This Football update is proudly sponsored by Telenor Myanmar.
[Zawgyi]
ဘယ်အချိန်စတင်မှာလဲ
Luzhniki Stadium
Luzhniki Stadium
ဖျော်ဖြေရေးအစီအစဉ်
Robbie Williams
Robbie Williams
Yoe Lu (Akhayar)
www.akhayar.com
Ref : thesun.co.uk
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။
[Unicode]
၂၀၁၈ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားကြီးကို ဘယ်လို ကျင်းပမှာလဲ
၄ နှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးရဲ့ ရင်ခုန်စရာ အချိန်အခါကတော့ ရောက်လို့ လာပါပြီ။ ဒီနှစ်ကမ္ဘာ့ဖလားပွဲကြီးရဲ့ စီစဉ်ထားတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ကြည့်ရမယ့် ရုပ်သံလိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဘယ်အချိန်စတင်မှာလဲ
Luzhniki Stadium
Luzhniki Stadium
၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲအခမ်းနားကို ရုရှားနိုင်ငံ မော်စကိုမြို့ရဲ့ Luzhniki အားကစားကွင်းမှာ ဒီနေ့ မြန်မာစံတော်ချိန် ည ၉နာရီကျရင် စတင်ကျင်းပါပတော့မယ်။  ဖွင့်ပွဲအခမ်းအနားကို အဖွင့်ပွဲစဉ်ဖြစ်တဲ့ ရုရှားနဲ့ ဆော်ဒီအာရေးဘီးယားပွဲစဉ်မတိုင်ခင် မိနစ် ၃၀ အလိုမှာ ကျင်းပမှာလည်း ဖြစ်ပါတယ်။  နောက်ဆံးဖိုင်နယ်ပွဲစဉ်ကိုလည်း Luzhniki ကွင်းမှာပဲ ကျင်းပမှာ ဖြစ်ပါတယ်။
ဖွင့်ပွဲအခမ်းအနားကို ဘယ်ရုပ်သံလိုင်းတွေမှာ ကြည့်ရှုလို့ ရမလဲ
ဖွင့်ပွဲအခမ်းအနားကို သူတို့ဆီမှာတော့ ITV1 က ပြမှာ ဖြစ်ပြီး မြန်မာနိုင်ငံဆိုမှာရင်တော့ SkyNet Sports နဲ့ MRTV စတဲ့ ရုပ်သံလိုင်းတွေမှာ ကြည့်ရှုလို့ ရမှာ ဖြစ်ပါတယ်။ အင်တာနက်ကနေ Live Blog တင်ဆက်တာ ကြည့်ချင်တယ်ဆိုရင်လည်း SunSport Live Blog မှာ ကြည့်ရှုလို့ ရမှာပါ။
ဖျော်ဖြေရေးအစီအစဉ်
Robbie Williams
Robbie Williams
ဒီနှစ်ရဲ့ ဖျော်ဖြေရေးကိုတော့ ပေ့ါပ်အဆိုကျော် Robbie Williams က ဖျော်ဖြေမှာ ဖြစ်ပြီး ရုရှား Soprano အဆိုရှင် Aida  Garifullina နဲ့ ပူးပေါင်းဖျော်ဖြေဖို့လည်း ရှိနေပါတယ်။ အကမောင်မယ်တွေ၊ ကျွမ်းဘားမယ်တွေ စတဲ့ ဒေသခံဖျော်ဖြေရေးသမား ၅၀၀ ကျော်လောက်ကလည်း ဖွင့်ပွဲအခမ်းအနားကြီးမှာ ပါဝင်တင်ဆက်မှာ ဖြစ်တဲ့အတွက် ခမ်းနားမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
Yoe Lu (Akhayar)
www.akhayar.com
Ref : thesun.co.uk