[Zawgyi]

က်န္းမာေရးဆိုင္ရာ အေရးေပၚသံုး အယူအဆလြဲမ်ား

ေစ်းသံုးလည္းမလြယ္နဲ႔ ေရွးထံုးလည္းမပယ္နဲ႔ဆိုတဲ့ စကားအတိုင္း ေရွးလူႀကီးသူမစကားေတြကို နားေထာင္တာေကာင္းေပမယ့္ တစ္ခါတစ္ေလမွာ အဘိုးအဘြား၊ အေဖတို႔ အေမတို႔ေခတ္တုန္းက ေခတ္ကာလအေျခအေနအရက်င့္သံုးလာခဲ့တဲ့ တစ္ခ်ိဳ႕နည္းေတြဟာ ဒီဘက္ေခတ္မွာ အံဝင္ဂြင္က်မျဖစ္ေတာ့တာေတြရွိပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ဟိုးယခင္ကာလေတြတုန္းက အရာရာမွာ ေခတ္မီပစၥည္းေတြမေပၚသလို ေရာဂါဘယဆိုတာလည္း သိပ္ၿပီးမထူေျပာတဲ့အတြက္ ဒါျဖစ္ရင္ ဒီလိုလုပ္ရတယ္ဆိုတာမ်ိဳးက အသံုးဝင္ပါတယ္။ ဒါေပမဲ့ ဒီဘက္ေခတ္မွာေတာ့ ဒါျဖစ္ရင္ ဒီလိုလုပ္ေပမယ့္ အဆင္ေျပခ်င္မွေျပတာပါ။ အထူးသျဖင့္ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ေရွးဦးသူနာျပဳနည္းေတြနဲ႔ပတ္သက္ရင္ မေပါ့ဆသင့္ပါဘူး။ ဒါေၾကာင့္ အမ်ားစုလြဲမွားေနတဲ့ အခ်က္ေလးေတြကိုသိရေအာင္ ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလုိက္ပါတယ္။

ကားအက္ဆီးဒင့္ျဖစ္ရင္ ရုတ္တရက္ေပြ႕ထူတာ

ကားအက္ဆီးဒင့္ျဖစ္တယ္ ဒါမွမဟုတ္ ယာဥ္မေတာ္တဆျဖစ္တယ္ဆိုရင္ လူနာကို ရုတ္တရက္ထူမတ္ေပးတာနဲ႔ မခ်ီတာမ်ိဳးေတြ မလုပ္သင့္ပါဘူး။ လူနာရဲ႕ခႏၶာကိုယ္မွာ ဒဏ္ရာႀကီးႀကီးမားမားမေတြ႔ရဘူးဆိုရင္ေတာင္ ေက်ာရိုးနဲ႔အရိုးအဆစ္ထိခိုက္တာေတြ ျဖစ္တတ္တာေၾကာင့္ လူနာကို ဘာလႈပ္ရွား မႈမွမျဖစ္ေစသင့္ပါဘူး။ အဲဒီအစား သက္ဆိုင္ရာ က်န္းမာေရးေဆးခန္း၊ ေဆးရံုတို႔ကို အေၾကာင္းၾကားၿပီး ေဆးရံုကားလာတဲ့အခ်ိန္ ကၽြမ္းက်င္သူေတြလာတဲ့အခ်ိန္အထိ ေစာင့္သင့္ပါတယ္။

Health

လိုလိုမယ္မယ္ေဆးေသာက္တာ

ေရာဂါတစ္ခုခုျဖစ္ၿပီဆိုရင္ လူတစ္ဦးခ်င္းစီဟာ ေဆးေသာက္ရတာျခင္းတူရင္ေတာင္ အမ်ိဳးအစားတူခ်င္မွ တူပါတယ္။ တစ္ခ်ိဳ႕က ဓာတ္မတည့္တာႀကံဳရသလို တစ္ခ်ိဳ႕က်ေတာ့ ေဆးမတိုးတာေတြႀကံဳရတတ္ပါတယ္။ ဒါေၾကာင့္ ေဆးကို မလိုအပ္ဘဲ ေသာက္တာမ်ိဳးမလုပ္သင့္ပါဘူး။ ဆရာဝန္ညႊန္ၾကားမႈကိုရယူၿပီးမွ ေဆးေသာက္သင့္ပါတယ္။

Health

ဆီပူေလာင္ရင္ ဆီလိမ္းတာ

တခ်ိဳ႕သံဆူးရင္ သံကိုေသြးလိမ္းရတယ္တဲ့။ အခုလည္း ဆီပူေလာင္ရင္ ဆီလိမ္းရတယ္ဆိုတဲ့ အယူအဆဟာ မွားယြင္းေနတယ္ဆိုတာ ႏွစ္ေပါင္းေတာ္ေတာ္ၾကာမွ ဆရာဝန္ေတြသိခဲ့ရပါတယ္။ လူႀကီးသူမေတြကေတာ့ ဒါကို ကတ္ကင္းရိုက္တယ္လို႔ေျပာၾကတယ္။ ဆီကဆီပူေလာင္ကိုေပ်ာက္ေအာင္မလုပ္ေပးႏိုင္သလို ပိုၿပီးလည္းဆိုးေစပါတယ္။ တကယ္လို႔ဆီပူေလာင္ခဲ့ရင္ ေရေအးေအးထဲမွာ မိနစ္ႏွစ္ဆယ္ခန္႔စိမ္ထားၿပီး ေျခာက္ေအာင္သုတ္ၿပီးမွ ေဆးလိမ္းေပးရမွာျဖစ္ပါတယ္။

