[Zawgyi]

ရလဒ္ေတြ ဆုိးရြားေနတဲ့ ရီးယဲလ္အသင္း ဘာေတြ မွားေနသလဲ

ခ်န္ပီယံလိဂ္ဖလားကုိ (၃)ႏွစ္ဆက္တိုက္ ရယူခဲ့ၿပီး စပိန္ေဘာလုံးေလာကမွာ ေအာင္ျမင္မႈ အမ်ားဆုံးလုိ႔ သတ္မွတ္ရမယ့္ ရီးယဲလ္အသင္း ဒီရာသီမွာေတာ့ ဆုိးဆုိးရြားရြားကုိ ႐ုန္းကန္ေနရတယ္။ ၿပီးခဲ့တဲ့ လာလီဂါပဲြစဥ္(၁၃)မွာ အီဘာကုိ (၃)ဂုိးျပတ္႐ႈံးနိမ့္ခဲ့တာေၾကာင့္ အဆင့္(၆)ေနရာမွာ ရပ္တည္ေနရသလုိ ခံစစ္ပုိင္းကလည္း (၁၉)ဂုိးအထိ ေပးထားရပါတယ္။ ဒါဟာ (၁၀)စုႏွစ္တစ္ခုအတြင္း အဆုိးရြားဆုံး ခံစစ္စြမ္းေဆာင္ရည္ပါ။

Zidane

Zidane

စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ၊ ဇီဒန္း Zidane တို႔ကုိ တစ္ၿပိဳင္နက္တည္း ဆုံး႐ႈံးလုိက္ရတဲ့ ရီးယဲလ္အသင္း အခုဆုိရင္ ရာသီအစပုိင္းမွာပဲ နည္းျပအေျပာင္းအလဲ လုပ္ခဲ့ၿပီးပါၿပီ။ နည္းျပသစ္ ဆုိလာရီ Santiago Solari လက္ထက္မွာ ရလဒ္ေကာင္းေတြ ျပန္ရလာေပမယ့္ အီဘာကုိ ႐ႈံးနိမ့္ခဲ့ၿပီး အရွိန္တန္႔သြားခဲ့ရတယ္။ ဒါေၾကာင့္ ဒီရာသီမွာ ႐ုန္းကန္ေနရတဲ့ ရီးယဲလ္အသင္း ဘာေတြမွားယြင္းခဲ့လဲဆုိတာ စပိန္နာမည္ေက်ာ္ အားကစားသတင္းစာ Marca က အခုလုိသုံးသပ္ေဖာ္ျပထားပါတယ္ . .

အေျပာင္းအေရႊ႕ကိစၥေတြမွာ မွားယြင္းခဲ့ျခင္း
ဒါကေတာ့ ရီးယဲလ္အသင္း က်႐ႈံးမႈေတြမွာ အဓိကက်တဲ့ အခ်က္လုိ႔ဆုိရမယ္။ ရီးယဲလ္အသင္းဟာ ခ်န္ပီယံလိဂ္၊ လာလီဂါ၊ စပိန္ဘုရင့္ဖလား စစ္မ်က္ႏွာျပင္(၃)ခုမွာ တိုက္ပဲြ၀င္ရမယ္ဆုိတာက ေမ့ေနသလုိပါပဲ။ ဒီစစ္မ်က္ႏွာျပင္(၃)ခုမွာ တိုက္ပဲြ၀င္ဖုိ႔ လုံေလာက္တဲ့ ကစားသမားအင္အားကုိ မျဖည့္တင္းခဲ့ပါဘူး။

Cristiano-Ronaldo

Cristiano-Ronaldo

စီေရာ္နယ္လ္ဒုိလုိ တစ္ရာသီကုိ အနည္းဆုံးဂုိး(၄၀)ေလာက္ သြင္းခဲ့တဲ့ ကစားသမားမ်ိဳးကုိ ေရာင္းခ်ခဲ့႐ုံမကဘဲ ကြင္းလယ္အင္ဂ်င္လုိ႔ သတ္မွတ္ရမယ့္ ကုိဗာခ်စ္ Kovacic ကုိ ခ်ယ္လ္ဆီးဆီ အငွားခ်ခဲ့ၿပီး အဲဒီအတြက္ ထိပ္တန္းကစားသမားေတြ ေခၚယူတာမ်ိဳးလည္း မရွိခဲ့ဘူး။ တျခားအခ်က္ေတြထက္ စီေရာ္နယ္လ္ဒုိရဲ႕ေနရာကုိ အစားထုိးဖုိ႔ မျပင္ဆင္ခဲ့တာေတာ့ ဆုိးရြားလြန္းတယ္။ ေနာက္တစ္ခုက သူတို႔ေခၚယူခဲ့တဲ့ ကစားသမားေတြက ထြက္သြားတဲ့သူေတြေနရာမွာ အစား၀င္ဖုိ႔ အရည္အေသြး မျပည့္၀တာပါပဲ။

