[Zawgyi]

ပရိုဂ်ဴဆာရင္းႏွီးျမဳပ္ႏွံၿပီး ဒါရိုက္တာအခိ်န္ေပးႏိုင္တဲ့ ဖိုက္တင္ကားရိုက္ဖို႔ မျဖစ္ႏိုင္ေသးပါဘူးဆိုတဲ့ ရဲမင္းပိုင္

သရုပ္ေဆာင္ရဲမင္းပိုင္အေနနဲ႔ ‘Cover’ ဆိုတဲ့ အက္ရွင္ရုပ္ရွင္ကားႀကီးတစ္ကားကို လတ္တေလာမွာရိုက္ကူးေနတယ္လို႔ သိရပါတယ္။ ဖိုက္တင္ေတြေၾကာင့္ ေတာမင္းသားျဖစ္သြားရတယ္ဆိုတာနဲ႔ပတ္သက္ၿပီး ‘ရဲမင္းပိုင္’က “ျမန္မာျပည္ရဲ႕လက္ရိွအေနအထားအရ အက္ရွင္ကားေတြရိုက္မယ့္ ဒါရိုက္တာ တျဖည္းျဖည္းေတာ့ ေပၚလာလိမ့္မယ္လို႔ ထင္ပါတယ္။အရင္က ျမန္မာဗီဒီယိုေလာကဟာ ၁၉၉၀ ေလာက္က အက္ရွင္ေတြေပၚလာရာကေန ၁၉၉၁ နဲ႔ ၉၄ ခုႏွစ္မွာ လမ္းလည္ေခါင္မွာရိုက္ဖို႔ အဆင္မေျပေတာ့ဘူးဆိုၿပီး ဆင္ဆာသတိေပးျခင္းခံရတယ္။ အဲဒီေတာ့ ေတာဘက္၊နယ္ဘက္ေတြကိုအမွီျပဳၿပီးေတာ့ ဖန္တီးရေတာ့ အစ္ကိုတို႔အေျခအေနအရ ေနာက္ဆုံးေတာ့ မင္းသားေတြ ျဖစ္ကုန္ၾကရတာပါ” လို႔ ဆိုပါတယ္။

ဖိုက္တင္ကားေတြကို ဖန္တီးခ်င္တဲ့စိတ္တစ္ခုရိွခဲ့တာကိုလည္း “ဖိုက္တင္ကားေတြရိုက္တဲ့အခါမွာ လူအင္အားေတြ အမ်ားႀကီးသုံးရတယ္။ အကုန္အက်မ်ားတယ္။ ပင္ပန္းတယ္။ တကယ္လုပ္ျပရတယ္။ အဲဒီေတာ့ အခုအစ္ကိုျပန္ေရာက္လာတဲ့အခါမွာ ဒီဖိုက္တင္ကားကို ျပန္ရိုက္ဖို႔အတြက္ ဖန္တီးမႈေတြနဲ႔အတူ ေနာက္တစ္ခုက အေျခအေနေတြ တစ္မ်ိဳးေျပာင္းလာတဲ့အခါမွာ ဖိုက္တင္ကားကို ျပန္လုပ္ခ်င္တဲ့စိတ္ တစ္ခုရိွခဲ့တယ္”လို႔ ဆိုပါတယ္။

