[Zawgyi]

ကမၻာေပၚက နာမည္ၾကီးႏႈတ္ခမ္းနီအမွတ္တံဆိပ္ ၅ မ်ိဳး

ႏႈတ္ခမ္းနီေတြဟာ ပံုစံအမ်ဳိးမ်ဳိး ဒီဇိုင္းအမ်ဳိးမ်ဳိးနဲ႔ အာနိသင္အမ်ဳိးမ်ဳိးရွိကာ အမ်ဳိးသမီးမ်ားရဲ႕အလွအပအတြက္ မရွွိမျဖစ္အသံုးအေဆာင္တစ္ခုအေနနဲ႔ ရပ္တည္ေနပါတယ္။ ႏႈတ္ခမ္းနီအေရာင္က အမ်ဳိးသမီးေတြရဲ႕ Personality ကို ေပၚလြင္ထင္ရွားေစတဲ့အျပင္ အလွတရားကို ခ်က္ခ်င္းအားျဖည္႔ေပးတဲ႔ အေရးေပၚအလွအပပစၥည္းေလးတစ္ခုဆိုရင္လည္း မမွားပါဘူး။

ယေန႔ေခတ္ Cosmetic Shop ေတြနဲ႔ Beauty Shop ေတြမွာ Lipstick ေတြကို အမ်ဳိးမ်ဳိးေသာ အမ်ဳိးအစားကဲြ နာမည္ကဲြေတြနဲ႔ ရရွိေနပါၿပီး။ အဲလိုထြက္ေပၚေနတာေၾကာင္႔ အမ်ဳိးသမီးေတြအေနနဲ႔လည္း လြယ္လင္႔တကူ ေရြးခ်ယ္ဝယ္ယူႏိုင္ပါတယ္။ Lipstick ေရြးခ်ယ္ဝယ္ယူတဲ့အခါ သတိထားသင္႔တာက အလြယ္တကူေရြးခ်ယ္ဝယ္ယူႏိုင္ေသာ္လည္း နာမည္ေက်ာ္ Brand တစ္ခုခုကေန Quality ေကာင္းေကာင္းနဲ႔ ႏႈတ္ခမ္းနီကိုသာ ေရြးခ်ယ္ဝယ္ယူသင္႔ပါတယ္။ ဘာေၾကာင့္္လဲဆိုေတာ႔ Cosmetic ေတြ မႈိလိုေပါက္ေနတဲ့ေခတ္ႀကီးထဲမွာ နာမည္ေက်ာ္ Brand ေတြနဲ႔ တစ္ထပ္တည္းပံုစံတူတဲ႔ Lipstick အတုေတြက ေစ်းကြက္ထဲမွာ အမ်ားအျပားေပၚေပါက္ေနလို႔႔ပဲျဖစ္ပါတယ္။ Quality မေကာင္းတဲ႔ Lipstick ကို ဆိုးမိခဲ႔မယ္ဆိုရင္ ႏႈတ္ခမ္းသားကိုပ်က္ဆီးယိုယြင္းေစၿပီး ညိဳမဲြတဲ႔ႏႈတ္ခမ္းသားအသြင္ကို ေရာက္ရွိသြားေစႏုိင္ပါတယ္။ အဲလိုမ်ဳိးမျဖစ္ရေအာင္ ေစ်းကြက္ထဲမွာစိတ္ခ်ရၿပီး ကမာၻ႔ေပၚမွာလည္း တန္ဖိုးႀကီးႏႈတ္ခမ္းနီစာရင္းထဲမွာပါဝင္တဲ႔ ႏႈတ္ခမ္းနီအခ်ဳိ႕ကို ေရြးခ်ယ္ဝယ္ယူႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

