[ZawGyi]

Taylor Swift နဲ႔ Katy Perry တို႔ၾကားက ရန္ၿငိဳးရန္စေတြရဲ႕ အစနဲ႔အဆံုး

Taylor Swift နဲ႔ Katy Perry ဆိုတာ က ဂီတေလာကမွာ အေအာင္ျမင္ဆံုး အဆိုေတာ္ေတြျဖစ္သလို ႏွစ္ကာလၾကာ အၿငိဳးအေတးအစိုင္အခဲေတြနဲ႔ ရန္ၿငိဳးရန္စေတြ၊ Social Media ေတြေပၚမွာ အျပန္အလွန္ တိုက္ခိုက္မႈေတြၾကား နာမည္အႀကီးဆံုး ရန္ဘက္ ၂ ဦးလည္း ျဖစ္ပါေသးတယ္။

Katy Perry and Taylor Swift funny moment

တစ္ဦးနဲ႔ တစ္ဦး အရမ္းခင္မင္ေနၾကတဲ့ ဆက္ဆံေရးကေန ၂ဦး၂ဖက္ Tour ေတြအသီးသီးလုပ္ရင္းမွ ျဖစ္တဲ့ျပသာနာေတြေၾကာင့္ မေခၚမေျပာဘဲနဲ႔ Social War ေတြျဖစ္ၾက၊ ဂီတေလာကတစ္ခုလံုး လူစုေတြကြဲၿပီး ပြက္ေလာ႐ိုက္ခဲ့ၾကတာ ႏွစ္ကာလအေတာ္ႀကာၾကာပဲ ျဖစ္ပါတယ္။

Katy Tour Vs Taylor Tour

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

ဒါေပမယ့္ မၾကာေသးခင္ကပဲ Taylor ထံကို Katy ရဲ႕ သံလြင္ခက္ေလးနဲ႔အမွာပါးလိုက္တဲ့ ၿငိမ္းခ်မ္းေရး စာခြ်န္လႊာေလး ေရာက္ရွိလာၿပီးေနာက္မွာေတာ့ သူတို႔ ၂ ဦးၾကားက ဆက္ဆံေရးဟာ ျပန္လည္ေႏြးေထြးလာေတာ့မယ့္အရိပ္အေယာင္ေတြ ျပလာတာမို႔ ၂ဦး ၂ဖက္ Fan ေတြကေတာ့ ဝမ္းသာေနၾကပါၿပီ။

Taylor နဲ႔ Katy တို႔ရဲ႕ Die Hard Fan ေတြအတြက္ေတာ့ ဒီရန္ၿငိဳးရန္စအေၾကာင္းကို ရင္းႏွီးေနၿပီးသား သိေနၿပီးသားျဖစ္ေပမယ့္ မသိေသးတဲ့ သူေတြအတြက္ သူတို႔ ၂ေယာက္ၾကားက ျပသာနာေတြရန္စေတြနဲ႔ ဒီဇာတ္လမ္းတစ္ခုလံုးကို တင္ျပေပးလိုက္ပါတယ္။

Taylor and Katy at 2018 Music Video Awards

2008 ခုႏွစ္ MTV Music Awards ပြဲမွာတည္းက စတင္ၿပီး ခင္မင္ခဲ့ၾကတဲ့ Taylor နဲ႔ Katy ဟာ ဓါတ္ပံုေတြ႐ိုက္ အျပန္အလွန္စေနာက္ၿပီး Twitter ေပၚမွာပါ တစ္ေယာက္ကိုတစ္ေယာက္ သေဘာက်ခ်စ္ခင္တဲ့စာလႊာေလးေတြနဲ႔ အျပန္အလွန္ Tweet ခဲ့ပါတယ္။ ဒီခင္မင္မႈသံေယာဇဥ္ဟာ ၂၀၀၉ ကေန ၂၀၁၁ ခုႏွစ္တစ္ေလွ်ာက္လံုး သူတို႔၂ဦးၾကား ခိုင္မာခဲ့ၿပီး ေမြးေန႔ဆုေတာင္းေတြပို႔ရင္း၊ တစ္ေယာက္ရဲ႕ သီခ်င္းကို တစ္ေယာက္က ေထာက္ခံအားေပးရင္း ပိုတည္ၿမဲေစခဲ့ပါတယ္။

