္ဆင္တတ္ၾကပါတယ္။ Luxury Watches ေတြဆိုတာကလည္း အခ်ိန္ေတြကို ေဖာ္ျပေပးတာထက္ကိုပိုၿပီး ျပည့္စုံေကာင္းမြန္တဲ့ ဖက္ရွင္ပုံစံျဖစ္ေအာင္ ပုံေဖာ္ဖန္တီးေပးပါတယ္။ Hollywood မင္းသားေတြ၊ အဆိုေတာ္ေတြနဲ႔ ခ်မ္းသာႂကြယ္ဝတဲ့ အသိုင္းအဝိုင္းကသူေတြကLuxury Watch ေတြကိုဝတ္ဆင္ၿပီး သူတို႔ရဲ႕ကိုယ္ပိုင္ပုံရိပ္ေတြကို ပုံေဖာ္ေလ့ရွိပါတယ္။ ဖက္ရွင္ Icon ေတြနဲ႔ ဖက္ရွင္ေရွ႕ေျပးေတြက ဒီလိုလက္ပတ္နာရီေတြကို ဝတ္ဆင္ၿပီး လူထုရဲ႕ယုံၾကည္မႈေတြ ပိုမိုရရွိလာရာကေန Luxury Watch ေတြက ပိုၿပီးေက်ာ္ၾကားလာကာ ေရာင္းအားေတြ ပိုေကာင္းလာပါတယ္။ ဒါေၾကာင့္မို႔ Celebrity ေတြ ဝတ္ဆင္တဲ့ လက္ပတ္နာရီေတြကေန သူတု႔ိရဲ႕အေၾကာင္းေတြကို အရိပ္အႁမြက္သိႏိုင္ဖို႔ သူတို႔ဘယ္လိုနာရီေတြ ဝတ္ဆင္ရတာကို ႏွစ္ၿခိဳက္လဲဆိုတာကို ေလ့လာၾကည့္ၾကရေအာင္။

(၁) Rolex Oyster Perpetual Day Date

Rolex Oyster Perpetual Day Date နာရီက Rolex ရဲ႕ Classic နာရီအမ်ိဳးအစားျဖစ္ၿပီး သမၼတေတြၾကားမွာ ထင္ေပၚေက်ာ္ၾကားလြန္းတဲ့အတြက္ေၾကာင့္ သမၼတနာရီလို႔ေတာင္ နာမည္ႀကီးပါတယ္။ ေ႐ႊ ၁၈ ကာရက္(၃.၆ ဂရမ္)နဲ႔ ျပဳလုပ္ထားၿပီး ဒီနာရီကို ၁၉၅၆ ခုနစ္မွာ စတင္ျဖန႔္ုျဖဴးခဲ့တာျဖစ္ပါတယ္။ ပထမဦးဆုံးေရစိမ္ခံ Stop Watch နာရီ ျဖစ္ပါတယ္။ US သမၼတေတြဝတ္ဆင္ျခင္းေၾကာင့္ နာရီေတြရဲ႕ တန္ဖိုးေတြကလည္း ပိုျမင့္လာပါတယ္။ ဒီနာရီက လူေနမႈအဆင့္အတန္းကို ေဖာ္ေဆာင္တဲ့ အေဆာင္အေယာင္တစ္ခုအျဖစ္ရပ္တည္ေနၿပီး Celebrity ေတြ ေတာ္ေတာ္မ်ားမ်ားရဲ႕ လက္မွာ ေတြ႕ရတဲ့ နာရီလည္းျဖစ္ပါတယ္။ ဒီနာရီကို ဝတ္ေလ့ဝတ္ထရွိတဲ့ နာမည္ႀကီး Celebrity ေတြကေတာ့ Justin Timberlake၊ Warren Buffet၊ LeBron James နဲ႔ Victoria Beckham တို႔ပဲ ျဖစ္ၾကပါတယ္။

