[Zawgyi]

၂၀၀၇ ေနာက္ပုိင္း Messi နဲ႔ Cristiano Ronaldo မပါတဲ့ ပထမဆုံး El Clásico

စိတ္လႈပ္ရွားစရာ အေကာင္းဆုံး El Clásico ပဲြကုိ ခံစားဖုိ႔ ပရိသတ္ေတြ အဆင္သင့္ျဖစ္ေနၿပီလား။ ကမၻာတစ္၀ွမ္းက လိဂ္ၿပိဳင္ပဲြေတြမွာ ၿပိဳင္ဆုိင္မႈျပင္းထန္တဲ့ ဒါဘီပဲြေတြ ရွိေကာင္းရွိလိမ့္မယ္၊ ဒါေပမဲ့ ဘာစီလုိနာနဲ႔ ရီးယဲလ္လုိမ်ိဳး သမုိင္းနဲ႔ခ်ီၿပီး အႀကိတ္အနယ္ျဖစ္ခဲ့တဲ့ပဲြမ်ိဳးေတာ့ မရွိႏုိင္ေလာက္ဘူး။ စပိန္မွာဆုိရင္ ဘာစီလုိနာနဲ႔ မက္ဒရစ္ဆုိတာက အႀကီးဆုံးၿမိဳ႕ႏွစ္ၿမိဳ႕။ ဒီၿမိဳ႕ႏွစ္ခုအၾကားက Rivalry က ဒီၿမိဳ႕ေတြကုိ ကုိယ္စားျပဳတဲ့အသင္းႏွစ္သင္းဆီ ကူးဆက္တာက သိပ္ေတာ့မထူးဆန္းဘူး။ ဘာစီလုိနာက ကတ္တလန္ကုိ ကုိယ္စားျပဳတယ္၊ မက္ဒရစ္က စပိန္ကုိ ကုိယ္စားျပဳတာေၾကာင့္ ကြင္းတြင္းမွာသာမကဘဲ ႏုိင္ငံေရးအရပါ ၿပိဳင္ဘက္သေဘာမ်ိဳးေဆာင္ေနတယ္။

Barcelona-Players

Barcelona-Players

ဒါ့အျပင္ ဘာစီလုိနာနဲ႔ ရီးယဲလ္ဆုိတာကလည္း ကမၻာ႔ေဘာလုံးေလာကမွာ အခ်မ္းသာဆုံးစာရင္း၀င္အသင္းေတြျဖစ္သလုိ ေအာင္ျမင္မႈအမ်ားဆုံး ရယူထားတဲ့ အသင္းေတြျဖစ္တယ္။ ေနာက္ၿပီး ကမၻာတစ္၀ွမ္းက ပရိသတ္အခုိင္အမာရထားတဲ့အသင္းႏွစ္သင္း၊ Social Media က႑မွာလည္း Follower အမ်ားဆုံးအသင္းေတြျဖစ္ေနၾကလုိ႔ ဂုဏ္သိကၡာပုိင္းအရ ၿပိဳင္ဆုိင္မႈကလည္း ႀကီးမားလြန္းတယ္။ဒါေၾကာင့္လည္း ဒီႏွစ္သင္းထိပ္တိုက္ေတြ႕ၿပီဆုိ တစ္ကမၻာလုံးက ပရိသတ္ေတြ စိတ္၀င္တစား ေစာင့္ၾကည့္ၾကတဲ့အျပင္ ကြင္းတြင္းသာမက ႐ုပ္သံၾကည့္႐ႈမႈအမ်ားဆုံးပဲြေတြမွာလည္း တစ္ပဲြအပါအ၀င္ျဖစ္တယ္။