Taylor,Katy and Miley

သူတို႔ ၂ ဦးၾကားပထမဆံုးဝင္ေရာက္လာခဲ့တဲ့ အရာက Taylor နဲ႔ စတင္ ဇာတ္လမ္းရွိခဲ့တဲ့ John Mayer ပဲ ျဖစ္ပါတယ္။ ၂၀၁၀ မွာ John နဲ႔ Taylor ျပတ္စဲခဲ့ၿပီးေနာက္ “Dear John” ဆိုတဲ့ သီခ်င္းတစ္ပုဒ္ Taylor ဆီကထြက္ရွိလာခဲ့ပါတယ္။ ၂၀၁၂ မွာေတာ့ John နဲ႔ Katy နဲ႔ ဇာတ္လမ္းစတင္ခဲ့ၿပီး ခနတာပဲၾကာျမင့္မယ္ထင္ၾကတဲ့ Relationship တစ္ခုဟာ အခ်ိန္ေတာ္ေတာ္ၾကာတည္ၿမဲခဲ့ပါတယ္။

John Mayer, Katy Perry and Taylor Swift

၂၀၁၃ ခုႏွစ္ကေတာ့ သူတို႔ရန္ၿငိဳးေတြရဲ႕ အႀကီးမားဆံုး အစပါပဲ။ Top Star ၂ ေယာက္လံုး Music Tour ေတြနဲ႔ အၿပိဳင္ အလုပ္ေတြရႈပ္ေနခ်ိန္ Taylor က Katy ရဲ႕ ၂၀၁၁-၂၀၁၂ California Dreams Tour မွာ တုန္းက တြဲဖက္ေဖ်ာ္ေျဖဖူးခဲ့တဲ့ အကသမား ၃ ဦးကို သူမရဲ႕ Red Tour မွာ ေဖ်ာ္ေျဖဖို႔ငွားရမ္းခဲ့ပါတယ္။ ၃ဦးလံုးကလည္း လက္ခံခဲ့ပါတယ္။

Taylor ရဲ႕ Red Tour မွာ ေဖ်ာ္ေျဖေနရင္းမွာပဲ Katy ရဲ႕ Prism Tour အတြက္ေဖ်ာ္ေျဖဖို႔ ထပ္မံကမ္းလွမ္းခံခဲ့ရတာမို႔ အကသမားေတြဟာ သူတို႔နဲ႔အလုပ္လုပ္ရတာ မိသားစုပိုဆန္တယ္လို႔ခံစားရတဲ့ Katy နဲ႔ တူတူေဖ်ာ္ေျဖဖို႔ Taylor ရဲ႕ Red Tour တဝက္တပ်က္မွာပဲ Katy ဆီ ေျပာင္းေဖ်ာ္ေျဖခဲ့ၾကပါတယ္။

အဲ့လိုရန္စေတြျဖစ္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွာ Rolling Stone Magazine Interview မွာေတာ့ Taylor က “Bad Blood” သီခ်င္းဟာ နာမည္ႀကီးအဆိုေတာ္တစ္ေယာက္ကို ရည္ၫႊန္းလားဆိုတဲ့အေမးကိုေတာ့ “ႏွစ္ေတြအၾကာႀကီး ရင္းႏွီးခဲ့တာေတာင္ သူငယ္ခ်င္းအျဖစ္ လက္ခံရခက္ခက္ပါပဲ။ ကြ်န္မနဲ႔ေတြ႕ၿပီး ခင္မင္ခဲ့တယ္ ၿပီးေတာ့ ကြ်န္မဘဝထဲက ထြက္သြားၿပီး စိတ္အေႏွာင့္အယွက္ေတြအမ်ားႀကီးေပးခဲ့တာ သူငယ္ခ်င္းမွဟုတ္ရဲ႕လားလို႔ ေမးရမလိုပါပဲ” လို႔ေျဖခဲ့ၿပီး ေနာက္ရက္မွာပဲ Katy က “သိုးေမႊးဝတ္ရံုေအာက္က Regina George ကို ေစာင့္ၾကည့္လိုက္” ဆိုၿပီး Mean Girls ႐ုပ္ရွင္ကားထဲက Character နဲ႔ ေစာင္းေျမာင္းတင္ခဲ့ပါတယ္။

