[Zawgyi]

ကြင္းထဲမွာ လဲက်ေသဆံုးသြားဖူးတဲ့ ကမာၻတလႊားက ေဘာလံုးသမားမ်ား

အားကစားေလာကဆိုတာ ျပိဳင္ဆုိင္မႈ ျပင္းထန္လြန္းလို႔ ေလ့က်င့္တဲ့အခါမွာလည္း ျပင္းျပင္းထန္ထန္၊ ျပိဳင္ပြဲဝင္တဲ့အခါမွာလည္း အားၾကိဳးမာန္တက္ ျဖစ္တဲ့ အတြက္ အားကစားသမားေတြဟာ အေတာ္ကို ပင္ပန္းၾကပါတယ္။ ေနာက္တစ္ခ်က္က အားကစားသမားမွန္ရင္ က်န္းမာၾကမွာပဲလို႔ လူအေတာ္မ်ားမ်ားက ထင္မွတ္မွားၾကတာပါပဲ။

အားကစားသမားေတြမွာလည္း သူတို႔ကိုယ္တုိင္ေတာင္ သတိမထားမိတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းခ်က္ေတြ ရွိေနပါတယ္။ ဒါေၾကာင့္လည္း ကမာၻတလႊားမွာ ျပိဳင္ပြဲဝင္ရင္း ေသဆံုးသြားရတဲ့ အားကစားသမားေတြရဲ႕ အျဖစ္ဆိုးေတြ ရွိလာတာေပ့ါ၊ ဒီထဲကမွ ေဘာလံုးသမားတခ်ိဳ႕ကေတာ့

Marc-Vivien Foe (June 2003)

Marc-Vivien Foe

Marc-Vivien Foe

ေသဆံုးခ်ိန္မွာ အသက္ ၂၈ ႏွစ္သာရွိေသးတဲ့ ကင္မရြန္းကြင္းလယ္ကစားသမား Marc Vivien Foe ဟာ ျပင္သစ္ႏုိင္ငံမွာ က်င္းပတဲ့ ကိုလံဘီယာနဲ႔ ၂၀၀၃ ကြန္ဖက္ဒေရးရွင္းဖလား ဆီမီးဖုိင္နယ္ပြဲမွာ Heart Attack နဲ႔ လဲက်သြားခဲ့တာ ျဖစ္ပါတယ္။ Vivan Foe ကို ေဆးအဖြဲ႕က အေရးေပၚအသက္ကယ္ျပဳစုနည္းနဲ႔ေရာ၊ ေအာက္စီဂ်င္ေပးျပီးေရာ ကူညီကယ္ဆယ္ခဲ့ၾကပါေသးတယ္။ သူ႔ႏွလံုးကို ျပန္ႏႈိးဖို႔ ၄၅ မိနစ္ေလာက္ ၾကိဳးစားခဲ့ျပီး ေအာင္ျမင္မႈမရခဲ့တဲ့ အခါက်မွ ေသဆံုးေၾကာင္း ေၾကညာခဲ့ၾကတာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေသဆံုးမႈေၾကာင့္ ကမာၻတလႊားက ေဘာလံုးသမားေတြရဲ႕ ႏွလံုးက်န္းမာေရးနဲ႔ ပြဲခ်ိန္အတြင္းမွာ ျပဳစုေစာင့္ေရွာက္မႈအခ်ိန္မီရဖို႔ ကိစၥကို ပိုသတိထားလာၾကပါေတာ့တယ္။ သူေသဆံုးသြားတဲ့အခ်ိန္မွာ သူ႔ရဲ႕ ကလပ္က သူဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ကို အနားေပးခဲ့ပါတယ္။

Antonio Puerta (August 2007)