(1) MAC

MAC ကေတာ႔ အမ်ဳိးသမီးတိုင္းလိုလိုသိၾကတဲ့ Lipstick အမ်ဳိးအစားျဖစ္ၿပီး အရည္အေသြးသာလြန္ေကာင္းမြန္တဲ႔ တန္ဖိုးႀကီး Lipstick Brand တစ္ခုပဲ ျဖစ္ပါတယ္။ ဒီ Brand က စိတ္ခ်ရတဲ႔ကုန္ၾကမ္းေတြနဲ႔ ထုတ္လုပ္ထားျပီး အရည္အေသြးေကာင္းတဲ႔အလွကုန္ေတြကိုသာ သံုးေလ့ရွိတဲ႔ အမ်ဳိးသမီးေတြအတြက္ ရည္ရြယ္ၿပီး ထုတ္လုပ္ထားတာျဖစ္တဲ႔အျပင္ သူရဲ႕ Quality ကလည္း သာမန္ Brand ေတြနဲ႔မတူဘဲ ေစ်းႏႈန္းလည္းႀကီးျမင္႔ၿပီး တာရွည္အသံုးခံပါတယ္။ ဒါအျပင္ က်က္သေရရွိၿပီး Classic ျဖစ္လို႔ ရုပ္ရွင္စတားေတြ ၊ ေမာ္လ္ဒယ္ေတြနဲ႔Celebrity ေတြ လက္မလြတ္တမ္း အသံုးျပဳေနတဲ့ Brand တစ္ခုျဖစ္ပါတယ္။ MAC မွာ Glosses ၊ Lipstick နဲ႔ Tints ဆိုၿပီး ကာလာအမ်ဳိးမ်ဳိးနဲ႔ ထြက္ရွိပါတယ္။ MAC မွာ ေရြးခ်ယ္စရာ ကာလာေတြအမ်ဳိးမ်ဳိးရွိတဲ႔အျပင္ အသားေရအမ်ဳိးအစားေတာ္ေတာ္မ်ားမ်ားနဲ႔လည္း ကိုက္ညီမႈရွိတဲ့အတြက္ အမ်ဳိးသမီးေတြအသည္းစြဲ Brand တစ္ခုျဖစ္ေနတာပါ။

MAC-Lipstick

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

(2) Yves Saint Laurent

Yves Saint Laurent က ကမာၻ႔ေက်ာ္ Cosmetic Brand တစ္ခုျဖစ္တဲ႔အျပင္ Makeup Artist ေတြၾကားထဲမွာ ေပၚျပဴလာျဖစ္တဲ႔ Brand တစ္ခုပဲဲျဖစ္ပါတယ္။ ဒီ Brand က Classy Lipstick ကာလာေတြနဲ႔ ေျမာက္ျမားလွစြာေသာ Glosses ေတြထုတ္လုပ္တဲ့ Brand တစ္ခုပဲဲျဖစ္ပါတယ္။ ဒါအျပင္ အမ်ဳိးသမီးေတြတန္ဖိုးထားတဲ႔ Brand တစ္ခုျဖစ္ၿပီး လူသားေတြအတြက္ အက်ဳိးအာနိသင္ျဖစ္ေစတဲ့ Nutritional Food ကဲ့သို႔ေသာ Product ေတြကိုလည္း ထုတ္လုပ္ေနတဲ႔ Brand တစ္ခုပဲျဖစ္ပါတယ္။ Yves Saint Laurent Lipstick ရဲ႕ အမွတ္အသားက Antioxidant ပါဝင္တာပဲျဖစ္ပါတယ္။ Lipstick မွာပါဝင္တဲ႔ Antioxidant က အမ်ဴိးသမီးေတြရဲ႕ အသားအေရကိုက်န္းမာေစၿပီး ႏႈတ္ခမ္းသားကို ေတာက္ပတဲ့အသြင္ ေဖာ္ေဆာင္ေပးပါတယ္။ သူမွာပါဝင္တဲ့ Antioxidant က ႏႈတ္ခမ္းသားေျခာက္ေသြ႔ကဲြအက္ျခင္းကိုလည္း ကာကြယ္ေပးပါတယ္။

