[ZawGyi]

ကေလးေလးလက္ေရးလွေစဖို႔ ဒါေတြေလ႔က်င္႔ေပးပါ

မိဘေတြ၊ ဆရာ ဆရာမေတြတိုင္းက ကိုယ္႔ကေလးေတြကို လက္ေရးလွလွေလးေတြျဖစ္ေစခ်င္ၾကသူခ်ည္းပါပဲ။ ေက်ာင္းတက္ခါစကေလးေလးေတြရဲ႕ စာအုပ္ထဲက လက္ေရးဝိုင္းဝိုင္းေလးေတြကို ေတြ႔ျမင္ရျပန္ရင္လည္း ကိုယ္႔သားသမီးအတြက္တစ္မ်ိဳးတစ္ဖံုစိတ္ၾကည္ႏူးေနတတ္တာကလည္း မိဘေတြပါပဲ။ ဒီလိုလက္ေရးလွလွေလးေတြေရးႏိုင္ဖုိ႔၊ စာေရးခ်ိန္မွာ ခဏေလးနဲ႔လက္ေညာင္းလာတာမ်ိဳးမျဖစ္ဖုိ႔ဆိုရင္ သူတုိ႔ေလးေတြငယ္ငယ္ကတည္းက Fine Motor Skills ေကာင္းေအာင္အရင္ေလ႔က်င္႔ထားေပးဖုိ႔လုိပါတယ္။

develop fine motor skills

develop fine motor skills

Fine Motor Skills ဆိုတာက လက္ကိုအသံုးျပဳျပီးလုပ္ရတဲ႔လႈပ္ရွားမႈေတြတုိင္းကိုဖြ႔ံျဖိဳးေစဖုိ႔ျဖစ္ပါတယ္။ လက္ေခ်ာင္းၾကြက္သားေလးေတြသန္မာမွ ဇြန္းကိုင္ျပီးတစ္ခုခုစားေသာက္တဲ႔အခါအဆင္ေျပမယ္၊ စာေရးတဲ႔အခါမွာလည္း လက္ေရးလွလွပီပီသသနဲ႔ ျမန္ျမန္ဆန္ဆန္ေရးသားႏိုင္မွာျဖစ္ပါတယ္။ Fine Motor Skills က ကေလးရဲ႕ မ်က္လံုးနဲ႔လက္ခ်ိတ္ဆက္အလုပ္လုပ္ေဆာင္ႏိုင္မႈ၊ ေရြ႕လ်ားႏိုင္မႈ၊ တည္ျငိမ္မႈ၊ စိတ္ခံစားခ်က္ဆုိင္ရာ၊ လူမႈဝန္းက်င္ဆိုင္ရာေတြမွာပါ တုိးတက္ဖြ႔ံျဖိဳးလာေစျပီး အားကစားတစ္ခုခုလုပ္ဖို႔၊ ပန္းခ်ီဆြဲ၊ ပံုဆြဲဖို႔ အသင္႔ျဖစ္ေနေစပါတယ္။ အရာဝတၳဳတစ္ခုခုကို ျမဲျမဲျမံျမံကိုင္ႏိုင္ေစပါတယ္။

ဒါေၾကာင္႔ ကေလးေတြကို Fine Motor Skills ေကာင္းေအာင္ ေမြးစမွစျပီးသူ႔အရြယ္နဲ႔သူေလ႔က်င္႔ေပးဖို႔ မျဖစ္မေနလိုအပ္ပါတယ္။ အခုကေတာ႔ ေက်ာင္းၾကီးမတက္ခင္ မူၾကိဳထားတဲ႔အရြယ္၊ ၂ ႏွစ္ ၃ ႏွစ္အရြယ္ကေလးေတြကိုဘယ္လုိကစားနည္းေတြနဲ႔ Fine Motor Skills ဖြ႔ံျဖိဳးေစႏိုင္မလဲဆုိတာ မွ်ေဝေပးခ်င္ပါတယ္ေနာ္။ ေမေမတုိ႔အေနနဲ႔လည္း ေငြကုန္ေၾကးက်မမ်ားတဲ႔ဒီကစားနည္းေလးေတြနဲ႔အတူ သူတုိ႔ကိုေကာင္းေကာင္းဖြ႔ံျဖိဳးေစႏိုင္မွာျဖစ္ပါတယ္။ ဒီနည္းေလးေတြအျပင္ ေမေမတုိ႔စိတ္ကူးရွိသလို အိမ္မွာရွိတဲ႔ပစၥည္းေလးေတြနဲ႔လည္း ေလ႔က်င္႔ေပးႏိုင္ပါတယ္ေနာ္။