El-Clasico-Clash

El-Clasico-Clash

၂၀ ရာစုအတြင္း စပိန္ေဘာလုံးေလာကနဲ႔ ဥေရာပေဘာလုံးေလာကကုိ ရီးယဲလ္အသငး္က လႊမ္းမုိးႏုိင္ခဲ့ေပမယ့္လည္း ၂၁ ရာစုထဲမွာေတာ့ ဘာစီလုိနာက ရီးယဲလ္အသင္းထက္ ေအာင္ျမင္မႈ အမ်ားဆုံးရယူႏုိင္ခဲ့တယ္လုိ႔ သတ္မွတ္ႏုိင္တယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ၂၁ ရာစုမွာ ဘာစီလုိနာအသင္းက ဆုဖလားစုစုေပါင္း(၃၃)ခုအထိရယူႏုိင္ခဲ့ေပမယ့္ ရီးယဲလ္အသင္းက (၂၇)လုံးပဲ ရခဲ့တယ္။ ဒါေပမဲ့ အဓိကၿပိဳင္ပဲြေတြမွာ ဖလားအႀကိမ္အမ်ားဆုံးရယူႏုိင္ခ့ဲတဲ့အပုိင္းမွာေတာ့ ရီးယဲလ္က အသာရေနဆဲပါပဲ။ လာလီဂါမွာ ရီးယဲလ္က (၃၃)ႀကိမ္၊ ဘာစီလုိနာက (၂၅)ႀကိမ္၊ စပိန္ဘုရင့္ဖလားမွာ ဘာစီလုိနာက အႀကိမ္(၃၀)၊ ရီးယဲလ္က (၁၉)ႀကိမ္ အျပန္အလွန္ရွိေပမယ့္ ေဘာလုံးေလာကရဲ႕ ဂုဏ္သိကၡာအရွိဆုံးၿပိဳင္ပဲြလုိ႔ဆုိရမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ရီးယဲလ္က (၁၃)ႀကိမ္နဲ႔ ေအာင္ျမင္မႈအမ်ားဆုံးျဖစ္ေနၿပီး ဘာစီလုိနာကေတာ့ (၅)ႀကိမ္ပဲရွိေသးတယ္။

Real-Madrid-Players

Real-Madrid-Players

အရင္ႏွစ္ေတြတုန္း ဒီႏွစ္သင္းဟာ ကမၻာေက်ာ္ေဘာလုံးသမား (၂)ဦးျဖစ္တဲ့ မက္ဆီ Messi နဲ႔ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo တို႔ရဲ႕ အားၿပိဳင္မႈနဲ႔အတူ စိတ္၀င္စားဖုိ႔ေကာင္းခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ပရိသတ္ေတြရဲ႕ စိတ္၀င္စားမႈက နည္းနည္းေလ်ာ႔နည္းသြားတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဒဏ္ရာေၾကာင့္ မက္ဆီ အခုပဲြကုိ လဲြေခ်ာ္မွာျဖစ္သလုိ စီေရာ္နယ္လ္ဒုိကလည္း ဂ်ဴဗင္တပ္စ္အသင္းကုိ ေျပာင္းေရႊ႕သြားၿပီျဖစ္လုိ႔ပါပဲ။

Messi-and-Cristiano-Ronaldo1

Messi-and-Cristiano-Ronaldo1

၂၀၀၇ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ မက္ဆီ-စီေရာ္နယ္လ္ဒုိ မပါတဲ့ El Clásico ပဲြျဖစ္ၿပီး ဒီကစားသမား (၂)ဦးမပါလုိ႔ ပဲြက အရင္ေလာက္ အရွိန္မရွိႏုိင္ေပမယ့္လည္း သမုိင္းေၾကာင္းအရ ခါးသီးတဲ့ၿပိဳင္ဘက္ေတြျဖစ္ေနလုိ႔ အႀကိတ္အနယ္ရွိဦးမွာ ေသခ်ာပါတယ္။ ဘာစီလုိနာအသင္းဟာ မက္ဆီ မကစားႏုိင္တဲ့ El Clásico ပဲြေတြဆုိ ႐ုန္းကန္ရေလ့ရွိၿပီး မက္ဆီ မပါတဲ့(၂)ပဲြမွာ သေရနဲ႔ အ႐ႈံးရလဒ္ေတြ ထြက္ေပၚခဲ့တယ္။ ၂၀၁၈-၁၉ ရာသီရဲ႕ ပထမဆုံး El Clásico ပဲြ၊ မက္ဆီ-စီေရာ္နယ္လ္ဒုိ မပါ၀င္ေပမယ့္ ႏွစ္သင္းစလုံးမွာ ကမၻာ႔အဆင့္ ကစားသမားေတြ အမ်ားႀကီးရွိေနေသးတယ္။ ႏူးကမ့္မွာ ဘာစီလုိနာအသင္းကပဲ ရလဒ္ေကာင္း ယူႏုိင္မလား၊ ဖိအားေတြရွိေနတဲ့ ရီးယဲလ္အသင္းကပဲ မထင္မွတ္တာေတြ လုပ္ျပမလားဆုိတာေတာ့ . . .