Yves Saint Laurent

(3) Nars

Nars က အေကာင္းဆံုးေသာ Skin Care Product အျဖစ္ ကမာၻ႔ေပၚမွာ ေက်ာ္ၾကားပါတယ္။ ဒီ Brand ရဲ႕ Lipstick ေတြကေတာ႔ အသီးနံေလးေတြနဲ႔ ထုတ္လုပ္ထားပါတယ္။ ႏႈတ္ခမ္းသားေတြရဲ႕ က်န္းမာေရးကို ထိန္းသိမ္းဖို႔အတြက္ အသီးေတြမွထုတ္လုပ္ထားတဲ႔ အာဟာရျပည္႔ဝတဲ႔ ပါဝင္ပစၥည္ေတြနဲ႔ ျပဳလုပ္ထားပါတယ္။ ထိုျပင္ Nars Lipstick ေတြက ၾကာရွည္ခံၿပီး Waterproof Lipstick အမ်ဳိးအစားျဖစ္ပါတယ္။ က်န္းမာတဲ႔ဘဝေနထိုင္မႈကိုျမတ္ႏိုးတဲ့ အမ်ဳိးသမီးေတြအတြက္ Nars က ယံုၾကည္ရတဲ႔ Brand တစ္ခုအျဖစ္ အသိအမွတ္ျပဳျခင္းခံထားရပါတယ္။ Bronzers ၊ Lipstick ၊ Blusher နဲ႔ Eye Plattes ဆိုၿပီး Nars က အလွကုန္ပစၥည္းေတြ အေျမာက္အျမားထြက္ေပမယ္႔ Nars က Red Lipstick နဲ႔ ေက်ာ္ၾကားလာျခင္းျဖစ္ပါတယ္။ သူရဲ႕Lipstick နဲ႔ အမ်ဳိးသမီးေတြရဲ႕အာရုံကို ဆဲြေဆာင္သိမ္းသြင္းႏိုင္ၿပီး ဒီ Lipstick ကို ဝယ္ယူလိုက္တာနဲ႔ ေပးရတာထိုက္တန္တယ္ဆိုတဲ႔ ခံစားခ်က္ကို ေပးစြမ္းႏိုင္ပါတယ္။

Nars-Lipstick

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

(4) Dior

ကမာၻ႔ေက်ာ္ ေဟာလိဝုဒ္မင္းသား၊ မင္းသမီးေတြ သံုးေလရွိတဲ႔ Brand ေတြထဲက တစ္ခုပဲျဖစ္ပါတယ္။ ထူးျခားေကာင္းမြန္တဲ႔ Quality နဲ႔ ၿပီးျပည္႔စံုတဲ႔ ေခ်ာေမြ႔မႈကိုရရွိေစလို႔ မိတ္ကပ္ပညာရွင္ေတြ လက္မခ်တမ္း အသံုးျပဳေနတဲ႔ Brand တစ္ခုျဖစ္ပါတယ္။ Dior မွာ Dior Rouge ၊ Dior Addict နဲ႔ Diorific ဆိုၿပီး ႏႈတ္ခမ္းနီအမ်ဳိးအစားသံုးမ်ဳိး ထြက္ရွိပါတယ္။ Dior ကထုတ္တဲ႔ ႏႈတ္ခမ္းနီေတြက သဘာဝအေရာင္ဓာတ္ပစၥည္းေတြနဲ႔ ဖဲြ႔စည္းထားၿပီး Matte Lipstick အမ်ဳိးအစားျဖစ္ၿပီး ဆိုးထားတဲ႔အခ်ိန္မွာ သက္ေသာင္႔သက္သာရွိၿပီး Long Lasting ျဖစ္ေစပါတယ္။ Dior Lipstick ကို ဆိုးထားတဲ့အခ်ိန္မွာ ခံ႔ညားတဲ႔ အေရာင္ကာလာေတြေၾကာင္႔ ဝင္႔ၾကြားႏိုင္သလို Matte Type ျဖစ္ေပမယ္႔လည္း ႏႈတ္ခမ္းသားေျခာက္ေသြ႔ျခင္းမရွိဘဲ ေပါ့ေပါ႔ပါးပါးနဲ႔ ၁၆ နာရီတိုင္ေအာင္ တာရွည္ခံမႈကလည္း သူရဲ႕ထူးျခားခ်က္ပါပဲ။ အဓိကကေတာ့ Long Lasting Lipstick ျဖစ္ၿပီး ေရြးခ်ယ္စရာ အေရာင္ကာလာအေျမာက္အျမားရွိျခင္းေၾကာင္႔လည္း လူႀကိဳက္မ်ားရျခင္း ျဖစ္ပါတယ္။