ဂ်ံဳနယ္ခိုင္းမယ္

play-dough

play-dough

ကေလးက ဂ်ံဳကို ညွစ္မယ္၊ ဆြဲမယ္၊ နယ္မယ္၊ အလံုးေလးေတြလုပ္မယ္ စသျဖင္႔ ပံုစံမ်ိဳးစံုကစားႏိုင္တာမို႔ လက္ေခ်ာင္းၾကြက္သားေလးေတြကို သန္မာလာေစပါတယ္။ ဒါအျပင္ အပူ၊ အေအး၊ အေပ်ာ႔၊ အမာ ၊ အၾကမ္း၊ အႏု စတဲ႔ Sensory ပိုင္းဆိုင္ရာကိုပါ ဖြ႔ံျဖိဳးလာေစမွာပါ။

ေရျမွဳပ္ေလးေတြညွစ္ခိုင္းမယ္

squeeze-sponge

squeeze-sponge

ပန္းကန္လံုး၊ ဒါမွမဟုတ္ေကာ္ခြက္ေလးထဲကို ေဖာ႔တံုးေလးထည္႔၊ ေရနည္းနည္းထည္႔ျပီး ဒီေဖာ႔တံုးေလးကို ေရညွစ္လုိက္ ေရျပန္စုပ္ယူလိုက္ လုပ္ခိုင္းပါ။ ဒီကစားနည္းကိုကေလးလည္း ေပ်ာ္ရႊင္မွာျဖစ္သလုိ သူ႔ရဲ႕လက္ေခ်ာင္းေလးေတြကိုလည္း သန္မာလာေစမွာပါ။

ကတ္ေၾကးညွပ္မယ္

using_scissors

using_scissors

ေနာက္ထပ္ေလ႔က်င္႔ခိုင္းလုိ႔ရတာက ကတ္ေၾကးညွပ္ျခင္းပါ။ ကေလးကိုအရာေပးထားရာ လုိင္းေလးေတြအတုိင္း ကတ္ေၾကးညွပ္ခိုင္းပါ။ ညွပ္မရတဲ႔ေကာ္ကတ္ေၾကးကိုေတာ႔ မသံုးပါနဲ႔။ သူတုိ႔ညွပ္လို႔မျပတ္ခဲ႔ရင္ စိတ္ညစ္သြားေစႏိုင္လုိ႔ပါ။ ကတ္ေၾကးေသးေလးကို သံုးခိုင္းျပီး သူတုိ႔နားမွာဂရုတစိုက္ေစာင္႔ၾကည္႔ေနေပးပါ။

ၾကိဳးသီမယ္၊ ၾကယ္သီးတပ္မယ္

Threading

Threading

ျပီးရင္ေတာ႔ ၾကိဳးသီးခိုင္းလုိ႔ရပါတယ္။ ၾကိဳးသီဖုိ႔ကစားစရာေလးေတြ သီးသန္႔မဝယ္ျဖစ္ရင္ေတာင္ Macaroni ေလးေတြ၊ အဝက်ယ္က်ယ္ပုတီးလံုးေလးေတြကို သံုးႏိုင္ပါတယ္။ ဆန္ခါေပါက္ထဲကို ခ်ည္ၾကိဳးေလးေတြထိုးလိုက္ဆြဲထုတ္လိုက္လည္းလုပ္ႏိုင္ပါတယ္။ ဒါေတြလုပ္ေဆာင္ေပးရင္ မ်က္စိနဲ႔လက္တစ္တန္းတည္းက်ေအာင္ လုပ္ေဆာင္ႏိုင္မႈတုိးတက္လာပါတယ္။ သူတို႔ အက်ီၾကယ္သီးေလးေတြ သူတုိ႔ကိုယ္တုိင္ရေအာင္ တပ္ခိုင္းၾကည္႔ပါ။ ဒါမွမဟုတ္ ၾကယ္သီးတပ္ကစားစရာေလးနဲ႔ေဆာ႔ပါေစ။ ဒါေတြဟာလည္း လက္ေခ်ာင္းၾကြက္သားသန္မာေစမယ္႔ ကစားနည္းေတြပါ။