Antonio Puerta

Antonio Puerta

စပိန္ေဘာလံုးသမား Antonio Puerta ကေတာ့ ေသဆံုးခ်ိန္မွာ အသက္ ၂၂ ႏွစ္ပဲ ရွိပါေသးတယ္။ သူဟာ ဆီဗီလာကလပ္အသင္းရဲ႕ ေဘာလံုးသမားျဖစ္ျပီး ဂီတာေဖးနဲ႔ ကန္တဲ့ပြဲစဥ္မွာ ကြင္းထဲ လဲက်သြားခဲ့တာ ျဖစ္ပါတယ္။ ဒီလို လဲက်ျပီး ၃ ရက္အၾကာမွာေတာ့ Cardiac Arrest ေၾကာင့္ျဖစ္တဲ့ ကိုယ္တြင္းအဂါၤေတြ ပ်က္စီးအလုပ္မလုပ္ေတာ့မႈေၾကာင့္ ေသဆံုးခဲ့ရပါတယ္။ သူေသဆံုးခဲ့ရမႈအတြက္ စပိန္နာမည္ေက်ာ္ကစားသမား Sergio Ramos က အမွတ္တရ တက္တူးထုိးခဲ့သလို သူ႔အတြက္ရည္ရြယ္ျပီး ၂၀၁၀ ကမာၻ႔ဖလားပြဲမွာလည္း အမွတ္တရ တီရွပ္ဝတ္ဆင္ခဲ့ပါတယ္။

Phil’ O Donnell (December 2007)

Phil’ O Donnell

Phil’ O Donnell

စေကာ့တလန္ကလပ္ Motherwell ရဲ႕ ကပၸတိန္ Phil O’ Donnell ဟာ ေသဆံုးခ်ိန္မွာ အသက္ ၃၅ ႏွစ္သာရွိေသးျပီး သူဟာလည္း ကြင္းထဲမွာပဲ လဲက်သြားခဲ့တာ ျဖစ္ပါတယ္။ ၅ မိနစ္ေလာက္ အေရးေပၚျပဳစုျပီး ေဆးရံုကို ပို႔ခဲ့ေပမယ့္လည္း ေသဆံုးသြားခဲ့ရတာ ျဖစ္ပါတယ္။ သူဟာ စေကာ့တလန္၊ ဆဲလ္တစ္နဲ႔ Sheffield Wednesday အသင္းေတြမွာ ကစားခဲ့သူျဖစ္ျပီး သူ႔ရဲ႕ ေသဆံုးမႈေၾကာင့္ စေကာ့တလန္ေဘာလံုးပြဲစဥ္အခ်ိဳ႕ကို ေရႊ႕ဆုိင္းမႈ ျပဳခဲ႔ပါတယ္။

Cristiano Junior (December 2004)

ဘရာဇီးလူမ်ိဳး ေဘာလံုးသမားျဖစ္တဲ့ Cristiano Junior ကေတာ့ ေသဆံုးခ်ိန္မွာ အသက္ ၂၂ ႏွစ္ပဲ ရွိေသးျပီး Federation Cup ျပိဳင္ပဲြမွာ ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။ သူေသဆံုးရပံုကေတာ့ တစ္ဖက္အသင္းဂိုးသမားနဲ႔ တုိက္မိျပီး လဲက်ေသဆံုးသြားခဲ့ရတာလည္း ျဖစ္ပါတယ္။ သူ႔ကို ကယ္ဖို႔ ၾကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘဲ Hosmat ေဆးရံုအေရာက္မွာ ေသဆံုးသြားခဲ့ရပါတယ္။ သူ႔ရဲ႕ ေသဆံုးမႈဟာလည္း Heart Stroke ေၾကာင့္ျဖစ္တယ္လို႔ ရင္ခြဲစစ္ေဆးမႈအျပီးမွာ ထြက္ေပၚခဲ့ပါတယ္။

Cheick Tiote (June 2017)

Newcastle United’s Cheick Tiote celebrates after scoring thier fourth goal

အသက္ ၃၀ အရြယ္ Ivory Coast ကစားသမား Cheick Tiote ကေတာ့ တနလၤာေန႔တုိင္းျပဳလုပ္တဲ့ ေလ့က်င့္ေရးအစီအစဥ္မွာ မူးေမ့ျပီး လဲက်ေသဆံုးသြားခဲ့တာ ျဖစ္ပါတယ္။ ေသဆံုးတဲ့အခ်ိန္တုန္းက တရုတ္ေဘာလံုးကလပ္တစ္ခုမွာ ေဆာ့ေနခဲ့တာ ျဖစ္ျပီး ေဆးရံုပုိ႔ခဲ့ေပမယ့္ အသက္ကိုေတာ့ မမီခဲ့ပါဘူး။ မေသဆံုးခင္အခ်ိန္အထိ အဝတ္လဲခန္းထဲမွာလည္း သူ႔က်န္းမာေရးေကာင္းမြန္ေနတာေၾကာင့္ ဒီလို အျဖစ္ဆိုးၾကီး ျဖစ္လာမယ္လို႔ ဘယ္သူမွ မထင္ခဲ့ၾကဘဲ သူဟာလည္း Cardiac Arrest နဲ႔ ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။

