cvပလက္ေဖာင္းသုံးမ်ိဳးလုံးမွာ ေဆာ့ကစားႏုိင္တဲ့ Final Fantasy XV ဂိမ္းဟာ သူ႔ရဲ႕ေျပာင္ေျမာက္တဲ့က႑အသီးသီးတုိ႔ေၾကာင့္ ဂိမ္းေလာကမွာနာမည္ေကာင္းေတြရလာခဲ့တာ အားလုံးမ်က္ျမင္ပါပဲ။ အဲဒီလုိေအာင္ျမင္မႈေတြ အတုိင္းအတာတစ္ခုအထိဆြတ္ခူးလာႏုိင္ခဲ့တဲ့ Final Fantasy XV ဟာ ေနာက္ဆက္တြဲအေခြထုတ္ဖုိ႔ဆုိတာထက္ DLC ေတြ update အသစ္ေတြနဲ႔ ကစားသူေတြကုိ ပုိမုိဆန္းျပားတဲ့ဂိမ္းအေတြ႕အႀကံဳေတြေပးစြမ္းဖုိ႔ ႀကိဳးပမ္းလာခဲ့ပါတယ္။ ဘယ္လုိမ်ိဳး DLC ျဖစ္မလဲ၊ ေနာက္လာမယ့္ update ေတြကေရာ ဘယ္လုိမ်ိဳးလုပ္ေဆာင္ခ်က္အသစ္ေတြပါလာမလဲလုိ႔ ဂိမ္မာေတြေစာင့္ဆုိင္းေနတဲ့အခ်ိန္မွာ ဘယ္သူမွေမွ်ာ္လင့္မထားတဲ့ေပါင္းစည္းမႈႀကီးကုိ Final Fantasy XV DLC အျဖစ္နဲ႔ မၾကာခင္ေတြ႕ျမင္ခံစားၾကရေတာ့မွာျဖစ္ပါတယ္။ ဘာျဖစ္လုိ႔လည္းဆုိေတာ့ Ubisoft နဲ႔ Square Enix တုိ႔ဟာ Assassin’s Creed ဂိမ္းစီးရီးနဲ႔ Final Fantasy XV တုိ႔ေပါင္းထားတဲ့ DLC ကုိ ၾသဂုတ္လ ၃၀ ရက္ေန႔မွာ ထုတ္ေပးေတာ့မွာျဖစ္ေၾကာင္း လတ္တေလာကမွ တရားဝင္ေၾကညာခဲ့လုိ႔ပါပဲ။ နာမည္ေက်ာ္ဂိမး္စီးရီးႏွစ္ခုျဖစ္ၾကတဲ့ AC နဲ႔ Final Fantasy ကုိေပါင္းစည္းၿပီး ဂိမ္းတစ္ခုထဲမွာေဆာ့ကစားဖုိ႔ဆုိတာ ဂိမ္မာေတြမက္ဖူးၾကတဲ့အိပ္မက္ျဖစ္ေပမယ့္ တကယ္တမး္လက္ေတြ႔မွာေတာ့ ေမွ်ာ္လင့္ခ်က္ကေလးသာသာပါ၊ ဒါေပမယ့္ အခုေတာ့ အဲဒီအိပ္မက္ဟာ တကယ္ႀကီးျဖစ္လာခဲ့ပါၿပီ။ ဒီေတာ့ အမွန္တရားဘက္ေတာ္သား Assassin ေတြနဲ႔ စိတ္ကူးယဥ္ဆန္ဆန္ Final Fantasy ထဲကဇာတ္ေကာင္ေတြကုိ ဘယ္လုိမ်ိဳးေပါင္းစညး္ထားလဲ၊ ေဆာ့ရမယ့္ပုံစံကေရာ ဘယ္လုိမ်ိဳးလဲ၊ ပါဝင္မယ့္ဇာတ္ေကာင္အမ်ိဳးအစား အစရွိတာေတြကုိ စုစည္းၿပီးဒီမွာေဖာ္ျပေပးလုိက္ပါတယ္။


