[Zawgyi]

ဖီဖာ ကမၻာ႔အဆင္႔(၁)ေနရာကို ျပိဳင္ဘက္မရိွ သိမ္းပိုက္လိုက္တဲ႔ ဘယ္လ္ဂ်ီယံ

ေအာက္တိုဘာလအတြက္ ကမၻာ႔အဆင္႔သတ္မွတ္ခ်က္ေတြကို ဖီဖာ ကထုတ္ျပန္ခဲ႔ရာမွာေတာ႔ ဘယ္လ္ဂ်ီယံအသင္းဟာ ကမၻာ႔အဆင္႔(၁)ေနရာကို ျပိဳင္ဘက္မရိွ သိမ္းပိုက္ႏိုင္ခဲ႔ပါတယ္။ ျပီးခဲ႔တဲ႔ စက္တင္ဘာလအတြက္ ထုတ္ျပန္မႈမွာေတာ႔ သမိုင္းတစ္ေလွ်ာက္ ပထမဆံုးအၾကိမ္အျဖစ္ ျပင္သစ္ နဲ႔ ဘယ္လ္ဂ်ီယံအသင္းတို႔ဟာ ရမွတ္ (၁၇၂၉)မွတ္စီနဲ႔ အဆင္႔(၁)ေနရာမွာ ပူးတြဲရပ္တည္ႏိုင္ခဲ႔ၾကပါတယ္။ လက္ရိွမွာေတာ႔ ဘယ္လ္ဂ်ီယံအသင္းဟာ ရမွတ္(၁၇၃၃)မွတ္နဲ႔ ကမၻာ႔အဆင္႔(၁)ေနရာကို သိမ္းပိုက္ႏိုင္ခဲ႔ျပီး ျပင္သစ္အသင္းကေတာ႔ ရမွတ္(၁၇၃၂)မွတ္နဲ႔ ကမၻာ႔အဆင္႔(၂)ေနရာမွာ ရပ္တည္ခဲ႔ပါတယ္။

FIFA-World-Ranking

FIFA-World-Ranking

ရလဒ္ေတြဆိုးရြားေနတဲ႔ ဂ်ာမနီအသင္းဟာ ကမၻာ႔အဆင္႔(၂)ဆင္႔ထိ က်သြားျပီး လက္ရိွမွာေတာ႔ ကမၻာ႔အဆင္႔(၁၄)မွာရပ္တည္ေနသလို ရလဒ္ေတြျပန္လည္ေကာင္းမြန္လာတဲ႔ နယ္သာလန္အသင္းကေတာ႔ ကမၻာ႔အဆင္႔(၂)ဆင္႔တက္လာျပီး ကမၻာ႔အဆင္႔(၁၅)ေနရာမွာရပ္တည္ေနပါတယ္။ အာရွတိုက္က အီရန္အသင္းကေတာ႔ ကမၻာ႔အဆင္႔(၃)ဆင္႔ထိ ျမင္႔တက္လာခဲ႔ျပီး လက္ရိွမွာေတာ႔ ကမၻာ႔အဆင္႔(၃၀)မွာ ရပ္တည္ေနပါတယ္။

Myanmar

Myanmar

ျမန္မာအသင္းကေတာ႔ ကမၻာ႔အဆင္႔(၃)ဆင္႔ထိက်ဆင္းသြားျပီး လက္ရိွမွာေတာ႔ ရမွတ္ (၁၀၈၀)နဲ႔ ကမၻာ႔အဆင္႔(၁၄၁)ေနရာမွာ ရိွေနပါတယ္။ အေရွ႕ေတာင္အာရွ ရပ္တည္မႈမွာေတာ႔ ျမန္မာအသင္းဟာ အဆင္႔(၄)ေနရာမွာရပ္တည္ေနပါတယ္။

ဖီဖာ ကမၻာ႔အဆင္႔ရပ္တည္မႈမ်ား ၾကည္႔ရႈရန္

Ref: FIFA.com
Photo: FIFA.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဖီဖာ ကမ္ဘာ့အဆင့်(၁)နေရာကို ပြိုင်ဘက်မရှိ သိမ်းပိုက်လိုက်တဲ့ ဘယ်လ်ဂျီယံ

အောက်တိုဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကို ဖီဖာ ကထုတ်ပြန်ခဲ့ရာမှာတော့ ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့အဆင့်(၁)နေရာကို ပြိုင်ဘက်မရှိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွက် ထုတ်ပြန်မှုမှာတော့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြင်သစ် နဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ ရမှတ် (၁၇၂၉)မှတ်စီနဲ့ အဆင့်(၁)နေရာမှာ ပူးတွဲရပ်တည်နိုင်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ ဘယ်လ်ဂျီယံအသင်းဟာ ရမှတ်(၁၇၃၃)မှတ်နဲ့ ကမ္ဘာ့အဆင့်(၁)နေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး ပြင်သစ်အသင်းကတော့ ရမှတ်(၁၇၃၂)မှတ်နဲ့ ကမ္ဘာ့အဆင့်(၂)နေရာမှာ ရပ်တည်ခဲ့ပါတယ်။

FIFA-World-Ranking

FIFA-World-Ranking

ရလဒ်တွေဆိုးရွားနေတဲ့ ဂျာမနီအသင်းဟာ ကမ္ဘာ့အဆင့်(၂)ဆင့်ထိ ကျသွားပြီး လက်ရှိမှာတော့ ကမ္ဘာ့အဆင့်(၁၄)မှာရပ်တည်နေသလို ရလဒ်တွေပြန်လည်ကောင်းမွန်လာတဲ့ နယ်သာလန်အသင်းကတော့ ကမ္ဘာ့အဆင့်(၂)ဆင့်တက်လာပြီး ကမ္ဘာ့အဆင့်(၁၅)နေရာမှာရပ်တည်နေပါတယ်။ အာရှတိုက်က အီရန်အသင်းကတော့ ကမ္ဘာ့အဆင့်(၃)ဆင့်ထိ မြင့်တက်လာခဲ့ပြီး လက်ရှိမှာတော့ ကမ္ဘာ့အဆင့်(၃၀)မှာ ရပ်တည်နေပါတယ်။

Myanmar

Myanmar

မြန်မာအသင်းကတော့ ကမ္ဘာ့အဆင့်(၃)ဆင့်ထိကျဆင်းသွားပြီး လက်ရှိမှာတော့ ရမှတ် (၁၀၈၀)နဲ့ ကမ္ဘာ့အဆင့်(၁၄၁)နေရာမှာ ရှိနေပါတယ်။ အရှေ့တောင်အာရှ ရပ်တည်မှုမှာတော့ မြန်မာအသင်းဟာ အဆင့်(၄)နေရာမှာရပ်တည်နေပါတယ်။

ဖီဖာ ကမ္ဘာ့အဆင့်ရပ်တည်မှုများ ကြည့်ရှုရန်

Ref: FIFA.com
Photo: FIFA.com
Ko Kyue(Akhayar)
www.akhayar.com