This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ခ်န္ပီယံလိဂ္ထက္ ၿပိဳင္ဆုိင္မႈ ပုိျပင္းထန္တဲ့ ကမၻာ႔ဖလားၿပိဳင္ပဲြ

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ အုပ္စုပဲြစဥ္ေတြ အားလုံးအၿပီးမွာ အေတြးတစ္စေပၚလာခဲ့တယ္။ ကမၻာ႔ဖလားၿပိဳင္ပဲြဟာ ခ်န္ပီယံလိဂ္ထက္ ပုိၿပီးၿပိဳင္ဆုိင္မႈ ျပင္းထန္ပါလားဆုိတာပါ။ ခ်န္ပီယံလိဂ္ဆုိတာကလည္း ဥေရာပရဲ႕အေကာင္းဆုံးအသင္းေတြ ပါ၀င္ယွဥ္ၿပိဳင္တာျဖစ္သလုိ ကမၻာ႔ဖလားၿပိဳင္ပဲြမွာလည္း တိုက္ႀကီး(၆)ခုမွာ ေကာင္းေပ့ ညြန္႔ေပ့ဆုိတဲ့အသင္းေတြ စီးခ်င္းထုိးၾကတာျဖစ္ပါတယ္။ ဒီၿပိဳင္ပဲြႏွစ္ရပ္လုံးမွာ အသင္းတစ္သင္း (၂)ႏွစ္ဆက္ ဗုိလ္စဲြဖုိ႔ဆုိတာ သိပ္မလြယ္ဘူး။ ဒါေပမဲ့ အဲဒီမွတ္တမ္းဆုိးကုိ ခ်န္ပီယံလိဂ္မွာ ရီးယဲလ္က ခ်ိဳးျဖတ္ႏုိင္ခဲ့ေပမယ့္ ကမၻာ႔ဖလားမွာေတာ့ အဲဒီၾကမၼာဆုိးက ဆက္လက္႐ုိက္ခတ္ေနဆဲပဲ။

1990-European-Cup-Champion-AC-Milan2

1990-European-Cup-Champion-AC-Milan2

ခ်န္ပီယံလိဂ္မွာ အရင္ဥေရာပဖလားအမည္နဲ႔က်င္းပတဲ့အခ်ိန္တုန္းက ေအစီမီလန္အသင္း ၁၉၈၉၊ ၁၉၉၀ ႏွစ္ႀကိမ္ဆက္ ဗုိလ္စဲြခဲ့ၿပီးေနာက္ပုိင္း (၂)ႏွစ္ဆက္ဗုိလ္စဲြတဲ့အသင္းမရွိေတာ့တဲ့မွတ္တမ္းဆုိးကုိ (၂၇)ႏွစ္အၾကာမွာ ဥေရာပရဲ႕ ဘီလူးႀကီး ရီးယဲလ္အသင္းက ၂၀၁၆၊ ၂၀၁၇ ခုႏွစ္ေတြမွာ ခ်ိဳးျဖတ္ႏုိင္ခဲ့တယ္။ ၂၀၁၈ ၿပိဳင္ပဲြမွာလည္း ဆက္ၿပီးဗုိလ္စဲြခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ Era မွာ (၃)ႏွစ္ဆက္ ဗုိလ္စဲြခဲ့တဲ့အသင္းအျဖစ္ပါ စံခ်ိန္တင္ခဲ့တယ္။