Justin Timberlake and Rolex Oyster Perpetual Day Date

Justin Timberlake and Rolex Oyster Perpetual Day Date

(၂) Cartier Ballon Bleu

Cartie Ballon Bleu နာရီက တစ္ခ်ိန္တုန္းက King Edward VII ကို ရည္ၫႊန္းခဲ့တာျဖစ္ၿပီး ရွင္ဘုရင္ေတြရဲ႕ ရတနာတစ္ပါးျဖစ္ခဲ့ပါတယ္။ မ်က္ေမွာက္ေခတ္မွာေတာ့ Classic ျဖစ္တဲ့အတြက္ေၾကာင့္ ၿဗိတိသွ်ေတာ္ဝင္မ်ိဳးႏြယ္စုေတြနဲ႔ ေဟာလီးဝုဒ္မင္းသမီးေတြၾကားမွာ ထင္ေပၚေက်ာ္ၾကားပါတယ္။ ရွင္းလင္းတဲ့မ်က္ႏွာျပင္နဲ႔ေၾကာ့ရွင္းတဲ့ ဒီဇိုင္းရွိတဲ့အတြက္ေၾကာင့္လည္း Cartier Ballon Bleu က ေဟာလီးဝုဒ္မင္းသမီးေတြၾကားမွာ နာမည္ႀကီးေနရျခင္း ျဖစ္ပါတယ္။ ဒီနာရီကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ဝတ္ဆင္တဲ့ ေတာ္ဝင္အမ်ိဳးသမီးေတြနဲ႔ ေဟာလီးဝုဒ္မင္းသမီးေတြကေတာ့ Kate Middleton၊ Kris Jenner နဲ႔ Sofia Vergara တို႔ ျဖစ္ပါတယ္။

Kate Middleton and Cartier Ballon Bleu

Kate Middleton and Cartier Ballon Bleu

(၃) Audemars Piguet Royal Oak Quartz

ရင္သပ္ရႈေမာဖြယ္ အ႒ဂံပုံစံဒိုင္ခြက္ရွိတဲ့ Audemars Piguet Royal Oak Quartz က နာမည္ႀကီးေတြအၾကားမွာ မယုံႏိုင္ေလာက္ေအာင္ လူႀကိဳက္မ်ားပါတယ္။ ရွားပါးတဲ့ Luxury Watch ျဖစ္ၿပီး ဒီ Royal Oak ကို Stainless Steel ေတြအစား ေ႐ႊေတြ၊ ပလတ္တီနမ္ေတြနဲ႔ဲ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ ဒီ Audemars Piguet Royal Oak Quartz ကို ဝတ္ဆင္တဲ့ နာမည္ႀကီးေတြကေတာ့ Kylie Jenner ၊ Jay Z ၊ John Legend နဲ႔ Usher တို႔ ျဖစ္ပါတယ္။

Kylie Jenner and Audemars Piguet Royal Oak Quartz

Kylie Jenner and Audemars Piguet Royal Oak Quartz

(၄) Rolex Daytona

Rolex Daytona ကတာ့ ေဈးႏႈန္းအင္မတန္ျမင့္မားတဲ့အတြက္ေၾကာင့္ သာမန္လူေတြပတ္ဖို႔ရာမလြယ္ကူဘဲ နာမည္ႀကီးအသိုင္းအဝိုင္းေတြသာ ဝတ္ဆင္ႏိုင္တဲ့ တန္ဖိုးျမင့္နာရီမ်ိဳးျဖစ္ပါတယ္။ ၁၉၆၃ ခုနစ္မွာ စတင္ျဖန႔္ခ်ိခဲ့တဲ့ ဒီနာရီက အၾကမ္းပတမ္းခံၿပီး ရွင္းလင္းပီသတဲ့ ဒီဇိုင္းပုံစံမ်ိဳးရွိကာ စတိုင္လ္က်႐ုံသာမကဘဲ လက္ေတြ႕အသုံးဝင္တဲ့ Luxury Watch မ်ိဳးျဖစ္ပါတယ္။ တန္ဖိုးႀကီး Rolex Daytona က ဝတ္ဆင္ေလ့ရွိတဲ့ ဒိတ္ဒိတ္ႀကဲနာမည္ႀကီးေတြကေတာ့ Miley Cyrus၊ Jason Bateman၊ John Meyer နဲ႔ Leonardo Dicaprio တို႔ ျဖစ္ပါတယ္။