ဖိုက္တင္ကားေကာင္းတစ္ကားျဖစ္ဖို႔အတြက္ လိုအပ္ပါေသးတယ္ဆိုတာကိုလည္း “အစ္ကိုတို႔ႏိုင္ငံမွာ ႀကိဳတင္ျပင္ဆင္တဲ့ Training ေတြမရိွဘူး။ လူၾကမ္းေတြဆိုရင္လည္း ရိုက္ကြင္းေပၚေရာက္မွ ထိုးဖို႔ႀကိတ္ဖို႔ျပင္ဆင္ၿပီး တန္းရိုက္ရတယ္ အခ်ိန္မေပးႏိုင္ဘူး။ ဖိုက္တင္ပိုင္းမွာ ႀကိဳတင္ျပင္ဆင္မႈမရိွေတာ့ ေႏွာင့္ေႏွးတယ္။ တိုးတက္လာမႈအားနည္းတယ္။ တစ္ခ်ိဳ႕ႏိုင္ငံေတြမွာက ဖိုက္တင္ကားကိုရိုက္ေတာ့မယ္ဆိုရင္ တစ္ပတ္ေလာက္Training လုပ္ခိုင္းထားတယ္။ အဲဒီလိုေတြရိွဖို႔ မလြယ္ပါဘူး။ ဒီဖိုက္တင္နဲ႔ပတ္သက္တဲ့ အကုန္က်ခံႏိုင္မယ့္ ပရိုဂ်ဴဆာေတြလိုအပ္တယ္။ ရင္းႏွီးျမဳပ္ႏွံႏိုင္တဲ႔ ပရိုဂ်ဴဆာေတြ လိုအပ္တယ္။ ေနာက္တစ္ခုက ဒီဖိုက္တင္ကားကို မေကာင္းေကာင္းေအာင္ရိုက္မယ္ဆိုတဲ့ ဒါရိုက္တာေတြလိုအပ္တယ္။ ေနာက္ၿပီး စတူဒီယိုေတြလိုအပ္တယ္။ အဲဒီလိုေတြအခ်ိန္ေပးဖို႔ အစ္ကိုတို႔ႏိုင္ငံမွာ မျဖစ္ႏိုင္ပါဘူး။ မရိွလည္းမရိွပါဘူး။ အဲဒီေလာက္အထိလည္း ပရိုဂ်ဴဆာေတြ၊ ဒါရိုက္တာေတြကအခ်ိန္မေပးႏိုင္ၾကဘူး။ အကုန္အက်လည္းမခံဘူး။ အဲဒါေတြက အစ္ကိုတို႔ႏိုင္ငံအတြက္ ဖိုက္တင္ကားေကာင္းတစ္ကားျဖစ္ဖို႔အတြက္ လိုပါေသးတယ္”လို႔ဆိုၿပီး ရင္ဖြင့္ေျပာျပခဲ့ပါတယ္။

www.akhayar.com

[Unicode]

ပရိုဂျူဆာရင်းနှီးမြုပ်နှံပြီး ဒါရိုက်တာအချိန်ပေးနိုင်တဲ့ ဖိုက်တင်ကားရိုက်ဖို့ မဖြစ်နိုင်သေးပါဘူးဆိုတဲ့ ရဲမင်းပိုင်

သရုပ်ဆောင်ရဲမင်းပိုင်အနေနဲ့ ‘Cover’ ဆိုတဲ့ အက်ရှင်ရုပ်ရှင်ကားကြီးတစ်ကားကို လတ်တလောမှာရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဖိုက်တင်တွေကြောင့် တောမင်းသားဖြစ်သွားရတယ်ဆိုတာနဲ့ပတ်သက်ပြီး ‘ရဲမင်းပိုင်’က “မြန်မာပြည်ရဲ့လက်ရှိအနေအထားအရ အက်ရှင်ကားတွေရိုက်မယ့် ဒါရိုက်တာ တဖြည်းဖြည်းတော့ ပေါ်လာလိမ့်မယ်လို့ ထင်ပါတယ်။အရင်က မြန်မာဗီဒီယိုလောကဟာ ၁၉၉၀ လောက်က အက်ရှင်တွေပေါ်လာရာကနေ ၁၉၉၁ နဲ့ ၉၄ ခုနှစ်မှာ လမ်းလည်ခေါင်မှာရိုက်ဖို့ အဆင်မပြေတော့ဘူးဆိုပြီး ဆင်ဆာသတိပေးခြင်းခံရတယ်။ အဲဒီတော့ တောဘက်၊နယ်ဘက်တွေကိုအမှီပြုပြီးတော့ ဖန်တီးရတော့ အစ်ကိုတို့အခြေအနေအရ နောက်ဆုံးတော့ မင်းသားတွေ ဖြစ်ကုန်ကြရတာပါ” လို့ ဆိုပါတယ်။

