[Zawgyi]

ပထမဆံုးအပတ္မွာတင္ ပရိသတ္ရင္ထဲ ေရာက္သြားတဲ့ The Voice Myanmar

ကမာၻတစ္ဝွမ္းမွာ က်င္းပေနတဲ့ The Voice အဆိုျပိဳင္ပြဲၾကီးလည္း The Voice Myanmar ဆိုျပီး ျမန္မာႏုိင္ငံကို ေရာက္ရွိလို႔ လာပါျပီ။ ျမန္မာပရိသတ္ေတြဟာ “ဆိုၾကမယ္၊ ေပ်ာ္ၾကမယ္”ကစလို႔ Melody World ၊ အိပ္မက္ဆံုရာ၊ X Factor ၊ Myanmar Idol စတဲ့ အဆုိျပိဳင္ပြဲေတြနဲ႔ ရင္းႏွီးေနျပီျဖစ္ေပမယ့္ အဆိုျပိဳင္ပြဲအသစ္အသစ္ေတြကိုလည္း ေမွ်ာ္လင့္ေနဆဲပါ။

တစ္ဘက္မွာလည္း အဆိုျပိဳင္ပြဲေတြရဲ့ အစီအစဥ္မက်နမႈေတြ၊ ဝါသနာရွင္ေတြအေပၚ အားေပးမႈျပိဳင္ဆိုင္ရင္း တိုက္ခိုက္တာေတြ၊ မမွ်တမႈေတြရွိေနတယ္လို႔ ေဝဖန္ခံရတာေတြအေပၚ စိတ္ပ်က္ေနၾကတာလည္း ၾကာပါျပီ။

အခုတစ္ခါ The Voice Myanmar ကေတာ့ ဒီအဆိုျပိဳင္ပြဲ ဘယ္လို ပံုစံလာဦးမလဲဆုိတဲ့ ပရိသတ္အတြက္ ေစာင့္ရက်ိဳးနပ္ေစမယ္လို႔ ထင္မိပါတယ္။ ဒုိင္ေတြကိုလည္း လူငယ္ေတြၾကီးပဲ ေရြးခ်ယ္ထားျပီး က်ားေပါက္၊ နီနီခင္ေဇာ္၊ ရန္ရန္ခ်မ္းနဲ႔ လင္းလင္းတုိ႔ပဲ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ တနဂၤေႏြေန႔ညက First Episode အေနနဲ႔ ျပသခဲ့ရာမွာေတာ့ အျခားပြဲေတြနဲ႔ မတူဘဲ ဒိုင္ေတြကို ေဝဖန္မႈနည္းကာ သေဘာက်ခဲ့တာ ေတြ႔ရျပီး က်ားေပါက္ရဲ့ အဆိုရွင္ကို သူ႔ Team ကို လာဖို႔ ဆြယ္တာေလးေတြ၊ နီနီရဲ့ Actingေတြနဲ႔ လင္းလင္းရဲ့ အဆိုရွင္ကို ဆိုပံုဆိုနည္း တကယ္ၾကီးလိုက္ကူညီျပသေပးပံုေတြကို ခုိက္ၾကတာျဖစ္ပါတယ္။

ဝင္ေရာက္ယွဥ္ျပိဳင္တဲ့ Talent ေတြထဲကလည္း “ႏွင္းအိေျႏၵရွင္” ဆိုတဲ့ Opera ဆိုတဲ့ ေကာင္မေလးကုိ သေဘာက်မႈမ်ားျပားေနျပီး သူ႔ရဲ့ အဂၤလိပ္သီခ်င္းေရာ၊ ျမန္မာသီခ်င္းပါ ပိုင္ႏိုင္မႈကို ခ်ီးက်ဴးေနၾကတာ ျဖစ္ပါတယ္။ ႏွင္းအိေျႏၵရွင္ဟာ အသက္ ၁၉ ႏွစ္ျပည့္ရုံရွိေသးျပီး သူ႔ Facebook Account မွာလည္း Cover Song ေတြနဲ႔ Followers အမ်ားၾကီး ရရွိထားျပီးသူျဖစ္ပါတယ္။

