This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားပဲြစဥ္အတြင္း ခပ္မုိက္မုိက္ မိန္းမေခ်ာေလးေတြကုိ ျမင္ကြင္းခ်ဲ႔မ႐ုိက္ျပဖုိ႔ တားျမစ္ခဲ့တဲ့ ဖီဖာ

ကမၻာ႔ေဘာလုံးအဖဲြ႕ခ်ဳပ္(ဖီဖာ)ဟာ ကမၻာ႔ဖလားပဲြစဥ္အတြင္း ပရိသတ္ထဲက ခပ္မုိက္မုိက္ မိန္းမေခ်ာေလးေတြကုိ ႐ုပ္သံမွာ ျမင္ကြင္းခ်ဲ႕႐ုိက္ျပတာေတြ မလုပ္ဖုိ႔အတြက္ သက္ဆုိင္ရာ ႐ုပ္သံဌာနေတြကုိ တားျမစ္ခ်က္ထုတ္ျပန္ထားပါတယ္။ ဖီဖာက ေဘာလုံးပဲြေတြမွာ လိင္ခဲြျခားဆက္ဆံမႈေတြျဖစ္လာမွာ စုိးတဲ့အတြက္ အခုလုိ တားျမစ္ခဲ့တာလည္းျဖစ္ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ ခပ္မုိက္မုိက္ မိန္းကေလးေတြဆုိ ႐ုပ္သံ႐ုိက္ကူးတဲ့သူေတြက Zoom ႐ုိက္ျပတာကုိ ပရိသတ္ေတြ သတိျပဳမိပါလိမ့္မယ္။ ဒီလုိ႐ုိက္ျပမႈေၾကာင့္ ႐ုရွားအသင္းရဲ႕ပရိသတ္ နမ္ခ်င္ႏုိဗာ Nemchinova ဟာ ပုရိသပရိသတ္ေတြအၾကား နာမည္ေက်ာ္ၾကားခဲ့ၿပီး လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ သူမရဲ႕အမည္က ထင္ရွားလာခဲ့တယ္။

Natalya-Nemchinova

Natalya-Nemchinova

ကမၻာ႔ဖလားပဲြစဥ္ေတြကို ႐ုိက္ကူးထုတ္လႊင့္ေနသူေတြက ပရိသတ္ေတြထဲမွာ Wags (ေဘာလုံးသမားေတြရဲ႕ ခ်စ္သူ၊ ဇနီးမယား)ေတြ၊ ခပ္လန္းလန္း မိန္းကေလးေတြ၊ ထူးျခားတဲ့ပံုစံ၀တ္ဆင္ခဲ့သူေတြကုိ ႐ုိက္ျပေလ့ရွိပါတယ္။

Ruby-mae-girlfriend-of-Alli

Ruby-mae-girlfriend-of-Alli

ဒါေပမဲ့ လိင္ခဲြျခားမႈဆန္႔က်င္ေရးအဖဲြ႕ Fare Network က Executive Director ျဖစ္သူ ပီရာယာပုိ၀ါ Piara Powar က ကမၻာ႔ဖလားၿပိဳင္ပဲြကာလမွာ ႐ုရွားႏုိင္ငံက အမ်ိဳးသမီးေတြအပါအ၀င္ လိင္ပုိင္းဆုိင္ရာ ေစာ္ကားခံခဲ့ရတဲ့ျဖစ္ရပ္က အႀကိမ္(၃၀)ေက်ာ္အထိရွိခဲ့တယ္လုိ႔ ဆုိပါတယ္။ Fare Network ဟာ ေဘာလုံးပဲြစဥ္ေတြမွာ အမ်ိဳးသမီးေတြ လိင္ပုိင္းဆုိင္ရာေစာ္ကားခံရတဲ့ျဖစ္ရပ္ေတြကုိ ေစာင့္ၾကည့္ေလ့လာေနတဲ့အဖဲြ႕လည္းျဖစ္ပါတယ္။ ပီယာရာပုိ၀ါက အမ်ိဳးသမီးသတင္းေထာက္ေတြ သတင္းတင္ဆက္ေနတုန္း အမ်ိဳးသားပရိသတ္ေတြက သူတို႔ကုိ ေပြ႔ဖက္တာ၊ အတင္းနမ္းတာ စတဲ့ျဖစ္ရပ္ေတြ အမ်ားႀကီးရွိတယ္လုိ႔လည္း ဆက္လက္ေျပာၾကားခဲ့ပါတယ္။ ဖီဖာအေနနဲ႔ အမ်ိဳးသမီးေတြ လိင္ပုိင္းဆုိင္ရာ ေစာ္ကားခံရမႈ မရွိေအာင္ ဒီလုိတားျမစ္ခဲ့တာျဖစ္ေပမယ့္ ထိေရာက္မႈရွိပ့ါမလားဆုိတာေတာ့ ေမးခြန္းထုတ္ရမွာပါ . . .

