This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ပနားမားကို အႏိုင္ကစားၿပီး ေနာက္တစ္ဆင့္ တက္ေရာက္ခြင့္ကို အရယူသြားဖို႔ရွိေနတဲ့ နာမည္ႀကီး အဂၤလန္

ဒီေန႔ညမွာေတာ့ ကမၻာ႔ဖလားၿပိဳင္ပြဲ အုပ္စု (G)နဲ႔ (H) က အသင္းေတြရဲ႕ ပြဲစဥ္ေတြကို ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး အုပ္စု (G)က နာမည္ႀကီး အဂၤလန္အသင္းရဲ႕ ပြဲစဥ္အပါအဝင္ ပြဲစဥ္ (၃)ပြဲကို ကစားသြားၾကမွာပါ။ အုပ္စု (G)မွာ ပါဝင္တဲ့ ၿပိဳင္ပြဲဝင္ အသင္းေတြထဲမွာ အုပ္စုတြင္း အားအနည္းဆံုး ၿပိဳင္ဘက္အသင္းလို႔ ဆိုႏိုင္တဲ့ ပနားမားနဲ႔ ရင္ဆိုင္သြားရမွာျဖစ္လို႔ အျပန္အလွန္ ထိုးေဖာက္မႈေတြနဲ႔ ပြဲေကာင္းတစ္ပြဲရသကို ခံစားရဖို႔ေတာ့ မရွိပါဘူး။ အုပ္စု (G)က နာမည္ႀကီး အဂၤလန္အသင္းရဲ႕ ပြဲစဥ္ဟာ ပြဲေကာင္းတစ္ပြဲ ျဖစ္လာဖို႔ မရွိေပမယ့္ အုပ္စု (H) အသင္းေတြရဲ႕ ပြဲစဥ္ေတြကေတာ့ စိတ္လႈပ္ရွားမႈကို အျပည့္အဝ ေပးသြားဖို႔ ရွိေနတယ္။ အုက္စု (H)မွာပါဝင္တဲ့ အသင္းတိုင္း မျဖစ္မေန ႏိုင္ပြဲ ရယူႏိုင္ဖို႔ လိုအပ္ေနခဲ့လို႔ အမိုက္စား ပြဲေကာင္းေတြအျဖစ္ ေဘာလံုးပရိသတ္ေတြ ျမင္ေတြ႔သြားရဖို႔ ရွိေနပါတယ္ . . .

England-Vs-Panama

England-Vs-Panama

အဂၤလန္ – ပနားမား (တနဂၤေႏြ ည ၆း၃၀ နာရီ)

အဂၤလန္တို႔က အုပ္စုပထမေနရာကို ရယူဖို႔ အစြမ္းကုန္ အားထုတ္လာဖို႔ ရွိေနေပမယ့္ ဘယ္လ္ဂ်ီယံနဲ႔ အုပ္စုေနာက္ဆံုးပြဲအတြက္ လူခ်န္ ကစားသြားမလားဆိုတာေတာ့ ေစာင့္ၾကည့္ရမယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲကို ပထမဆံုးအႀကိမ္အျဖစ္ ေျခစစ္ပြဲ ေအာင္ျမင္လာခဲ့တာျဖစ္တဲ့ ပနားမားအသင္းကေတာ့ အဂၤလန္အသင္းကို အဖက္ဖက္က ယွဥ္ကစားႏိုင္ဖို႔ မရွိပါဘူး။ အႏိုင္ယူဖို႔ ေဝးၿပီး သေရတစ္မွတ္ ရယူဖို႔ေတာင္ ပနားမားအသင္း ခက္ခက္ခဲခဲ ရုန္းကန္ရဖို႔ရွိေနတယ္။ တစ္ခုရွိတာက အဂၤလန္အသင္းရဲ႕ (၃-၅-၂) ကစားကြက္ကို နည္းျပေဆာက္ဂိတ္ဒ္ Southgate ပနားမားနဲ႔ ပြဲစဥ္မွာ ဆက္လက္ အသံုးျပဳလာမယ္ဆိုရင္ေတာ့ တူနီးရွားနဲ႔ ပြဲတုန္းကလိုပဲ ဂိုးရဖို႔ ရုန္းကန္ရႏိုင္တယ္။ (၃-၅-၂) ကစားကြက္မွာ အဂၤလန္ ကစားသမားေတြ ပံုမွန္မဟုတ္တဲ့ ေနရာေတြမွာ ကစားခဲ့ရလို႔ ေျခစြမ္းျပဖို႔ ရုန္းကန္ေနရတယ္။ ဒီေန႔ပြဲစဥ္မွာ တူနီးရွားနဲ႔ ပြဲက အမွားေတြကို သင္ခန္းစာယူၿပီး အေကာင္းဆံုး ျပင္ဆင္မႈေတြကို နည္းျပ ေဆာက္ဂိတ္ဒ္ Southgate ျပဳလုပ္ႏိုင္ခဲ့မယ္ဆိုရင္ေတာ့ အဂၤလန္ဂိုးျပတ္ အႏိုင္ရသြားဖို႔ေတာင္ ရွိေနတယ္။ ဘယ္လိုေတြျဖစ္ျဖစ္ပါ အခုပြဲစဥ္မွာ အဖက္ဖက္က အသာရေနတဲ့ အဂၤလန္အသင္းကို ေသခ်ာေပါက္ ေရြးခ်ယ္သြားရမွာျဖစ္ၿပီး ဂိုးျပတ္ အႏုိင္ရသြားဖို႔ ရွိေနတယ္။