Assassin တစ္ေယာက္ျဖစ္လာဖုိ႔ ဘယ္ကစတင္ရမလဲ

Assassin တစ္ေယာက္ျဖစ္လာဖုိ႔အတြက္ဆုိရင္ေတာ့ Moogle Chocobo Carnival ပြဲေတာ္မွာ Dream Egg ကုိလိုက္လံရွာေဖြရမွာပါ။ အဲဒီ Dream Egg ကုိရွာေတြ႔သြားၿပီဆုိရင္ေတာ့ အဓိဇာတ္ေဆာင္ျဖစ္တဲ့ Noctis ဟာ Assassin ဝတ္စုံကုိ စတင္ဝတ္ဆင္ႏုိင္ၿပီျဖစ္ပါတယ္။ ၾသဂုတ္လ ၃၀ မွာ DLC ထြက္ရွိမွာျဖစ္ၿပီး ေနာက္တစ္ရက္မွာ Final Fantasy XV ဂိမ္းရဲ႕ Assassin ပြဲေတာ္ DLC ကုိ အားလုံးကဝင္ေရာက္ေဆာ့ကစားႏုိင္မွာပဲျဖစ္ပါတယ္။

Assassin တစ္ေယာက္အေနနဲ႔ ေတြ႔ႀကံဳခံစားႏုိင္မယ့္အရာေတြ

 

DLC အတြင္းမွာ ကိုယ္က်င္လည္ရမယ့္ၿမိဳ႕ကေတာ့ Lestalium ၿမိဳ႕ျဖစ္ၿပီး ဂိမ္းအတြင္းမွာလုပ္ငန္းေဆာင္တာအသစ္ေတြ၊ မစ္ရွင္အသစ္ေတြ၊ လုပ္ေဆာင္ခ်က္အသစ္ေတြနဲ႔ Assassin Creed ဂိမ္းဒီဇုိင္းတြဲဆက္ထားတဲ့ ပစၥည္းေတြ၊ အေဆာက္အအုံေတြကုိ အားလုံးကေတြ႔ျမင္ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ Noctis အေနနဲ႔ Assassin ဝတ္စုံကုိဝတ္ဆင္ထားတဲ့အတြက္ ေျပာင္းလဲသြားတဲ့တုိက္ခုိက္မႈအကြက္အသစ္ေတြ၊ သြားလာတဲ့စတုိင္အသစ္ေတြ၊ Assassin ဆန္ဆန္လႈပ္ရွားမႈေတြကုိ ထည့္ေပါင္းျမင္ေတြ႕ရဦးမယ့္အျပင္ Assassin Creed ရဲ႕အခ်က္အျခာက်လုပ္ေဆာင္ခ်က္တစ္ခုျဖစ္တဲ့ ဟုိးအျမင့္တစ္ေနရာကေန သိမ္းငွက္တစ္ေကာင္လုိအဟုန္နဲ႔ ေျမေအာက္ကုိထုိးဆင္းတဲ့ Leap Of Faith လုပ္ေဆာင္ခ်က္ကုိ လုပ္ေဆာင္ႏုိင္ဦးမွာပါ။


Assassin ပြဲေတာ္က်င္းပခ်ိန္နဲ႔ ၿပီးဆုံးခ်ိန္

Assassin ပြဲေတာ္ကုိ ၾသဂုတ္လ ၃၁ ရက္ေန႔မွာစတင္က်င္းပမွာျဖစ္ၿပီး ၂၀၁၈ ဇန္နဝါရီလ ၃၁ ရက္ေန႔မွာ အဆုံးသတ္မွာျဖစ္ပါတယ္။ PS4 နဲ႔ Xbox One ပလက္ေဖာင္းမ်ားအတြက္ update အသီးသီးကုိ ရယူႏုိင္မွာျဖစ္ၿပီး PC အတြက္ေတာ့ ဘယ္အခ်ိန္မွာေရာက္လာမလဲဆုိတာ မသိရေသးပါဘူး။ Nocits ဟာ Master Assassin ဝတ္စုံကုိဝတ္ဆင္လုိ႔ရမယ့္အျပင္ brotherhood ႀကီးရဲ႕အေငြ႕အသက္ကုိ ဂိမ္မာမ်ားခံစားႏုိင္ေစဖုိ႔ က်န္တဲ့အဓိကဇာတ္ေကာင္ ၃ ေယာက္အတြက္လည္း ဆင္ျမန္းႏုိင္မယ့္ Assassin ဝတ္စုံေတြရွိေနပါေသးတယ္။


ေရွ႕ဆက္အနာဂတ္မွာျဖစ္လာမယ့္ crossover
 ေတြနဲ႔ပတ္သက္သမွ် 

 

