[Zawgyi]

၂၀၁၈ ခုနှစ်ရဲ့ အချမ်းသာဆုံး Rapper (၅) ယောက်က ဘယ်သူတွေလဲ

လတ်တလောမှာ Rap God ကြီး Eminem နဲ့ Rap Devil လို့ ဆိုလာသူ MGK တို့ အပြန်အလှန် Diss ပြီး Beef ဖြစ်နေတာကြောင့် လူတွေက Rap ဂီတဖက်ကို အာရုံစိုက်လာကြပါတယ်။ Eminem က MGK ကို ပြန် Diss ခဲ့တဲ့ ‘Killshot’ သီချင်းရဲ့ စာသားမှာ ” Luxury, oh, you broke, bitch? Yeah, I had enough money in ’02 To burn it in front of you,ho’ ဆိုတဲ့စာသားနဲ့ “မင်းရှေ့မှာ မီးရှို့ပစ်ဖို့ထိ ငါ့မှာ ပိုက်ဆံအလုံအလောက်ရှိခဲ့တယ်” ဆိုပြီး ကြွယ်ခဲ့ပါတယ်။

MGK

MGK

Eminem ဟာ ၂၀၀၂ ခုနှစ်၊ သူ့အသက် ၃၀ အရွယ်တုန်းက သူ့ရဲ့ အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၃၈ သန်းကျော်လောက် ရှိတယ်လို့ ခန့်မှန်းရပြီး လက်ရှိအချိန်မှာ အသက် ၂၈ နှစ်ရှိပြီ ဖြစ်တဲ့ MGK ရဲ့ အသားတင်ကြွယ်ဝမှုကတော့ ဒေါ်လာ ၈ သန်းပဲ ရှိတာကြောင့် ၂၀၀၂ တုန်းကတောင် ငါက မင်းထက်ချမ်းသာသေးတယ်လို့ ဖမ်းကြွယ်တာပါ။

အခုရော Em ဟာ အဲဒီလောက် ကြွယ်ဝပါသေးရဲ့လား။ အချမ်းသာဆုံး Rapper တွေထဲမှာ သူပါဝင်ပါသလား။ ၂၀၁၈ ခုနှစ်ရဲ့ အကြွယ်ဝအချမ်းသာဆုံး Rapper (၅) ယောက်နဲ့ သူတို့ရဲ့ ကြွယ်ဝမှုတန်ဖိုးတွေကို တစ်ချက်လောက် ကြည့်လိုက်ရအောင်။

အရင်နှစ်တွေတုန်းက အချမ်းသာဆုံး Rapper ဆိုတဲ့ နေရာမှာ P. Diddy က ရပ်တည်နေခဲ့ပေမယ့် အခုတော့ Jay-Z ရဲ့ငွေကြေးအရ အောင်မြင်မှုတွေက ဖြတ်ကျော်တက်ခဲ့ပါပြီ။

Jay-Z and Diddy

Jay-Z and Diddy

၎။ Eminem – ဒေါ်လာ သန်း ၁၀၀

Eminem

Eminem

Jay-Z လောက် ပိုက်ဆံရှာတာ မကြမ်းပေမယ့် Eminem ကတော့ Rap Game ထဲမှာ ငွေရှာကောင်းနေဆဲပါ။ သမိုင်းတစ်လျှောက်ရောင်းအကောင်းဆုံး Rapper တွေထဲက တစ်ေယာက်ဖြစ်သလို သူ့ရဲ့ Album ‘Revival’ က သူ့ကို Forbes ရဲ့ အချမ်းသာဆုံး စာရင်းမှာ ပါဝင်လာစေခဲ့တာ ဖြစ်ပါတယ်။

၎။ Drake – ဒေါ်လာ သန်း ၁၀၀

Drake

Drake

Drake ကလည်း Eminem နဲ့ တန်းတူကြွယ်ဝတာကြောင့် နံပါတ် ၄ နေရာမှာပဲ ဖော်ပြခံခဲ့ရပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ Drake ဟာ အချမ်းသာဆုံး Rapper တွေထဲမှာတော့ အသက်အငယ်ဆုံးပါပဲ။ သူဟာ ၂၀၁၀ ခုနှစ်တည်းက အခွန်တွေနဲ့ သုံးစွဲမှုတွေမဖြတ်ခင်မှာ ဒေါ်လာ သန်း ၂၅၀ ဝင်ငွေရှိခဲ့ပါတယ်။ သူ့ရဲ့ ပြီးခဲ့တဲ့ နှစ်နှစ်က ထွက်ရှိခဲ့တဲ့ အခွေတွေနဲ့ Tour တွေ ဆက်တိုက်ဖျော်ဖြေမှုတွေက သူ့ကို ကမ္ဘာကျော် ဝင်ငွေကောင်းတဲ့ Rapper တစ်ယောက်ဖြစ်စေခဲ့ပါတယ်။