ဘာစီလုိနာ -ရီးယဲလ္အသင္းတို႔ရဲ႕ ၿပိဳင္ဆုိင္မႈမွတ္တမ္း

စုစုေပါင္းဆုံေတြ႕ခဲ့သည့္ပဲြ – ၂၇၁ ပဲြ
အဓိကၿပိဳင္ပဲြတြင္ႏုိင္ပဲြအမ်ားဆုံး – ရီးယဲလ္ (၉၅)ပဲြ
ေျခစမ္းပဲြတြင္ ႏုိင္ပဲြအမ်ားဆုံး – ဘာစီလုိနာ (၂၀)ပဲြ
ၿပိဳင္ပဲြစုံတြင္ ႏုိင္ပဲြအမ်ားဆုံး – ဘာစီလုိနာ (၁၁၂)ပဲြ
El Clásico ပဲြအမ်ားဆုံးကစားသမား – မာႏုိလုိဆန္းခ်က္စ္(ရီးယဲလ္- ၄၃ပဲြ)
El Clásico သြင္းဂုိးအမ်ားဆုံးကစားသမား – မက္ဆီ (ဘာစီလုိနာ-၂၆ဂုိး)
ဂုိးဖန္တီးမႈအမ်ားဆုံးကစားသမား – မက္ဆီ (ဘာစီလုိနာ – ၁၄ႀကိမ္)
ဘာစီလုိနာအသင္း၏ အႀကီးမားဆုံး ႏုိင္ပဲြ – ဘာစီလုိနာ ၇-၂ ရီးယဲလ္ (၂၄-၉-၁၉၅၀ လာလီဂါ)
ရီးယဲလ္အသင္း၏ အႀကီးမားဆုံး ႏုိင္ပဲြ – ရီးယဲလ္ ၁၁-၁ ဘာစီလုိနာ (၁၉-၆-၁၉၄၃ စပိန္ဘုရင့္ဖလား)

ဘာစီလုိနာ-ရီးယဲလ္အသင္းတို႔တြင္ ကစားခဲ့ဖူးသည့္ နာမည္ေက်ာ္ကစားသမားမ်ား

ဘန္႐ွဳးစတား၊ မုိက္ကယ္ေလာဒရပ္၊ လူး၀စ္ဖီဂုိ၊ ေရာ္နယ္လ္ဒုိ၊ ဆာဗီယုိလာ၊ ေဂ်ာ္ဂ်ီဟာဂီ၊ လူး၀စ္အင္းနရစ္၊ အီတူး

Photo:CBS Sports,Independent Newspapers,Getty Images,bestfootballers
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၀၇ နောက်ပိုင်း Messi နဲ့ Cristiano Ronaldo မပါတဲ့ ပထမဆုံး El Clásico

စိတ်လှုပ်ရှားစရာ အကောင်းဆုံး El Clásico ပွဲကို ခံစားဖို့ ပရိသတ်တွေ အဆင်သင့်ဖြစ်နေပြီလား။ ကမ္ဘာတစ်ဝှမ်းက လိဂ်ပြိုင်ပွဲတွေမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒါဘီပွဲတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်လိုမျိုး သမိုင်းနဲ့ချီပြီး အကြိတ်အနယ်ဖြစ်ခဲ့တဲ့ပွဲမျိုးတော့ မရှိနိုင်လောက်ဘူး။ စပိန်မှာဆိုရင် ဘာစီလိုနာနဲ့ မက်ဒရစ်ဆိုတာက အကြီးဆုံးမြို့နှစ်မြို့။ ဒီမြို့နှစ်ခုအကြားက Rivalry က ဒီမြို့တွေကို ကိုယ်စားပြုတဲ့အသင်းနှစ်သင်းဆီ ကူးဆက်တာက သိပ်တော့မထူးဆန်းဘူး။ ဘာစီလိုနာက ကတ်တလန်ကို ကိုယ်စားပြုတယ်၊ မက်ဒရစ်က စပိန်ကို ကိုယ်စားပြုတာကြောင့် ကွင်းတွင်းမှာသာမကဘဲ နိုင်ငံရေးအရပါ ပြိုင်ဘက်သဘောမျိုးဆောင်နေတယ်။