Dior-Lipstick

(5) Lancome

ေမာ္လ္ဒယ္အမ်ားစု၊ မိတ္ကပ္ပညာရွင္ေတြနဲ႔ ဖက္ရွင္သမားေတြ ပထမဆံုးေရြးခ်ယ္တဲ့ ႏႈတ္ခမ္းနီအမ်ဳိးအစားကိုျပပါဆို Lancome ႏႈတ္ခမ္းနီကို လက္ညိွုးထိုးၾကမွာ အေသအခ်ာပါပဲ။ Lancome က ခမ္းနားတဲ့ ျပင္သစ္ Cosmetic Brand ျဖစ္ၿပီး တစ္ကမာၻ႔လံုးရွိ မိန္းကေလးေတြၾကားမွာ ေရပန္းစားမႈအမ်ားဆံုး Brand တစ္ခုအျဖစ္ ရပ္တည္ေနပါတယ္။ Lancome မွ ထုတ္လုပ္တဲ့ ႏႈတ္ခမ္းနီေတြက ေစ်းအလြန္ႀကီးမားေသာ Liquid Matte Lipstick အမ်ဳိးအစားျဖစ္ကာ သဘာဝအေရာင္ေတြကိုပဲ စဲြမက္ဖြယ္ေကာင္းေအာင္ ကဲြျပားျခားနားစြာ ထုတ္လုပ္ထားပါတယ္။ လႈပ္ရမ္းလို႔ရတဲ့ အရည္ပံုစံ Lipstick ကို တစ္မူထူးျခားေအာင္ တီထြင္ဖန္တီးထားကာ သူရဲ႕ႏႈတ္ခမ္းနီကို ဆိုးလိုက္ၿပီး မိနစ္အနည္းငယ္အတြင္းမွာ လွပက်က္သေရရွိတဲ႔ႏႈတ္ခမ္းတစ္စံုကို ဖန္ဆင္းေပးလိုက္သလားလို႔ေတာင္ ထင္မွတ္ရေလာက္အာင္ ထူးျခားဆန္းျပားမႈကို ရရွိေစပါတယ္။ ေရြးခ်ယ္စရာ အေရာင္ခုနစ္ေရာင္ရွိကာ ေမွာင္တဲ႔အေရာင္ကေန လင္းတဲ့အေရာင္ထိ ကာလာစံုပါဝင္ပါတယ္။Lancome ကို လူႀကိဳက္အမ်ားဆံုးျဖစ္ရျခင္းရဲ႕ စိတ္ဝင္စားဖြယ္အခ်က္က Silicone Oil တစ္မ်ဳိး ေပါမ်ားစြာပါဝင္ကာ အဲ႔ Oil ေၾကာင္႔ ႏႈတ္ခမ္းသားေပၚမွာ ဆိုးလိုက္ရင္ ေစးကပ္ေစးကပ္ျဖစ္ျခင္းကို ကာကြယ္ေပးပါတယ္။ ဒီ Oil ပါဝင္မႈေၾကာင့္ ေျခာက္ေသြ႔ျခင္းကင္းၿပီး ဆဲြေဆာင္မႈျပည္႔တဲ႔ ႏႈတ္ခမ္းတစ္စံုအျဖစ္ ရရွိလာရျခင္းပဲျဖစ္ပါတယ္။

