[Zawgyi]

McDonald’s ဆိုင္ေတြကို ပိတ္ပင္ထားတဲ႔ ႏိုင္ငံမ်ား

အေမရိကန္ျပည္ေထာင္စုရဲ႕ မိုင္ ၁၀၀ အကြာအေဝးတုိင္းမွာ McDonald’s ဆိုင္ေတြကို ျမင္ေတြ႔ႏိုင္ပါတယ္။ ဒါေပမဲ႔ အျခားႏိုင္ငံေတြမွာေတာ့ McDonald’s ဆိုင္ေတြကို ေပါေပါမ်ားမ်ားမေတြ႔ရဘဲ တခ်ဳိ႕ႏိုင္ငံေတြမွာဆိုရင္ McDonald’s ဆိုင္ေတြ လံုးဝမရွိတာမ်ိဳးထိ ေတြ႔ရပါတယ္။ ဒါဟာဘာေၾကာင္႔လဲဆုိေတာ႔ ႏိုင္ငံေရးပဋိပကၡေတြေၾကာင့္္ စီးပြားေရးၿပိဳကြဲမႈေတြ ျဖစ္လာရာကေန ႏိုင္ငံအခ်င္းခ်င္းခ်စ္ၾကည္မႈ ပ်က္စီးသြားၿပီး ဆိုင္ဖြင့္ခြင့္ေတြ ပိတ္ပင္တားျမစ္ခံရျခင္း၊ ဆိုင္ပိတ္သိမ္းျခင္းေတြ ျဖစ္လာတာေၾကာင္႔ပါ။ ဒီႏိုင္ငံေတြသြားရင္ေတာ႔ McDonald’s ဆိုင္ေတြကို လံုးဝလြမ္းေနရေတာ႔မွာပါ။

Bermuda

၁၉၉၅ ခုနစ္အထိ Caribbean ကၽြန္းေပၚမွာ McDonald’s စားေသာက္ဆိုင္တစ္ဆိုင္ ရွိခဲ႔ပါတယ္။ အခုခ်ိန္မွာေတာ့ တစ္ဆိုင္မွ မရွိေတာ့ပါဘူး။ ၁၉၇၀ ခုနစ္ကတည္းက Bermuda မွာ ႏိုင္ငံျခားအသင္႔စားအစားအစာေတြကို တားျမစ္ထားတဲ႔ ဥပေဒရွိပါတယ္။ သို႔ေပမယ္႔ McDonald’s က လက္မေလွ်ာ့ဘဲ ၁၉၈၅ ခုနစ္ US ရဲ႕ Naval Air Station မွာ McDonald’s ဆိုင္ကိုတည္ေဆာက္ျပီး ရေအာင္ေရာင္းခဲ႔ၾကပါတယ္။ ၁၉၉၅ ခုနစ္မွာ Naval Air Station ပိတ္သြားတာနဲ႔ McDonald’s ပါ လိုက္ပိတ္လိုက္ရပါတယ္။ mic.com အရ ၁၉၉၉ ခုနစ္မွာ Bermuda က McDonald’s ကို Franchise ယူဖို႔ ႀကိဳးစားခဲ႔ေပမယ္႔ မေအာင္ျမင္ခဲ႔ပါဘူး။

Bermuda

Bermuda

Iran

မၾကာေသးခင္ႏွစ္ေတြက အေရွ႕အလယ္ပုိင္းတိုင္းျပည္ေတြနဲ႔ အေမရိကန္ျပည္ေထာင္စုအၾကား ဆက္ဆံေရးေတြ တင္းမာလာတာနဲ႔အမွ် McDonald’s ကုမၸဏီေတြအေပၚ အက်ဳိးသက္ေရာက္မႈေတြက ျပင္းထန္လာပါတယ္။ ၁၉၇၉ ခုနစ္ေလာက္ကတည္းက McDonald’s က Iran မွာ ေနရာမရရွိခဲ႔ပါဘူး။ ဒါေပမဲ႔ သိပ္မၾကာခင္ႏွစ္ေတြမွာေတာ႔ Iran နဲ႔ အေနာက္ႏိုင္ငံေတြၾကား ဆက္ဆံေရးပိုမိုတိုးတက္လာတာနဲ႔အမွ် ႏိုင္ငံျခားကစားေသာက္ဆုိင္ေတာ္ေတာ္မ်ားမ်ားကို Franchise ရေတာ့မယ္လို႔ ယံုၾကည္ခဲ႔ၾကပါတယ္။ အဲလိုယံုၾကည္လာတာနဲ႔အမွ် McDonald’s ဆိုင္ေတြ ျပန္လည္ေရာက္ရွိလာမယ္လို႔ ထင္မွတ္ခဲ႔ၾကပါတယ္။ ဒါေပမဲ႔ထင္သလုိျဖစ္မလာခဲ႔ပါဘူး။ အီရန္ေတြက McDonald’s အစား ကိုယ္ပိုင္ Mash Donald’s ကို ဖန္တီးလိုက္ၾကပါတယ္။

