Google Chrome Browser နဲ႔အျပိဳင္ လူသံုးအမ်ားဆံုး Browser တစ္ခုျဖစ္တဲ့ Mozilla Firefox ကို လူတိုင္းသိၾကမွာပါ။ သံုးစြဲရလြယ္ကူတဲ့အျပင္ Google Chrome ေလာက္ RAM မစားပဲ ေပါ့ပါးတဲ့အတြက္ အၾကိဳက္ေတြ႕ၾကတဲ့ Firefox Browser က အခုအခ်ိန္မွာေတာ့ Feature အသစ္တစ္ခုကို ထည့္သြင္းေနပါတယ္။

Firefox Pocket Plug-in

အဲ့ဒါကေတာ့ ေၾကာ္ျငာေတြပဲျဖစ္ျပီးေတာ့ မႏွစ္တုန္းက Mozilla က Webpage ေတြကို Save လုပ္ထားႏုိင္တဲ့ Service တစ္ခုျဖစ္တဲ့ Pocket ကို ဝယ္ယူခဲ့ျပီး Firefox Browser မွာ Pocket Plug-in ကို ထည့္သြင္းေပးခဲ့တာတင္မကပဲ အခုအခ်ိန္မွာ Browser ရဲ႕ Homepage မွာ Pocket ရဲ႕ Suggestions ေၾကာ္ျငာေတြကို စတင္ထည့္သြင္းေနတာပဲျဖစ္ပါတယ္။

Firefox

အဆုိပါ Pocket Suggestions List ေတြကို ထည့္သြင္းေနတဲ့အတြက္ အခေၾကးေငြနဲ႔ ေဖာ္ျပတဲ့ စီးပြားေရးေၾကာ္ျငာေတြလည္း ပါဝင္လာတာပဲျဖစ္ပါတယ္။ အခုလုိမ်ိဳး Firefox Browser မွာ ေၾကာ္ျငာထည့္သြင္းတာက Mozilla ရဲ႕ ေဆာင္ပုဒ္ျဖစ္တဲ့ “internet for people, not profit” ဆိုတာနဲ႔ေတာင္ ေျပာင္းျပန္ျဖစ္ေနသလုိပါပဲ။

Mozilla ကေတာ့ အခုလုိမ်ိဳး ေၾကာ္ျငာေတြထည့္သြင္းလာတာကို ျပန္လည္ေျဖရွင္းခဲ့ျပီးေတာ့ အရည္အေသြးျမင့္ျပီး အခ်ိန္ေပးဖတ္ရတာတန္တဲ့ Content ေတြကိုပဲ အဆိုပါ Pocket Suggestion ေၾကာ္ျငာေတြမွာ ထည့္သြင္းသြားမယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ အဆိုပါ ေၾကာ္ျငာေတြကို မၾကိဳက္ရင္ Hide လုပ္ထားႏုိင္ပါတယ္လုိ႔လည္း ေျပာၾကားထားပါတယ္။

Firefox Browser

လက္ရွိအခ်ိန္မွာ Browser ဆိုရင္ Google Chrome ၊ Mozilla Firefox ေတြပဲ သံုးစရာရွိေနတယ္လုိ႔ေတာင္ ေျပာႏုိင္ျပီးေတာ့ Opera ကလည္း မၾကာေသးခင္ကမွ ဒီဇုိင္းေျပာင္းလဲမႈေတြလုပ္ထားေပမယ့္ သံုးစြဲသူနည္းပါးေနေသးတာပဲျဖစ္ပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google Chrome Browser နဲ့အပြိုင် လူသုံးအများဆုံး Browser တစ်ခုဖြစ်တဲ့ Mozilla Firefox ကို လူတိုင်းသိကြမှာပါ။ သုံးစွဲရလွယ်ကူတဲ့အပြင် Google Chrome လောက် RAM မစားပဲ ပေါ့ပါးတဲ့အတွက် အကြိုက်တွေ့ကြတဲ့ Firefox Browser က အခုအချိန်မှာတော့ Feature အသစ်တစ်ခုကို ထည့်သွင်းနေပါတယ်။

Firefox Pocket Plug-in

အဲ့ဒါကတော့ ကြော်ငြာတွေပဲဖြစ်ပြီးတော့ မနှစ်တုန်းက Mozilla က Webpage တွေကို Save လုပ်ထားနိုင်တဲ့ Service တစ်ခုဖြစ်တဲ့ Pocket ကို ဝယ်ယူခဲ့ပြီး Firefox Browser မှာ Pocket Plug-in ကို ထည့်သွင်းပေးခဲ့တာတင်မကပဲ အခုအချိန်မှာ Browser ရဲ့ Homepage မှာ Pocket ရဲ့ Suggestions ကြော်ငြာတွေကို စတင်ထည့်သွင်းနေတာပဲဖြစ်ပါတယ်။

Firefox

အဆိုပါ Pocket Suggestions List တွေကို ထည့်သွင်းနေတဲ့အတွက် အခကြေးငွေနဲ့ ဖော်ပြတဲ့ စီးပွားရေးကြော်ငြာတွေလည်း ပါဝင်လာတာပဲဖြစ်ပါတယ်။ အခုလိုမျိုး Firefox Browser မှာ ကြော်ငြာထည့်သွင်းတာက Mozilla ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “internet for people, not profit” ဆိုတာနဲ့တောင် ပြောင်းပြန်ဖြစ်နေသလိုပါပဲ။

Mozilla ကတော့ အခုလိုမျိုး ကြော်ငြာတွေထည့်သွင်းလာတာကို ပြန်လည်ဖြေရှင်းခဲ့ပြီးတော့ အရည်အသွေးမြင့်ပြီး အချိန်ပေးဖတ်ရတာတန်တဲ့ Content တွေကိုပဲ အဆိုပါ Pocket Suggestion ကြော်ငြာတွေမှာ ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ကြော်ငြာတွေကို မကြိုက်ရင် Hide လုပ်ထားနိုင်ပါတယ်လို့လည်း ပြောကြားထားပါတယ်။

Firefox Browser

လက်ရှိအချိန်မှာ Browser ဆိုရင် Google Chrome ၊ Mozilla Firefox တွေပဲ သုံးစရာရှိနေတယ်လို့တောင် ပြောနိုင်ပြီးတော့ Opera ကလည်း မကြာသေးခင်ကမှ ဒီဇိုင်းပြောင်းလဲမှုတွေလုပ်ထားပေမယ့် သုံးစွဲသူနည်းပါးနေသေးတာပဲဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com