Health

အရက္ကိုေမ့ေဆး၊ထံုေဆးအျဖစ္သံုးတာ

အရက္ကို ထံုေဆး၊ ေမ့ေဆးအေနနဲ႔ သံုးလို႔ရတယ္ဆိုတဲ့ အယူအဆမွားတစ္ခုလည္းရွိပါတယ္။ ေသြးထြက္သံယိုျဖစ္ေနတဲ့အခ်ိန္မွာ အရက္ေသာက္မိရင္ ေသြးကိုပိုထြက္ေစပါတယ္။ အထူးသျဖင့္ ကိုယ္ခံအားနည္းေနတဲ့အခ်ိန္ အရက္ေသာက္ရင္ ခႏၶာကိုယ္အတြက္ အဆိပ္အေတာက္ျဖစ္ေစပါတယ္။ ဒါ့အျပင္ ဒဏ္ရာရထားၿပီး အရက္ပါေသာက္ထားတဲ့ လူအတြက္ ေဆးဝါးကုသတဲ့အခ်ိန္မွာ ထိေရာက္မႈလည္းနည္းေစပါတယ္။ ဒါေၾကာင္႔ ဒီအယူအဆဟာ စြန္႔လႊတ္ရမယ့္အယူအဆတစ္ခုပဲျဖစ္ပါတယ္။

Health4

ဒဏ္ရာရသူကို ဘာမွမကူညီႏိုင္ရင္

တစ္ေနရာရာမွာ အက္ဆီးဒင့္ ဒါမွမဟုတ္ ယာဥ္တိုက္မႈတို႔ျဖစ္ၿပီဆိုရင္ သင့္အေနနဲ႔ ဘာမွမကူညီႏိုင္ရင္ ခပ္ေဝးေဝးမွာေနသင့္ပါတယ္။ ေပါက္ကြဲမႈ၊ မီးေလာင္မႈ စသျဖင့္ ရုန္းရင္းဆန္ခတ္အေျခအေနေတြမွာ သင့္ကိုပါ အႏၱရာယ္ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ သင္ကိုယ္တိုင္ လံုၿခံဳတဲ့ေနရာမွာအရင္ေနၿပီးမွ သက္ဆိုင္ရာကိုအေၾကာင္းၾကားၿပီး အကူအညီေတာင္းသင့္ပါတယ္။ ကူညီမယ့္သူဟာ ဒုတိယလူနာ မျဖစ္ေရးဟာ အဓိကအေရးႀကီးပါတယ္။

Health

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကျန်းမာရေးဆိုင်ရာ အရေးပေါ်သုံး အယူအဆလွဲများ

ဈေးသုံးလည်းမလွယ်နဲ့ ရှေးထုံးလည်းမပယ်နဲ့ဆိုတဲ့ စကားအတိုင်း ရှေးလူကြီးသူမစကားတွေကို နားထောင်တာကောင်းပေမယ့် တစ်ခါတစ်လေမှာ အဘိုးအဘွား၊ အဖေတို့ အမေတို့ခေတ်တုန်းက ခေတ်ကာလအခြေအနေအရကျင့်သုံးလာခဲ့တဲ့ တစ်ချို့နည်းတွေဟာ ဒီဘက်ခေတ်မှာ အံဝင်ဂွင်ကျမဖြစ်တော့တာတွေရှိပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ဟိုးယခင်ကာလတွေတုန်းက အရာရာမှာ ခေတ်မီပစ္စည်းတွေမပေါ်သလို ရောဂါဘယဆိုတာလည်း သိပ်ပြီးမထူပြောတဲ့အတွက် ဒါဖြစ်ရင် ဒီလိုလုပ်ရတယ်ဆိုတာမျိုးက အသုံးဝင်ပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ ဒါဖြစ်ရင် ဒီလိုလုပ်ပေမယ့် အဆင်ပြေချင်မှပြေတာပါ။ အထူးသဖြင့် ကျန်းမာရေးနဲ့ပတ်သက်ပြီး ရှေးဦးသူနာပြုနည်းတွေနဲ့ပတ်သက်ရင် မပေါ့ဆသင့်ပါဘူး။ ဒါကြောင့် အများစုလွဲမှားနေတဲ့ အချက်လေးတွေကိုသိရအောင် ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ကားအက်ဆီးဒင့်ဖြစ်ရင် ရုတ်တရက်ပွေ့ထူတာ