Iran

Iran

Macedonia

Balkans ေဒသ Macedonia ႏိုင္ငံမွာ McDonald’s စားေသာက္ဆုိင္ အနည္းငယ္သာရွိၿပီး Macedonia ရဲ႕ၿမိဳ႕ေတာ္ Skopje မွာေတာ့ McDonald’s စားေသာက္ဆိုင္ ၇ ဆိုင္ေလာက္သာရွိပါတယ္။ ၂၀၁၃ ခုနစ္မွာေတာ႔ Macedonia မွာရွိတဲ႔ McDonald’s ကို ဦးေဆာင္လုပ္ကိုင္ေနတ့ဲ လူေတြက Macedonia မွာရွိတဲ႔ စတိုးဆိုင္ေတြကို အၿပီးပိတ္သိမ္းလိုက္ပါတယ္။ ေနာက္ပိုင္းမွာၾကားရတဲ႔ ေကာလာဟလေတြအရေတာ႔ Macedonia ရဲ႕လုပ္ပိုင္ခြင့္ရွိသူနဲ႔ McDonald’s ရဲ႕႔ CEO တို႔ သေဘာထားကဲြလဲြတာေၾကာင္႔လုိ႔ သိရပါတယ္။

Macedonia

Macedonia

North Korea

မယံုနိုင္စရာေကာင္းတာကေတာ့ ေျမာက္ကိုရီးယားဟာ အေမရိကန္စီးပြားေရးလုပ္ငန္းေတာ္ေတာ္မ်ားမ်ားကို ႀကိဳဆိုေပမယ္႔ McDonald’s ကေတာ့ ျခြင္းခ်က္ျဖစ္ပါတယ္။ ဒီလိုတားဆီးပိတ္ပင္ထားေပမယ္႔ Telegraph ရဲ႕အဆိုအရေတာ႔ ေျမာက္ကိုးရီးယားက အထက္တန္းလႊာေတြဟာ McDonald’s ကိုစားရဖို႔ေတာင္ ေတာင္ကိုးရီးယားကေန ခိုးသြင္းခဲ႔ရတယ္လုိ႔ ဆိုပါတယ္။

North Korea

North Korea

Bolivia

McDonald’s က ေတာင္အေမရိကမွာ လံုးလံုးလ်ားလ်ားအပိတ္ခံထားရတာမဟုတ္ေပမယ္႔ Bolivia ႏိုင္ငံမွာေတာ့ အသင္႔စားကုမၸဏီႀကီးေတြနဲ႔ အစိုးရၾကားတင္မားမႈေတြ ျဖစ္ပြားခဲ့တာမို႔ McDonald’s ကို ၂၀၀၂ ခုနစ္မွာ အျပီးပိတ္သိမ္းခဲ႔ပါတယ္။ Daily Meal ရဲ႕အဆိုအရ Bolivia မွာရွိတဲ႔ လူအေတာ္မ်ားမ်ားကို ဘာဂါဆိုင္မွာ အႀကီးက်ယ္စုျပံဳမတိုးေစခ်င္တာမုိ႔ ခုလိုဖ်က္သိမ္းလိုက္တာလုိ႔ ဆိုပါတယ္။Bolivia သမၼတက “အစားအေသာက္ေတြကေန စီးပြားေရးအက်ဳိးအျမတ္ရရွိေစဖို႔ထက္ တုိင္းသူျပည္သားေတြရဲ႕ က်န္းမာေရးကို ပုိမိုအေလးထားခ်င္ပါတယ္” လို႔ ထုတ္ေဖာ္ေျပာၾကားခဲ႔တာ ျဖစ္ပါတယ္။