Lancome-Lipstick

အမ်ဳိးသမီးေတြရဲ႕ဘဝမွာ ႏႈတ္ခမ္းနီက လ်စ္လ်ဴရွဴထားလို႔မရေတာ႔တဲ့ အလွျပင္ပစၥည္းတစ္ခုျဖစ္လာပါၿပီး။ ကဲ အခုေဖာ္ျပထားတဲ့ Lipstick ေတြက ေပးရတဲ႔တန္ဖိုးနဲ႔ကိုက္ညီၿပီး အမိုက္စားႏႈတ္ခမ္းတစ္စံုကုိ ေဖာ္ေဆာင္ေပးမယ္႔ Lipstick ေတြျဖစ္လို႔ ဘာမွမျပင္ရရင္ေနပါေစ ႏႈတ္ခမ္းနီေလးဆိုးလိုက္ရရင္ ၿပီးျပည္႔စံုတဲ့အလွကို ရရွိသြားဖို႔ အာမခံတာမို႔ ႏႈတ္ခမ္းနီေရြးခ်ယ္ရခက္ေနတဲ႔ မဒီပ်ဳိေတြအတြက္အၾကံဥာဏ္ေကာင္းေလးေတြရရွိသြားၿပီလို႔ထင္ပါတယ္။ ကိုယ္ရဲ႕ခ်စ္သူခင္သူေတြလည္း လွပတဲ႔ႏႈတ္ခမ္းတစ္စံုကိုပိုင္ဆိုင္ႏုိင္ဖို႔ ျပန္လည္မွ်ေဝေပးလိုက္ပါဦး။

H.H(အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကမ္ဘာပေါ်က နာမည်ကြီးနှုတ်ခမ်းနီအမှတ်တံဆိပ် ၅ မျိုး

နှုတ်ခမ်းနီတွေဟာ ပုံစံအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုးနဲ့ အာနိသင်အမျိုးမျိုးရှိကာ အမျိုးသမီးများရဲ့အလှအပအတွက် မရှှိမဖြစ်အသုံးအဆောင်တစ်ခုအနေနဲ့ ရပ်တည်နေပါတယ်။ နှုတ်ခမ်းနီအရောင်က အမျိုးသမီးတွေရဲ့ Personality ကို ပေါ်လွင်ထင်ရှားစေတဲ့အပြင် အလှတရားကို ချက်ချင်းအားဖြည့်ပေးတဲ့ အရေးပေါ်အလှအပပစ္စည်းလေးတစ်ခုဆိုရင်လည်း မမှားပါဘူး။

ယနေ့ခေတ် Cosmetic Shop တွေနဲ့ Beauty Shop တွေမှာ Lipstick တွေကို အမျိုးမျိုးသော အမျိုးအစားကွဲ နာမည်ကွဲတွေနဲ့ ရရှိနေပါပြီး။ အဲလိုထွက်ပေါ်နေတာကြောင့် အမျိုးသမီးတွေအနေနဲ့လည်း လွယ်လင့်တကူ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Lipstick ရွေးချယ်ဝယ်ယူတဲ့အခါ သတိထားသင့်တာက အလွယ်တကူရွေးချယ်ဝယ်ယူနိုင်သော်လည်း နာမည်ကျော် Brand တစ်ခုခုကနေ Quality ကောင်းကောင်းနဲ့ နှုတ်ခမ်းနီကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဘာကြောင့််လဲဆိုတော့ Cosmetic တွေ မှိုလိုပေါက်နေတဲ့ခေတ်ကြီးထဲမှာ နာမည်ကျော် Brand တွေနဲ့ တစ်ထပ်တည်းပုံစံတူတဲ့ Lipstick အတုတွေက ဈေးကွက်ထဲမှာ အများအပြားပေါ်ပေါက်နေလို့ပဲဖြစ်ပါတယ်။ Quality မကောင်းတဲ့ Lipstick ကို ဆိုးမိခဲ့မယ်ဆိုရင် နှုတ်ခမ်းသားကိုပျက်ဆီးယိုယွင်းစေပြီး ညိုမွဲတဲ့နှုတ်ခမ်းသားအသွင်ကို ရောက်ရှိသွားစေနိုင်ပါတယ်။ အဲလိုမျိုးမဖြစ်ရအောင် ဈေးကွက်ထဲမှာစိတ်ချရပြီး ကမ္ဘာ့ပေါ်မှာလည်း တန်ဖိုးကြီးနှုတ်ခမ်းနီစာရင်းထဲမှာပါဝင်တဲ့ နှုတ်ခမ်းနီအချို့ကို ရွေးချယ်ဝယ်ယူနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

