သမိုင်းဝင်ဗွီဒီယိုထဲမှာ မြန်မာနိုင်ငံ၏လွတ်လပ်ရေးအခမ်းအနားကို ပြန်တွေ့ရသည်မှာ လွမ်းမောဖွယ် ကောင်းလှသည်။ အောက်မြန်မာပြည်က ၁၂၃ နှစ်၊ အထက်မြန်မာပြည် ၆၃နှစ် အင်္ဂလိပ်လက် အောက်ကျရောက်အပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ၄ရက်နေ့မှာတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်။ ထိုနေ့ နံနက် ၄နာရီ ၂၀မိနစ်မှာ ဘာမင်ဂမ်စစ်သဘောင်္ကြီးကအမြောက်ပစ်ဖောက်၍ အင်္ဂလိပ်ယူနီဂျက်အလံနေရာတွင်ြ မန်မာနိုင်ငံအလံကို လွှင့်တင်သည်။ ၄ နာရီ ၄၅ မိနစ်မှာတော့ နိုင်ငံတော်အာဏာလွှဲပြောင်းတဲ့အခမ်းအနားကျင်းပပြီး ဝန်ကြီးချုပ်အဖြစ် ဦးနုနဲ့ သမ္မတအဖြစ် ညောင်ရွှေစော်ဘွားကြီးစပ်ရွှေသိုက်တို့ တက်ရောက်ခဲ့ပြီး တိုင်းကျိုးပြည်လွှတ်တော်က ယာယီပါလီမန်ဖြစ်လာသည်။  မနက် ၈ နာရီ မိနစ် ၂ဝ မှာတော့  အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် နဲ့ ဇနီးဖြစ်သူတို့ ဘာမင်ဟန်သင်္ဘောနဲ့အတူထွက်ခွာသွားခဲ့ချိန်မှာတော့ မြန်မာပြည်ကြီးလုံးဝလွတ်လပ်ခဲ့ပါသည်။

You may also likeမြန်မာနိုင်ငံ၏ပထမဆုံးသမ္မတကြီး စပ်ရွှေသိုက်

 

Min Thu Kha (အခရာ)

www.akhayar.com