Bolivia

Bolivia

အခုေဖာ္ျပခဲ့တဲ့ ႏိုင္ငံေတြကေတာ့ McDonald’s ကို တားဆီးပိတ္ပင္ထားတဲ႔ ႏိုင္ငံေတြနဲ႔ McDonald’s ဆိုင္ေတြ ပိတ္သိမ္းခံလုိက္ရတဲ႔ ႏိုင္ငံေတြပဲျဖစ္ပါတယ္။ ဒါေၾကာင္႔အဲဒီႏိုင္ငံေတြကိုေရာက္သြားခဲရင္ေတာ႔ McDonald’s ဆိုင္ေတြကို လုိက္မရွာပါနဲ႔ေတာ့ေနာ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

McDonald’s ဆိုင်တွေကို ပိတ်ပင်ထားတဲ့ နိုင်ငံများ

အမေရိကန်ပြည်ထောင်စုရဲ့ မိုင် ၁၀၀ အကွာအဝေးတိုင်းမှာ McDonald’s ဆိုင်တွေကို မြင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အခြားနိုင်ငံတွေမှာတော့ McDonald’s ဆိုင်တွေကို ပေါပေါများများမတွေ့ရဘဲ တချို့နိုင်ငံတွေမှာဆိုရင် McDonald’s ဆိုင်တွေ လုံးဝမရှိတာမျိုးထိ တွေ့ရပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ နိုင်ငံရေးပဋိပက္ခတွေကြောင့်် စီးပွားရေးပြိုကွဲမှုတွေ ဖြစ်လာရာကနေ နိုင်ငံအချင်းချင်းချစ်ကြည်မှု ပျက်စီးသွားပြီး ဆိုင်ဖွင့်ခွင့်တွေ ပိတ်ပင်တားမြစ်ခံရခြင်း၊ ဆိုင်ပိတ်သိမ်းခြင်းတွေ ဖြစ်လာတာကြောင့်ပါ။ ဒီနိုင်ငံတွေသွားရင်တော့ McDonald’s ဆိုင်တွေကို လုံးဝလွမ်းနေရတော့မှာပါ။

Bermuda

၁၉၉၅ ခုနစ်အထိ Caribbean ကျွန်းပေါ်မှာ McDonald’s စားသောက်ဆိုင်တစ်ဆိုင် ရှိခဲ့ပါတယ်။ အခုချိန်မှာတော့ တစ်ဆိုင်မှ မရှိတော့ပါဘူး။ ၁၉၇၀ ခုနစ်ကတည်းက Bermuda မှာ နိုင်ငံခြားအသင့်စားအစားအစာတွေကို တားမြစ်ထားတဲ့ ဥပဒေရှိပါတယ်။ သို့ပေမယ့် McDonald’s က လက်မလျှော့ဘဲ ၁၉၈၅ ခုနစ် US ရဲ့ Naval Air Station မှာ McDonald’s ဆိုင်ကိုတည်ဆောက်ပြီး ရအောင်ရောင်းခဲ့ကြပါတယ်။ ၁၉၉၅ ခုနစ်မှာ Naval Air Station ပိတ်သွားတာနဲ့ McDonald’s ပါ လိုက်ပိတ်လိုက်ရပါတယ်။ mic.com အရ ၁၉၉၉ ခုနစ်မှာ Bermuda က McDonald’s ကို Franchise ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

Bermuda

Bermuda

Iran

မကြာသေးခင်နှစ်တွေက အရှေ့အလယ်ပိုင်းတိုင်းပြည်တွေနဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးတွေ တင်းမာလာတာနဲ့အမျှ McDonald’s ကုမ္ပဏီတွေအပေါ် အကျိုးသက်ရောက်မှုတွေက ပြင်းထန်လာပါတယ်။ ၁၉၇၉ ခုနစ်လောက်ကတည်းက McDonald’s က Iran မှာ နေရာမရရှိခဲ့ပါဘူး။ ဒါပေမဲ့ သိပ်မကြာခင်နှစ်တွေမှာတော့ Iran နဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးပိုမိုတိုးတက်လာတာနဲ့အမျှ နိုင်ငံခြားကစားသောက်ဆိုင်တော်တော်များများကို Franchise ရတော့မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ အဲလိုယုံကြည်လာတာနဲ့အမျှ McDonald’s ဆိုင်တွေ ပြန်လည်ရောက်ရှိလာမယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ထင်သလိုဖြစ်မလာခဲ့ပါဘူး။ အီရန်တွေက McDonald’s အစား ကိုယ်ပိုင် Mash Donald’s ကို ဖန်တီးလိုက်ကြပါတယ်။