Barcelona-Players

Barcelona-Players

ဒါ့အပြင် ဘာစီလိုနာနဲ့ ရီးယဲလ်ဆိုတာကလည်း ကမ္ဘာ့ဘောလုံးလောကမှာ အချမ်းသာဆုံးစာရင်းဝင်အသင်းတွေဖြစ်သလို အောင်မြင်မှုအများဆုံး ရယူထားတဲ့ အသင်းတွေဖြစ်တယ်။ နောက်ပြီး ကမ္ဘာတစ်ဝှမ်းက ပရိသတ်အခိုင်အမာရထားတဲ့အသင်းနှစ်သင်း၊ Social Media ကဏ္ဍမှာလည်း Follower အများဆုံးအသင်းတွေဖြစ်နေကြလို့ ဂုဏ်သိက္ခာပိုင်းအရ ပြိုင်ဆိုင်မှုကလည်း ကြီးမားလွန်းတယ်။ဒါကြောင့်လည်း ဒီနှစ်သင်းထိပ်တိုက်တွေ့ပြီဆို တစ်ကမ္ဘာလုံးက ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်ကြတဲ့အပြင် ကွင်းတွင်းသာမက ရုပ်သံကြည့်ရှုမှုအများဆုံးပွဲတွေမှာလည်း တစ်ပွဲအပါအဝင်ဖြစ်တယ်။

El-Clasico-Clash

El-Clasico-Clash

၂၀ ရာစုအတွင်း စပိန်ဘောလုံးလောကနဲ့ ဥရောပဘောလုံးလောကကို ရီးယဲလ်အသင်းက လွှမ်းမိုးနိုင်ခဲ့ပေမယ့်လည်း ၂၁ ရာစုထဲမှာတော့ ဘာစီလိုနာက ရီးယဲလ်အသင်းထက် အောင်မြင်မှု အများဆုံးရယူနိုင်ခဲ့တယ်လို့ သတ်မှတ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၁ ရာစုမှာ ဘာစီလိုနာအသင်းက ဆုဖလားစုစုပေါင်း(၃၃)ခုအထိရယူနိုင်ခဲ့ပေမယ့် ရီးယဲလ်အသင်းက (၂၇)လုံးပဲ ရခဲ့တယ်။ ဒါပေမဲ့ အဓိကပြိုင်ပွဲတွေမှာ ဖလားအကြိမ်အများဆုံးရယူနိုင်ခဲ့တဲ့အပိုင်းမှာတော့ ရီးယဲလ်က အသာရနေဆဲပါပဲ။ လာလီဂါမှာ ရီးယဲလ်က (၃၃)ကြိမ်၊ ဘာစီလိုနာက (၂၅)ကြိမ်၊ စပိန်ဘုရင့်ဖလားမှာ ဘာစီလိုနာက အကြိမ်(၃၀)၊ ရီးယဲလ်က (၁၉)ကြိမ် အပြန်အလှန်ရှိပေမယ့် ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအရှိဆုံးပြိုင်ပွဲလို့ဆိုရမယ့် ချန်ပီယံလိဂ်မှာတော့ ရီးယဲလ်က (၁၃)ကြိမ်နဲ့ အောင်မြင်မှုအများဆုံးဖြစ်နေပြီး ဘာစီလိုနာကတော့ (၅)ကြိမ်ပဲရှိသေးတယ်။

Real-Madrid-Players

Real-Madrid-Players

အရင်နှစ်တွေတုန်း ဒီနှစ်သင်းဟာ ကမ္ဘာကျော်ဘောလုံးသမား (၂)ဦးဖြစ်တဲ့ မက်ဆီ Messi နဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo တို့ရဲ့ အားပြိုင်မှုနဲ့အတူ စိတ်ဝင်စားဖို့ကောင်းခဲ့ပေမယ့် ဒီနှစ်မှာတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုက နည်းနည်းလျော့နည်းသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒဏ်ရာကြောင့် မက်ဆီ အခုပွဲကို လွဲချော်မှာဖြစ်သလို စီရော်နယ်လ်ဒိုကလည်း ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားပြီဖြစ်လို့ပါပဲ။