ကားအက်ဆီးဒင့်ဖြစ်တယ် ဒါမှမဟုတ် ယာဉ်မတော်တဆဖြစ်တယ်ဆိုရင် လူနာကို ရုတ်တရက်ထူမတ်ပေးတာနဲ့ မချီတာမျိုးတွေ မလုပ်သင့်ပါဘူး။ လူနာရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာကြီးကြီးမားမားမတွေ့ရဘူးဆိုရင်တောင် ကျောရိုးနဲ့အရိုးအဆစ်ထိခိုက်တာတွေ ဖြစ်တတ်တာကြောင့် လူနာကို ဘာလှုပ်ရှား မှုမှမဖြစ်စေသင့်ပါဘူး။ အဲဒီအစား သက်ဆိုင်ရာ ကျန်းမာရေးဆေးခန်း၊ ဆေးရုံတို့ကို အကြောင်းကြားပြီး ဆေးရုံကားလာတဲ့အချိန် ကျွမ်းကျင်သူတွေလာတဲ့အချိန်အထိ စောင့်သင့်ပါတယ်။

Health

လိုလိုမယ်မယ်ဆေးသောက်တာ

ရောဂါတစ်ခုခုဖြစ်ပြီဆိုရင် လူတစ်ဦးချင်းစီဟာ ဆေးသောက်ရတာခြင်းတူရင်တောင် အမျိုးအစားတူချင်မှ တူပါတယ်။ တစ်ချို့က ဓာတ်မတည့်တာကြုံရသလို တစ်ချို့ကျတော့ ဆေးမတိုးတာတွေကြုံရတတ်ပါတယ်။ ဒါကြောင့် ဆေးကို မလိုအပ်ဘဲ သောက်တာမျိုးမလုပ်သင့်ပါဘူး။ ဆရာဝန်ညွှန်ကြားမှုကိုရယူပြီးမှ ဆေးသောက်သင့်ပါတယ်။

Health

ဆီပူလောင်ရင် ဆီလိမ်းတာ

တချို့သံဆူးရင် သံကိုသွေးလိမ်းရတယ်တဲ့။ အခုလည်း ဆီပူလောင်ရင် ဆီလိမ်းရတယ်ဆိုတဲ့ အယူအဆဟာ မှားယွင်းနေတယ်ဆိုတာ နှစ်ပေါင်းတော်တော်ကြာမှ ဆရာဝန်တွေသိခဲ့ရပါတယ်။ လူကြီးသူမတွေကတော့ ဒါကို ကတ်ကင်းရိုက်တယ်လို့ပြောကြတယ်။ ဆီကဆီပူလောင်ကိုပျောက်အောင်မလုပ်ပေးနိုင်သလို ပိုပြီးလည်းဆိုးစေပါတယ်။ တကယ်လို့ဆီပူလောင်ခဲ့ရင် ရေအေးအေးထဲမှာ မိနစ်နှစ်ဆယ်ခန့်စိမ်ထားပြီး ခြောက်အောင်သုတ်ပြီးမှ ဆေးလိမ်းပေးရမှာဖြစ်ပါတယ်။

Health

အရက်ကိုမေ့ဆေး၊ထုံဆေးအဖြစ်သုံးတာ

အရက်ကို ထုံဆေး၊ မေ့ဆေးအနေနဲ့ သုံးလို့ရတယ်ဆိုတဲ့ အယူအဆမှားတစ်ခုလည်းရှိပါတယ်။ သွေးထွက်သံယိုဖြစ်နေတဲ့အချိန်မှာ အရက်သောက်မိရင် သွေးကိုပိုထွက်စေပါတယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းနေတဲ့အချိန် အရက်သောက်ရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေပါတယ်။ ဒါ့အပြင် ဒဏ်ရာရထားပြီး အရက်ပါသောက်ထားတဲ့ လူအတွက် ဆေးဝါးကုသတဲ့အချိန်မှာ ထိရောက်မှုလည်းနည်းစေပါတယ်။ ဒါကြောင့် ဒီအယူအဆဟာ စွန့်လွှတ်ရမယ့်အယူအဆတစ်ခုပဲဖြစ်ပါတယ်။

Health4

ဒဏ်ရာရသူကို ဘာမှမကူညီနိုင်ရင်

တစ်နေရာရာမှာ အက်ဆီးဒင့် ဒါမှမဟုတ် ယာဉ်တိုက်မှုတို့ဖြစ်ပြီဆိုရင် သင့်အနေနဲ့ ဘာမှမကူညီနိုင်ရင် ခပ်ဝေးဝေးမှာနေသင့်ပါတယ်။ ပေါက်ကွဲမှု၊ မီးလောင်မှု စသဖြင့် ရုန်းရင်းဆန်ခတ်အခြေအနေတွေမှာ သင့်ကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင် လုံခြုံတဲ့နေရာမှာအရင်နေပြီးမှ သက်ဆိုင်ရာကိုအကြောင်းကြားပြီး အကူအညီတောင်းသင့်ပါတယ်။ ကူညီမယ့်သူဟာ ဒုတိယလူနာ မဖြစ်ရေးဟာ အဓိကအရေးကြီးပါတယ်။

Health

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။