[Zawgyi]

ၾကာၾကာဝါးခ်င္တဲ႔သြား အရုိးၾကည္႔ေရွာင္ေပါ့ဗ်ာ

လူေတြက အလုပ္ခြင္နဲ႔ မိသားစုေရးရာ စိတ္ဖိစီးမႈေတြကေန လြတ္ေျမာက္ခ်င္လို႔၊ အလုပ္မွာ ညစာစားပဲြရွိလို႔၊ သူငယ္ခ်င္းေတြ ေတြ႔ၾကဆံုၾကတဲ့အခါ ေပ်ာ္ခ်င္ပါးခ်င္လို႔ အစရွိသျဖင့္ အေၾကာင္းျပခ်က္မ်ဳိးစံုေပးကာ အရက္ကို ေသာက္သံုးတတ္ၾကပါတယ္။ အဲလိုအေၾကာင္းျပခ်က္မ်ဳိးစံုေပးၿပီး ေသာက္သံုးရင္းကေန အရက္စဲြသြားကာ ပံုမွန္လိုလို ေသာက္သံုးမိၾကတဲ႔သူေတြ ရွိပါတယ္။ အရက္ေသာက္ျခင္းေၾကာင္႔ တစ္ခဏတာ စိတ္ထြက္ေပါက္ ရေကာင္းရႏိုင္ေသာ္လည္း ၾကာရွည္ေသာက္မိရင္ေတာ့ စိတ္ထြက္ေပါက္ရရာကေန အသက္အႏၱရာယ္ထိခုိက္ႏုိင္တဲ့ အေျခအေနသို႔ ကူးေျပာင္းသြားႏိုင္ပါတယ္။

အရက္ေသာက္ျခင္းနဲ႔ပတ္သက္ၿပီး သိပၸံပညာရွင္ေတြရဲ႕ ေလ့လာမႈအရ တစ္ပတ္မွာ အရက္ငါးခြက္ေသာက္သံုးတဲ႔သူေတြက အခ်ိန္မတုိင္မီ ေစာစီးစြာ ေသဆံုးႏိုင္ေျခ ပိုမိုျမင္႔မားလာတယ္လုိ႔ ေသာၾကာေန႔ကထုတ္ေဝတဲ႔ ေဆးဘက္ဆိုင္ရာဂ်ာနယ္ The Lancet မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံ ၁၉ ႏိုင္ငံရွိ လူေပါင္းေျခာက္သိန္းကို ခဲြျခမ္းစိတ္ျဖာၿပီး သုေတသနျပဳလုပ္ၾကည္႔တဲ႔အခါ အရက္ပိုေသာက္တဲ႔လူေတြက ေလျဖတ္ျခင္း၊ႏွလံုးရပ္ျခင္းနဲ႔ ေသေစႏိုင္ေလာက္ေအာင္ ေသြးေၾကာပိတ္ဆို႔မႈေတြ ခံစားရတာကို ေတြ႔ရပါတယ္လို႔ သုေတသနျပဳလုပ္သူေတြက ေျပာၾကားပါတယ္။

တစ္ပတ္ကို အရက္ 200 g နဲ႔ 350 g ေသာက္သံုးတဲ႔သူေတြက အၾကမ္းဖ်င္းအေနနဲ႔ဆို ဘီယာ ၁၀ ခြက္ကန ၁၈ ခြက္ေသာက္ျခင္းနဲ႔ညီမွ်ပါတယ္။ အဲဒီေလာက္ေသာက္ရင္ေတာ့ သက္တမ္းတစ္ႏွစ္္(သို႔) ႏွစ္ႏွစ္ပိုတုိတတ္ပါတယ္လို႔ ေလ့လာသူေတြက ေဖာ္ျပထားပါတယ္။ ေကာက္ခ်က္ခ်မႈေတြအရ ကမာၻ႔တစ္ဝွမ္းလံုးမွာ အရက္ေသာက္သံုးမႈ သတ္မွတ္ခ်က္ေတြထက္ လက္ရွိေသာက္သံုးေနတဲ့ ပမာဏက ေလ်ာ့နည္းေနပါေသးတယ္။ ဒါေပမယ္႔လည္း အရြယ္မတုိင္မီေသဆံုးမႈႏႈန္းေတြကေတာ့ ျမင္႔မားေနပါတယ္။

အဲဒီလိုအရြယ္မတိုင္မီေသဆံုးသူေတြ ျမင္႔တက္လာတဲ႔အတြက္ေၾကာင့္ UK က မၾကာေသးမီက သတ္မွတ္ခ်က္အသစ္တစ္ခုကို ထပ္မံျပဌာန္းလုိက္ပါတယ္။အဲဒီလိုသတ္မွတ္ခ်က္ကေတာ့ တစ္ပတ္မွာ အရက္ေျခာက္ခြက္ထက္ ပုိမေသာက္သံုးရဘူးဆိုတဲ႔ ျပဌာန္းခ်က္ပဲ ျဖစ္ပါတယ္။ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္တားဆီးေရးစင္တာ (CDC) ရဲ႕ လမ္းညႊန္ခ်က္မွာလည္း အမ်ဳိးသားေတြ အရက္ႏွစ္ခြက္ေသာက္သံုးတိုင္း အမ်ဳိးသမီးေတြ အရက္တစ္ခြက္ေသာက္သံုးႏုိင္ပါတယ္လို႔ ဆိုထားပါတယ္။ဘယ္လုိပဲျဖစ္ျဖစ္ အရက္ေသာက္တာက က်န္းမာေရးကို ထိခိုက္မႈႀကီးမားမားျဖစ္ေစႏိုင္ၿပီး အသက္ပိုတိုေစႏုိင္တဲ႔အတြက္ အရက္ေသစာယမကာေတြကို ေပ်ာ္ဖုိ႔ရႊင္ဖို႔၊ စိတ္ဖိစီးမႈ ေျဖေဖ်ာက္ဖို႔ေလာက္အတြက္နဲ႔ေတာ့ ေငြကုန္ေၾကးက်ခံၿပီး ဝယ္ယူမေသာက္သံုးၾကဖို႔ တိုက္တြန္းလိုက္ခ်င္ပါတယ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကြာကြာဝါးချင်တဲ့သွား အရိုးကြည့်ရှောင်ပေါ့ဗျာ