2018-Champions-League-Champion-Real-Marid

2018-Champions-League-Champion-Real-Marid

ဒီလုိအေနအထားမ်ိဳး ၂၁ ရာစုအတြင္း ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ျဖစ္မလာေသးဘူး။ ကမၻာ႔ဖလား လက္ရွိခ်န္ပီယံအသင္းေတြဟာ သူတို႔ရဲ႕ခ်န္ပီယံဂုဏ္ပုဒ္ကုိ မထိန္းသိမ္းႏုိင္ခဲ့တာက (၅၆)ႏွစ္အထိ ၾကာေနၿပီ။ တိတိက်က်ေျပာရရင္ ၁၉၅၈၊ ၁၉၆၂ ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ ဘရာဇီးလ္အသင္း ဗုိလ္စဲြခဲ့ၿပီးေနာက္ပုိင္း လက္ရွိခ်န္ပီယံအသင္းေတြ ေနာက္တစ္ႀကိမ္ကမၻာ႔ဖလားၿပိဳင္ပဲြက်ရင္ သူတို႔ရဲ႕ခ်န္ပီယံဘဲြ႕ကုိ ေနာက္တစ္သင္းဆီ လဲႊေျပာင္းေပးခဲ့ရတာခ်ည္းပဲ။

1962-FIFA-World-Cup-Champion-Brazil1

1962-FIFA-World-Cup-Champion-Brazil1

၂၀၁၄ ကမၻာ႔ဖလားမွာ ဗုိလ္စဲြခဲ့တဲ့ ဂ်ာမနီအသင္း အခုကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဗုိလ္စဲြၿပီး အဲဒီက်ိန္စာကုိ ေခ်ဖ်က္ႏုိင္မယ္လုိ႔ ၿပိဳင္ပဲြမစတင္က ထင္ေၾကးေတြ ထြက္ေပၚခဲ့ေပမယ့္ သိတဲ့အတိုင္းပဲ ဂ်ာမနီအသင္းက အုပ္စုအဆင့္ကပဲ အရွက္တကြဲ လွည့္ျပန္ခဲ့ရတယ္။ (၅၆)ႏွစ္ၾကာတဲ့အထိ တည္တံ့ေနတဲ့ က်ိန္စာဆုိးကုိ မေက်ာ္ျဖတ္ႏုိင္တဲ့အျပင္ ကမၻာ႔ဖလား(၅)ႀကိမ္(၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈)မွာ အုပ္စုအဆင့္ကထြက္ခဲ့ရတဲ့ စတုတၳေျမာက္အသင္းအျဖစ္ပါ မွတ္တမ္း၀င္သြားခဲ့တယ္။

2014-FIFA-World-Cup-Champion-Germany2

2014-FIFA-World-Cup-Champion-Germany2

ဂ်ာမနီအသင္း အုပ္စုက ထြက္ခဲ့ရလုိ႔ ဒီႏွစ္ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ခ်န္ပီယံအသင္းသစ္တစ္သင္း ထြက္ေပၚလာမွာ အေသအခ်ာပါပဲ။ အရင္ခ်န္ပီယံေဟာင္းေတြထဲက ဗုိလ္စဲြမလား၊ ဒါမွမဟုတ္ ေကာ္ေကာင္အသင္းတစ္သင္း ပထမဆုံးအႀကိမ္ဗုိလ္စဲြမလားေစာင့္ၾကည့္ရမယ္။ ဘယ္သူဗုိလ္စဲြသည္ျဖစ္ပါေစ ခ်န္ပီယံအသင္းကေတာ့ ကမၻာ႔ဖလားက်ိန္စာဆုိးကုိ ခ်ိဳးျဖတ္ဖုိ႔အတြက္ ၂၀၂၂ ကမၻာ႔ဖလားမွာ သရဖူကာကြယ္ပဲြ ဆင္ႏႊဲရမွာပါ။ ေသခ်ာတာကေတာ့ ကမၻာ႔ဖလားၿပိဳင္ပဲြဟာ ခ်န္ပီယံလိဂ္ထက္ ပုိၿပိဳင္ဆုိင္မႈျပင္းထန္တယ္၊ ပုိၿပီး နတ္ႀကီးတယ္ ဆုိတာပါပဲ။