Senegal-Vs-Japan

Senegal-Vs-Japan

ဂ်ပန္ – ဆီနီေဂါ (တနဂၤေႏြ ည ၉း၃၀ နာရီ)

အုပ္စု (H)ရဲ႕ အုပ္စုအဖြင့္ ပြဲစဥ္ေတြမွာ ႏုိင္ပြဲကိုယ္စီရယူႏိုင္ခဲ့ၿပီး ေနာက္တစ္ဆင့္တက္ေရာက္ဖို႔ အခြင့္အေရးကို (၂)သင္းစလံုး ရရွိထားလို႔ ဒီ (၂)သင္း ထိပ္တိုက္ေတြ႔ဆံုေနတဲ့ အခုပြဲစဥ္က ၿပိဳင္ဆိုင္မႈ ျပင္းထန္လာဖို႔ ရွိေနတယ္။ ႏိုင္တဲ့အသင္းက ေနာက္တစ္ဆင့္ကို ေသခ်ာေပါက္ တက္ေရာက္ခြင့္ရမယ့္ အခြင့္အေရးေကာင္းတစ္ရပ္ကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ၿပီး ရံႈးတဲ့အသင္းကေတာ့ ဖိအားသက္ေရာက္မႈေတြ ရွိလာႏိုင္တဲ့ အေနအထားျဖစ္ေနတယ္။ ဒီအုပ္စုမွာ ပါဝင္တဲ့ အသင္းေတြရဲ႕ ေျခစြမ္းပိုင္းကလည္း တစ္သင္းနဲ႔ တစ္သင္း ကြာျခားမႈမရွိလို႔ ရံႈးပြဲႀကံဳေတြ႔တဲ့အသင္းက အုပ္စုကေနေတာင္ လွည့္ျပန္သြားရႏိုင္တယ္။ ဒီလိုအေနအထားေတြေၾကာင့္ ဆီနီေဂါေရာ၊ ဂ်ပန္တို႔ပါ အဓိက ကစားသမား အစံုအလင္နဲ႔ အားကုန္ထုတ္လာဖို႔ ရွိတယ္။ သမိုင္းမွတ္တမ္းေတြအရလည္း ဆီနီေဂါတို႔ အသာရေနၿပီး ကစားပံုမာေက်ာတဲ့ ကစားသမားစုဖြဲ႔မႈကို ပိုင္ဆိုင္ထားလို႔ ဂ်ပန္တို႔ ဒီပြဲမွာေတာ့ အလုပ္ျဖစ္မယ္ မထင္ဘူး။ သေရက်ဖို႔ မ်ားေနၿပီး အႏိုင္အတြက္ဆိုရင္ေတာ့ တိုက္စစ္ ကစားသမားေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ ဆီနီေဂါကိုပဲ ေရြးခ်င္တယ္။

Poland-Vs-Colombia

Poland-Vs-Colombia

ပိုလန္ – ကိုလံဘီယာ (တနလၤာ နံနက္ ၀၀း၃၀ နာရီ)

