[Zawgyi]

မီးသတ္သမားမ်ားအတြက္ ဝိုင္းဝန္းကူညီၾကဖို႕ လံႈ႕ေဆာ္လိုက္တဲ့ Ariel Thuta

လိႈင္သာယာမွာ ရွိတဲ့ ရန္ကုန္ၿမိဳ႕ရဲ႕ အႀကီးဆံုး အမႈိက္ပံုႀကီး မီးေလာင္ေနတဲ့ ေနရာမွာ မီးသတ္ေပးေနတဲ့ ဝန္ထမ္းေတြကို သြားေရာက္လွဴဒါန္းလိုသူေတြ အတြက္ Social Influencer တစ္ဦးျဖစ္သူ Ariel Thuta နဲ႕အတူ ပါဝင္လွဴဒါန္းနိုင္ေၾကာင္းသတင္းေကာင္းပါးခ်င္ပါတယ္။ အခုလိုလွဴဒါန္းနိုင္တာနဲ႕ပတ္သတ္လို႕လည္း Ariel က သူမရဲ႕လူမႈကြန္ရက္မွာ အခုလုိေဖာ္ျပထားပါေသးတယ္။

မီးသတ္သမားမ်ားကို အားျဖည့္ေပးၾကရေအာင္

မီးသတ္သမားမ်ားလိုအပ္တာမ်ားကို ကူညီေပးခဲ့တဲ့ May Oo နဲ႕ Ariel

“ရန္ကုန္ေႏြရဲ႕ အပူဒဏ္ကို အားလံုးက အလူးအလဲခံေနရတဲ့အခ်ိန္ လူေတြ အားလံုး ပူလြန္းလို႔ အျပင္ ထြက္ဖို႔ ေရွာင္ၾက ခ်ိန္မွာ အမိွုက္ ပင္လယ္ထဲ ဝတ္စံုျပည့္နဲ႔ ေအာက္က တေငြ႕ေငြ႕ေလာက္ေနတဲ့ မီး အရိွန္ ကို အံတုေနၾကတဲ့ မီးသတ္ေတြ ဘယ္လိုခံစားရမလဲ ေတြးမၾကည့္ရဲဘူး။

ထိန္ပင္ နားမွာရိွတဲ့ ဧက ၃၀၀ေက်ာ္ေလာက္က်ယ္တဲ့ အမိွုက္ကြင္းႀကီးထဲမွာ အဲဒီ ဧရိယာရဲ႕ ၃ပံု၁ပံု ေလာက္က ၂၁ရက္ေန႔ကတည္းက မီးေလာင္ေနတာပါ။

ငယ္ ဒီအေၾကာင္းကို စေတြ႕တာ က သူငယ္ခ်င္းတစ္ေယာက္shareထားတဲ့ mmtimesက ကိုKaung Htet ရဲ႕ postကေနပါ။ မေန႔ညက စသိကတည္း ကသြားကူခ်င္တာ ဒီေန႔ ေၾကာ္ျငာရိုက္ကြင္းမာ May Ooကိုပါေျပာျပမိေတာ့ သူလဲခ်က္ခ်င္း သြားလႉခ်င္တယ္ေျပာလာတယ္။ ၂ေယာက္ လဲခ်က္ခ်င္း ကိုKaung Htet ဆီဆက္သြယ္ၿပီး ဘယ္လို ကူလို႔ရမလဲလွမ္းေမးေတာ့ သူတို႔အဖြဲ႕လဲကူခ်င္သူေတြနဲ႔ ဒီေန႔သြားဖို႔ရိွတယ္ဆိုတာနဲ႔ shootingအၿပီး ရလာတဲ့ အႏုပညာ ေၾကး ပါသေလာက္နဲ႔ ေျပးဝယ္ ၾကတာ။
ဘာေတြလိုလဲေမးေတာ့ အဲဒီအသက္မရႈႏိုင္ေလာက္ေအာင္ မ်ားတဲ့ မီးခိုးေငြ႕ေတြၾကား ေနဖို႔ Maskေကာင္းေကာင္းေတြ ေသာက္ေရ ၿပီးေတာ့ အားျဖည့္ အခ်ိဳရည္ေတြ အလြယ္စားစရာ ေတြ လိုတယ္ ဆိုတာနဲ႔ ႏိုင္သေလာက္သြားလႉၾကတာပါ။