အဲ့လို အျပန္အလွန္ေစာင္းေျမာင္းတင္ရင္း၊ သီခ်င္းေတြဖန္တီးရင္း Nicki Minaj ကပါ သူမရဲ႕ Music Video ဆုမရဘဲ Taylor ရဲ႕ Music Video ဆုရတာကို မေက်နပ္ခ်က္နဲ႔ ရြဲ႕ေစာင္းတင္ရင္း ျပသာနာေတြပိုႀကီးလာပါတယ္။

2016 မွာေတာ့ Katy က Taylor နဲ႔ျပန္အဆင္ေျပေျပေနလာတာေတြ႕ရပါတယ္။ သီးသန္႔ အႀကိဳ Grammy Party ပြဲမွာ Katy က Taylor ကို A အဆင့္ ဧည့္သည္အျဖစ္ သတ္မွတ္ဖိတ္ၾကားခဲ့ပါတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

ေနာက္ပိုင္းမွာ Taylor နဲ႔အၾကာႀကီးတြဲၿပီး ခြာၿပဲခဲ့တဲ့ ခ်စ္သူ Calvin Haris ဟာလည္း သူ႔အေၾကာင္းကို Taylor က Rihanna ရဲ႕ သီခ်င္းထဲမွာ ထည့္အသံုးျပဳခဲ့တာမို႔ Twitter ေပၚမွာ မင္း သီးခ်င္းသစ္လိုေနတဲ့အခ်ိန္မွာ ငါ့ကိုေတာ့ Katy ကိုလုပ္သလို မီးေမႊးၿပီး သီခ်င္းသစ္ဖန္တီးဖို႔ မႀကိဳးစားပါနဲ႔။ ငါလက္မခံဘူး” လို႔ ေရးသားၿပီး ျပန္ဖ်က္ခဲ့ပါတယ္။ Katy ကလည္း Hillary Clinton ရဲ႕ အံ့ၾသတႀကီးျဖစ္တဲ့ Video ပံုေလးနဲ႔ျပန္တံု႔ျပန္ခဲ့ပါတယ္။

Taylor Swift ရဲ႕ Bad Blood MTV အၿပီးမွာပဲ ေမလ ၉ ရက္ ၂၀၁၇ မွာ Katy က Nicki Minaj Featuring ဆိုေပးထားတဲ့ Swish Swish သီခ်င္း ကို ျဖန္႔ေဝခဲ့ပါတယ္။ အဲ့သီခ်င္းဟာလည္း Taylor ကို ေစာင္းေျမာင္းတဲ့ သီခ်င္းဆိုၿပီး ၂ ဖက္ပရိသတ္ေတြပါ အျပန္အလွန္ ရန္စပိုႀကီးခဲ့ပါတယ္။

နာမည္ႀကီး Program တစ္ခုျဖစ္တဲ့ Carpool Karaoke မွာလည္း Katy က ဒါေတြအကုန္လံုးက သူမ(Taylor) စခဲ့တာပါ။ ဒီအခ်ိန္မွာေတာ့ သူမအားလံုးအဆံုးသတ္သင့္ပါၿပီ” လို႔ ေျဖၾကားခဲ့ပါတယ္။

Taylor and Katy old memories

အဲ့လို Katy နဲ႔ ရန္ၿငိဳးေတြ၊ Kayne တို႔နဲ႔ျဖစ္ခဲ့တဲ့ ရန္စေတြ၊ မထင္ထားတဲ့သူေတြရဲ႕ အေပၚယံခင္မင္မႈေတြၾကားမွာ Taylor ဟာ ဘယ္သူ႔ကိုမွ မယံုၾကည္ေတာ့ဘဲ အခ်ိန္အေတာ္ၾကာ လူမႈကြန္ယက္ေတြအားလံုးကို ျဖတ္ေတာက္ခဲ့ပါတယ္။ ေနာက္ဆံုးေတာ့ သူ႔ကို စြပ္စြဲခဲ့ၾကတဲ့ ေႁမြမဆိုတဲ့ အသြင္ကိုလံုးဝယူခဲ့ၿပီး အေအာင္ျမင္ဆံုး Reputation Tour နဲ႔ Billboard ရဲ႕ နံပါတ္တစ္ေနရာေတြကို သိမ္းပိုက္ခဲ့ပါတယ္။