ဒါဟာ ဒီလို ေသဆံုးသြားဖူးတဲ့ ေဘာလံုးသမားေတြထဲက တခ်ိဳ႕ရဲ႕ အေၾကာင္းေတြကိုသာ ေဖာ္ျပေပးထားတာ ျဖစ္ျပီး အားကစားလုပ္ေနတယ္၊ အားကစားသမားဆိုတုိင္း က်န္းမာတယ္လို႔ တထစ္ခ် မမွတ္ယူၾကဘဲ ဂရုစို္က္ေပးၾကပါလုိ႔ ေျပာခ်င္ပါတယ္။

ရိုးလူ (အခရာ)

www.akhayar.com

Source : https://www.news18.com/
[Unicode]

ကွင်းထဲမှာ လဲကျသေဆုံးသွားဖူးတဲ့ ကမ္ဘာတလွှားက ဘောလုံးသမားများ

အားကစားလောကဆိုတာ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းလို့ လေ့ကျင့်တဲ့အခါမှာလည်း ပြင်းပြင်းထန်ထန်၊ ပြိုင်ပွဲဝင်တဲ့အခါမှာလည်း အားကြိုးမာန်တက် ဖြစ်တဲ့ အတွက် အားကစားသမားတွေဟာ အတော်ကို ပင်ပန်းကြပါတယ်။ နောက်တစ်ချက်က အားကစားသမားမှန်ရင် ကျန်းမာကြမှာပဲလို့ လူအတော်များများက ထင်မှတ်မှားကြတာပါပဲ။

အားကစားသမားတွေမှာလည်း သူတို့ကိုယ်တိုင်တောင် သတိမထားမိတဲ့ ကျန်းမာရေးချို့ယွင်းချက်တွေ ရှိနေပါတယ်။ ဒါကြောင့်လည်း ကမ္ဘာတလွှားမှာ ပြိုင်ပွဲဝင်ရင်း သေဆုံးသွားရတဲ့ အားကစားသမားတွေရဲ့ အဖြစ်ဆိုးတွေ ရှိလာတာပေ့ါ၊ ဒီထဲကမှ ဘောလုံးသမားတချို့ကတော့

Marc-Vivien Foe (June 2003)

Marc-Vivien Foe

Marc-Vivien Foe

သေဆုံးချိန်မှာ အသက် ၂၈ နှစ်သာရှိသေးတဲ့ ကင်မရွန်းကွင်းလယ်ကစားသမား Marc Vivien Foe ဟာ ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ကိုလံဘီယာနဲ့ ၂၀၀၃ ကွန်ဖက်ဒရေးရှင်းဖလား ဆီမီးဖိုင်နယ်ပွဲမှာ Heart Attack နဲ့ လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ Vivan Foe ကို ဆေးအဖွဲ့က အရေးပေါ်အသက်ကယ်ပြုစုနည်းနဲ့ရော၊ အောက်စီဂျင်ပေးပြီးရော ကူညီကယ်ဆယ်ခဲ့ကြပါသေးတယ်။ သူ့နှလုံးကို ပြန်နှိုးဖို့ ၄၅ မိနစ်လောက် ကြိုးစားခဲ့ပြီး အောင်မြင်မှုမရခဲ့တဲ့ အခါကျမှ သေဆုံးကြောင်း ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။ သူ့ရဲ့ သေဆုံးမှုကြောင့် ကမ္ဘာတလွှားက ဘောလုံးသမားတွေရဲ့ နှလုံးကျန်းမာရေးနဲ့ ပွဲချိန်အတွင်းမှာ ပြုစုစောင့်ရှောက်မှုအချိန်မီရဖို့ ကိစ္စကို ပိုသတိထားလာကြပါတော့တယ်။ သူသေဆုံးသွားတဲ့အချိန်မှာ သူ့ရဲ့ ကလပ်က သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ကို အနားပေးခဲ့ပါတယ်။

Antonio Puerta (August 2007)