Real-Madrid-lost-Eibar

Real-Madrid-lost-Eibar

နာဗတ္စ္ Navas လုိ ဂုိးသမားရွိရဲ႕သားနဲ႔ ေကာ္တုိအာ Courtois ကုိ မလုိအပ္ဘဲ ေခၚခဲ့သလုိ ညာေနာက္ခံလူအတြက္ အုိဒရီယုိဇုိလာ Odriozola ကလည္း အေရးတႀကီး လုိအပ္တာမ်ိဳး မဟုတ္ျပန္ဘူး။ New No 7 အျဖစ္ သတ္မွတ္ခဲ့တဲ့ မာရီယာႏုိ Mariano က အရည္အေသြးရွိတဲ့ ကစားသမားျဖစ္ေပမယ့္ စီေရာ္နယ္လ္ဒုိ အဆင့္ေရာက္ဖုိ႔ အခ်ိန္ယူရဦးမယ္။ အရင္တုနး္က ကမၻာ႔အဆင့္ကစားသမားေတြ ေခၚယူၿပီး ၾကယ္စင္စုအသင္းအျဖစ္ တည္ေဆာက္ခဲ့တဲ့ ရီးယဲလ္ရဲ႕ ေနာက္ပုိင္းအေျပာင္းအေရႊ႕ ေဆာင္ရြက္မႈေတြက စိတ္ပ်က္စရာပါပဲ။

တစ္သင္းလုံးနီးပါး ေျခစြမ္းေပ်ာက္ေနျခင္း

Modric

Modric

ရီးယဲလ္အသင္းရဲ႕ အဓိက ကစားသမားေတြ ေတာ္ေတာ္မ်ားမ်ား ဒီရာသီမွာ ပုံမွန္ေျခစြမ္း ျပသႏုိင္ျခင္းမရွိေသးပါဘူး။ အထူးသျဖင့္ အက်ပုိင္းေရာက္လာတဲ့ မုိဒရစ္ Modric ပါ ။ ၿပီးခဲ့တဲ့ရာသီ၊ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ ေျခစြမ္းျပခဲ့တဲ့ မုိဒရစ္ဟာ ဒီရာသီမွာေတာ့ Below Par ျဖစ္ေနတယ္။ ေနာက္ထပ္ လက္ညႇိဳးထုိးရမွာက အမာခံေနာက္ခံလူေတြျဖစ္တဲ့ ရာမုိ႔စ္ Ramos နဲ႔ ဗာရန္း Varane ပါ။ ကမၻာ႔အဆင့္ ေနာက္ခံလူဂုဏ္ပုဒ္နဲ႔ မေလာ်္ညီတဲ့ အမွားေတြ ႏွစ္ေယာက္စလုံး က်ဴးလြန္ေနၾကတယ္။

ခံစစ္ပုိင္း အားနည္းမႈ

Ramos

Ramos

ဒီရာသီ ရီးယဲလ္အသင္းရဲ႕ ပဲြတိုင္းလုိလုိ ခံစစ္ပုိင္း အားနည္းခ်က္ေတြကုိ ပရိသတ္ေတြ ျမင္ေတြ႕ရမွာပါ။ ရီးယဲလ္အသင္းကစားခဲ့တဲ့ ၿပိဳင္ပဲြစုံ (၁၉)ပဲြမွာ (၇)ပဲြသာ Clean Sheets ရခဲ့တယ္။ ဒီရာသီ လာလီဂါမွာ အေ၀းကြင္း သြားေရာက္ကစားခဲ့တဲ့ပဲြေတြမွာ (၁၉)ဂုိးအထိ ေပးခဲ့ရၿပီး သူ႔ထက္ ေပးဂုိးပုိမ်ားတာက Huesca (၁၉ဂုိး)ပဲရွိပါေတာ့တယ္။ ခ်န္ပီယံဆု မွန္းတဲ့အသင္းအေနနဲ႔ ဒီေလာက္အထိ ေပးဂုိးမ်ားေနရင္ေတာ့ သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ကုိ လက္လႊတ္ရမွာပါ။