(1) MAC

MAC ကတော့ အမျိုးသမီးတိုင်းလိုလိုသိကြတဲ့ Lipstick အမျိုးအစားဖြစ်ပြီး အရည်အသွေးသာလွန်ကောင်းမွန်တဲ့ တန်ဖိုးကြီး Lipstick Brand တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ Brand က စိတ်ချရတဲ့ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ထားပြီး အရည်အသွေးကောင်းတဲ့အလှကုန်တွေကိုသာ သုံးလေ့ရှိတဲ့ အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အပြင် သူရဲ့ Quality ကလည်း သာမန် Brand တွေနဲ့မတူဘဲ ဈေးနှုန်းလည်းကြီးမြင့်ပြီး တာရှည်အသုံးခံပါတယ်။ ဒါအပြင် ကျက်သရေရှိပြီး Classic ဖြစ်လို့ ရုပ်ရှင်စတားတွေ ၊ မော်လ်ဒယ်တွေနဲ့Celebrity တွေ လက်မလွတ်တမ်း အသုံးပြုနေတဲ့ Brand တစ်ခုဖြစ်ပါတယ်။ MAC မှာ Glosses ၊ Lipstick နဲ့ Tints ဆိုပြီး ကာလာအမျိုးမျိုးနဲ့ ထွက်ရှိပါတယ်။ MAC မှာ ရွေးချယ်စရာ ကာလာတွေအမျိုးမျိုးရှိတဲ့အပြင် အသားရေအမျိုးအစားတော်တော်များများနဲ့လည်း ကိုက်ညီမှုရှိတဲ့အတွက် အမျိုးသမီးတွေအသည်းစွဲ Brand တစ်ခုဖြစ်နေတာပါ။

MAC-Lipstick

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

(2) Yves Saint Laurent

Yves Saint Laurent က ကမ္ဘာ့ကျော် Cosmetic Brand တစ်ခုဖြစ်တဲ့အပြင် Makeup Artist တွေကြားထဲမှာ ပေါ်ပြူလာဖြစ်တဲ့ Brand တစ်ခုပဲဖြစ်ပါတယ်။ ဒီ Brand က Classy Lipstick ကာလာတွေနဲ့ မြောက်မြားလှစွာသော Glosses တွေထုတ်လုပ်တဲ့ Brand တစ်ခုပဲဖြစ်ပါတယ်။ ဒါအပြင် အမျိုးသမီးတွေတန်ဖိုးထားတဲ့ Brand တစ်ခုဖြစ်ပြီး လူသားတွေအတွက် အကျိုးအာနိသင်ဖြစ်စေတဲ့ Nutritional Food ကဲ့သို့သော Product တွေကိုလည်း ထုတ်လုပ်နေတဲ့ Brand တစ်ခုပဲဖြစ်ပါတယ်။ Yves Saint Laurent Lipstick ရဲ့ အမှတ်အသားက Antioxidant ပါဝင်တာပဲဖြစ်ပါတယ်။ Lipstick မှာပါဝင်တဲ့ Antioxidant က အမျိူးသမီးတွေရဲ့ အသားအရေကိုကျန်းမာစေပြီး နှုတ်ခမ်းသားကို တောက်ပတဲ့အသွင် ဖော်ဆောင်ပေးပါတယ်။ သူမှာပါဝင်တဲ့ Antioxidant က နှုတ်ခမ်းသားခြောက်သွေ့ကွဲအက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

