[Zawgyi]

၁၉၈၀ ဝန္းက်င္ကာလကို အေျခတည္ရိုက္ကူးမည့္ Wonder Woman 2

DC Entertainment ရဲ႕ Chief Creative Officer လည္း ျဖစ္ ၊ DC Films ရဲ့ တြဲဖက္ Chairman လည္း ျဖစ္တဲ့့ Geoff Johns ကေတာ့ Wonder Woman ေနာက္ဆက္တြဲဇာတ္ကားအတြက္ သဲလြန္စတစ္စကို ဦးဆံုးခ်ျပလိုက္ပါျပီ။ WW84 လို႔ ေရးထားတဲ့ Logo Card တစ္ခုျဖစ္ပါတယ္။

v

WW84

Wonder Woman ေနာက္ဆက္တြဲဇာတ္ကားကို စစ္ေအးတုိက္ပြဲေနာက္ခံျဖစ္တဲ့ ၁၉၈၀ ကာလေတြကို အေျခခံရိုက္ကူးမယ္လို႔ ေကာလာဟလေတြ ပ်ံ႕ေနတာ ၾကာျပီျဖစ္ေပမယ့္ အခုေတာ့ ဒီ Logo Card အရ ၁၉၈၄ လို႔ ကၽြန္ေတာ္တို႔ အတိအက်သိခဲ့ရပါျပီ။

Wonder Woman 2 ဇာတ္ကားကို ရုိက္ကူးမယ့္ ဒါရိုက္တာ Patty Jenkins ကလည္း ဒီကားအတြက္ ဇာတ္ညႊန္းကို Dave Callaham နဲ႔ John တို႔နဲ႔ ေပါင္းျပီး ေရးသားေနပါတယ္။ ကၽြန္ေတာ္တိို႔ရဲ့ အခ်စ္ေတာ္ မမ Gal Gadot လည္း ျပန္လည္ပါဝင္လာမွာ ျဖစ္ျပီး Games of Thrones ရဲ့ Pedro Pascal လည္း ပါဝင္လာမွာ ျဖစ္သလို  Kristen Wiig ကလည္း ဗီလိန္ Cheetah ေနရာက သရုပ္ေဆာင္မွာ ျဖစ္ပါတယ္။

Gal Gadot as wonder woman

Gal Gadot as wonder woman

Pedro Pascal

Pedro Pascal

Kristen Wiig as cheetah

Kristen Wiig as cheetah

ပထမ Wonder Woman ဟာ Box Office ဝင္ေငြ ေဒၚလာ ၈၂၁ သန္း ရရွိခဲ့ျပီး အခု ေနာက္ဆက္တြဲဇာတ္လမ္းကိုေတာ့ ၂၀၁၉ ခုႏွစ္၊ ႏုိဝင္ဘာလ ၁ ရက္ေန႔မွာ ရံုတင္ဖို႔ စီစဥ္ထားတာေၾကာင့္ ဒုတိယဇာတ္ကားလည္း ဝင္ေငြေကာင္းမယ္လို႔ ေမွ်ာ္လင့္ရေၾကာင္းပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.comingsoon.net

[Unicode]

၁၉၈၀ ဝန်းကျင်ကာလကို အခြေတည်ရိုက်ကူးမည့် Wonder Woman 2

DC Entertainment ရဲ့ Chief Creative Officer လည်း ဖြစ် ၊ DC Films ရဲ့ တွဲဖက် Chairman လည်း ဖြစ်တဲ့ Geoff Johns ကတော့ Wonder Woman နောက်ဆက်တွဲဇာတ်ကားအတွက် သဲလွန်စတစ်စကို ဦးဆုံးချပြလိုက်ပါပြီ။ WW84 လို့ ရေးထားတဲ့ Logo Card တစ်ခုဖြစ်ပါတယ်။

v

WW84

Wonder Woman နောက်ဆက်တွဲဇာတ်ကားကို စစ်အေးတိုက်ပွဲနောက်ခံဖြစ်တဲ့ ၁၉၈၀ ကာလတွေကို အခြေခံရိုက်ကူးမယ်လို့ ကောလာဟလတွေ ပျံ့နေတာ ကြာပြီဖြစ်ပေမယ့် အခုတော့ ဒီ Logo Card အရ ၁၉၈၄ လို့ ကျွန်တော်တို့ အတိအကျသိခဲ့ရပါပြီ။

Wonder Woman 2 ဇာတ်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာ Patty Jenkins ကလည်း ဒီကားအတွက် ဇာတ်ညွှန်းကို Dave Callaham နဲ့ John တို့နဲ့ ပေါင်းပြီး ရေးသားနေပါတယ်။ ကျွန်တော်တို့ရဲ့ အချစ်တော် မမ Gal Gadot လည်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး Games of Thrones ရဲ့ Pedro Pascal လည်း ပါဝင်လာမှာ ဖြစ်သလို  Kristen Wiig ကလည်း ဗီလိန် Cheetah နေရာက သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

Gal Gadot as wonder woman

Gal Gadot as wonder woman

Pedro Pascal

Pedro Pascal

Kristen Wiig as cheetah

Kristen Wiig as cheetah

ပထမ Wonder Woman ဟာ Box Office ဝင်ငွေ ဒေါ်လာ ၈၂၁ သန်း ရရှိခဲ့ပြီး အခု နောက်ဆက်တွဲဇာတ်လမ်းကိုတော့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားတာကြောင့် ဒုတိယဇာတ်ကားလည်း ဝင်ငွေကောင်းမယ်လို့ မျှော်လင့်ရကြောင်းပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.comingsoon.net