Miley Cyrus and Rolez Dayton

Miley Cyrus and Rolez Dayton

(၅) IWC Portofino

ေၾကာ့ရွင္းၿပီး ဘယ္ေတာ့မွမ႐ိုးသြားတဲ့ ဒီဇိုင္းမ်ိဳးရွိတဲ့ IWC Portofino က နာရီစုေဆာင္းရတာ ဝါသတနာပါတဲ့သူေတြအတြက္ေတာ့ လက္မလႊတ္ဘဲ စုေဆာင္းထားသင့္တဲ့ နာရီမ်ိဳးျဖစ္ပါတယ္။ ျမင္လိုက္တာနဲ႔ လုံးဝကို အထက္တန္းက်ၿပီး ႐ိုးရွင္းတဲ့ သူရဲ႕ဒီဇိုင္းကိုက စြဲေဆာင္မႈျဖစ္လို႔ေနပါတယ္။ နာမည္ႀကီးေတြက သူတို႔ရဲ႕သိမ့္ေမြ႕ႏူးညံမႈနဲ႔ စတိုင္လ္က်မႈကို ေဖာ္ေဆာင္ဖို႔အတြက္ ဒီလိုလက္ပတ္နာရီကို ဝတ္ဆင္ၾကပါတယ္။ ႐ိုး႐ိုးရွင္းရွင္းဒီဇိုင္း IWC Portofino ကို ဝတ္ဆင္ၾကတဲ့ နာမည္ႀကီးေတြက Emily Ratajkowski နဲ႔ Kate Mara တို႔ ျဖစ္ပါတယ္။

Kate Mara and IWC-Portofino

Kate Mara and IWC-Portofino

နာမည္ႀကီးေတြၾကားမွာေတာ့ Rolex Brand က နာမည္အႀကီးဆုံးအျဖစ္ရပ္တည္ေနၿပီး ဝတ္ဆင္မႈအမ်ားဆုံးျဖစ္ကာ အျခားနာမည္ႀကီးတဲ့ Brand ေတြကေတာ့ Omega ၊ Cartier ၊ Breitling ၊ IWC ၊ Jaeger LeCoultre ၊ Audemars Piguet ၊ Chopard ၊ Piaget ၊ Patek Philippe နဲ႔ Tag Heuer Brand တို႔ပဲ ျဖစ္ပါတယ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Celebrity တွေနဲ့ သူတို့ဝတ်ဆင်တဲ့ Luxury Watch များ

လူတော်တော်များများက Luxury Watch တွေကို နှစ်နှစ်ခြိုက်ခြိုက် ဝယ်ယူဝတ်ဆင်တတ်ကြပါတယ်။ Luxury Watches တွေဆိုတာကလည်း အချိန်တွေကို ဖော်ပြပေးတာထက်ကိုပိုပြီး ပြည့်စုံကောင်းမွန်တဲ့ ဖက်ရှင်ပုံစံဖြစ်အောင် ပုံဖော်ဖန်တီးပေးပါတယ်။ Hollywood မင်းသားတွေ၊ အဆိုတော်တွေနဲ့ ချမ်းသာကြွယ်ဝတဲ့ အသိုင်းအဝိုင်းကသူတွေကLuxury Watch တွေကိုဝတ်ဆင်ပြီး သူတို့ရဲ့ကိုယ်ပိုင်ပုံရိပ်တွေကို ပုံဖော်လေ့ရှိပါတယ်။ ဖက်ရှင် Icon တွေနဲ့ ဖက်ရှင်ရှေ့ပြေးတွေက ဒီလိုလက်ပတ်နာရီတွေကို ဝတ်ဆင်ပြီး လူထုရဲ့ယုံကြည်မှုတွေ ပိုမိုရရှိလာရာကနေ Luxury Watch တွေက ပိုပြီးကျော်ကြားလာကာ ရောင်းအားတွေ ပိုကောင်းလာပါတယ်။ ဒါကြောင့်မို့ Celebrity တွေ ဝတ်ဆင်တဲ့ လက်ပတ်နာရီတွေကနေ သူတု့ိရဲ့အကြောင်းတွေကို အရိပ်အမြွက်သိနိုင်ဖို့ သူတို့ဘယ်လိုနာရီတွေ ဝတ်ဆင်ရတာကို နှစ်ခြိုက်လဲဆိုတာကို လေ့လာကြည့်ကြရအောင်။