ရံႈးပြဲကိုယ္စီ ႀကံဳေတြ႔ခဲ့တဲ့ အသင္း (၂)သင္း ထိပ္တိုက္ ေတြ႔ဆံုတဲ့ပြဲစဥ္ျဖစ္လို႔ ရံႈးနိမ့္တဲ့ အသင္းက အုပ္စုကေန ေသခ်ာေပါက္ လွည့္ျပန္ရမယ္။ ဒီလိုအေနအထားကို ႀကံဳေတြ႔ေနတဲ့ ပိုလန္နဲ႔ ကိုလံဘီယာအသင္းေတြဟာ ၿပိဳင္ပြဲမစခင္က ဒီအုပ္စု ေက်ာ္ျဖတ္ႏိုင္မယ့္ အသင္းေတြအျဖစ္ တစ္ေပးခံထားရတဲ့ အသင္းေတြပါပဲ။ ဒါေပမယ့္ အုပ္စုအဖြင့္ပြဲစဥ္ေတြမွာ ၿပိဳင္ဘက္အသင္းေတြကို မထင္မွတ္ဘဲ ရံႈးနိမ့္ခဲ့လို႔ ဒီ (၂)သင္းထဲက တစ္သင္းကေတာ့ အုပ္စုကေန ထြက္ခြာရေတာ့မွာ ေျမႀကီးလက္ခတ္မလြဲပါ။ ဥေရာပ ကလပ္အသင္းေတြမွာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ နာမည္ေက်ာ္ ကစားသမားကိုယ္စီ (၂)သင္းစလံုးမွာ ပါဝင္ေနၿပီး ကစားသမား အင္အားပိုင္းလည္း ကြာျခားမႈမရွိလို႔ ေနာက္ဆံုးေမွ်ာ္လင့္ခ်က္တစ္ခုအတြက္ ၿပိဳင္ဆိုင္မႈ ျပင္းထန္မယ့္ ပြဲတစ္ပြဲဆိုတာ အေသအခ်ာပါပဲ။ ထိပ္တိုက္ေတြ႔ဆံုမႈ (၅)ႀကိမ္မွာ ကိုလံဘီယာက (၃)ႀကိမ္ အႏိုင္ရထားေပမယ့္ ၿပိဳင္ပြဲႀကီးတစ္ရပ္မွာေတာ့ ပထမဆံုးအႀကိမ္အျဖစ္ ထိပ္တိုက္ရင္ဆိုင္ၾကမွာျဖစ္ပါတယ္။ ကစားသမား အင္အားပိုင္း ကြာျခားမႈမရွိေပမယ့္ ဂ်ပန္နဲ႔ ပြဲက နည္းစနစ္ပိုင္းအမွားမ်ားခဲ့တဲ့ ကိုလံဘီယာ နည္းျပ ပီကာမန္ Pekerman ေၾကာင့္ ပိုလန္အသင္းကိုပဲ အႏိုင္အတြက္ ေရြးခ်ယ္ခ်င္တယ္။ အျပန္အလွန္ သြင္းဂိုးေတြကို ျမင္ေတြ႔ရဖို႔ ရွိေနတယ္။

Photo:Sportsdroid, Today Betting Tips, YouTube
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပနားမားကို အနိုင်ကစားပြီး နောက်တစ်ဆင့် တက်ရောက်ခွင့်ကို အရယူသွားဖို့ရှိနေတဲ့ နာမည်ကြီး အင်္ဂလန်

ဒီနေ့ညမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (G)နဲ့ (H) က အသင်းတွေရဲ့ ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အုပ်စု (G)က နာမည်ကြီး အင်္ဂလန်အသင်းရဲ့ ပွဲစဉ်အပါအဝင် ပွဲစဉ် (၃)ပွဲကို ကစားသွားကြမှာပါ။ အုပ်စု (G)မှာ ပါဝင်တဲ့ ပြိုင်ပွဲဝင် အသင်းတွေထဲမှာ အုပ်စုတွင်း အားအနည်းဆုံး ပြိုင်ဘက်အသင်းလို့ ဆိုနိုင်တဲ့ ပနားမားနဲ့ ရင်ဆိုင်သွားရမှာဖြစ်လို့ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ပွဲကောင်းတစ်ပွဲရသကို ခံစားရဖို့တော့ မရှိပါဘူး။ အုပ်စု (G)က နာမည်ကြီး အင်္ဂလန်အသင်းရဲ့ ပွဲစဉ်ဟာ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ မရှိပေမယ့် အုပ်စု (H) အသင်းတွေရဲ့ ပွဲစဉ်တွေကတော့ စိတ်လှုပ်ရှားမှုကို အပြည့်အဝ ပေးသွားဖို့ ရှိနေတယ်။ အုက်စု (H)မှာပါဝင်တဲ့ အသင်းတိုင်း မဖြစ်မနေ နိုင်ပွဲ ရယူနိုင်ဖို့ လိုအပ်နေခဲ့လို့ အမိုက်စား ပွဲကောင်းတွေအဖြစ် ဘောလုံးပရိသတ်တွေ မြင်တွေ့သွားရဖို့ ရှိနေပါတယ် . . .

