[Zawgyi]

 ႏိုင္ငံသားအသစ္ေတြကို အိမ္ရာေတြအခမဲ့ေပးတဲ့ ႏိုင္ငံ ၅ ႏိုင္ငံ

အိမ္ရာေကာင္းေကာင္းတစ္လံုးမွာ ေနထိုင္ခြင့္ရဖို႔ဆိုတာ ဒီဘက္ေခတ္ ဖြံ႔ျဖိဳးတိုးတက္သေလာက္ အစစအရာရာကုန္က်စရိတ္မ်ားျပားေနတဲ့ေခတ္ႀကီးထဲမွာေတာ့ ေတာ္ေတာ္မလြယ္ကူတဲ့အခြင့္အေရးပါ။ အေျခခံလူတန္းစားေတြအတြက္ ေနထိုင္စားေသာက္မႈစရိတ္ေတာင္ အလ်ဥ္မီေအာင္ရွာေဖြေနရတဲ့အခ်ိန္မ်ိဳးမွာ ကိုယ့္ဘဝအတြက္ ရွင္သန္ေနထိုင္ဖို႔အဆင္ေျပေစမယ့္ အိမ္ေကာင္းေကာင္းေလးတစ္လံုးရဖို႔ကေတာ့ ေတာ္ေတာ္ႀကီးမားတဲ့အိပ္မက္ပါပဲ။ အဲ့ဒီအိပ္မက္ဟာ အိမ္ရာေတြပိုေနတဲ့ ဒီႏိုင္ငံ ၅ ႏိုင္ငံမွာေတာ့ ႏိုင္ငံသားျဖစ္ရံုနဲ႔ တမဟုတ္ခ်င္း ပိုင္ဆိုင္ခြင့္ရမယ့္ လက္ေတြ႕အရာေတြပါ။ ႏိုင္ငံသားအသစ္တိုင္းကို အခေၾကးေငြ လခေပးစရာမလိုဘဲ အိမ္ရာေတြ အလကားေနထိုင္ခြင့္ေပးေနတဲ့ ႏိုင္ငံေတြကေတာ့-

(၁) Italy

အီတလီႏိုင္ငံ ရဲ႕ Sicily ေျမထဲပင္လယ္ကြ်န္းေပၚက Gangi ဆိုတဲ့ၿမိဳ႕ေလးဟာ ေနထိုင္သူလူဦးေရ တျဖည္းျဖည္းေလ်ာ့က်လာကာ ၂၀၁၀၄ခုႏွစ္ သန္းေခါင္စာရင္းအရ လူ ၇၀၀၀ ေက်ာ္သာရွိၿပီး အိမ္ရာေတြပိုလွ်ံမ်ားျပားေနတာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္ႏွာခ်င္းမဆိုင္မိတာေတာင္ၾကာပါၿပီတဲ့။ အဲ့ၿမိဳ႕ေလးမွာေနထိုင္မယ္ဆိုရင္ေတာ့ အီတလီအစိုးရက အိမ္ရာေတြေပးဖို႔ အသင့္ပါပဲ။

(၂) United States of America

အေမရိကန္လို အစစအရာရာ ဖြံ႔ျဖိဳးတိုးတက္ေနတဲ့ ႏိုင္ငံႀကီးတစ္ခုမွာ အိမ္ရာေနထိုင္ခြင့္အလကားရမယ္ဆိုတာ ကိုယ့္နားကိုယ္ေတာင္ မယံုႏိုင္မယ့္ အရာပါ။ ဒါေပမယ့္ ကိုယ္ေနထိုင္မယ့္ ပတ္ဝန္းက်င္အတြက္ ဖြံ့ၿဖိဳးတိုးတက္ေစမယ့္အသိစိတ္မ်ိဳး၊ ဝင္ေငြအလုပ္အကိုင္ဖန္တီးေပးမႈေတြသာ ရွိႏိုင္မယ္ဆိုရင္ Gary နဲ႔ Detroit တို႔လိုၿမိဳ႕ႀကီးေတြမွာ အိမ္ရာေနထိုင္ခြင့္အခမဲ့ေပးႏိုင္ပါတယ္တဲ့။

(၃) South Africa

ေတာင္အာဖရိကမွာလည္း အိမ္ရာေနထိုင္ခြင့္အခမဲ့ပါပဲတဲ့။ ဒါေပမယ့္ အီတလီတို႔အေမရိကန္တို႔နဲ႔ မတူတဲ့အခ်က္ကေတာ့ ေတာင္အာဖရိကႏိုင္ငံဟာ သူ႔ႏိုင္ငံမွာေနထိုင္တဲ့ ဆင္းရဲႏြမ္းပါးသူတို႔အတြက္သာ အိမ္ရာေတြဖန္တီးေပးတာျဖစ္ပါတယ္။ ေကာင္းမြန္တဲ့အေရြ႕ကို ေဖာ္ေဆာင္ေနတဲ့ ေတာင္အာဖရိကအစိုးရအေနနဲ႔ အခြင့္ထူးခံမဟုတ္တဲ့ ဆင္းရဲႏြမ္းပါးသူလူတန္းစားမ်ားကိုသာ အိမ္ေတြအခမဲ့တည္ေဆာက္ကာ ေနထိုင္ခြင့္ေပးေနတာျဖစ္ပါတယ္။