အျခားအဆုိရွင္ေတြအေနနဲ႔လည္း သူ႔ဟာနဲ႔သူ အဆင္ေျပၾကျပီး လက္ရွိမွာေတာ့ လွည့္ၾကည့္ေရြးခ်ယ္ျပီးတဲ့ အဆိုရွင္ေတြထဲမွာ က်ားေပါက္ရဲ့ Team မွာ အမ်ားဆံုးရွိေနျပီး၊ ေနာက္မွာေတာ့ နီနီနဲ႔ ရန္ရန္ခ်မ္းတုိ႔ Team ကို အသီးသီးသြားၾကပါတယ္။ လင္းလင္းရဲ့ Team မွာေတာ့ ေနာက္တစ္ပတ္မွာ အသင္းသားေတြ ဝင္လာဖြယ္ရွိလို႔ The Voice Myanmar အစီအစဥ္ကို တနဂၤေႏြေန႔ည (၉)နာရီတိုင္း MRTV 4 မွာ ဆက္ဆက္ရႈစားအားေပးသင့္ပါတယ္။

Replay ျပန္ျပတာကိုေတာ့ စေနေန႔ညမွာ ျပတာ ျဖစ္ျပီး The Voice Myanmar ရဲ့ Official Facebook Page မွာလည္း အဆိုရွင္ေတြနဲ႔ ဒိုင္ေတြရဲ့ လႈပ္ရွားမႈေတြကို ၾကည့္ရႈႏုိင္မွာ ျဖစ္ပါတယ္။ အဆိုျပိဳင္ပြဲတိုင္း ေဝဖန္မႈမကင္းဘူးဆိုတဲ့ ထံုးစံအတုိင္းေတာ့ ဒီတစ္ပတ္ အဆုိရွင္ ဘဝဆိုသြားတဲ့ “ကိုယ္ေစာင့္နတ္” သီခ်င္းဟာ အဆိုေတာ္ ဖိုးျပည့္ရဲ့ သီခ်င္းကို ခြင့္ျပဳခ်က္မေတာင္းဘဲ Reggae Version ေျပာင္းခဲ့တယ္ဆိုတဲ့အေပၚေတာ့ ေဝဖန္သံေတြ ညံေနခဲ့ပါတယ္။

ရိုးလူ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။
[Unicode]

ပထမဆုံးအပတ်မှာတင် ပရိသတ်ရင်ထဲ ရောက်သွားတဲ့ The Voice Myanmar

ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပနေတဲ့ The Voice အဆိုပြိုင်ပွဲကြီးလည်း The Voice Myanmar ဆိုပြီး မြန်မာနိုင်ငံကို ရောက်ရှိလို့ လာပါပြီ။ မြန်မာပရိသတ်တွေဟာ “ဆိုကြမယ်၊ ပျော်ကြမယ်”ကစလို့ Melody World ၊ အိပ်မက်ဆုံရာ၊ X Factor ၊ Myanmar Idol စတဲ့ အဆိုပြိုင်ပွဲတွေနဲ့ ရင်းနှီးနေပြီဖြစ်ပေမယ့် အဆိုပြိုင်ပွဲအသစ်အသစ်တွေကိုလည်း မျှော်လင့်နေဆဲပါ။

တစ်ဘက်မှာလည်း အဆိုပြိုင်ပွဲတွေရဲ့ အစီအစဉ်မကျနမှုတွေ၊ ဝါသနာရှင်တွေအပေါ် အားပေးမှုပြိုင်ဆိုင်ရင်း တိုက်ခိုက်တာတွေ၊ မမျှတမှုတွေရှိနေတယ်လို့ ဝေဖန်ခံရတာတွေအပေါ် စိတ်ပျက်နေကြတာလည်း ကြာပါပြီ။