Yves Saint Laurent

(3) Nars

Nars က အကောင်းဆုံးသော Skin Care Product အဖြစ် ကမ္ဘာ့ပေါ်မှာ ကျော်ကြားပါတယ်။ ဒီ Brand ရဲ့ Lipstick တွေကတော့ အသီးနံလေးတွေနဲ့ ထုတ်လုပ်ထားပါတယ်။ နှုတ်ခမ်းသားတွေရဲ့ ကျန်းမာရေးကို ထိန်းသိမ်းဖို့အတွက် အသီးတွေမှထုတ်လုပ်ထားတဲ့ အာဟာရပြည့်ဝတဲ့ ပါဝင်ပစ္စည်တွေနဲ့ ပြုလုပ်ထားပါတယ်။ ထိုပြင် Nars Lipstick တွေက ကြာရှည်ခံပြီး Waterproof Lipstick အမျိုးအစားဖြစ်ပါတယ်။ ကျန်းမာတဲ့ဘဝနေထိုင်မှုကိုမြတ်နိုးတဲ့ အမျိုးသမီးတွေအတွက် Nars က ယုံကြည်ရတဲ့ Brand တစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံထားရပါတယ်။ Bronzers ၊ Lipstick ၊ Blusher နဲ့ Eye Plattes ဆိုပြီး Nars က အလှကုန်ပစ္စည်းတွေ အမြောက်အမြားထွက်ပေမယ့် Nars က Red Lipstick နဲ့ ကျော်ကြားလာခြင်းဖြစ်ပါတယ်။ သူရဲ့Lipstick နဲ့ အမျိုးသမီးတွေရဲ့အာရုံကို ဆွဲဆောင်သိမ်းသွင်းနိုင်ပြီး ဒီ Lipstick ကို ဝယ်ယူလိုက်တာနဲ့ ပေးရတာထိုက်တန်တယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။

Nars-Lipstick

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

(4) Dior

ကမ္ဘာ့ကျော် ဟောလိဝုဒ်မင်းသား၊ မင်းသမီးတွေ သုံးလေရှိတဲ့ Brand တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ထူးခြားကောင်းမွန်တဲ့ Quality နဲ့ ပြီးပြည့်စုံတဲ့ ချောမွေ့မှုကိုရရှိစေလို့ မိတ်ကပ်ပညာရှင်တွေ လက်မချတမ်း အသုံးပြုနေတဲ့ Brand တစ်ခုဖြစ်ပါတယ်။ Dior မှာ Dior Rouge ၊ Dior Addict နဲ့ Diorific ဆိုပြီး နှုတ်ခမ်းနီအမျိုးအစားသုံးမျိုး ထွက်ရှိပါတယ်။ Dior ကထုတ်တဲ့ နှုတ်ခမ်းနီတွေက သဘာဝအရောင်ဓာတ်ပစ္စည်းတွေနဲ့ ဖွဲ့စည်းထားပြီး Matte Lipstick အမျိုးအစားဖြစ်ပြီး ဆိုးထားတဲ့အချိန်မှာ သက်သောင့်သက်သာရှိပြီး Long Lasting ဖြစ်စေပါတယ်။ Dior Lipstick ကို ဆိုးထားတဲ့အချိန်မှာ ခံ့ညားတဲ့ အရောင်ကာလာတွေကြောင့် ဝံ့ကြွားနိုင်သလို Matte Type ဖြစ်ပေမယ့်လည်း နှုတ်ခမ်းသားခြောက်သွေ့ခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ ၁၆ နာရီတိုင်အောင် တာရှည်ခံမှုကလည်း သူရဲ့ထူးခြားချက်ပါပဲ။ အဓိကကတော့ Long Lasting Lipstick ဖြစ်ပြီး ရွေးချယ်စရာ အရောင်ကာလာအမြောက်အမြားရှိခြင်းကြောင့်လည်း လူကြိုက်များရခြင်း ဖြစ်ပါတယ်။