(၄) Pitcairn Islands

ပစိဖိတ္သမုဒၶရာေတာင္ပိုင္းမွာရွိတဲ့ မီးေတာင္ကြ်န္းစု ၄စုထဲက တစ္ခုျဖစ္တဲ့ ပစ္ကိန္(Pitcairn) ကြ်န္းစုေလးကေတာ့ တျဖည္းျဖည္းေလ်ာ့က်လာတဲ့လူဦးေရေၾကာင့္ ခုဆိုကြ်န္းေပၚမွာ လူဦးေရ ၅၀ခန္႔သာက်န္ပါေတာ့တယ္။ ၿဗိတိသွ်ပင္လယ္ရပ္ျခားနယ္ေျမအပိုင္ျဖစ္တာမို႔ ကြ်န္းေပၚမွာ ေအးေအးၿငိမ္းၿငိမ္းေနထိုင္ရင္း သဘာဝပင္လယ္ႀကီးနဲ႔ အုန္းပင္ေတြၾကားမွာ က်န္ရွိေနတဲ့ဘဝကို ျဖတ္သန္းဖို႔ေသခ်ာၿပီဆိုရင္ေတာ့ ၿဗိတိသွ်အစိုးရကို ေနထိုင္ခြင့္ေတာင္းရံုနဲ႔ ကြ်န္းေပၚကအိမ္ေတြမွာေနခြင့္ရမွာပါတဲ့။

(၅) Columbia

ေတာင္အေမရိကတိုက္ရဲ႕ အလွကိုယွဥ္လို႔ရတဲ့ ကိုလံဘီယာႏိုင္ငံမွာလည္း နိမ့္က်ႏြမ္းပါးသူေတြအတြက္ အိမ္ရာအခမဲ့ေနထိုင္ခြင့္ေတြေပးေနပါေသးတယ္။ ႏိုင္ငံအေနနဲ႔ ဖြံ႔ၿဖိဳးတိုးတက္မႈႏႈန္းေႏွးေကြးေနေသးေပမယ့္ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ခရီးသြားေတြၾကား လည္ပတ္စရာတစ္ႏိုင္ငံအျဖစ္ မ်က္စိက်ျခင္းခံလာရၿပီး စီးပြားေရးအင္အားအနည္းငယ္ေတာင့္တင္းလာခဲ့ပါတယ္။

အိမ္ရာတစ္လံုးပိုင္ဆိုင္ဖို႔ အခက္အခဲရွိလာၿပီဆိုရင္ေတာ့ ဒီႏိုင္ငံေတြမွာလည္း ေနထိုင္ခြင့္ရၿပီဆိုရင္ အိမ္ပိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေလးရွိေနၿပီေနာ္။

EiEiKhineMinn (Akhayar)

Ref: www.womenarticle.com

[Unicode]

 နိုင်ငံသားအသစ်တွေကို အိမ်ရာတွေအခမဲ့ပေးတဲ့ နိုင်ငံ ၅ နိုင်ငံ

အိမ်ရာကောင်းကောင်းတစ်လုံးမှာ နေထိုင်ခွင့်ရဖို့ဆိုတာ ဒီဘက်ခေတ် ဖွံ့ဖြိုးတိုးတက်သလောက် အစစအရာရာကုန်ကျစရိတ်များပြားနေတဲ့ခေတ်ကြီးထဲမှာတော့ တော်တော်မလွယ်ကူတဲ့အခွင့်အရေးပါ။ အခြေခံလူတန်းစားတွေအတွက် နေထိုင်စားသောက်မှုစရိတ်တောင် အလျဉ်မီအောင်ရှာဖွေနေရတဲ့အချိန်မျိုးမှာ ကိုယ့်ဘဝအတွက် ရှင်သန်နေထိုင်ဖို့အဆင်ပြေစေမယ့် အိမ်ကောင်းကောင်းလေးတစ်လုံးရဖို့ကတော့ တော်တော်ကြီးမားတဲ့အိပ်မက်ပါပဲ။ အဲ့ဒီအိပ်မက်ဟာ အိမ်ရာတွေပိုနေတဲ့ ဒီနိုင်ငံ ၅ နိုင်ငံမှာတော့ နိုင်ငံသားဖြစ်ရုံနဲ့ တမဟုတ်ချင်း ပိုင်ဆိုင်ခွင့်ရမယ့် လက်တွေ့အရာတွေပါ။ နိုင်ငံသားအသစ်တိုင်းကို အခကြေးငွေ လခပေးစရာမလိုဘဲ အိမ်ရာတွေ အလကားနေထိုင်ခွင့်ပေးနေတဲ့ နိုင်ငံတွေကတော့-