ဖိုက်တင်ကားတွေကို ဖန်တီးချင်တဲ့စိတ်တစ်ခုရှိခဲ့တာကိုလည်း “ဖိုက်တင်ကားတွေရိုက်တဲ့အခါမှာ လူအင်အားတွေ အများကြီးသုံးရတယ်။ အကုန်အကျများတယ်။ ပင်ပန်းတယ်။ တကယ်လုပ်ပြရတယ်။ အဲဒီတော့ အခုအစ်ကိုပြန်ရောက်လာတဲ့အခါမှာ ဒီဖိုက်တင်ကားကို ပြန်ရိုက်ဖို့အတွက် ဖန်တီးမှုတွေနဲ့အတူ နောက်တစ်ခုက အခြေအနေတွေ တစ်မျိုးပြောင်းလာတဲ့အခါမှာ ဖိုက်တင်ကားကို ပြန်လုပ်ချင်တဲ့စိတ် တစ်ခုရှိခဲ့တယ်”လို့ ဆိုပါတယ်။

ဖိုက်တင်ကားကောင်းတစ်ကားဖြစ်ဖို့အတွက် လိုအပ်ပါသေးတယ်ဆိုတာကိုလည်း “အစ်ကိုတို့နိုင်ငံမှာ ကြိုတင်ပြင်ဆင်တဲ့ Training တွေမရှိဘူး။ လူကြမ်းတွေဆိုရင်လည်း ရိုက်ကွင်းပေါ်ရောက်မှ ထိုးဖို့ကြိတ်ဖို့ပြင်ဆင်ပြီး တန်းရိုက်ရတယ် အချိန်မပေးနိုင်ဘူး။ ဖိုက်တင်ပိုင်းမှာ ကြိုတင်ပြင်ဆင်မှုမရှိတော့ နှောင့်နှေးတယ်။ တိုးတက်လာမှုအားနည်းတယ်။ တစ်ချို့နိုင်ငံတွေမှာက ဖိုက်တင်ကားကိုရိုက်တော့မယ်ဆိုရင် တစ်ပတ်လောက်Training လုပ်ခိုင်းထားတယ်။ အဲဒီလိုတွေရှိဖို့ မလွယ်ပါဘူး။ ဒီဖိုက်တင်နဲ့ပတ်သက်တဲ့ အကုန်ကျခံနိုင်မယ့် ပရိုဂျူဆာတွေလိုအပ်တယ်။ ရင်းနှီးမြုပ်နှံနိုင်တဲ့ ပရိုဂျူဆာတွေ လိုအပ်တယ်။ နောက်တစ်ခုက ဒီဖိုက်တင်ကားကို မကောင်းကောင်းအောင်ရိုက်မယ်ဆိုတဲ့ ဒါရိုက်တာတွေလိုအပ်တယ်။ နောက်ပြီး စတူဒီယိုတွေလိုအပ်တယ်။ အဲဒီလိုတွေအချိန်ပေးဖို့ အစ်ကိုတို့နိုင်ငံမှာ မဖြစ်နိုင်ပါဘူး။ မရှိလည်းမရှိပါဘူး။ အဲဒီလောက်အထိလည်း ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေကအချိန်မပေးနိုင်ကြဘူး။ အကုန်အကျလည်းမခံဘူး။ အဲဒါတွေက အစ်ကိုတို့နိုင်ငံအတွက် ဖိုက်တင်ကားကောင်းတစ်ကားဖြစ်ဖို့အတွက် လိုပါသေးတယ်”လို့ဆိုပြီး ရင်ဖွင့်ပြောပြခဲ့ပါတယ်။

www.akhayar.com