Google ဟာ က်ားမခြဲျခားေရး အျမင္ကုိ ေရးသားခဲ့တဲ့ အလုပ္သမားကုိ အလုပ္ျဖဳတ္ပစ္ခဲ့တဲ့ သတင္းကေတာ့ ဒီအပတ္အတြက္ အေဟာ့ဆံုးျဖစ္ေနပါတယ္။ James Damore လုိ႔အမည္ရတဲ့ Google အင္ဂ်င္နီယာဟာ အမ်ိဳးသမီးေတြအေနနဲ႔ Tech Industry မွာအလုပ္လုပ္ဖုိ႔ မသင့္ေလွ်ာ္ဘူးလုိ႔ ေရးသားခဲ့တာေၾကာင့္ Google က ခ်က္ခ်င္းအလုပ္ထုတ္ပစ္ခဲ့တာ ျဖစ္ေၾကာင္း Bloomberg ရဲ႕ သတင္းေတြက ဆုိပါတယ္။

Google အလုပ္သမားေဟာင္းဟာ ဒီေန႔မွာပဲ Google ကုိ သေရာ္ထားတဲ့ “Goolag” ဆုိတဲ့ T-shirt ကုိ ဝတ္ဆင္ၿပီး Twitter ေပၚမွာ တင္ခဲ့ပါတယ္။ Goolag ရဲ႕ အဓိပၸာယ္ကေတာ့ ၂၀ရာစုတုန္းက ဆိုဗီယက္ကမ့္ေတြမွာ အလုပ္သမားေတြ ေသတဲ့အထိ  အလုပ္လုပ္ရၿပီး အဆုိးရြားဆံုး မ်ိဳးသုန္းသတ္ျဖတ္မႈေတြထဲကတစ္ခုျဖစ္တဲ့ ဆုိဗီယက္ကမ့္ေတြနဲ႔ Sillicon Valley ကုမၸဏီကုိ ခုိင္ႏႈိင္းေဖာ္ျပခဲ့တာပါ။

Google ဟာ Damore လုိ လစာ ေဒၚလာ ၁၆၂၀၀၀ (တစ္ႏွစ္ ျမန္မာေငြ သိန္းႏွစ္ေထာင္ေက်ာ္) အထိ ေပါေပါမ်ားမ်ားရတဲ့ အလုပ္သမားမ်ိဳးကုိ အစားအေသာက္ Free ေကၽြးတဲ့အျပင္၊ မာဆတ္ဝန္ေဆာင္မႈနဲ႔ Fitness Class ေတြကုိလည္း ကယ္လီဖုိးနီးယားရုံးခ်ဳပ္မွာ ျပဳလုပ္ေပးထားပါတယ္။ ရထားတဲ့ လစာထဲမွာဆုိရင္ အျခား Healthcare benefits ေတြ၊ အၿငိမ္းစားစုေငြနဲ႔ ရပုိင္ခြင့္ေတြမပါဝင္ေသးပါဘူး။

ကုမၸဏီက ဒီလုိရပုိင္ခြင့္အမ်ားအျပားနဲ႔ အလုပ္အတြက္ Training Opportunities ေတြေခၚယူေလ့ရွိပါတယ္။

တကယ္ႏွိပ္စက္တဲ့ Gulag ပါပဲဗ်ာ..။

Joker (Akhayar)

Ref: The Verge

 

[Unicode]

အလုပ်ဖြုတ်ခံရတဲ့ အင်ဂျင်နီယာက Google ကို ဆိုဗီယက်နှိပ်စက်စခန်းနဲ့ခိုင်းနှိုင်းခဲ့

Google ဟာ ကျားမခွဲခြားရေး အမြင်ကို ရေးသားခဲ့တဲ့ အလုပ်သမားကို အလုပ်ဖြုတ်ပစ်ခဲ့တဲ့ သတင်းကတော့ ဒီအပတ်အတွက် အဟော့ဆုံးဖြစ်နေပါတယ်။ James Damore လို့အမည်ရတဲ့ Google အင်ဂျင်နီယာဟာ အမျိုးသမီးတွေအနေနဲ့ Tech Industry မှာအလုပ်လုပ်ဖို့ မသင့်လျှော်ဘူးလို့ ရေးသားခဲ့တာကြောင့် Google က ချက်ချင်းအလုပ်ထုတ်ပစ်ခဲ့တာ ဖြစ်ကြောင်း Bloomberg ရဲ့ သတင်းတွေက ဆိုပါတယ်။

Google အလုပ်သမားဟောင်းဟာ ဒီနေ့မှာပဲ Google ကို သရော်ထားတဲ့ “Goolag” ဆိုတဲ့ T-shirt ကို ဝတ်ဆင်ပြီး Twitter ပေါ်မှာ တင်ခဲ့ပါတယ်။ Goolag ရဲ့ အဓိပ္ပာယ်ကတော့ ၂၀ရာစုတုန်းက ဆိုဗီယက်ကမ့်တွေမှာ အလုပ်သမားတွေ သေတဲ့အထိ  အလုပ်လုပ်ရပြီး အဆိုးရွားဆုံး မျိုးသုန်းသတ်ဖြတ်မှုတွေထဲကတစ်ခုဖြစ်တဲ့ ဆိုဗီယက်ကမ့်တွေနဲ့ Sillicon Valley ကုမ္ပဏီကို ခိုင်နှိုင်းဖော်ပြခဲ့တာပါ။

Google ဟာ Damore လို လစာ ဒေါ်လာ ၁၆၂၀၀၀ (တစ်လ မြန်မာငွေ သိန်းနှစ်ထောင်ကျော်) အထိ ပေါပေါများများရတဲ့ အလုပ်သမားမျိုးကို အစားအသောက် Free ကျွေးတဲ့အပြင်၊ မာဆတ်ဝန်ဆောင်မှုနဲ့ Fitness Class တွေကိုလည်း ကယ်လီဖိုးနီးယားရုံးချုပ်မှာ ပြုလုပ်ပေးထားပါတယ်။ ရထားတဲ့ လစာထဲမှာဆိုရင် အခြား Healthcare benefits တွေ၊ အငြိမ်းစားစုငွေနဲ့ ရပိုင်ခွင့်တွေမပါဝင်သေးပါဘူး။

ကုမ္ပဏီက ဒီလိုရပိုင်ခွင့်အများအပြားနဲ့ အလုပ်အတွက် Training Opportunities တွေခေါ်ယူလေ့ရှိပါတယ်။

တကယ်နှိပ်စက်တဲ့ Gulag ပါပဲဗျာ..။

Joker (Akhayar)

Ref: The Verge