ကမၻာ႔ဖလားသမုိင္းတစ္ေလွ်ာက္ ဗုိလ္လုပဲြရလဒ္မ်ား

1930 Uruguay 4–2 Argentina
1934 Italy 2–1 Czechoslovakia
1938 Italy 4–2 Hungary
1950 Uruguay 2–1 Brazil
1954 West Germany 3–2 Hungary
1958 Brazil 5–2 Sweden
1962 Brazil 3–1 Czechoslovakia
1966 England 4–2 West Germany
1970 Brazil 4–1 Italy
1974 West Germany 2–1 Netherlands
1978 Argentina 3–1 Netherlands
1982 Italy 3–1 West Germany
1986 Argentina 3–2 West Germany
1990 West Germany 1–0 Argentina
1994 Brazil 0–0 Italy
(3-2)
1998 France 3–0 Brazil
2002 Brazil 2–0 Germany
2006 Italy 1–1 France
(5-3)
2010 Spain 1–0d Netherlands
2014 Germany 1–0 Argentina

Photo:VICE Sports,These Football Times,101 Great Goals,Stefano Salvatori Football
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ချန်ပီယံလိဂ်ထက် ပြိုင်ဆိုင်မှု ပိုပြင်းထန်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွေ အားလုံးအပြီးမှာ အတွေးတစ်စပေါ်လာခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ချန်ပီယံလိဂ်ထက် ပိုပြီးပြိုင်ဆိုင်မှု ပြင်းထန်ပါလားဆိုတာပါ။ ချန်ပီယံလိဂ်ဆိုတာကလည်း ဥရောပရဲ့အကောင်းဆုံးအသင်းတွေ ပါဝင်ယှဉ်ပြိုင်တာဖြစ်သလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း တိုက်ကြီး(၆)ခုမှာ ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့အသင်းတွေ စီးချင်းထိုးကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲနှစ်ရပ်လုံးမှာ အသင်းတစ်သင်း (၂)နှစ်ဆက် ဗိုလ်စွဲဖို့ဆိုတာ သိပ်မလွယ်ဘူး။ ဒါပေမဲ့ အဲဒီမှတ်တမ်းဆိုးကို ချန်ပီယံလိဂ်မှာ ရီးယဲလ်က ချိုးဖြတ်နိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားမှာတော့ အဲဒီကြမ္မာဆိုးက ဆက်လက်ရိုက်ခတ်နေဆဲပဲ။

1990-European-Cup-Champion-AC-Milan2

1990-European-Cup-Champion-AC-Milan2

ချန်ပီယံလိဂ်မှာ အရင်ဥရောပဖလားအမည်နဲ့ကျင်းပတဲ့အချိန်တုန်းက အေစီမီလန်အသင်း ၁၉၈၉၊ ၁၉၉၀ နှစ်ကြိမ်ဆက် ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း (၂)နှစ်ဆက်ဗိုလ်စွဲတဲ့အသင်းမရှိတော့တဲ့မှတ်တမ်းဆိုးကို (၂၇)နှစ်အကြာမှာ ဥရောပရဲ့ ဘီလူးကြီး ရီးယဲလ်အသင်းက ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာ ချိုးဖြတ်နိုင်ခဲ့တယ်။ ၂၀၁၈ ပြိုင်ပွဲမှာလည်း ဆက်ပြီးဗိုလ်စွဲခဲ့တာကြောင့် ချန်ပီယံလိဂ် Era မှာ (၃)နှစ်ဆက် ဗိုလ်စွဲခဲ့တဲ့အသင်းအဖြစ်ပါ စံချိန်တင်ခဲ့တယ်။

2018-Champions-League-Champion-Real-Marid

2018-Champions-League-Champion-Real-Marid

ဒီလိုအနေအထားမျိုး ၂၁ ရာစုအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖြစ်မလာသေးဘူး။ ကမ္ဘာ့ဖလား လက်ရှိချန်ပီယံအသင်းတွေဟာ သူတို့ရဲ့ချန်ပီယံဂုဏ်ပုဒ်ကို မထိန်းသိမ်းနိုင်ခဲ့တာက (၅၆)နှစ်အထိ ကြာနေပြီ။ တိတိကျကျပြောရရင် ၁၉၅၈၊ ၁၉၆၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဘရာဇီးလ်အသင်း ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း လက်ရှိချန်ပီယံအသင်းတွေ နောက်တစ်ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကျရင် သူတို့ရဲ့ချန်ပီယံဘွဲ့ကို နောက်တစ်သင်းဆီ လွဲှပြောင်းပေးခဲ့ရတာချည်းပဲ။