Iran

Iran

Macedonia

Balkans ဒေသ Macedonia နိုင်ငံမှာ McDonald’s စားသောက်ဆိုင် အနည်းငယ်သာရှိပြီး Macedonia ရဲ့မြို့တော် Skopje မှာတော့ McDonald’s စားသောက်ဆိုင် ၇ ဆိုင်လောက်သာရှိပါတယ်။ ၂၀၁၃ ခုနစ်မှာတော့ Macedonia မှာရှိတဲ့ McDonald’s ကို ဦးဆောင်လုပ်ကိုင်နေတဲ့ လူတွေက Macedonia မှာရှိတဲ့ စတိုးဆိုင်တွေကို အပြီးပိတ်သိမ်းလိုက်ပါတယ်။ နောက်ပိုင်းမှာကြားရတဲ့ ကောလာဟလတွေအရတော့ Macedonia ရဲ့လုပ်ပိုင်ခွင့်ရှိသူနဲ့ McDonald’s ရဲ့ CEO တို့ သဘောထားကွဲလွဲတာကြောင့်လို့ သိရပါတယ်။

Macedonia

Macedonia

North Korea

မယုံနိုင်စရာကောင်းတာကတော့ မြောက်ကိုရီးယားဟာ အမေရိကန်စီးပွားရေးလုပ်ငန်းတော်တော်များများကို ကြိုဆိုပေမယ့် McDonald’s ကတော့ ခြွင်းချက်ဖြစ်ပါတယ်။ ဒီလိုတားဆီးပိတ်ပင်ထားပေမယ့် Telegraph ရဲ့အဆိုအရတော့ မြောက်ကိုးရီးယားက အထက်တန်းလွှာတွေဟာ McDonald’s ကိုစားရဖို့တောင် တောင်ကိုးရီးယားကနေ ခိုးသွင်းခဲ့ရတယ်လို့ ဆိုပါတယ်။

North Korea

North Korea

Bolivia

McDonald’s က တောင်အမေရိကမှာ လုံးလုံးလျားလျားအပိတ်ခံထားရတာမဟုတ်ပေမယ့် Bolivia နိုင်ငံမှာတော့ အသင့်စားကုမ္ပဏီကြီးတွေနဲ့ အစိုးရကြားတင်မားမှုတွေ ဖြစ်ပွားခဲ့တာမို့ McDonald’s ကို ၂၀၀၂ ခုနစ်မှာ အပြီးပိတ်သိမ်းခဲ့ပါတယ်။ Daily Meal ရဲ့အဆိုအရ Bolivia မှာရှိတဲ့ လူအတော်များများကို ဘာဂါဆိုင်မှာ အကြီးကျယ်စုပြုံမတိုးစေချင်တာမို့ ခုလိုဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။Bolivia သမ္မတက “အစားအသောက်တွေကနေ စီးပွားရေးအကျိုးအမြတ်ရရှိစေဖို့ထက် တိုင်းသူပြည်သားတွေရဲ့ ကျန်းမာရေးကို ပိုမိုအလေးထားချင်ပါတယ်” လို့ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Bolivia

Bolivia

အခုဖော်ပြခဲ့တဲ့ နိုင်ငံတွေကတော့ McDonald’s ကို တားဆီးပိတ်ပင်ထားတဲ့ နိုင်ငံတွေနဲ့ McDonald’s ဆိုင်တွေ ပိတ်သိမ်းခံလိုက်ရတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။ ဒါကြောင့်အဲဒီနိုင်ငံတွေကိုရောက်သွားခဲရင်တော့ McDonald’s ဆိုင်တွေကို လိုက်မရှာပါနဲ့တော့နော်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။