Final Fantasy XV ဂိမ္းအေနနဲ႔ Assassin Creed ရဲ႕ အေငြ႕အသက္ေတြကုိေပးစြမ္းဖုိ႔ DLC တစ္ခုအျဖစ္ဖန္တီးၿပီး ဂိမ္းထဲမွာထည့္သြင္းခဲ့တယ္ဆုိေပမယ့္ Assassin Creed အေနေတာ့ Final Fantasy နဲ႔ပတ္သက္တဲ့အေၾကာင္းအရာ၊ က႑ေတြကုိ တကယ့္ဂိမ္းထဲမွာတစ္ဖန္ျပန္ထည့္သြင္းဖုိ႔ အစီအစဥ္မရွိေသးဘူးလုိ႔ သိရပါတယ္။ အခုလုိ crossover DLC ကုိဖန္တီးျဖစ္ခဲ့တာလည္း လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္က Ubisoft ဂိမ္းဆြဲတဲ့အဖြဲ႕နဲ႔ Square Enix ဂိမ္းဖန္တီးသူမ်ားအဖြဲ႕တုိ႔ မိတ္ျဖစ္ေဆြျဖစ္ ေတြ႕ဆုံရာကေန အစပ်ိဳးခဲ့တယ္လုိ႔ဆုိပါတယ္။

 

အႏွစ္ခ်ဴပ္

Ubisoft နဲ႔ Square Enix အေနနဲ႔ အနာဂတ္မွာထပ္ၿပီးေပါင္းစည္းသြားမယ့္ crossover ဂိမ္းေတြရဲ႕ အရိပ္အေယာင္ကုိေတာ့ ဘာမွမခ်ျပေသးေပမယ့္ ဂိမ္မာေတြမက္ခဲ့ရတဲ့အိပ္မက္တစ္ခုထဲကတစ္ခု အေကာင္အထည္ေပၚလာတာျဖစ္တဲ့အတြက္ ဒီ crossover DLC ကလုံးဝကုိအားရေက်နပ္စရာႀကီးပါ။ ဒါေပမယ့္အခ်ိန္အကန္႔သတ္နဲ႔ျဖစ္တဲ့အတြက္ Assassin ပြဲေတာ္စတင္ၿပီဆုိတာနဲ႔ အားလုံးကလက္မေႏွးဘဲ အလ်င္အျမန္ေဆာ့ထားႏုိင္မွ စိတ္ေက်နပ္ဖုိ႔ေကာင္းတဲ့ ဂိမ္္းတြင္းအေတြ႔အႀကံဳေတြကုိ အျပည့္အဝခံစားႏုိင္မွာျဖစ္တယ္လုိ႔ေျပာရင္း Final Fantasy XV: Assassin Festival DLC ကုိဒီကေန ညႊန္းလုိက္ပါရေစ။

Yan

Ref: GameSpot, IGN

www.akhayar.com

HGID_KV_Ads_Square

 

[Unicode]