1962-FIFA-World-Cup-Champion-Brazil1

1962-FIFA-World-Cup-Champion-Brazil1

၂၀၁၄ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တဲ့ ဂျာမနီအသင်း အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲပြီး အဲဒီကျိန်စာကို ချေဖျက်နိုင်မယ်လို့ ပြိုင်ပွဲမစတင်က ထင်ကြေးတွေ ထွက်ပေါ်ခဲ့ပေမယ့် သိတဲ့အတိုင်းပဲ ဂျာမနီအသင်းက အုပ်စုအဆင့်ကပဲ အရှက်တကွဲ လှည့်ပြန်ခဲ့ရတယ်။ (၅၆)နှစ်ကြာတဲ့အထိ တည်တံ့နေတဲ့ ကျိန်စာဆိုးကို မကျော်ဖြတ်နိုင်တဲ့အပြင် ကမ္ဘာ့ဖလား(၅)ကြိမ်(၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈)မှာ အုပ်စုအဆင့်ကထွက်ခဲ့ရတဲ့ စတုတ္ထမြောက်အသင်းအဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့တယ်။

2014-FIFA-World-Cup-Champion-Germany2

2014-FIFA-World-Cup-Champion-Germany2

ဂျာမနီအသင်း အုပ်စုက ထွက်ခဲ့ရလို့ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံအသင်းသစ်တစ်သင်း ထွက်ပေါ်လာမှာ အသေအချာပါပဲ။ အရင်ချန်ပီယံဟောင်းတွေထဲက ဗိုလ်စွဲမလား၊ ဒါမှမဟုတ် ကော်ကောင်အသင်းတစ်သင်း ပထမဆုံးအကြိမ်ဗိုလ်စွဲမလားစောင့်ကြည့်ရမယ်။ ဘယ်သူဗိုလ်စွဲသည်ဖြစ်ပါစေ ချန်ပီယံအသင်းကတော့ ကမ္ဘာ့ဖလားကျိန်စာဆိုးကို ချိုးဖြတ်ဖို့အတွက် ၂၀၂၂ ကမ္ဘာ့ဖလားမှာ သရဖူကာကွယ်ပွဲ ဆင်နွှဲရမှာပါ။ သေချာတာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ချန်ပီယံလိဂ်ထက် ပိုပြိုင်ဆိုင်မှုပြင်းထန်တယ်၊ ပိုပြီး နတ်ကြီးတယ် ဆိုတာပါပဲ။

ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဗိုလ်လုပွဲရလဒ်များ

1930 Uruguay 4–2 Argentina
1934 Italy 2–1 Czechoslovakia
1938 Italy 4–2 Hungary
1950 Uruguay 2–1 Brazil
1954 West Germany 3–2 Hungary
1958 Brazil 5–2 Sweden
1962 Brazil 3–1 Czechoslovakia
1966 England 4–2 West Germany
1970 Brazil 4–1 Italy
1974 West Germany 2–1 Netherlands
1978 Argentina 3–1 Netherlands
1982 Italy 3–1 West Germany
1986 Argentina 3–2 West Germany
1990 West Germany 1–0 Argentina
1994 Brazil 0–0 Italy
(3-2)
1998 France 3–0 Brazil
2002 Brazil 2–0 Germany
2006 Italy 1–1 France
(5-3)
2010 Spain 1–0d Netherlands
2014 Germany 1–0 Argentina

Photo:VICE Sports,These Football Times,101 Great Goals,Stefano Salvatori Football
Naing Linn(Akhayar)
www.akhayar.com