England-Vs-Panama

England-Vs-Panama

အင်္ဂလန် – ပနားမား (တနင်္ဂနွေ ည ၆း၃၀ နာရီ)

အင်္ဂလန်တို့က အုပ်စုပထမနေရာကို ရယူဖို့ အစွမ်းကုန် အားထုတ်လာဖို့ ရှိနေပေမယ့် ဘယ်လ်ဂျီယံနဲ့ အုပ်စုနောက်ဆုံးပွဲအတွက် လူချန် ကစားသွားမလားဆိုတာတော့ စောင့်ကြည့်ရမယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ခြေစစ်ပွဲ အောင်မြင်လာခဲ့တာဖြစ်တဲ့ ပနားမားအသင်းကတော့ အင်္ဂလန်အသင်းကို အဖက်ဖက်က ယှဉ်ကစားနိုင်ဖို့ မရှိပါဘူး။ အနိုင်ယူဖို့ ဝေးပြီး သရေတစ်မှတ် ရယူဖို့တောင် ပနားမားအသင်း ခက်ခက်ခဲခဲ ရုန်းကန်ရဖို့ရှိနေတယ်။ တစ်ခုရှိတာက အင်္ဂလန်အသင်းရဲ့ (၃-၅-၂) ကစားကွက်ကို နည်းပြဆောက်ဂိတ်ဒ် Southgate ပနားမားနဲ့ ပွဲစဉ်မှာ ဆက်လက် အသုံးပြုလာမယ်ဆိုရင်တော့ တူနီးရှားနဲ့ ပွဲတုန်းကလိုပဲ ဂိုးရဖို့ ရုန်းကန်ရနိုင်တယ်။ (၃-၅-၂) ကစားကွက်မှာ အင်္ဂလန် ကစားသမားတွေ ပုံမှန်မဟုတ်တဲ့ နေရာတွေမှာ ကစားခဲ့ရလို့ ခြေစွမ်းပြဖို့ ရုန်းကန်နေရတယ်။ ဒီနေ့ပွဲစဉ်မှာ တူနီးရှားနဲ့ ပွဲက အမှားတွေကို သင်ခန်းစာယူပြီး အကောင်းဆုံး ပြင်ဆင်မှုတွေကို နည်းပြ ဆောက်ဂိတ်ဒ် Southgate ပြုလုပ်နိုင်ခဲ့မယ်ဆိုရင်တော့ အင်္ဂလန်ဂိုးပြတ် အနိုင်ရသွားဖို့တောင် ရှိနေတယ်။ ဘယ်လိုတွေဖြစ်ဖြစ်ပါ အခုပွဲစဉ်မှာ အဖက်ဖက်က အသာရနေတဲ့ အင်္ဂလန်အသင်းကို သေချာပေါက် ရွေးချယ်သွားရမှာဖြစ်ပြီး ဂိုးပြတ် အနိုင်ရသွားဖို့ ရှိနေတယ်။

Senegal-Vs-Japan

Senegal-Vs-Japan

ဂျပန် – ဆီနီဂေါ (တနင်္ဂနွေ ည ၉း၃၀ နာရီ)