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က ထွက်ရှိခဲ့တဲ့ Final Fantasy ဂိမ်းဇာတ်လမ်းတွဲရဲ့ နောက်ဆုံးအခွေအသစ်ဖြစ်တဲ့ Final Fantasy XV ဟာ သစ်လွင်တဲ့ဇာတ်ကောင်တွေ၊ ရင်သပ်ရှုမောဖွယ်ဂိမ်းလောက၊ စိတ်လှုပ်ရှားစရာဇာတ်ကြောင်း၊ ကွဲပြားတဲ့ဂိမ်းကစားမှုပုံစံတို့နဲ့ Final Fantasy ဂိမ်းစီးရီးကိုတစ်ကြော့ပြန်သစ်ဆန်းစေခဲ့ပါတယ်။ ပလက်ဖောင်းသုံးမျိုးလုံးမှာ ဆော့ကစားနိုင်တဲ့ Final Fantasy XV ဂိမ်းဟာ သူ့ရဲ့ပြောင်မြောက်တဲ့ကဏ္ဍအသီးသီးတို့ကြောင့် ဂိမ်းလောကမှာနာမည်ကောင်းတွေရလာခဲ့တာ အားလုံးမျက်မြင်ပါပဲ။ အဲဒီလိုအောင်မြင်မှုတွေ အတိုင်းအတာတစ်ခုအထိဆွတ်ခူးလာနိုင်ခဲ့တဲ့ Final Fantasy XV ဟာ နောက်ဆက်တွဲအခွေထုတ်ဖို့ဆိုတာထက် DLC တွေ update အသစ်တွေနဲ့ ကစားသူတွေကို ပိုမိုဆန်းပြားတဲ့ဂိမ်းအတွေ့အကြုံတွေပေးစွမ်းဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ဘယ်လိုမျိုး DLC ဖြစ်မလဲ၊ နောက်လာမယ့် update တွေကရော ဘယ်လိုမျိုးလုပ်ဆောင်ချက်အသစ်တွေပါလာမလဲလို့ ဂိမ်မာတွေစောင့်ဆိုင်းနေတဲ့အချိန်မှာ ဘယ်သူမှမျှော်လင့်မထားတဲ့ပေါင်းစည်းမှုကြီးကို Final Fantasy XV DLC အဖြစ်နဲ့ မကြာခင်တွေ့မြင်ခံစားကြရတော့မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Ubisoft နဲ့ Square Enix တို့ဟာ Assassin’s Creed ဂိမ်းစီးရီးနဲ့ Final Fantasy XV တို့ပေါင်းထားတဲ့ DLC ကို သြဂုတ်လ ၃၀ ရက်နေ့မှာ ထုတ်ပေးတော့မှာဖြစ်ကြောင်း လတ်တလောကမှ တရားဝင်ကြေညာခဲ့လို့ပါပဲ။ နာမည်ကျော်ဂိမ်းစီးရီးနှစ်ခုဖြစ်ကြတဲ့ AC နဲ့ Final Fantasy ကိုပေါင်းစည်းပြီး ဂိမ်းတစ်ခုထဲမှာဆော့ကစားဖို့ဆိုတာ ဂိမ်မာတွေမက်ဖူးကြတဲ့အိပ်မက်ဖြစ်ပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ မျှော်လင့်ချက်ကလေးသာသာပါ၊ ဒါပေမယ့် အခုတော့ အဲဒီအိပ်မက်ဟာ တကယ်ကြီးဖြစ်လာခဲ့ပါပြီ။ ဒီတော့ အမှန်တရားဘက်တော်သား Assassin တွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် Final Fantasy ထဲကဇာတ်ကောင်တွေကို ဘယ်လိုမျိုးပေါင်းစည်းထားလဲ၊ ဆော့ရမယ့်ပုံစံကရော ဘယ်လိုမျိုးလဲ၊ ပါဝင်မယ့်ဇာတ်ကောင်အမျိုးအစား အစရှိတာတွေကို စုစည်းပြီးဒီမှာဖော်ပြပေးလိုက်ပါတယ်။

 

Assassin တစ်ယောက်ဖြစ်လာဖို့ ဘယ်ကစတင်ရမလဲ

Assassin တစ်ယောက်ဖြစ်လာဖို့အတွက်ဆိုရင်တော့ Moogle Chocobo Carnival ပွဲတော်မှာ Dream Egg ကိုလိုက်လံရှာဖွေရမှာပါ။ အဲဒီ Dream Egg ကိုရှာတွေ့သွားပြီဆိုရင်တော့ အဓိဇာတ်ဆောင်ဖြစ်တဲ့ Noctis ဟာ Assassin ဝတ်စုံကို စတင်ဝတ်ဆင်နိုင်ပြီဖြစ်ပါတယ်။ သြဂုတ်လ ၃၀ မှာ DLC ထွက်ရှိမှာဖြစ်ပြီး နောက်တစ်ရက်မှာ Final Fantasy XV ဂိမ်းရဲ့ Assassin ပွဲတော် DLC ကို အားလုံးကဝင်ရောက်ဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။

Assassin တစ်ယောက်အနေနဲ့ တွေ့ကြုံခံစားနိုင်မယ့်အရာတွေ

DLC အတွင်းမှာ ကိုယ်ကျင်လည်ရမယ့်မြို့ကတော့ Lestalium မြို့ဖြစ်ပြီး ဂိမ်းအတွင်းမှာလုပ်ငန်းဆောင်တာအသစ်တွေ၊ မစ်ရှင်အသစ်တွေ၊ လုပ်ဆောင်ချက်အသစ်တွေနဲ့ Assassin Creed ဂိမ်းဒီဇိုင်းတွဲဆက်ထားတဲ့ ပစ္စည်းတွေ၊ အဆောက်အအုံတွေကို အားလုံးကတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Noctis အနေနဲ့ Assassin ဝတ်စုံကိုဝတ်ဆင်ထားတဲ့အတွက် ပြောင်းလဲသွားတဲ့တိုက်ခိုက်မှုအကွက်အသစ်တွေ၊ သွားလာတဲ့စတိုင်အသစ်တွေ၊ Assassin ဆန်ဆန်လှုပ်ရှားမှုတွေကို ထည့်ပေါင်းမြင်တွေ့ရဦးမယ့်အပြင် Assassin Creed ရဲ့အချက်အခြာကျလုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ ဟိုးအမြင့်တစ်နေရာကနေ သိမ်းငှက်တစ်ကောင်လိုအဟုန်နဲ့ မြေအောက်ကိုထိုးဆင်းတဲ့ Leap Of Faith လုပ်ဆောင်ချက်ကို လုပ်ဆောင်နိုင်ဦးမှာပါ။

