၂၀၁၉ ဧပြီလ ၄ ရက်နေ့အထိ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကို ဖီဖာ ကထုတ်ပြန်ခဲ့ရာမှာတော့ ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့အဆင့်(၁)နေရာကိုဆက်လက်ပြီး သိမ်းပိုက်ထားဆဲပါပဲ။ ယူရိုခြေစစ်ပွဲစဉ်တွေနဲ့ နိုင်ငံတကာခြေစမ်းပွဲတွေအပြီးမှာ အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းဟာ ရမှတ်(၁၇၃၇)နဲ့ ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်းရဲ့နောက်မှာတော့ ပြင်သစ် ၊ ဘရာဇီးလ် ၊ အင်္ဂလန် နဲ့ ခရိုအေးရှားအသင်းတွေက အစဉ်လိုက်ရပ်တည်နေကြပါတယ်။

ပရိသတ်အကြိုက် အင်္ဂလန်အသင်းကတော့ အဆင့်(၁)ဆင့်မြင့်တက်လာခဲ့ပြီး ကမ္ဘာ့အဆင့်(၄)နေရာကိုရောက်ရှိလာခဲ့ပါတယ်။ နာမည်ကြီးဂျာမနီအသင်းကတော့ အဆင့်(၃)ဆင့်ထိ တက်လာခဲ့ပြီး လက်ရှိမှာတော့ ကမ္ဘာ့အဆင့်(၁၃)နေရာမှာရပ်တည်နေသလို နယ်သာလန်အသင်းကတော့ အဆင့်(၂)ဆင့်ထိကျသွားပြီး ကမ္ဘာ့အဆင့်(၁၆)နေရာမှာ ရပ်တည်နေပါတယ်။ မြန်မာအသင်းကတော့ ကမ္ဘာ့အဆင့်(၂)ဆင့်ထိကျဆင်းသွားပြီး ရမှတ်(၁၀၈၀)နဲ့ ကမ္ဘာ့အဆင့်(၁၄၀)နေရာမှာ ရှိနေပါတယ်။

ဖီဖာ ကမ္ဘာ့အဆင့်ရပ်တည်မှုများ ကြည့်ရှုရန်လင်ခ့်

Ref: FIFA.Com
Photo: FIFA.Com , Metro
Ko Kyue(Akhayar)
www.akhayar.com