ေခါင္းေဆာင္မယ့္သူ မရွိျခင္း

Gareth-Bale

Gareth-Bale

စီေရာ္နယ္လ္ဒုိ မရွိတာဟာ ႀကီးမားတဲ့ ျပႆနာတစ္ခု မဟုတ္ေပမယ့္ က်န္ စီနီယာကစားသမားေတြျဖစ္တဲ့ ဘန္ဇီမာ Benzema ၊ ဂါရတ္ေဘးလ္ Gareth Bale တို႔ဟာ အသင္းကုိ ဦးေဆာင္ႏုိင္စြမ္း မရွိတာေတာ့ ျပႆနာျဖစ္သြားပါၿပီ။ တကယ့္က်ဥ္းထဲက်ပ္ထဲ ေရာက္လာရင္ အသင္းကုိ စုစုစည္းစည္းျဖစ္ေအာင္ ဦးေဆာင္ႏုိင္မယ့္ Super Star Player မရွိတာက အခု ရီးယဲလ္အသင္း ရင္ဆုိင္ေနရတဲ့ အခက္အခဲပါပဲ။ အသင္း ဂုိးလုိေနတဲ့အခ်ိန္မွာ စီေရာ္နယ္လ္ဒုိလုိ ႀကံဳသလုိဂုိးသြငး္မယ့္သူ မရွိပါဘူး။

ဒဏ္ရာျပႆနာ
ဒီရာသီ ရီးယဲလ္အသင္း ႐ုန္းကန္ေနရတဲ့အခ်က္ေတြထဲမွာ ဒဏ္ရာျပႆနာေတြေၾကာင့္လည္း ပါတယ္။ ၿပီးခဲ့တဲ့ အီဘာနဲ႔ပဲြမွာလညး္ ညာေနာက္ခံလူ အုိဒရီယုိဇုိလာ ဒဏ္ရာထပ္ရသြားျပန္ၿပီ။ အဓိက ကစားသမားေတြထဲမွာလည္း ဒဏ္ရာေၾကာင့္ ပါတစ္လွည့္ မပါတစ္လွည့္ျဖစ္ေနတာက အသင္းရဲ႕ တည္ၿငိမ္မႈကုိ ထိခုိက္ေစတယ္။

Gareth-Bale-Injury

Gareth-Bale-Injury

ဒါေတြကေတာ့ ဒီရာသီ ရီးယဲလ္အသင္းရဲ႕အေနအထားကုိ Marca သတင္းစာက သုံးသပ္ေဖာ္ျပခဲ့တာပဲျဖစ္ပါတယ္။ ရီးယဲလ္အသင္းအေနနဲ႔ လက္က်န္ပဲြစဥ္ေတြမွာ အခု ရလဒ္ဆုိးေတြ ေက်ာ္လႊားၿပီး လမ္းေၾကာင္းမွန္ေပၚ ေရာက္လာမလားဆုိတာကေတာ့ . . .

REF:Marca
Photo:Marca,Managing Madrid,Stretty News,Getty Images,Sports Illustrated
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရလဒ်တွေ ဆိုးရွားနေတဲ့ ရီးယဲလ်အသင်း ဘာတွေ မှားနေသလဲ

ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက်တိုက် ရယူခဲ့ပြီး စပိန်ဘောလုံးလောကမှာ အောင်မြင်မှု အများဆုံးလို့ သတ်မှတ်ရမယ့် ရီးယဲလ်အသင်း ဒီရာသီမှာတော့ ဆိုးဆိုးရွားရွားကို ရုန်းကန်နေရတယ်။ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်(၁၃)မှာ အီဘာကို (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် အဆင့်(၆)နေရာမှာ ရပ်တည်နေရသလို ခံစစ်ပိုင်းကလည်း (၁၉)ဂိုးအထိ ပေးထားရပါတယ်။ ဒါဟာ (၁၀)စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ခံစစ်စွမ်းဆောင်ရည်ပါ။

Zidane

Zidane

စီရော်နယ်လ်ဒို Cristiano Ronaldo ၊ ဇီဒန်း Zidane တို့ကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရတဲ့ ရီးယဲလ်အသင်း အခုဆိုရင် ရာသီအစပိုင်းမှာပဲ နည်းပြအပြောင်းအလဲ လုပ်ခဲ့ပြီးပါပြီ။ နည်းပြသစ် ဆိုလာရီ Santiago Solari လက်ထက်မှာ ရလဒ်ကောင်းတွေ ပြန်ရလာပေမယ့် အီဘာကို ရှုံးနိမ့်ခဲ့ပြီး အရှိန်တန့်သွားခဲ့ရတယ်။ ဒါကြောင့် ဒီရာသီမှာ ရုန်းကန်နေရတဲ့ ရီးယဲလ်အသင်း ဘာတွေမှားယွင်းခဲ့လဲဆိုတာ စပိန်နာမည်ကျော် အားကစားသတင်းစာ Marca က အခုလိုသုံးသပ်ဖော်ပြထားပါတယ် . .