ပန္းခ်ီျခယ္မယ္

painting

painting

ပန္းခ်ီျခယ္တာကို စိတ္ၾကိဳက္လုပ္ေဆာင္ခြင္႔ေပးပါ။ Crayon ကိုင္ျပီးျခယ္သတတ္လာရင္ ခဲတံကိုင္ဖုိ႔လည္း အဆင္ေျပလာပါလိမ္႔မယ္။ သူတုိ႔လက္ေခ်ာင္းေလးေတြဟာ ခဲတံကိုကိုင္ဖုိ႔လံုးဝအဆင္သင္႔ျဖစ္ျပီဆုိမွ စာစေရးခိုင္းရမွာျဖစ္ပါတယ္ေနာ္။
လက္ေခ်ာင္းၾကြက္သားေလးေတြက စာေရးဖုိ႔အသင္႔ျဖစ္ျပီ၊ ခဲတံကိုင္တတ္လာျပီ ၊ သူစာစေရးႏိုင္ျပီဆုိမွ တျဖည္းျဖည္းနဲ႔လက္ေရးလွလွေလးျဖစ္ေအာင္ ပံုသြင္းယူေပးရမွာပါေနာ္။

ဒီေဆာင္းပါးေလးကိုေတာ႔ Apolo Exercise Book and Stationery ကပ႔ံပိုးေပးထားတာျဖစ္ပါတယ္။

-အရည္အေသြးေကာင္းတဲ႔ Apolo နဲ႔မွစာေရးခ်င္တဲ႔ကေလးတုိ႔အတြက္တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ျဖစ္သြားေစမယ္႔ Apolo ရဲ႕ “ဆုမဲသန္းခ်ီကံစမ္းမယ္” အစီအစဥ္လည္းရွိေနပါတယ္ေနာ္။ Apolo Exercise Book 55g၊ 60g နဲ႔ Gel Pen ၁ ဒါဇင္ဝယ္တာနဲ႔ ေမာ္ေတာ္ဆိုင္ကယ္(၅) စီး၊ ဖုန္း(၁၀) လံုး နဲ႔ ေငြသားကံစမ္းမဲေတြ ကံစမ္းႏိုင္ျပီျဖစ္ပါတယ္။
-ပထမအၾကိမ္မွာ ဖုန္းနဲ႔ ဆိုင္ကယ္ေတြကို မဲေဖာက္ေပးျပီးေတာ့ ဒုတိယအၾကိမ္မွာ ေငြသားကံစမ္းမဲေတြ မဲေဖာက္ေပးမွာမို႔ ႏွစ္ထပ္ကြမ္းကံထူးရွင္ေတာင္ျဖစ္ႏိုင္ပါေသးတယ္။
-ေနာက္ထပ္အထူးအစီအစဥ္တစ္ခုကေတာ႔ Apolo 60g တစ္ဒါဇင္ဝယ္ရင္ ကံစမ္းမဲကူပြန္ရမွာျဖစ္ျပီး ခ်က္ခ်င္းဝယ္၊ ခ်က္ခ်င္းေပါက္ကံစမ္းမဲလည္း ကံထူးႏိုင္ဦးမွာပါ။ ဒါေၾကာင္႔ Apolo တစ္ဒါဇင္ဝယ္တိုင္း ကံစမ္းမဲကူပြန္တစ္ေစာင္ေတာင္းယူဖုိ႔ကို လံုးဝမေမ႔ပါနဲ႔ေနာ္။ ကူပြန္ေလး ရလာခဲ႔ရင္ ဒီအဆင္႔ေလးေတြအတိုင္းကံစမ္းႏိုင္မွာပါ။