မီးေလာင္ေနတဲ့ အမိႈက္ပံု

မီးေလာင္ေနတဲ့ အမိႈက္ပံု

ကိုယ္တိုင္ေရာက္သြားမွ ပိုသိေတာ့တယ္။ အဲဒီ မီးခိုးေတြထဲျဖတ္ၿပီး သူ႕ဆီအေရာက္သြားတာလမ္း တဝက္မွာတင္ ေရွ႕ဆက္ မီးခိုး ေတြပိတ္ၿပီး မွန္အလံုပိတ္ကားထဲမွာေတာင္ မ်က္လံုးေတြစပ္ အသက္ရႉမရျဖစ္လာတာနဲ႔ ျပန္လွည့္ၾကရတယ္။ ငယ္တို႔ေအာက္ဆင္းၾကေတာ့လဲ အဲဒီအပူေငြ႕နား ၁မိနစ္ေနတာေတာင္ ငရဲ ေရာက္ေနသလိုပါပဲ။ သူတို႔လို အမွိုက္ေတြထဲတိုးဝင္ အကာအကြယ္ maskမတပ္ပဲမီးသတ္ဖို႔ စဥ္းေတာင္မစဥ္းစားႏိုင္ဘူး။

ငယ္နဲ႔May Oo တို႔အကူအညီတတ္ႏိုင္သမၽွေပးဖို႔ ေမးတာကို ခ်က္ခ်င္း လာကူေပးတဲ့ Aquarius Myanmar ကိုလဲအရမ္းေက်းးဇူးတင္ပါတယ္။သူတို႔နဲ႔အတူ Aquarius drinks 350 ml အလံုး ၆၀၀ေက်ာ္ ေရသန္႔ အလံုး ၁၉၀၀ ေက်ာ္ နဲ႔ အသင့္စား မုန္႔ေတြ သြားေပးႏိုင္လိုက္ပါတယ္။ မနက္ျဖန္လဲငယ္တို႔ ထပ္ၿပီး ႏိုင္သေလာက္လႉရင္း မီးသတ္အေယာက္ ၂၀၀ ေက်ာ္ အတြက္ထမင္းထုပ္ေတြသြားပို႔ဦးမွာပါ။ မီးထိန္းႏိုင္ေပမဲ့ အမိွုက္ပံုထုႀကီးေအာက္ကေန လိုက္ၿပီးေလာင္ေနဆဲမို႔ ကူညီႏိုင္ၾကတဲ့ သူေတြလဲသြားေရာက္ကူညီႏိုင္ေအာင္ တင္ေပးလိုက္ပါတယ္ေနာ္။ လႉမယ္ဆို ငယ္နဲ႔ May Ooတို႔ကတဆင့္လဲလႉလို႔ရပါတယ္။

👉 💛 💧May Oo accountမွာ shareထားတာလဲရိွပါတယ္။

https://m.facebook.com/story.php?story_fbid=435866116842537&id=100012574562639

Phone: 09420634911
ကိုဆက္ၿပီးပါဝင္ႏိုင္ပါတယ္။ 💧 💛 ”

အခုလိုလွဴဒါန္းမႈေတြကိုေတာ့ ပရဟိတ အဖြ႕ဲေတြ အျခားေသာလူမႈအဖြဲ႕အစည္းေတြက တတ္အားသမွ်လွဴဒါန္းမႈေတြျပဳလုပ္ေနတာကိုေတြ႕ရေပမယ့္ လည္း လက္ရွိအခ်ိန္အထိ တေျမ႕ေျမ႕ ေလာင္ကြ်မ္းေနတဲ့ မီးရဲ႕အပူ ရာသီဥတု ရဲ႕ အပူ ကို အံတုၿပီး ၿငိမ္းသတ္ေနရဲ႕ မီးသတ္သမားေတြ အတြက္ အကူအညီေတြကေတာ့ လိုအပ္လ်က္ရွိေနဆဲျဖစ္ပါတယ္။ ဒါေၾကာင့္ပါဝင္ကူညီလိုိသူေတြ လွဴဒါန္းလိုသူေတြအတြက္ ကို္ယ္တိုင္ေသာ္လည္းေကာင္း ၊ အခုလိုလွဴဒါန္းေနတဲ့ အဖြဲ႕အစည္းေတြနဲ႕ေသာ္လည္းေကာင္းခ်ိတ္ဆက္လွဴဒါန္းနိုင္ရန္ အသိေပးတင္ျပလိုက္တာျဖစ္ပါတယ္။