Messi-and-Cristiano-Ronaldo1

Messi-and-Cristiano-Ronaldo1

၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် မက်ဆီ-စီရော်နယ်လ်ဒို မပါတဲ့ El Clásico ပွဲဖြစ်ပြီး ဒီကစားသမား (၂)ဦးမပါလို့ ပွဲက အရင်လောက် အရှိန်မရှိနိုင်ပေမယ့်လည်း သမိုင်းကြောင်းအရ ခါးသီးတဲ့ပြိုင်ဘက်တွေဖြစ်နေလို့ အကြိတ်အနယ်ရှိဦးမှာ သေချာပါတယ်။ ဘာစီလိုနာအသင်းဟာ မက်ဆီ မကစားနိုင်တဲ့ El Clásico ပွဲတွေဆို ရုန်းကန်ရလေ့ရှိပြီး မက်ဆီ မပါတဲ့(၂)ပွဲမှာ သရေနဲ့ အရှုံးရလဒ်တွေ ထွက်ပေါ်ခဲ့တယ်။ ၂၀၁၈-၁၉ ရာသီရဲ့ ပထမဆုံး El Clásico ပွဲ၊ မက်ဆီ-စီရော်နယ်လ်ဒို မပါဝင်ပေမယ့် နှစ်သင်းစလုံးမှာ ကမ္ဘာ့အဆင့် ကစားသမားတွေ အများကြီးရှိနေသေးတယ်။ နူးကမ့်မှာ ဘာစီလိုနာအသင်းကပဲ ရလဒ်ကောင်း ယူနိုင်မလား၊ ဖိအားတွေရှိနေတဲ့ ရီးယဲလ်အသင်းကပဲ မထင်မှတ်တာတွေ လုပ်ပြမလားဆိုတာတော့ . . .

ဘာစီလိုနာ -ရီးယဲလ်အသင်းတို့ရဲ့ ပြိုင်ဆိုင်မှုမှတ်တမ်း

စုစုပေါင်းဆုံတွေ့ခဲ့သည့်ပွဲ – ၂၇၁ ပွဲ
အဓိကပြိုင်ပွဲတွင်နိုင်ပွဲအများဆုံး – ရီးယဲလ် (၉၅)ပွဲ
ခြေစမ်းပွဲတွင် နိုင်ပွဲအများဆုံး – ဘာစီလိုနာ (၂၀)ပွဲ
ပြိုင်ပွဲစုံတွင် နိုင်ပွဲအများဆုံး – ဘာစီလိုနာ (၁၁၂)ပွဲ
El Clásico ပွဲအများဆုံးကစားသမား – မာနိုလိုဆန်းချက်စ်(ရီးယဲလ်- ၄၃ပွဲ)
El Clásico သွင်းဂိုးအများဆုံးကစားသမား – မက်ဆီ (ဘာစီလိုနာ-၂၆ဂိုး)
ဂိုးဖန်တီးမှုအများဆုံးကစားသမား – မက်ဆီ (ဘာစီလိုနာ – ၁၄ကြိမ်)
ဘာစီလိုနာအသင်း၏ အကြီးမားဆုံး နိုင်ပွဲ – ဘာစီလိုနာ ၇-၂ ရီးယဲလ် (၂၄-၉-၁၉၅၀ လာလီဂါ)
ရီးယဲလ်အသင်း၏ အကြီးမားဆုံး နိုင်ပွဲ – ရီးယဲလ် ၁၁-၁ ဘာစီလိုနာ (၁၉-၆-၁၉၄၃ စပိန်ဘုရင့်ဖလား)

ဘာစီလိုနာ-ရီးယဲလ်အသင်းတို့တွင် ကစားခဲ့ဖူးသည့် နာမည်ကျော်ကစားသမားများ

ဘန်ရှုးစတား၊ မိုက်ကယ်လောဒရပ်၊ လူးဝစ်ဖီဂို၊ ရော်နယ်လ်ဒို၊ ဆာဗီယိုလာ၊ ဂျော်ဂျီဟာဂီ၊ လူးဝစ်အင်းနရစ်၊ အီတူး

Photo:CBS Sports,Independent Newspapers,Getty Images,bestfootballers
Naing Linn(Akhayar)
www.akhayar.com