Antonio Puerta

Antonio Puerta

စပိန်ဘောလုံးသမား Antonio Puerta ကတော့ သေဆုံးချိန်မှာ အသက် ၂၂ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ ဆီဗီလာကလပ်အသင်းရဲ့ ဘောလုံးသမားဖြစ်ပြီး ဂီတာဖေးနဲ့ ကန်တဲ့ပွဲစဉ်မှာ ကွင်းထဲ လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို လဲကျပြီး ၃ ရက်အကြာမှာတော့ Cardiac Arrest ကြောင့်ဖြစ်တဲ့ ကိုယ်တွင်းအဂါၤတွေ ပျက်စီးအလုပ်မလုပ်တော့မှုကြောင့် သေဆုံးခဲ့ရပါတယ်။ သူသေဆုံးခဲ့ရမှုအတွက် စပိန်နာမည်ကျော်ကစားသမား Sergio Ramos က အမှတ်တရ တက်တူးထိုးခဲ့သလို သူ့အတွက်ရည်ရွယ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားပွဲမှာလည်း အမှတ်တရ တီရှပ်ဝတ်ဆင်ခဲ့ပါတယ်။

Phil’ O Donnell (December 2007)

Phil’ O Donnell

Phil’ O Donnell

စကော့တလန်ကလပ် Motherwell ရဲ့ ကပ္ပတိန် Phil O’ Donnell ဟာ သေဆုံးချိန်မှာ အသက် ၃၅ နှစ်သာရှိသေးပြီး သူဟာလည်း ကွင်းထဲမှာပဲ လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ ၅ မိနစ်လောက် အရေးပေါ်ပြုစုပြီး ဆေးရုံကို ပို့ခဲ့ပေမယ့်လည်း သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ စကော့တလန်၊ ဆဲလ်တစ်နဲ့ Sheffield Wednesday အသင်းတွေမှာ ကစားခဲ့သူဖြစ်ပြီး သူ့ရဲ့ သေဆုံးမှုကြောင့် စကော့တလန်ဘောလုံးပွဲစဉ်အချို့ကို ရွှေ့ဆိုင်းမှု ပြုခဲ့ပါတယ်။

Cristiano Junior (December 2004)

ဘရာဇီးလူမျိုး ဘောလုံးသမားဖြစ်တဲ့ Cristiano Junior ကတော့ သေဆုံးချိန်မှာ အသက် ၂၂ နှစ်ပဲ ရှိသေးပြီး Federation Cup ပြိုင်ပွဲမှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ သူသေဆုံးရပုံကတော့ တစ်ဖက်အသင်းဂိုးသမားနဲ့ တိုက်မိပြီး လဲကျသေဆုံးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။ သူ့ကို ကယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ Hosmat ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ရပါတယ်။ သူ့ရဲ့ သေဆုံးမှုဟာလည်း Heart Stroke ကြောင့်ဖြစ်တယ်လို့ ရင်ခွဲစစ်ဆေးမှုအပြီးမှာ ထွက်ပေါ်ခဲ့ပါတယ်။

Cheick Tiote (June 2017)

Newcastle United’s Cheick Tiote celebrates after scoring thier fourth goal

အသက် ၃၀ အရွယ် Ivory Coast ကစားသမား Cheick Tiote ကတော့ တနင်္လာနေ့တိုင်းပြုလုပ်တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ မူးမေ့ပြီး လဲကျသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးတဲ့အချိန်တုန်းက တရုတ်ဘောလုံးကလပ်တစ်ခုမှာ ဆော့နေခဲ့တာ ဖြစ်ပြီး ဆေးရုံပို့ခဲ့ပေမယ့် အသက်ကိုတော့ မမီခဲ့ပါဘူး။ မသေဆုံးခင်အချိန်အထိ အဝတ်လဲခန်းထဲမှာလည်း သူ့ကျန်းမာရေးကောင်းမွန်နေတာကြောင့် ဒီလို အဖြစ်ဆိုးကြီး ဖြစ်လာမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘဲ သူဟာလည်း Cardiac Arrest နဲ့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒါဟာ ဒီလို သေဆုံးသွားဖူးတဲ့ ဘောလုံးသမားတွေထဲက တချို့ရဲ့ အကြောင်းတွေကိုသာ ဖော်ပြပေးထားတာ ဖြစ်ပြီး အားကစားလုပ်နေတယ်၊ အားကစားသမားဆိုတိုင်း ကျန်းမာတယ်လို့ တထစ်ချ မမှတ်ယူကြဘဲ ဂရုစိုက်ပေးကြပါလို့ ပြောချင်ပါတယ်။

ရိုးလူ (အခရာ)

www.akhayar.com

Source : https://www.news18.com/