Photo Credit:Ariel Thuta Facebook

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

မီးသတ်သမားများအတွက် ဝိုင်းဝန်းကူညီကြဖို့ လှုံ့ဆော်လိုက်တဲ့ Ariel Thuta

လှိုင်သာယာမှာ ရှိတဲ့ ရန်ကုန်မြို့ရဲ့ အကြီးဆုံး အမှိုက်ပုံကြီး မီးလောင်နေတဲ့ နေရာမှာ မီးသတ်ပေးနေတဲ့ ဝန်ထမ်းတွေကို သွားရောက်လှူဒါန်းလိုသူတွေ အတွက် Social Influencer တစ်ဦးဖြစ်သူ Ariel Thuta နဲ့အတူ ပါဝင်လှူဒါန်းနိုင်ကြောင်းသတင်းကောင်းပါးချင်ပါတယ်။ အခုလိုလှူဒါန်းနိုင်တာနဲ့ပတ်သတ်လို့လည်း Ariel က သူမရဲ့လူမှုကွန်ရက်မှာ အခုလိုဖော်ပြထားပါသေးတယ်။

မီးသတ်သမားများကို အားဖြည့်ပေးကြရအောင်

မီးသတ်သမားများလိုအပ်တာများကို ကူညီပေးခဲ့တဲ့ May Oo နဲ့ Ariel

“ရန်ကုန်နွေရဲ့ အပူဒဏ်ကို အားလုံးက အလူးအလဲခံနေရတဲ့အချိန် လူတွေ အားလုံး ပူလွန်းလို့ အပြင် ထွက်ဖို့ ရှောင်ကြ ချိန်မှာ အမှိုက် ပင်လယ်ထဲ ဝတ်စုံပြည့်နဲ့ အောက်က တငွေ့ငွေ့လောက်နေတဲ့ မီး အရှိန် ကို အံတုနေကြတဲ့ မီးသတ်တွေ ဘယ်လိုခံစားရမလဲ တွေးမကြည့်ရဲဘူး။

ထိန်ပင် နားမှာရှိတဲ့ ဧက ၃၀၀ကျော်လောက်ကျယ်တဲ့ အမှိုက်ကွင်းကြီးထဲမှာ အဲဒီ ဧရိယာရဲ့ ၃ပုံ၁ပုံ လောက်က ၂၁ရက်နေ့ကတည်းက မီးလောင်နေတာပါ။

ငယ် ဒီအကြောင်းကို စတွေ့တာ က သူငယ်ချင်းတစ်ယောက်shareထားတဲ့ mmtimesက ကိုKaung Htet ရဲ့ postကနေပါ။ မနေ့ညက စသိကတည်း ကသွားကူချင်တာ ဒီနေ့ ကြော်ငြာရိုက်ကွင်းမာ May Ooကိုပါပြောပြမိတော့ သူလဲချက်ချင်း သွားလှူချင်တယ်ပြောလာတယ်။ ၂ယောက် လဲချက်ချင်း ကိုKaung Htet ဆီဆက်သွယ်ပြီး ဘယ်လို ကူလို့ရမလဲလှမ်းမေးတော့ သူတို့အဖွဲ့လဲကူချင်သူတွေနဲ့ ဒီနေ့သွားဖို့ရှိတယ်ဆိုတာနဲ့ shootingအပြီး ရလာတဲ့ အနုပညာ ကြေး ပါသလောက်နဲ့ ပြေးဝယ် ကြတာ။
ဘာတွေလိုလဲမေးတော့ အဲဒီအသက်မရှုနိုင်လောက်အောင် များတဲ့ မီးခိုးငွေ့တွေကြား နေဖို့ Maskကောင်းကောင်းတွေ သောက်ရေ ပြီးတော့ အားဖြည့် အချိုရည်တွေ အလွယ်စားစရာ တွေ လိုတယ် ဆိုတာနဲ့ နိုင်သလောက်သွားလှူကြတာပါ။