(၁) ဒီ Lucky Draw အစီအစဥ္ကို Apolo စာအုပ္ႏွင့္ စာေရးကိရိယာေတြဝယ္ယူျပီးရရွိလာတဲ့ ကံစမ္းမဲကူပြန္နဲ႔ပဲ ကံစမ္းရမွာျဖစ္ပါတယ္။

(၂) ကံစမ္းသူအေနနဲ႔ ေရာင္းသူလက္ခံျဖတ္ပိုင္းကို လိုအပ္တဲ့ အခ်က္အလက္ေတြ ျဖည့္သြင္းျပီး စာတိုက္ေသတၱာအမွတ္ (၁၀၆၅) ကို ေပးပို႔ရမွာပါ။ စာတုိက္ကေနပို႔ဖုိ႔ အခက္အခဲရွိတယ္ဆိုရင္ ေရာင္းသူလက္ခံျဖတ္ပိုင္းကို ဓာတ္ပံုရိုက္ျပီးေတာ့ Apolo Facebook Messenger (သို႔မဟုတ္) Viber Ph No (၀၉-၂၅၅၅၅၉၀၂၁) ကေနလည္း ေပးပို႔လို႔ရပါတယ္။

(၃) ကံထူးရွင္အေနနဲ႔ ဆုထုတ္ယူတဲ့အခါ သက္ေသျပႏိုင္ဖို႔ ဝယ္သူလက္ခံျဖတ္ပိုင္းကို သိမ္းဆည္းထားရပါမယ္။

ကံစမ္းမဲကာလ – ၂၀၁၈ ခုႏွစ္၊ ေမလ (၁၉) ရက္ေန႔မွ ဇူလိုင္ (၁၃) ရက္ေန႔အထိ။ (ႏွစ္ႀကိမ္)
ကံစမ္းမဲႏႈိက္မည့္ရက္ – ပထမအႀကိမ္ (ဇြန္လ ၂၅ရက္၊ ၂၀၁၈ ခုႏွစ္) (ေမာ္ေတာ္ဆိုင္ကယ္ (၅) စီးႏွင့္ ဖုန္း (၁၀လံုး)
– ဒုတိယအႀကိမ္ (ဇူလုိင္လ ၁၆ ရက္၊ ၂၀၁၈ ခုႏွစ္) (ေငြသား ကံစမ္းမဲ)

ကဲ…ဒီေတာ႔ Apolo ၾကိဳက္တဲ႔သားသားမီးမီးတုိ႔လည္း စိတ္ေက်နပ္ ေမေမ၊ေမေမတုိ႔လည္း ဆုလက္ေဆာင္ေတြရျပီး တစ္မိသားစုလံုးျပံဳးေပ်ာ္ႏိုင္မွာပဲေပါ႔။

www.akhayar.com

[Unicode]

ကလေးလေးလက်ရေးလှစေဖို့ ဒါတွေလေ့ကျင့်ပေးပါ

မိဘတွေ၊ ဆရာ ဆရာမတွေတိုင်းက ကိုယ့်ကလေးတွေကို လက်ရေးလှလှလေးတွေဖြစ်စေချင်ကြသူချည်းပါပဲ။ ကျောင်းတက်ခါစကလေးလေးတွေရဲ့ စာအုပ်ထဲက လက်ရေးဝိုင်းဝိုင်းလေးတွေကို တွေ့မြင်ရပြန်ရင်လည်း ကိုယ့်သားသမီးအတွက်တစ်မျိုးတစ်ဖုံစိတ်ကြည်နူးနေတတ်တာကလည်း မိဘတွေပါပဲ။ ဒီလိုလက်ရေးလှလှလေးတွေရေးနိုင်ဖို့၊ စာရေးချိန်မှာ ခဏလေးနဲ့လက်ညောင်းလာတာမျိုးမဖြစ်ဖို့ဆိုရင် သူတို့လေးတွေငယ်ငယ်ကတည်းက Fine Motor Skills ကောင်းအောင်အရင်လေ့ကျင့်ထားပေးဖို့လိုပါတယ်။