အခုတစ်ခါ The Voice Myanmar ကတော့ ဒီအဆိုပြိုင်ပွဲ ဘယ်လို ပုံစံလာဦးမလဲဆိုတဲ့ ပရိသတ်အတွက် စောင့်ရကျိုးနပ်စေမယ်လို့ ထင်မိပါတယ်။ ဒိုင်တွေကိုလည်း လူငယ်တွေကြီးပဲ ရွေးချယ်ထားပြီး ကျားပေါက်၊ နီနီခင်ဇော်၊ ရန်ရန်ချမ်းနဲ့ လင်းလင်းတို့ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက First Episode အနေနဲ့ ပြသခဲ့ရာမှာတော့ အခြားပွဲတွေနဲ့ မတူဘဲ ဒိုင်တွေကို ဝေဖန်မှုနည်းကာ သဘောကျခဲ့တာ တွေ့ရပြီး ကျားပေါက်ရဲ့ အဆိုရှင်ကို သူ့ Team ကို လာဖို့ ဆွယ်တာလေးတွေ၊ နီနီရဲ့ Actingတွေနဲ့ လင်းလင်းရဲ့ အဆိုရှင်ကို ဆိုပုံဆိုနည်း တကယ်ကြီးလိုက်ကူညီပြသပေးပုံတွေကို ခိုက်ကြတာဖြစ်ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်တဲ့ Talent တွေထဲကလည်း “နှင်းအိနြေ္ဒရှင်” ဆိုတဲ့ Opera ဆိုတဲ့ ကောင်မလေးကို သဘောကျမှုများပြားနေပြီး သူ့ရဲ့ အင်္ဂလိပ်သီချင်းရော၊ မြန်မာသီချင်းပါ ပိုင်နိုင်မှုကို ချီးကျူးနေကြတာ ဖြစ်ပါတယ်။ နှင်းအိနြေ္ဒရှင်ဟာ အသက် ၁၉ နှစ်ပြည့်ရုံရှိသေးပြီး သူ့ Facebook Account မှာလည်း Cover Song တွေနဲ့ Followers အများကြီး ရရှိထားပြီးသူဖြစ်ပါတယ်။

အခြားအဆိုရှင်တွေအနေနဲ့လည်း သူ့ဟာနဲ့သူ အဆင်ပြေကြပြီး လက်ရှိမှာတော့ လှည့်ကြည့်ရွေးချယ်ပြီးတဲ့ အဆိုရှင်တွေထဲမှာ ကျားပေါက်ရဲ့ Team မှာ အများဆုံးရှိနေပြီး၊ နောက်မှာတော့ နီနီနဲ့ ရန်ရန်ချမ်းတို့ Team ကို အသီးသီးသွားကြပါတယ်။ လင်းလင်းရဲ့ Team မှာတော့ နောက်တစ်ပတ်မှာ အသင်းသားတွေ ဝင်လာဖွယ်ရှိလို့ The Voice Myanmar အစီအစဉ်ကို တနင်္ဂနွေနေ့ည (၉)နာရီတိုင်း MRTV 4 မှာ ဆက်ဆက်ရှုစားအားပေးသင့်ပါတယ်။

Replay ပြန်ပြတာကိုတော့ စနေနေ့ညမှာ ပြတာ ဖြစ်ပြီး The Voice Myanmar ရဲ့ Official Facebook Page မှာလည်း အဆိုရှင်တွေနဲ့ ဒိုင်တွေရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပြိုင်ပွဲတိုင်း ဝေဖန်မှုမကင်းဘူးဆိုတဲ့ ထုံးစံအတိုင်းတော့ ဒီတစ်ပတ် အဆိုရှင် ဘဝဆိုသွားတဲ့ “ကိုယ်စောင့်နတ်” သီချင်းဟာ အဆိုတော် ဖိုးပြည့်ရဲ့ သီချင်းကို ခွင့်ပြုချက်မတောင်းဘဲ Reggae Version ပြောင်းခဲ့တယ်ဆိုတဲ့အပေါ်တော့ ဝေဖန်သံတွေ ညံနေခဲ့ပါတယ်။

ရိုးလူ (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။