[Zawgyi]

The Best FIFA ဆုအတြက္ ဆန္ခါတင္ကစားသမား(၃)ဦးစာရင္းထြက္ေပၚ

၂၀၁၈ ခုႏွစ္ The Best FIFA ဆုအတြက္ ဆန္ခါတင္ကစားသမား(၃)ဦးစာရင္း ထြက္ေပၚလာခဲ႔ပါျပီ။ ဆန္ခါတင္ကစားသမား(၃)ဦးစာရင္း မွာေတာ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo ၊ ဆာလာ Salah ၊ မိုဒရစ္ Modric တို႔ပါ၀င္လာခဲ႔ျပီး Ballon d’Or ဆုကို(၅)ၾကိမ္အထိရရိွထားတဲ႔ မက္ဆီ Messi ဟာေတာ႔ ေနာက္ဆံုး ဆန္ခါတင္(၃)ဦးစာရင္း မွာပါ၀င္လာခဲ႔ျခင္းမရိွခဲ႔ပါဘူး။

စီေရာ္နယ္လ္ဒို Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

၂၀၁၆ နဲ႔ ၂၀၁၇ ခုႏွစ္ေတြရဲ႕ The Best FIFA ဆုကို(၂)ႏွစ္ဆက္ရရိွခဲ႔တဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ(၃)နွစ္ဆက္ရရိွတဲ႔ ကစားသမားျဖစ္လာမလားဆိုတာစိတ္၀င္စားစရာပါ။ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ ျပီးခဲ႔တဲ႔ေဘာလံုးရာသီက ရီးယဲလ္မက္ဒရစ္အသင္းအတြက္ ျပိဳင္ပြဲစံုပြဲေပါင္း(၄၄)ပြဲကစားခဲ႔ျပီး သြင္းဂိုး(၄၄)ဂိုးသြင္းယူခဲ႔သလို အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ခ်န္ပီယံဆုကို ရရိွခဲ႔ပါတယ္။

ဆာလာ Salah

Salah

Salah

ျပီးခဲ႔တဲ႔ ေဘာလံုးရာသီက လီဗာပူးလ္အသင္းမွာ ေမွာ္၀င္ေျခစြမ္းေတြျပသခဲ႔တဲ႔ ဆာလာ Salah ဟာ  The Best FIFA ဆုကိုေမွ်ာ္လင္႔ခြင္႔ရိွေနသူပါ။ ဆာလာ Salah ဟာ လီဗာပူးလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ ဒုတိယဆုကိုရရိွခဲ႔ျပီး အသင္းအတြက္ ပြဲေပါင္း(၅၂)ပြဲမွာ သြင္းဂိုး(၄၄)ဂိုးထိသြင္းယူႏိုင္ခဲ႔ပါတယ္။

မိုဒရစ္ Modric

Modric

Modric

ဥေရာပအေကာင္းဆုံး ကစားသမားဆုကုိ ပူပူေႏြးေႏြးရရိွထားတဲ႔ မိုဒရစ္ Modric ဟာ The Best FIFA ဆုကို အျပည္႔အ၀ေမွ်ာ္လင္႔ႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ေဘာလံုးရာသီက ရီးယဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကုိ ရယူႏိုင္ခဲ႔သလို ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ခ႐ုိေအးရွားအသင္းကုိ အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ဗိုလ္လုပဲြ တက္ေရာက္ႏုိင္ေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ေရႊေဘာလုံးဆု ရရွိခ့ဲတဲ့အျပင္ ဥေရာပအေကာင္းဆုံး ကစားသမားဆုကုိလည္း ရယူထားႏိုင္ခဲ႔တာေၾကာင့္ ၂၀၁၈ ခုႏွစ္ The Best FIFA ဆုဟာလည္း မိုဒရစ္ Modric အတြက္ျဖစ္မလားဆိုတာ ေစာင္႔ၾကည္႕သြားၾကရမွာပါ။

Ref:BBC Sport
Photo: Goal.com , Last Word on Football , Sporting News
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

The Best FIFA ဆုအတွက် ဆန်ခါတင်ကစားသမား(၃)ဦးစာရင်းထွက်ပေါ်

၂၀၁၈ ခုနှစ် The Best FIFA ဆုအတွက် ဆန်ခါတင်ကစားသမား(၃)ဦးစာရင်း ထွက်ပေါ်လာခဲ့ပါပြီ။ ဆန်ခါတင်ကစားသမား(၃)ဦးစာရင်း မှာတော့ စီရော်နယ်လ်ဒို Cristiano Ronaldo ၊ ဆာလာ Salah ၊ မိုဒရစ် Modric တို့ပါဝင်လာခဲ့ပြီး Ballon d’Or ဆုကို(၅)ကြိမ်အထိရရှိထားတဲ့ မက်ဆီ Messi ဟာတော့ နောက်ဆုံး ဆန်ခါတင်(၃)ဦးစာရင်း မှာပါဝင်လာခဲ့ခြင်းမရှိခဲ့ပါဘူး။

စီရော်နယ်လ်ဒို Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေရဲ့ The Best FIFA ဆုကို(၂)နှစ်ဆက်ရရှိခဲ့တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ(၃)နှစ်ဆက်ရရှိတဲ့ ကစားသမားဖြစ်လာမလားဆိုတာစိတ်ဝင်စားစရာပါ။ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၄၄)ပွဲကစားခဲ့ပြီး သွင်းဂိုး(၄၄)ဂိုးသွင်းယူခဲ့သလို အသင်းနဲ့အတူ ချန်ပီယံလိဂ်ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

ဆာလာ Salah

Salah

Salah

ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဗာပူးလ်အသင်းမှာ မှော်ဝင်ခြေစွမ်းတွေပြသခဲ့တဲ့ ဆာလာ Salah ဟာ  The Best FIFA ဆုကိုမျှော်လင့်ခွင့်ရှိနေသူပါ။ ဆာလာ Salah ဟာ လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ဒုတိယဆုကိုရရှိခဲ့ပြီး အသင်းအတွက် ပွဲပေါင်း(၅၂)ပွဲမှာ သွင်းဂိုး(၄၄)ဂိုးထိသွင်းယူနိုင်ခဲ့ပါတယ်။

မိုဒရစ် Modric

Modric

Modric

ဥရောပအကောင်းဆုံး ကစားသမားဆုကို ပူပူနွေးနွေးရရှိထားတဲ့ မိုဒရစ် Modric ဟာ The Best FIFA ဆုကို အပြည့်အဝမျှော်လင့်နိုင်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဘောလုံးဆု ရရှိခဲ့တဲ့အပြင် ဥရောပအကောင်းဆုံး ကစားသမားဆုကိုလည်း ရယူထားနိုင်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ် The Best FIFA ဆုဟာလည်း မိုဒရစ် Modric အတွက်ဖြစ်မလားဆိုတာ စောင့်ကြည့်သွားကြရမှာပါ။

Ref:BBC Sport
Photo: Goal.com , Last Word on Football , Sporting News
Ko Kyue(Akhayar)
www.akhayar.com