အပြောင်းအရွှေ့ကိစ္စတွေမှာ မှားယွင်းခဲ့ခြင်း
ဒါကတော့ ရီးယဲလ်အသင်း ကျရှုံးမှုတွေမှာ အဓိကကျတဲ့ အချက်လို့ဆိုရမယ်။ ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ်၊ လာလီဂါ၊ စပိန်ဘုရင့်ဖလား စစ်မျက်နှာပြင်(၃)ခုမှာ တိုက်ပွဲဝင်ရမယ်ဆိုတာက မေ့နေသလိုပါပဲ။ ဒီစစ်မျက်နှာပြင်(၃)ခုမှာ တိုက်ပွဲဝင်ဖို့ လုံလောက်တဲ့ ကစားသမားအင်အားကို မဖြည့်တင်းခဲ့ပါဘူး။

Cristiano-Ronaldo

Cristiano-Ronaldo

စီရော်နယ်လ်ဒိုလို တစ်ရာသီကို အနည်းဆုံးဂိုး(၄၀)လောက် သွင်းခဲ့တဲ့ ကစားသမားမျိုးကို ရောင်းချခဲ့ရုံမကဘဲ ကွင်းလယ်အင်ဂျင်လို့ သတ်မှတ်ရမယ့် ကိုဗာချစ် Kovacic ကို ချယ်လ်ဆီးဆီ အငှားချခဲ့ပြီး အဲဒီအတွက် ထိပ်တန်းကစားသမားတွေ ခေါ်ယူတာမျိုးလည်း မရှိခဲ့ဘူး။ တခြားအချက်တွေထက် စီရော်နယ်လ်ဒိုရဲ့နေရာကို အစားထိုးဖို့ မပြင်ဆင်ခဲ့တာတော့ ဆိုးရွားလွန်းတယ်။ နောက်တစ်ခုက သူတို့ခေါ်ယူခဲ့တဲ့ ကစားသမားတွေက ထွက်သွားတဲ့သူတွေနေရာမှာ အစားဝင်ဖို့ အရည်အသွေး မပြည့်ဝတာပါပဲ။

Real-Madrid-lost-Eibar

Real-Madrid-lost-Eibar

နာဗတ်စ် Navas လို ဂိုးသမားရှိရဲ့သားနဲ့ ကော်တိုအာ Courtois ကို မလိုအပ်ဘဲ ခေါ်ခဲ့သလို ညာနောက်ခံလူအတွက် အိုဒရီယိုဇိုလာ Odriozola ကလည်း အရေးတကြီး လိုအပ်တာမျိုး မဟုတ်ပြန်ဘူး။ New No 7 အဖြစ် သတ်မှတ်ခဲ့တဲ့ မာရီယာနို Mariano က အရည်အသွေးရှိတဲ့ ကစားသမားဖြစ်ပေမယ့် စီရော်နယ်လ်ဒို အဆင့်ရောက်ဖို့ အချိန်ယူရဦးမယ်။ အရင်တုန်းက ကမ္ဘာ့အဆင့်ကစားသမားတွေ ခေါ်ယူပြီး ကြယ်စင်စုအသင်းအဖြစ် တည်ဆောက်ခဲ့တဲ့ ရီးယဲလ်ရဲ့ နောက်ပိုင်းအပြောင်းအရွှေ့ ဆောင်ရွက်မှုတွေက စိတ်ပျက်စရာပါပဲ။