မီးလောင်နေတဲ့ အမှိုက်ပုံ

မီးလောင်နေတဲ့ အမှိုက်ပုံ

ကိုယ်တိုင်ရောက်သွားမှ ပိုသိတော့တယ်။ အဲဒီ မီးခိုးတွေထဲဖြတ်ပြီး သူ့ဆီအရောက်သွားတာလမ်း တဝက်မှာတင် ရှေ့ဆက် မီးခိုး တွေပိတ်ပြီး မှန်အလုံပိတ်ကားထဲမှာတောင် မျက်လုံးတွေစပ် အသက်ရှူမရဖြစ်လာတာနဲ့ ပြန်လှည့်ကြရတယ်။ ငယ်တို့အောက်ဆင်းကြတော့လဲ အဲဒီအပူငွေ့နား ၁မိနစ်နေတာတောင် ငရဲ ရောက်နေသလိုပါပဲ။ သူတို့လို အမှိုက်တွေထဲတိုးဝင် အကာအကွယ် maskမတပ်ပဲမီးသတ်ဖို့ စဉ်းတောင်မစဉ်းစားနိုင်ဘူး။

ငယ်နဲ့May Oo တို့အကူအညီတတ်နိုင်သမျှပေးဖို့ မေးတာကို ချက်ချင်း လာကူပေးတဲ့ Aquarius Myanmar ကိုလဲအရမ်းကျေးးဇူးတင်ပါတယ်။သူတို့နဲ့အတူ Aquarius drinks 350 ml အလုံး ၆၀၀ကျော် ရေသန့် အလုံး ၁၉၀၀ ကျော် နဲ့ အသင့်စား မုန့်တွေ သွားပေးနိုင်လိုက်ပါတယ်။ မနက်ဖြန်လဲငယ်တို့ ထပ်ပြီး နိုင်သလောက်လှူရင်း မီးသတ်အယောက် ၂၀၀ ကျော် အတွက်ထမင်းထုပ်တွေသွားပို့ဦးမှာပါ။ မီးထိန်းနိုင်ပေမဲ့ အမှိုက်ပုံထုကြီးအောက်ကနေ လိုက်ပြီးလောင်နေဆဲမို့ ကူညီနိုင်ကြတဲ့ သူတွေလဲသွားရောက်ကူညီနိုင်အောင် တင်ပေးလိုက်ပါတယ်နော်။ လှူမယ်ဆို ငယ်နဲ့ May Ooတို့ကတဆင့်လဲလှူလို့ရပါတယ်။

👉 💛 💧May Oo accountမှာ shareထားတာလဲရှိပါတယ်။

https://m.facebook.com/story.php?story_fbid=435866116842537&id=100012574562639

Phone: 09420634911
ကိုဆက်ပြီးပါဝင်နိုင်ပါတယ်။ 💧 💛 ”

အခုလိုလှူဒါန်းမှုတွေကိုတော့ ပရဟိတ အဖွ့ဲတွေ အခြားသောလူမှုအဖွဲ့အစည်းတွေက တတ်အားသမျှလှူဒါန်းမှုတွေပြုလုပ်နေတာကိုတွေ့ရပေမယ့် လည်း လက်ရှိအချိန်အထိ တမြေ့မြေ့ လောင်ကျွမ်းနေတဲ့ မီးရဲ့အပူ ရာသီဥတု ရဲ့ အပူ ကို အံတုပြီး ငြိမ်းသတ်နေရဲ့ မီးသတ်သမားတွေ အတွက် အကူအညီတွေကတော့ လိုအပ်လျက်ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့်ပါဝင်ကူညီလိုသူတွေ လှူဒါန်းလိုသူတွေအတွက် ကိုယ်တိုင်သော်လည်းကောင်း ၊ အခုလိုလှူဒါန်းနေတဲ့ အဖွဲ့အစည်းတွေနဲ့သော်လည်းကောင်းချိတ်ဆက်လှူဒါန်းနိုင်ရန် အသိပေးတင်ပြလိုက်တာဖြစ်ပါတယ်။

Photo Credit:Ariel Thuta Facebook

ကြည်သာ (Akhayar)

www.akhayar.com