အုပ်စု (H)ရဲ့ အုပ်စုအဖွင့် ပွဲစဉ်တွေမှာ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်ဖို့ အခွင့်အရေးကို (၂)သင်းစလုံး ရရှိထားလို့ ဒီ (၂)သင်း ထိပ်တိုက်တွေ့ဆုံနေတဲ့ အခုပွဲစဉ်က ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ ရှိနေတယ်။ နိုင်တဲ့အသင်းက နောက်တစ်ဆင့်ကို သေချာပေါက် တက်ရောက်ခွင့်ရမယ့် အခွင့်အရေးကောင်းတစ်ရပ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး ရှုံးတဲ့အသင်းကတော့ ဖိအားသက်ရောက်မှုတွေ ရှိလာနိုင်တဲ့ အနေအထားဖြစ်နေတယ်။ ဒီအုပ်စုမှာ ပါဝင်တဲ့ အသင်းတွေရဲ့ ခြေစွမ်းပိုင်းကလည်း တစ်သင်းနဲ့ တစ်သင်း ကွာခြားမှုမရှိလို့ ရှုံးပွဲကြုံတွေ့တဲ့အသင်းက အုပ်စုကနေတောင် လှည့်ပြန်သွားရနိုင်တယ်။ ဒီလိုအနေအထားတွေကြောင့် ဆီနီဂေါရော၊ ဂျပန်တို့ပါ အဓိက ကစားသမား အစုံအလင်နဲ့ အားကုန်ထုတ်လာဖို့ ရှိတယ်။ သမိုင်းမှတ်တမ်းတွေအရလည်း ဆီနီဂေါတို့ အသာရနေပြီး ကစားပုံမာကျောတဲ့ ကစားသမားစုဖွဲ့မှုကို ပိုင်ဆိုင်ထားလို့ ဂျပန်တို့ ဒီပွဲမှာတော့ အလုပ်ဖြစ်မယ် မထင်ဘူး။ သရေကျဖို့ များနေပြီး အနိုင်အတွက်ဆိုရင်တော့ တိုက်စစ် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဆီနီဂေါကိုပဲ ရွေးချင်တယ်။

Poland-Vs-Colombia

Poland-Vs-Colombia

ပိုလန် – ကိုလံဘီယာ (တနင်္လာ နံနက် ၀၀း၃၀ နာရီ)

ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့တဲ့ အသင်း (၂)သင်း ထိပ်တိုက် တွေ့ဆုံတဲ့ပွဲစဉ်ဖြစ်လို့ ရှုံးနိမ့်တဲ့ အသင်းက အုပ်စုကနေ သေချာပေါက် လှည့်ပြန်ရမယ်။ ဒီလိုအနေအထားကို ကြုံတွေ့နေတဲ့ ပိုလန်နဲ့ ကိုလံဘီယာအသင်းတွေဟာ ပြိုင်ပွဲမစခင်က ဒီအုပ်စု ကျော်ဖြတ်နိုင်မယ့် အသင်းတွေအဖြစ် တစ်ပေးခံထားရတဲ့ အသင်းတွေပါပဲ။ ဒါပေမယ့် အုပ်စုအဖွင့်ပွဲစဉ်တွေမှာ ပြိုင်ဘက်အသင်းတွေကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့လို့ ဒီ (၂)သင်းထဲက တစ်သင်းကတော့ အုပ်စုကနေ ထွက်ခွာရတော့မှာ မြေကြီးလက်ခတ်မလွဲပါ။ ဥရောပ ကလပ်အသင်းတွေမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ နာမည်ကျော် ကစားသမားကိုယ်စီ (၂)သင်းစလုံးမှာ ပါဝင်နေပြီး ကစားသမား အင်အားပိုင်းလည်း ကွာခြားမှုမရှိလို့ နောက်ဆုံးမျှော်လင့်ချက်တစ်ခုအတွက် ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပွဲတစ်ပွဲဆိုတာ အသေအချာပါပဲ။ ထိပ်တိုက်တွေ့ဆုံမှု (၅)ကြိမ်မှာ ကိုလံဘီယာက (၃)ကြိမ် အနိုင်ရထားပေမယ့် ပြိုင်ပွဲကြီးတစ်ရပ်မှာတော့ ပထမဆုံးအကြိမ်အဖြစ် ထိပ်တိုက်ရင်ဆိုင်ကြမှာဖြစ်ပါတယ်။ ကစားသမား အင်အားပိုင်း ကွာခြားမှုမရှိပေမယ့် ဂျပန်နဲ့ ပွဲက နည်းစနစ်ပိုင်းအမှားများခဲ့တဲ့ ကိုလံဘီယာ နည်းပြ ပီကာမန် Pekerman ကြောင့် ပိုလန်အသင်းကိုပဲ အနိုင်အတွက် ရွေးချယ်ချင်တယ်။ အပြန်အလှန် သွင်းဂိုးတွေကို မြင်တွေ့ရဖို့ ရှိနေတယ်။

Photo:Sportsdroid, Today Betting Tips, YouTube
Aung Kyaw Wai (Akhayar)
www.akhayar.com