ေျပာင္းလဲသြားတဲ့ Taylor ေၾကာင့္ အားလံုးအံ့ၾသခဲ့ၾကသလို ခုေနာက္ဆံုးမွာေတာ့ Katy ကိုယ္တိုင္ကပါ ျပန္လည္ၿငိမ္းခ်မ္းမႈရယူခ်င္လာတဲ့အတြက္ ခ်စ္ၾကည္ေရးသေကၤတျဖစ္တဲ့ သံလြင္ခက္ေလးနဲ႔ “အရင္က ျဖစ္ခဲ့တဲ့ အေျခအေနေတြအားလံုးကို ရွင္းလင္းလိုက္ၾကရေအာင္ ငါ့သူငယ္ခ်င္းေဟာင္းေလးေရ” ဆိုၿပီး စာလႊာပါးခဲ့ပါတယ္။ Taylor ဟာ Katy ရဲ႕ အရင္က ျပန္လည္ဆက္သြယ္ခဲ့တာေတြကို ဂ႐ုမစိုက္ခဲ့ေပမယ့္ ဒီတခါေတာ့ Instagram Story မွာတင္ၿပီး Thank You Katy လို႔ အသိအမွတ္ျပဳခဲ့ပါတယ္။

Taylor and Katy at Grammu Music Awards

ႏွစ္ကာလအေတာ္ၾကာၾကာ ၂ဖြဲ႕ကြဲေနခဲ့တဲ့ Taylor နဲ႔ Katy ရဲ႕ ပရိသတ္ေတြကလည္း ဒီလိုျပန္လည္ေပါင္းစည္းမႈအတြက္ ဝမ္းသာေနၾကပါၿပီ။ အႏုပညာေလာကရဲ႕ အရႈပ္အေထြးေတြထဲမွာေတာ့ Katy နဲ႔ Taylor က နာမည္အႀကီးဆံုးျဖစ္သလို ရန္ၿငိဳးရန္စလည္း အႀကီးမားဆံုးသူေတြမို႔ ဒီတစ္ခါေတာ့ ၂ ေယာက္သားအရင္လို ေႏြးေထြးတဲ့ဆက္ဆံေရးကို ျပန္လည္ထူေထာင္ႏိုင္ၿပီလားဆိုတာ ေမွ်ာ္လင့္ရေတာ့မွာပါ။

EiEiKhineMinn ( Akhayar )

[Unicode]

Taylor Swift နဲ့ Katy Perry တို့ကြားက ရန်ငြိုးရန်စတွေရဲ့ အစနဲ့အဆံုုး

Taylor Swift နဲ့ Katy Perry ဆိုတာ က ဂီတလောကမှာ အအောင်မြင်ဆုံး အဆိုတော်တွေဖြစ်သလို နှစ်ကာလကြာ အငြိုးအတေးအစိုင်အခဲတွေနဲ့ ရန်ငြိုးရန်စတွေ၊ Social Media တွေပေါ်မှာ အပြန်အလှန် တိုက်ခိုက်မှုတွေကြား နာမည်အကြီးဆုံး ရန်ဘက် ၂ ဦးလည်း ဖြစ်ပါသေးတယ်။

Katy Perry and Taylor Swift funny moment

တစ်ဦးနဲ့ တစ်ဦး အရမ်းခင်မင်နေကြတဲ့ ဆက်ဆံရေးကနေ ၂ဦး၂ဖက် Tour တွေအသီးသီးလုပ်ရင်းမှ ဖြစ်တဲ့ပြသာနာတွေကြောင့် မခေါ်မပြောဘဲနဲ့ Social War တွေဖြစ်ကြ၊ ဂီတလောကတစ်ခုလုံး လူစုတွေကွဲပြီး ပွက်လောရိုက်ခဲ့ကြတာ နှစ်ကာလအတော်ကြာကြာပဲ ဖြစ်ပါတယ်။