(၁) Italy

အီတလီနိုင်ငံ ရဲ့ Sicily မြေထဲပင်လယ်ကျွန်းပေါ်က Gangi ဆိုတဲ့မြို့လေးဟာ နေထိုင်သူလူဦးရေ တဖြည်းဖြည်းလျော့ကျလာကာ ၂၀၁၀၄ခုနှစ် သန်းခေါင်စာရင်းအရ လူ ၇၀၀၀ ကျော်သာရှိပြီး အိမ်ရာတွေပိုလျှံများပြားနေတာကြောင့် တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းမဆိုင်မိတာတောင်ကြာပါပြီတဲ့။ အဲ့မြို့လေးမှာနေထိုင်မယ်ဆိုရင်တော့ အီတလီအစိုးရက အိမ်ရာတွေပေးဖို့ အသင့်ပါပဲ။

(၂) United States of America

အမေရိကန်လို အစစအရာရာ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတစ်ခုမှာ အိမ်ရာနေထိုင်ခွင့်အလကားရမယ်ဆိုတာ ကိုယ့်နားကိုယ်တောင် မယုံနိုင်မယ့် အရာပါ။ ဒါပေမယ့် ကိုယ်နေထိုင်မယ့် ပတ်ဝန်းကျင်အတွက် ဖွံ့ဖြိုးတိုးတက်စေမယ့်အသိစိတ်မျိုး၊ ဝင်ငွေအလုပ်အကိုင်ဖန်တီးပေးမှုတွေသာ ရှိနိုင်မယ်ဆိုရင် Gary နဲ့ Detroit တို့လိုမြို့ကြီးတွေမှာ အိမ်ရာနေထိုင်ခွင့်အခမဲ့ပေးနိုင်ပါတယ်တဲ့။

(၃) South Africa

တောင်အာဖရိကမှာလည်း အိမ်ရာနေထိုင်ခွင့်အခမဲ့ပါပဲတဲ့။ ဒါပေမယ့် အီတလီတို့အမေရိကန်တို့နဲ့ မတူတဲ့အချက်ကတော့ တောင်အာဖရိကနိုင်ငံဟာ သူ့နိုင်ငံမှာနေထိုင်တဲ့ ဆင်းရဲနွမ်းပါးသူတို့အတွက်သာ အိမ်ရာတွေဖန်တီးပေးတာဖြစ်ပါတယ်။ ကောင်းမွန်တဲ့အရွေ့ကို ဖော်ဆောင်နေတဲ့ တောင်အာဖရိကအစိုးရအနေနဲ့ အခွင့်ထူးခံမဟုတ်တဲ့ ဆင်းရဲနွမ်းပါးသူလူတန်းစားများကိုသာ အိမ်တွေအခမဲ့တည်ဆောက်ကာ နေထိုင်ခွင့်ပေးနေတာဖြစ်ပါတယ်။

(၄) Pitcairn Islands

ပစိဖိတ်သမုဒ္ဓရာတောင်ပိုင်းမှာရှိတဲ့ မီးတောင်ကျွန်းစု ၄စုထဲက တစ်ခုဖြစ်တဲ့ ပစ်ကိန်(Pitcairn) ကျွန်းစုလေးကတော့ တဖြည်းဖြည်းလျော့ကျလာတဲ့လူဦးရေကြောင့် ခုဆိုကျွန်းပေါ်မှာ လူဦးရေ ၅၀ခန့်သာကျန်ပါတော့တယ်။ ဗြိတိသျှပင်လယ်ရပ်ခြားနယ်မြေအပိုင်ဖြစ်တာမို့ ကျွန်းပေါ်မှာ အေးအေးငြိမ်းငြိမ်းနေထိုင်ရင်း သဘာဝပင်လယ်ကြီးနဲ့ အုန်းပင်တွေကြားမှာ ကျန်ရှိနေတဲ့ဘဝကို ဖြတ်သန်းဖို့သေချာပြီဆိုရင်တော့ ဗြိတိသျှအစိုးရကို နေထိုင်ခွင့်တောင်းရုံနဲ့ ကျွန်းပေါ်ကအိမ်တွေမှာနေခွင့်ရမှာပါတဲ့။

(၅) Columbia

တောင်အမေရိကတိုက်ရဲ့ အလှကိုယှဉ်လို့ရတဲ့ ကိုလံဘီယာနိုင်ငံမှာလည်း နိမ့်ကျနွမ်းပါးသူတွေအတွက် အိမ်ရာအခမဲ့နေထိုင်ခွင့်တွေပေးနေပါသေးတယ်။ နိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းနှေးကွေးနေသေးပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်က ခရီးသွားတွေကြား လည်ပတ်စရာတစ်နိုင်ငံအဖြစ် မျက်စိကျခြင်းခံလာရပြီး စီးပွားရေးအင်အားအနည်းငယ်တောင့်တင်းလာခဲ့ပါတယ်။

အိမ်ရာတစ်လုံးပိုင်ဆိုင်ဖို့ အခက်အခဲရှိလာပြီဆိုရင်တော့ ဒီနိုင်ငံတွေမှာလည်း နေထိုင်ခွင့်ရပြီဆိုရင် အိမ်ပိုင်ဖို့ မျှော်လင့်ချက်လေးရှိနေပြီနော်။

EiEiKhineMinn (Akhayar)

Ref: www.womenarticle.com