လူတွေက အလုပ်ခွင်နဲ့ မိသားစုရေးရာ စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်ချင်လို့၊ အလုပ်မှာ ညစာစားပွဲရှိလို့၊ သူငယ်ချင်းတွေ တွေ့ကြဆုံကြတဲ့အခါ ပျော်ချင်ပါးချင်လို့ အစရှိသဖြင့် အကြောင်းပြချက်မျိုးစုံပေးကာ အရက်ကို သောက်သုံးတတ်ကြပါတယ်။ အဲလိုအကြောင်းပြချက်မျိုးစုံပေးပြီး သောက်သုံးရင်းကနေ အရက်စွဲသွားကာ ပုံမှန်လိုလို သောက်သုံးမိကြတဲ့သူတွေ ရှိပါတယ်။ အရက်သောက်ခြင်းကြောင့် တစ်ခဏတာ စိတ်ထွက်ပေါက် ရကောင်းရနိုင်သော်လည်း ကြာရှည်သောက်မိရင်တော့ စိတ်ထွက်ပေါက်ရရာကနေ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အခြေအနေသို့ ကူးပြောင်းသွားနိုင်ပါတယ်။

အရက်သောက်ခြင်းနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ တစ်ပတ်မှာ အရက်ငါးခွက်သောက်သုံးတဲ့သူတွေက အချိန်မတိုင်မီ စောစီးစွာ သေဆုံးနိုင်ခြေ ပိုမိုမြင့်မားလာတယ်လို့ သောကြာနေ့ကထုတ်ဝေတဲ့ ဆေးဘက်ဆိုင်ရာဂျာနယ် The Lancet မှာ ဖော်ပြထားပါတယ်။

နိုင်ငံ ၁၉ နိုင်ငံရှိ လူပေါင်းခြောက်သိန်းကို ခွဲခြမ်းစိတ်ဖြာပြီး သုတေသနပြုလုပ်ကြည့်တဲ့အခါ အရက်ပိုသောက်တဲ့လူတွေက လေဖြတ်ခြင်း၊နှလုံးရပ်ခြင်းနဲ့ သေစေနိုင်လောက်အောင် သွေးကြောပိတ်ဆို့မှုတွေ ခံစားရတာကို တွေ့ရပါတယ်လို့ သုတေသနပြုလုပ်သူတွေက ပြောကြားပါတယ်။

တစ်ပတ်ကို အရက် 200 g နဲ့ 350 g သောက်သုံးတဲ့သူတွေက အကြမ်းဖျင်းအနေနဲ့ဆို ဘီယာ ၁၀ ခွက်ကန ၁၈ ခွက်သောက်ခြင်းနဲ့ညီမျှပါတယ်။ အဲဒီလောက်သောက်ရင်တော့ သက်တမ်းတစ်နှစ်(သို့) နှစ်နှစ်ပိုတိုတတ်ပါတယ်လို့ လေ့လာသူတွေက ဖော်ပြထားပါတယ်။ ကောက်ချက်ချမှုတွေအရ ကမ္ဘာ့တစ်ဝှမ်းလုံးမှာ အရက်သောက်သုံးမှု သတ်မှတ်ချက်တွေထက် လက်ရှိသောက်သုံးနေတဲ့ ပမာဏက လျော့နည်းနေပါသေးတယ်။ ဒါပေမယ့်လည်း အရွယ်မတိုင်မီသေဆုံးမှုနှုန်းတွေကတော့ မြင့်မားနေပါတယ်။

အဲဒီလိုအရွယ်မတိုင်မီသေဆုံးသူတွေ မြင့်တက်လာတဲ့အတွက်ကြောင့် UK က မကြာသေးမီက သတ်မှတ်ချက်အသစ်တစ်ခုကို ထပ်မံပြဌာန်းလိုက်ပါတယ်။အဲဒီလိုသတ်မှတ်ချက်ကတော့ တစ်ပတ်မှာ အရက်ခြောက်ခွက်ထက် ပိုမသောက်သုံးရဘူးဆိုတဲ့ ပြဌာန်းချက်ပဲ ဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးစင်တာ (CDC) ရဲ့ လမ်းညွှန်ချက်မှာလည်း အမျိုးသားတွေ အရက်နှစ်ခွက်သောက်သုံးတိုင်း အမျိုးသမီးတွေ အရက်တစ်ခွက်သောက်သုံးနိုင်ပါတယ်လို့ ဆိုထားပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် အရက်သောက်တာက ကျန်းမာရေးကို ထိခိုက်မှုကြီးမားမားဖြစ်စေနိုင်ပြီး အသက်ပိုတိုစေနိုင်တဲ့အတွက် အရက်သေစာယမကာတွေကို ပျော်ဖို့ရွှင်ဖို့၊ စိတ်ဖိစီးမှု ဖြေဖျောက်ဖို့လောက်အတွက်နဲ့တော့ ငွေကုန်ကြေးကျခံပြီး ဝယ်ယူမသောက်သုံးကြဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။