REF:Daily Mail
Photo:CelebEyes,rosssblossoms,Youtube
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပွဲစဉ်အတွင်း ခပ်မိုက်မိုက် မိန်းမချောလေးတွေကို မြင်ကွင်းချဲ့မရိုက်ပြဖို့ တားမြစ်ခဲ့တဲ့ ဖီဖာ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ကမ္ဘာ့ဖလားပွဲစဉ်အတွင်း ပရိသတ်ထဲက ခပ်မိုက်မိုက် မိန်းမချောလေးတွေကို ရုပ်သံမှာ မြင်ကွင်းချဲ့ရိုက်ပြတာတွေ မလုပ်ဖို့အတွက် သက်ဆိုင်ရာ ရုပ်သံဌာနတွေကို တားမြစ်ချက်ထုတ်ပြန်ထားပါတယ်။ ဖီဖာက ဘောလုံးပွဲတွေမှာ လိင်ခွဲခြားဆက်ဆံမှုတွေဖြစ်လာမှာ စိုးတဲ့အတွက် အခုလို တားမြစ်ခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ခပ်မိုက်မိုက် မိန်းကလေးတွေဆို ရုပ်သံရိုက်ကူးတဲ့သူတွေက Zoom ရိုက်ပြတာကို ပရိသတ်တွေ သတိပြုမိပါလိမ့်မယ်။ ဒီလိုရိုက်ပြမှုကြောင့် ရုရှားအသင်းရဲ့ပရိသတ် နမ်ချင်နိုဗာ Nemchinova ဟာ ပုရိသပရိသတ်တွေအကြား နာမည်ကျော်ကြားခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သူမရဲ့အမည်က ထင်ရှားလာခဲ့တယ်။

Natalya-Nemchinova

Natalya-Nemchinova

ကမ္ဘာ့ဖလားပွဲစဉ်တွေကို ရိုက်ကူးထုတ်လွှင့်နေသူတွေက ပရိသတ်တွေထဲမှာ Wags (ဘောလုံးသမားတွေရဲ့ ချစ်သူ၊ ဇနီးမယား)တွေ၊ ခပ်လန်းလန်း မိန်းကလေးတွေ၊ ထူးခြားတဲ့ပုံစံဝတ်ဆင်ခဲ့သူတွေကို ရိုက်ပြလေ့ရှိပါတယ်။

Ruby-mae-girlfriend-of-Alli

Ruby-mae-girlfriend-of-Alli

ဒါပေမဲ့ လိင်ခွဲခြားမှုဆန့်ကျင်ရေးအဖွဲ့ Fare Network က Executive Director ဖြစ်သူ ပီရာယာပိုဝါ Piara Powar က ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာ ရုရှားနိုင်ငံက အမျိုးသမီးတွေအပါအဝင် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ဖြစ်ရပ်က အကြိမ်(၃၀)ကျော်အထိရှိခဲ့တယ်လို့ ဆိုပါတယ်။ Fare Network ဟာ ဘောလုံးပွဲစဉ်တွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ဖြစ်ရပ်တွေကို စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ ပီယာရာပိုဝါက အမျိုးသမီးသတင်းထောက်တွေ သတင်းတင်ဆက်နေတုန်း အမျိုးသားပရိသတ်တွေက သူတို့ကို ပွေ့ဖက်တာ၊ အတင်းနမ်းတာ စတဲ့ဖြစ်ရပ်တွေ အများကြီးရှိတယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။ ဖီဖာအနေနဲ့ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု မရှိအောင် ဒီလိုတားမြစ်ခဲ့တာဖြစ်ပေမယ့် ထိရောက်မှုရှိပ့ါမလားဆိုတာတော့ မေးခွန်းထုတ်ရမှာပါ . . .

REF:Daily Mail
Photo:CelebEyes,rosssblossoms,Youtube
Naing Linn(Akhayar)
www.akhayar.com