 

Assassin ပွဲတော်ကျင်းပချိန်နဲ့ ပြီးဆုံးချိန်

 

Assassin ပွဲတော်ကို သြဂုတ်လ ၃၁ ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ PS4 နဲ့ Xbox One ပလက်ဖောင်းများအတွက် update အသီးသီးကို ရယူနိုင်မှာဖြစ်ပြီး PC အတွက်တော့ ဘယ်အချိန်မှာရောက်လာမလဲဆိုတာ မသိရသေးပါဘူး။ Nocits ဟာ Master Assassin ဝတ်စုံကိုဝတ်ဆင်လို့ရမယ့်အပြင် brotherhood ကြီးရဲ့အငွေ့အသက်ကို ဂိမ်မာများခံစားနိုင်စေဖို့ ကျန်တဲ့အဓိကဇာတ်ကောင် ၃ ယောက်အတွက်လည်း ဆင်မြန်းနိုင်မယ့် Assassin ဝတ်စုံတွေရှိနေပါသေးတယ်။

 

ရှေ့ဆက်အနာဂတ်မှာဖြစ်လာမယ့် crossover တွေနဲ့ပတ်သက်သမျှ 

 

Final Fantasy XV ဂိမ်းအနေနဲ့ Assassin Creed ရဲ့ အငွေ့အသက်တွေကိုပေးစွမ်းဖို့ DLC တစ်ခုအဖြစ်ဖန်တီးပြီး ဂိမ်းထဲမှာထည့်သွင်းခဲ့တယ်ဆိုပေမယ့် Assassin Creed အနေတော့ Final Fantasy နဲ့ပတ်သက်တဲ့အကြောင်းအရာ၊ ကဏ္ဍတွေကို တကယ့်ဂိမ်းထဲမှာတစ်ဖန်ပြန်ထည့်သွင်းဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။ အခုလို crossover DLC ကိုဖန်တီးဖြစ်ခဲ့တာလည်း လွန်ခဲ့တဲ့ ၃ နှစ်လောက်က Ubisoft ဂိမ်းဆွဲတဲ့အဖွဲ့နဲ့ Square Enix ဂိမ်းဖန်တီးသူများအဖွဲ့တို့ မိတ်ဖြစ်ဆွေဖြစ် တွေ့ဆုံရာကနေ အစပျိုးခဲ့တယ်လို့ဆိုပါတယ်။

အနှစ်ချူပ်

Ubisoft နဲ့ Square Enix အနေနဲ့ အနာဂတ်မှာထပ်ပြီးပေါင်းစည်းသွားမယ့် crossover ဂိမ်းတွေရဲ့ အရိပ်အယောင်ကိုတော့ ဘာမှမချပြသေးပေမယ့် ဂိမ်မာတွေမက်ခဲ့ရတဲ့အိပ်မက်တစ်ခုထဲကတစ်ခု အကောင်အထည်ပေါ်လာတာဖြစ်တဲ့အတွက် ဒီ crossover DLC ကလုံးဝကိုအားရကျေနပ်စရာကြီးပါ။ ဒါပေမယ့်အချိန်အကန့်သတ်နဲ့ဖြစ်တဲ့အတွက် Assassin ပွဲတော်စတင်ပြီဆိုတာနဲ့ အားလုံးကလက်မနှေးဘဲ အလျင်အမြန်ဆော့ထားနိုင်မှ စိတ်ကျေနပ်ဖို့ကောင်းတဲ့ ဂိမ်းတွင်းအတွေ့အကြုံတွေကို အပြည့်အဝခံစားနိုင်မှာဖြစ်တယ်လို့ပြောရင်း Final Fantasy XV: Assassin Festival DLC ကိုဒီကနေ ညွှန်းလိုက်ပါရစေ။

Yan

Ref: GameSpot, IGN

www.akhayar.com

HGID_KV_Ads_Square