Dior-Lipstick

(5) Lancome

မော်လ်ဒယ်အများစု၊ မိတ်ကပ်ပညာရှင်တွေနဲ့ ဖက်ရှင်သမားတွေ ပထမဆုံးရွေးချယ်တဲ့ နှုတ်ခမ်းနီအမျိုးအစားကိုပြပါဆို Lancome နှုတ်ခမ်းနီကို လက်ညှိုးထိုးကြမှာ အသေအချာပါပဲ။ Lancome က ခမ်းနားတဲ့ ပြင်သစ် Cosmetic Brand ဖြစ်ပြီး တစ်ကမ္ဘာ့လုံးရှိ မိန်းကလေးတွေကြားမှာ ရေပန်းစားမှုအများဆုံး Brand တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ Lancome မှ ထုတ်လုပ်တဲ့ နှုတ်ခမ်းနီတွေက ဈေးအလွန်ကြီးမားသော Liquid Matte Lipstick အမျိုးအစားဖြစ်ကာ သဘာဝအရောင်တွေကိုပဲ စွဲမက်ဖွယ်ကောင်းအောင် ကွဲပြားခြားနားစွာ ထုတ်လုပ်ထားပါတယ်။ လှုပ်ရမ်းလို့ရတဲ့ အရည်ပုံစံ Lipstick ကို တစ်မူထူးခြားအောင် တီထွင်ဖန်တီးထားကာ သူရဲ့နှုတ်ခမ်းနီကို ဆိုးလိုက်ပြီး မိနစ်အနည်းငယ်အတွင်းမှာ လှပကျက်သရေရှိတဲ့နှုတ်ခမ်းတစ်စုံကို ဖန်ဆင်းပေးလိုက်သလားလို့တောင် ထင်မှတ်ရလောက်အာင် ထူးခြားဆန်းပြားမှုကို ရရှိစေပါတယ်။ ရွေးချယ်စရာ အရောင်ခုနစ်ရောင်ရှိကာ မှောင်တဲ့အရောင်ကနေ လင်းတဲ့အရောင်ထိ ကာလာစုံပါဝင်ပါတယ်။Lancome ကို လူကြိုက်အများဆုံးဖြစ်ရခြင်းရဲ့ စိတ်ဝင်စားဖွယ်အချက်က Silicone Oil တစ်မျိုး ပေါများစွာပါဝင်ကာ အဲ့ Oil ကြောင့် နှုတ်ခမ်းသားပေါ်မှာ ဆိုးလိုက်ရင် စေးကပ်စေးကပ်ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒီ Oil ပါဝင်မှုကြောင့် ခြောက်သွေ့ခြင်းကင်းပြီး ဆွဲဆောင်မှုပြည့်တဲ့ နှုတ်ခမ်းတစ်စုံအဖြစ် ရရှိလာရခြင်းပဲဖြစ်ပါတယ်။

Lancome-Lipstick

အမျိုးသမီးတွေရဲ့ဘဝမှာ နှုတ်ခမ်းနီက လျစ်လျူရှူထားလို့မရတော့တဲ့ အလှပြင်ပစ္စည်းတစ်ခုဖြစ်လာပါပြီး။ ကဲ အခုဖော်ပြထားတဲ့ Lipstick တွေက ပေးရတဲ့တန်ဖိုးနဲ့ကိုက်ညီပြီး အမိုက်စားနှုတ်ခမ်းတစ်စုံကို ဖော်ဆောင်ပေးမယ့် Lipstick တွေဖြစ်လို့ ဘာမှမပြင်ရရင်နေပါစေ နှုတ်ခမ်းနီလေးဆိုးလိုက်ရရင် ပြီးပြည့်စုံတဲ့အလှကို ရရှိသွားဖို့ အာမခံတာမို့ နှုတ်ခမ်းနီရွေးချယ်ရခက်နေတဲ့ မဒီပျိုတွေအတွက်အကြံဉာဏ်ကောင်းလေးတွေရရှိသွားပြီလို့ထင်ပါတယ်။ ကိုယ်ရဲ့ချစ်သူခင်သူတွေလည်း လှပတဲ့နှုတ်ခမ်းတစ်စုံကိုပိုင်ဆိုင်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါဦး။

H.H(အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။