(၁) Rolex Oyster Perpetual Day Date

Rolex Oyster Perpetual Day Date နာရီက Rolex ရဲ့ Classic နာရီအမျိုးအစားဖြစ်ပြီး သမ္မတတွေကြားမှာ ထင်ပေါ်ကျော်ကြားလွန်းတဲ့အတွက်ကြောင့် သမ္မတနာရီလို့တောင် နာမည်ကြီးပါတယ်။ ရွှေ ၁၈ ကာရက်(၃.၆ ဂရမ်)နဲ့ ပြုလုပ်ထားပြီး ဒီနာရီကို ၁၉၅၆ ခုနစ်မှာ စတင်ဖြန့်ုဖြူးခဲ့တာဖြစ်ပါတယ်။ ပထမဦးဆုံးရေစိမ်ခံ Stop Watch နာရီ ဖြစ်ပါတယ်။ US သမ္မတတွေဝတ်ဆင်ခြင်းကြောင့် နာရီတွေရဲ့ တန်ဖိုးတွေကလည်း ပိုမြင့်လာပါတယ်။ ဒီနာရီက လူနေမှုအဆင့်အတန်းကို ဖော်ဆောင်တဲ့ အဆောင်အယောင်တစ်ခုအဖြစ်ရပ်တည်နေပြီး Celebrity တွေ တော်တော်များများရဲ့ လက်မှာ တွေ့ရတဲ့ နာရီလည်းဖြစ်ပါတယ်။ ဒီနာရီကို ဝတ်လေ့ဝတ်ထရှိတဲ့ နာမည်ကြီး Celebrity တွေကတော့ Justin Timberlake၊ Warren Buffet၊ LeBron James နဲ့ Victoria Beckham တို့ပဲ ဖြစ်ကြပါတယ်။

Justin Timberlake and Rolex Oyster Perpetual Day Date

Justin Timberlake and Rolex Oyster Perpetual Day Date

(၂) Cartier Ballon Bleu

Cartie Ballon Bleu နာရီက တစ်ချိန်တုန်းက King Edward VII ကို ရည်ညွှန်းခဲ့တာဖြစ်ပြီး ရှင်ဘုရင်တွေရဲ့ ရတနာတစ်ပါးဖြစ်ခဲ့ပါတယ်။ မျက်မှောက်ခေတ်မှာတော့ Classic ဖြစ်တဲ့အတွက်ကြောင့် ဗြိတိသျှတော်ဝင်မျိုးနွယ်စုတွေနဲ့ ဟောလီးဝုဒ်မင်းသမီးတွေကြားမှာ ထင်ပေါ်ကျော်ကြားပါတယ်။ ရှင်းလင်းတဲ့မျက်နှာပြင်နဲ့ကြော့ရှင်းတဲ့ ဒီဇိုင်းရှိတဲ့အတွက်ကြောင့်လည်း Cartier Ballon Bleu က ဟောလီးဝုဒ်မင်းသမီးတွေကြားမှာ နာမည်ကြီးနေရခြင်း ဖြစ်ပါတယ်။ ဒီနာရီကို နှစ်နှစ်ခြိုက်ခြိုက်ဝတ်ဆင်တဲ့ တော်ဝင်အမျိုးသမီးတွေနဲ့ ဟောလီးဝုဒ်မင်းသမီးတွေကတော့ Kate Middleton၊ Kris Jenner နဲ့ Sofia Vergara တို့ ဖြစ်ပါတယ်။

Kate Middleton and Cartier Ballon Bleu

Kate Middleton and Cartier Ballon Bleu

(၃) Audemars Piguet Royal Oak Quartz

ရင်သပ်ရှုမောဖွယ် အဋ္ဌဂံပုံစံဒိုင်ခွက်ရှိတဲ့ Audemars Piguet Royal Oak Quartz က နာမည်ကြီးတွေအကြားမှာ မယုံနိုင်လောက်အောင် လူကြိုက်များပါတယ်။ ရှားပါးတဲ့ Luxury Watch ဖြစ်ပြီး ဒီ Royal Oak ကို Stainless Steel တွေအစား ရွှေတွေ၊ ပလတ်တီနမ်တွေနဲ့ဲ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီ Audemars Piguet Royal Oak Quartz ကို ဝတ်ဆင်တဲ့ နာမည်ကြီးတွေကတော့ Kylie Jenner ၊ Jay Z ၊ John Legend နဲ့ Usher တို့ ဖြစ်ပါတယ်။