တစ်သင်းလုံးနီးပါး ခြေစွမ်းပျောက်နေခြင်း

Modric

Modric

ရီးယဲလ်အသင်းရဲ့ အဓိက ကစားသမားတွေ တော်တော်များများ ဒီရာသီမှာ ပုံမှန်ခြေစွမ်း ပြသနိုင်ခြင်းမရှိသေးပါဘူး။ အထူးသဖြင့် အကျပိုင်းရောက်လာတဲ့ မိုဒရစ် Modric ပါ ။ ပြီးခဲ့တဲ့ရာသီ၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ မိုဒရစ်ဟာ ဒီရာသီမှာတော့ Below Par ဖြစ်နေတယ်။ နောက်ထပ် လက်ညှိုးထိုးရမှာက အမာခံနောက်ခံလူတွေဖြစ်တဲ့ ရာမို့စ် Ramos နဲ့ ဗာရန်း Varane ပါ။ ကမ္ဘာ့အဆင့် နောက်ခံလူဂုဏ်ပုဒ်နဲ့ မလောျ်ညီတဲ့ အမှားတွေ နှစ်ယောက်စလုံး ကျူးလွန်နေကြတယ်။

ခံစစ်ပိုင်း အားနည်းမှု

Ramos

Ramos

ဒီရာသီ ရီးယဲလ်အသင်းရဲ့ ပွဲတိုင်းလိုလို ခံစစ်ပိုင်း အားနည်းချက်တွေကို ပရိသတ်တွေ မြင်တွေ့ရမှာပါ။ ရီးယဲလ်အသင်းကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၉)ပွဲမှာ (၇)ပွဲသာ Clean Sheets ရခဲ့တယ်။ ဒီရာသီ လာလီဂါမှာ အဝေးကွင်း သွားရောက်ကစားခဲ့တဲ့ပွဲတွေမှာ (၁၉)ဂိုးအထိ ပေးခဲ့ရပြီး သူ့ထက် ပေးဂိုးပိုများတာက Huesca (၁၉ဂိုး)ပဲရှိပါတော့တယ်။ ချန်ပီယံဆု မှန်းတဲ့အသင်းအနေနဲ့ ဒီလောက်အထိ ပေးဂိုးများနေရင်တော့ သူတို့ရဲ့ မျှော်လင့်ချက်ကို လက်လွှတ်ရမှာပါ။

ခေါင်းဆောင်မယ့်သူ မရှိခြင်း

Gareth-Bale

Gareth-Bale

စီရော်နယ်လ်ဒို မရှိတာဟာ ကြီးမားတဲ့ ပြဿနာတစ်ခု မဟုတ်ပေမယ့် ကျန် စီနီယာကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာ Benzema ၊ ဂါရတ်ဘေးလ် Gareth Bale တို့ဟာ အသင်းကို ဦးဆောင်နိုင်စွမ်း မရှိတာတော့ ပြဿနာဖြစ်သွားပါပြီ။ တကယ့်ကျဉ်းထဲကျပ်ထဲ ရောက်လာရင် အသင်းကို စုစုစည်းစည်းဖြစ်အောင် ဦးဆောင်နိုင်မယ့် Super Star Player မရှိတာက အခု ရီးယဲလ်အသင်း ရင်ဆိုင်နေရတဲ့ အခက်အခဲပါပဲ။ အသင်း ဂိုးလိုနေတဲ့အချိန်မှာ စီရော်နယ်လ်ဒိုလို ကြုံသလိုဂိုးသွင်းမယ့်သူ မရှိပါဘူး။

ဒဏ်ရာပြဿနာ
ဒီရာသီ ရီးယဲလ်အသင်း ရုန်းကန်နေရတဲ့အချက်တွေထဲမှာ ဒဏ်ရာပြဿနာတွေကြောင့်လည်း ပါတယ်။ ပြီးခဲ့တဲ့ အီဘာနဲ့ပွဲမှာလည်း ညာနောက်ခံလူ အိုဒရီယိုဇိုလာ ဒဏ်ရာထပ်ရသွားပြန်ပြီ။ အဓိက ကစားသမားတွေထဲမှာလည်း ဒဏ်ရာကြောင့် ပါတစ်လှည့် မပါတစ်လှည့်ဖြစ်နေတာက အသင်းရဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်။

Gareth-Bale-Injury

Gareth-Bale-Injury

ဒါတွေကတော့ ဒီရာသီ ရီးယဲလ်အသင်းရဲ့အနေအထားကို Marca သတင်းစာက သုံးသပ်ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ ရီးယဲလ်အသင်းအနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ အခု ရလဒ်ဆိုးတွေ ကျော်လွှားပြီး လမ်းကြောင်းမှန်ပေါ် ရောက်လာမလားဆိုတာကတော့ . . .

REF:Marca
Photo:Marca,Managing Madrid,Stretty News,Getty Images,Sports Illustrated
Naing Linn(Akhayar)
www.akhayar.com