Katy Tour Vs Taylor Tour

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

ဒါပေမယ့် မကြာသေးခင်ကပဲ Taylor ထံကို Katy ရဲ့ သံလွင်ခက်လေးနဲ့အမှာပါးလိုက်တဲ့ ငြိမ်းချမ်းရေး စာချွန်လွှာလေး ရောက်ရှိလာပြီးနောက်မှာတော့ သူတို့ ၂ ဦးကြားက ဆက်ဆံရေးဟာ ပြန်လည်နွေးထွေးလာတော့မယ့်အရိပ်အယောင်တွေ ပြလာတာမို့ ၂ဦး ၂ဖက် Fan တွေကတော့ ဝမ်းသာနေကြပါပြီ။

Taylor နဲ့ Katy တို့ရဲ့ Die Hard Fan တွေအတွက်တော့ ဒီရန်ငြိုးရန်စအကြောင်းကို ရင်းနှီးနေပြီးသား သိနေပြီးသားဖြစ်ပေမယ့် မသိသေးတဲ့ သူတွေအတွက် သူတို့ ၂ယောက်ကြားက ပြသာနာတွေရန်စတွေနဲ့ ဒီဇာတ်လမ်းတစ်ခုလုံးကို တင်ပြပေးလိုက်ပါတယ်။

Taylor and Katy at 2018 Music Video Awards

2008 ခုနှစ် MTV Music Awards ပွဲမှာတည်းက စတင်ပြီး ခင်မင်ခဲ့ကြတဲ့ Taylor နဲ့ Katy ဟာ ဓါတ်ပုံတွေရိုက် အပြန်အလှန်စနောက်ပြီး Twitter ပေါ်မှာပါ တစ်ယောက်ကိုတစ်ယောက် သဘောကျချစ်ခင်တဲ့စာလွှာလေးတွေနဲ့ အပြန်အလှန် Tweet ခဲ့ပါတယ်။ ဒီခင်မင်မှုသံယောဇဉ်ဟာ ၂၀၀၉ ကနေ ၂၀၁၁ ခုနှစ်တစ်လျှောက်လုံး သူတို့၂ဦးကြား ခိုင်မာခဲ့ပြီး မွေးနေ့ဆုတောင်းတွေပို့ရင်း၊ တစ်ယောက်ရဲ့ သီချင်းကို တစ်ယောက်က ထောက်ခံအားပေးရင်း ပိုတည်မြဲစေခဲ့ပါတယ်။

Taylor,Katy and Miley

သူတို့ ၂ ဦးကြားပထမဆုံးဝင်ရောက်လာခဲ့တဲ့ အရာက Taylor နဲ့ စတင် ဇာတ်လမ်းရှိခဲ့တဲ့ John Mayer ပဲ ဖြစ်ပါတယ်။ ၂၀၁၀ မှာ John နဲ့ Taylor ပြတ်စဲခဲ့ပြီးနောက် “Dear John” ဆိုတဲ့ သီချင်းတစ်ပုဒ် Taylor ဆီကထွက်ရှိလာခဲ့ပါတယ်။ ၂၀၁၂ မှာတော့ John နဲ့ Katy နဲ့ ဇာတ်လမ်းစတင်ခဲ့ပြီး ခနတာပဲကြာမြင့်မယ်ထင်ကြတဲ့ Relationship တစ်ခုဟာ အချိန်တော်တော်ကြာတည်မြဲခဲ့ပါတယ်။

John Mayer, Katy Perry and Taylor Swift

၂၀၁၃ ခုနှစ်ကတော့ သူတို့ရန်ငြိုးတွေရဲ့ အကြီးမားဆုံး အစပါပဲ။ Top Star ၂ ယောက်လုံး Music Tour တွေနဲ့ အပြိုင် အလုပ်တွေရှုပ်နေချိန် Taylor က Katy ရဲ့ ၂၀၁၁-၂၀၁၂ California Dreams Tour မှာ တုန်းက တွဲဖက်ဖျော်ဖြေဖူးခဲ့တဲ့ အကသမား ၃ ဦးကို သူမရဲ့ Red Tour မှာ ဖျော်ဖြေဖို့ငှားရမ်းခဲ့ပါတယ်။ ၃ဦးလုံးကလည်း လက်ခံခဲ့ပါတယ်။