Kylie Jenner and Audemars Piguet Royal Oak Quartz

Kylie Jenner and Audemars Piguet Royal Oak Quartz

(၄) Rolex Daytona

Rolex Daytona ကတာ့ ဈေးနှုန်းအင်မတန်မြင့်မားတဲ့အတွက်ကြောင့် သာမန်လူတွေပတ်ဖို့ရာမလွယ်ကူဘဲ နာမည်ကြီးအသိုင်းအဝိုင်းတွေသာ ဝတ်ဆင်နိုင်တဲ့ တန်ဖိုးမြင့်နာရီမျိုးဖြစ်ပါတယ်။ ၁၉၆၃ ခုနစ်မှာ စတင်ဖြန့်ချိခဲ့တဲ့ ဒီနာရီက အကြမ်းပတမ်းခံပြီး ရှင်းလင်းပီသတဲ့ ဒီဇိုင်းပုံစံမျိုးရှိကာ စတိုင်လ်ကျရုံသာမကဘဲ လက်တွေ့အသုံးဝင်တဲ့ Luxury Watch မျိုးဖြစ်ပါတယ်။ တန်ဖိုးကြီး Rolex Daytona က ဝတ်ဆင်လေ့ရှိတဲ့ ဒိတ်ဒိတ်ကြဲနာမည်ကြီးတွေကတော့ Miley Cyrus၊ Jason Bateman၊ John Meyer နဲ့ Leonardo Dicaprio တို့ ဖြစ်ပါတယ်။

Miley Cyrus and Rolez Dayton

Miley Cyrus and Rolez Dayton

(၅) IWC Portofino

ကြော့ရှင်းပြီး ဘယ်တော့မှမရိုးသွားတဲ့ ဒီဇိုင်းမျိုးရှိတဲ့ IWC Portofino က နာရီစုဆောင်းရတာ ဝါသတနာပါတဲ့သူတွေအတွက်တော့ လက်မလွှတ်ဘဲ စုဆောင်းထားသင့်တဲ့ နာရီမျိုးဖြစ်ပါတယ်။ မြင်လိုက်တာနဲ့ လုံးဝကို အထက်တန်းကျပြီး ရိုးရှင်းတဲ့ သူရဲ့ဒီဇိုင်းကိုက စွဲဆောင်မှုဖြစ်လို့နေပါတယ်။ နာမည်ကြီးတွေက သူတို့ရဲ့သိမ့်မွေ့နူးညံမှုနဲ့ စတိုင်လ်ကျမှုကို ဖော်ဆောင်ဖို့အတွက် ဒီလိုလက်ပတ်နာရီကို ဝတ်ဆင်ကြပါတယ်။ ရိုးရိုးရှင်းရှင်းဒီဇိုင်း IWC Portofino ကို ဝတ်ဆင်ကြတဲ့ နာမည်ကြီးတွေက Emily Ratajkowski နဲ့ Kate Mara တို့ ဖြစ်ပါတယ်။

Kate Mara and IWC-Portofino

Kate Mara and IWC-Portofino

နာမည်ကြီးတွေကြားမှာတော့ Rolex Brand က နာမည်အကြီးဆုံးအဖြစ်ရပ်တည်နေပြီး ဝတ်ဆင်မှုအများဆုံးဖြစ်ကာ အခြားနာမည်ကြီးတဲ့ Brand တွေကတော့ Omega ၊ Cartier ၊ Breitling ၊ IWC ၊ Jaeger LeCoultre ၊ Audemars Piguet ၊ Chopard ၊ Piaget ၊ Patek Philippe နဲ့ Tag Heuer Brand တို့ပဲ ဖြစ်ပါတယ်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။