develop fine motor skills

develop fine motor skills

Fine Motor Skills ဆိုတာက လက်ကိုအသုံးပြုပြီးလုပ်ရတဲ့လှုပ်ရှားမှုတွေတိုင်းကိုဖွံ့ဖြိုးစေဖို့ဖြစ်ပါတယ်။ လက်ချောင်းကြွက်သားလေးတွေသန်မာမှ ဇွန်းကိုင်ပြီးတစ်ခုခုစားသောက်တဲ့အခါအဆင်ပြေမယ်၊ စာရေးတဲ့အခါမှာလည်း လက်ရေးလှလှပီပီသသနဲ့ မြန်မြန်ဆန်ဆန်ရေးသားနိုင်မှာဖြစ်ပါတယ်။ Fine Motor Skills က ကလေးရဲ့ မျက်လုံးနဲ့လက်ချိတ်ဆက်အလုပ်လုပ်ဆောင်နိုင်မှု၊ ရွေ့လျားနိုင်မှု၊ တည်ငြိမ်မှု၊ စိတ်ခံစားချက်ဆိုင်ရာ၊ လူမှုဝန်းကျင်ဆိုင်ရာတွေမှာပါ တိုးတက်ဖွံ့ဖြိုးလာစေပြီး အားကစားတစ်ခုခုလုပ်ဖို့၊ ပန်းချီဆွဲ၊ ပုံဆွဲဖို့ အသင့်ဖြစ်နေစေပါတယ်။ အရာဝတ္ထုတစ်ခုခုကို မြဲမြဲမြံမြံကိုင်နိုင်စေပါတယ်။

ဒါကြောင့် ကလေးတွေကို Fine Motor Skills ကောင်းအောင် မွေးစမှစပြီးသူ့အရွယ်နဲ့သူလေ့ကျင့်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ အခုကတော့ ကျောင်းကြီးမတက်ခင် မူကြိုထားတဲ့အရွယ်၊ ၂ နှစ် ၃ နှစ်အရွယ်ကလေးတွေကိုဘယ်လိုကစားနည်းတွေနဲ့ Fine Motor Skills ဖွံ့ဖြိုးစေနိုင်မလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။ မေမေတို့အနေနဲ့လည်း ငွေကုန်ကြေးကျမများတဲ့ဒီကစားနည်းလေးတွေနဲ့အတူ သူတို့ကိုကောင်းကောင်းဖွံ့ဖြိုးစေနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလေးတွေအပြင် မေမေတို့စိတ်ကူးရှိသလို အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့လည်း လေ့ကျင့်ပေးနိုင်ပါတယ်နော်။

ဂျုံနယ်ခိုင်းမယ်

play-dough

play-dough

ကလေးက ဂျုံကို ညှစ်မယ်၊ ဆွဲမယ်၊ နယ်မယ်၊ အလုံးလေးတွေလုပ်မယ် စသဖြင့် ပုံစံမျိုးစုံကစားနိုင်တာမို့ လက်ချောင်းကြွက်သားလေးတွေကို သန်မာလာစေပါတယ်။ ဒါအပြင် အပူ၊ အအေး၊ အပျော့၊ အမာ ၊ အကြမ်း၊ အနု စတဲ့ Sensory ပိုင်းဆိုင်ရာကိုပါ ဖွံ့ဖြိုးလာစေမှာပါ။

ရေမြှုပ်လေးတွေညှစ်ခိုင်းမယ်

squeeze-sponge

squeeze-sponge

ပန်းကန်လုံး၊ ဒါမှမဟုတ်ကော်ခွက်လေးထဲကို ဖော့တုံးလေးထည့်၊ ရေနည်းနည်းထည့်ပြီး ဒီဖော့တုံးလေးကို ရေညှစ်လိုက် ရေပြန်စုပ်ယူလိုက် လုပ်ခိုင်းပါ။ ဒီကစားနည်းကိုကလေးလည်း ပျော်ရွှင်မှာဖြစ်သလို သူ့ရဲ့လက်ချောင်းလေးတွေကိုလည်း သန်မာလာစေမှာပါ။

ကတ်ကြေးညှပ်မယ်

using_scissors

using_scissors

နောက်ထပ်လေ့ကျင့်ခိုင်းလို့ရတာက ကတ်ကြေးညှပ်ခြင်းပါ။ ကလေးကိုအရာပေးထားရာ လိုင်းလေးတွေအတိုင်း ကတ်ကြေးညှပ်ခိုင်းပါ။ ညှပ်မရတဲ့ကော်ကတ်ကြေးကိုတော့ မသုံးပါနဲ့။ သူတို့ညှပ်လို့မပြတ်ခဲ့ရင် စိတ်ညစ်သွားစေနိုင်လို့ပါ။ ကတ်ကြေးသေးလေးကို သုံးခိုင်းပြီး သူတို့နားမှာဂရုတစိုက်စောင့်ကြည့်နေပေးပါ။

ကြိုးသီမယ်၊ ကြယ်သီးတပ်မယ်

Threading

Threading

ပြီးရင်တော့ ကြိုးသီးခိုင်းလို့ရပါတယ်။ ကြိုးသီဖို့ကစားစရာလေးတွေ သီးသန့်မဝယ်ဖြစ်ရင်တောင် Macaroni လေးတွေ၊ အဝကျယ်ကျယ်ပုတီးလုံးလေးတွေကို သုံးနိုင်ပါတယ်။ ဆန်ခါပေါက်ထဲကို ချည်ကြိုးလေးတွေထိုးလိုက်ဆွဲထုတ်လိုက်လည်းလုပ်နိုင်ပါတယ်။ ဒါတွေလုပ်ဆောင်ပေးရင် မျက်စိနဲ့လက်တစ်တန်းတည်းကျအောင် လုပ်ဆောင်နိုင်မှုတိုးတက်လာပါတယ်။ သူတို့ အကျီကြယ်သီးလေးတွေ သူတို့ကိုယ်တိုင်ရအောင် တပ်ခိုင်းကြည့်ပါ။ ဒါမှမဟုတ် ကြယ်သီးတပ်ကစားစရာလေးနဲ့ဆော့ပါစေ။ ဒါတွေဟာလည်း လက်ချောင်းကြွက်သားသန်မာစေမယ့် ကစားနည်းတွေပါ။

ပန်းချီခြယ်မယ်

painting

painting

ပန်းချီခြယ်တာကို စိတ်ကြိုက်လုပ်ဆောင်ခွင့်ပေးပါ။ Crayon ကိုင်ပြီးခြယ်သတတ်လာရင် ခဲတံကိုင်ဖို့လည်း အဆင်ပြေလာပါလိမ့်မယ်။ သူတို့လက်ချောင်းလေးတွေဟာ ခဲတံကိုကိုင်ဖို့လုံးဝအဆင်သင့်ဖြစ်ပြီဆိုမှ စာစရေးခိုင်းရမှာဖြစ်ပါတယ်နော်။
လက်ချောင်းကြွက်သားလေးတွေက စာရေးဖို့အသင့်ဖြစ်ပြီ၊ ခဲတံကိုင်တတ်လာပြီ ၊ သူစာစရေးနိုင်ပြီဆိုမှ တဖြည်းဖြည်းနဲ့လက်ရေးလှလှလေးဖြစ်အောင် ပုံသွင်းယူပေးရမှာပါနော်။

ဒီဆောင်းပါးလေးကိုတော့ Apolo Exercise Book and Stationery ကပံ့ပိုးပေးထားတာဖြစ်ပါတယ်။

-အရည်အသွေးကောင်းတဲ့ Apolo နဲ့မှစာရေးချင်တဲ့ကလေးတို့အတွက်တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်သွားစေမယ့် Apolo ရဲ့ “ဆုမဲသန်းချီကံစမ်းမယ်” အစီအစဉ်လည်းရှိနေပါတယ်နော်။ Apolo Exercise Book 55g၊ 60g နဲ့ Gel Pen ၁ ဒါဇင်ဝယ်တာနဲ့ မော်တော်ဆိုင်ကယ်(၅) စီး၊ ဖုန်း(၁၀) လုံး နဲ့ ငွေသားကံစမ်းမဲတွေ ကံစမ်းနိုင်ပြီဖြစ်ပါတယ်။
-ပထမအကြိမ်မှာ ဖုန်းနဲ့ ဆိုင်ကယ်တွေကို မဲဖောက်ပေးပြီးတော့ ဒုတိယအကြိမ်မှာ ငွေသားကံစမ်းမဲတွေ မဲဖောက်ပေးမှာမို့ နှစ်ထပ်ကွမ်းကံထူးရှင်တောင်ဖြစ်နိုင်ပါသေးတယ်။
-နောက်ထပ်အထူးအစီအစဉ်တစ်ခုကတော့ Apolo 60g တစ်ဒါဇင်ဝယ်ရင် ကံစမ်းမဲကူပွန်ရမှာဖြစ်ပြီး ချက်ချင်းဝယ်၊ ချက်ချင်းပေါက်ကံစမ်းမဲလည်း ကံထူးနိုင်ဦးမှာပါ။ ဒါကြောင့် Apolo တစ်ဒါဇင်ဝယ်တိုင်း ကံစမ်းမဲကူပွန်တစ်စောင်တောင်းယူဖို့ကို လုံးဝမမေ့ပါနဲ့နော်။ ကူပွန်လေး ရလာခဲ့ရင် ဒီအဆင့်လေးတွေအတိုင်းကံစမ်းနိုင်မှာပါ။

(၁) ဒီ Lucky Draw အစီအစဉ်ကို Apolo စာအုပ်နှင့် စာရေးကိရိယာတွေဝယ်ယူပြီးရရှိလာတဲ့ ကံစမ်းမဲကူပွန်နဲ့ပဲ ကံစမ်းရမှာဖြစ်ပါတယ်။

(၂) ကံစမ်းသူအနေနဲ့ ရောင်းသူလက်ခံဖြတ်ပိုင်းကို လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်သွင်းပြီး စာတိုက်သေတ္တာအမှတ် (၁၀၆၅) ကို ပေးပို့ရမှာပါ။ စာတိုက်ကနေပို့ဖို့ အခက်အခဲရှိတယ်ဆိုရင် ရောင်းသူလက်ခံဖြတ်ပိုင်းကို ဓာတ်ပုံရိုက်ပြီးတော့ Apolo Facebook Messenger (သို့မဟုတ်) Viber Ph No (၀၉-၂၅၅၅၅၉၀၂၁) ကနေလည်း ပေးပို့လို့ရပါတယ်။

(၃) ကံထူးရှင်အနေနဲ့ ဆုထုတ်ယူတဲ့အခါ သက်သေပြနိုင်ဖို့ ဝယ်သူလက်ခံဖြတ်ပိုင်းကို သိမ်းဆည်းထားရပါမယ်။

ကံစမ်းမဲကာလ – ၂၀၁၈ ခုနှစ်၊ မေလ (၁၉) ရက်နေ့မှ ဇူလိုင် (၁၃) ရက်နေ့အထိ။ (နှစ်ကြိမ်)
ကံစမ်းမဲနှိုက်မည့်ရက် – ပထမအကြိမ် (ဇွန်လ ၂၅ရက်၊ ၂၀၁၈ ခုနှစ်) (မော်တော်ဆိုင်ကယ် (၅) စီးနှင့် ဖုန်း (၁၀လုံး)
– ဒုတိယအကြိမ် (ဇူလိုင်လ ၁၆ ရက်၊ ၂၀၁၈ ခုနှစ်) (ငွေသား ကံစမ်းမဲ)

ကဲ…ဒီတော့ Apolo ကြိုက်တဲ့သားသားမီးမီးတို့လည်း စိတ်ကျေနပ် မေမေ၊မေမေတို့လည်း ဆုလက်ဆောင်တွေရပြီး တစ်မိသားစုလုံးပြုံးပျော်နိုင်မှာပဲပေါ့။

www.akhayar.com