Taylor ရဲ့ Red Tour မှာ ဖျော်ဖြေနေရင်းမှာပဲ Katy ရဲ့ Prism Tour အတွက်ဖျော်ဖြေဖို့ ထပ်မံကမ်းလှမ်းခံခဲ့ရတာမို့ အကသမားတွေဟာ သူတို့နဲ့အလုပ်လုပ်ရတာ မိသားစုပိုဆန်တယ်လို့ခံစားရတဲ့ Katy နဲ့ တူတူဖျော်ဖြေဖို့ Taylor ရဲ့ Red Tour တဝက်တပျက်မှာပဲ Katy ဆီ ပြောင်းဖျော်ဖြေခဲ့ကြပါတယ်။


အဲ့လိုရန်စတွေဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ Rolling Stone Magazine Interview မှာတော့ Taylor က “Bad Blood” သီချင်းဟာ နာမည်ကြီးအဆိုတော်တစ်ယောက်ကို ရည်ညွှန်းလားဆိုတဲ့အမေးကိုတော့ “နှစ်တွေအကြာကြီး ရင်းနှီးခဲ့တာတောင် သူငယ်ချင်းအဖြစ် လက်ခံရခက်ခက်ပါပဲ။ ကျွန်မနဲ့တွေ့ပြီး ခင်မင်ခဲ့တယ် ပြီးတော့ ကျွန်မဘဝထဲက ထွက်သွားပြီး စိတ်အနှောင့်အယှက်တွေအများကြီးပေးခဲ့တာ သူငယ်ချင်းမှဟုတ်ရဲ့လားလို့ မေးရမလိုပါပဲ” လို့ဖြေခဲ့ပြီး နောက်ရက်မှာပဲ Katy က “သိုးမွှေးဝတ်ရုံအောက်က Regina George ကို စောင့်ကြည့်လိုက်” ဆိုပြီး Mean Girls ရုပ်ရှင်ကားထဲက Character နဲ့ စောင်းမြောင်းတင်ခဲ့ပါတယ်။

အဲ့လို အပြန်အလှန်စောင်းမြောင်းတင်ရင်း၊ သီချင်းတွေဖန်တီးရင်း Nicki Minaj ကပါ သူမရဲ့ Music Video ဆုမရဘဲ Taylor ရဲ့ Music Video ဆုရတာကို မကျေနပ်ချက်နဲ့ ရွဲ့စောင်းတင်ရင်း ပြသာနာတွေပိုကြီးလာပါတယ်။

2016 မှာတော့ Katy က Taylor နဲ့ပြန်အဆင်ပြေပြေနေလာတာတွေ့ရပါတယ်။ သီးသန့် အကြို Grammy Party ပွဲမှာ Katy က Taylor ကို A အဆင့် ဧည့်သည်အဖြစ် သတ်မှတ်ဖိတ်ကြားခဲ့ပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

နောက်ပိုင်းမှာ Taylor နဲ့အကြာကြီးတွဲပြီး ခွာပြဲခဲ့တဲ့ ချစ်သူ Calvin Haris ဟာလည်း သူ့အကြောင်းကို Taylor က Rihanna ရဲ့ သီချင်းထဲမှာ ထည့်အသုံးပြုခဲ့တာမို့ Twitter ပေါ်မှာ မင်း သီးချင်းသစ်လိုနေတဲ့အချိန်မှာ ငါ့ကိုတော့ Katy ကိုလုပ်သလို မီးမွှေးပြီး သီချင်းသစ်ဖန်တီးဖို့ မကြိုးစားပါနဲ့။ ငါလက်မခံဘူး” လို့ ရေးသားပြီး ပြန်ဖျက်ခဲ့ပါတယ်။ Katy ကလည်း Hillary Clinton ရဲ့ အံ့သြတကြီးဖြစ်တဲ့ Video ပုံလေးနဲ့ပြန်တုံ့ပြန်ခဲ့ပါတယ်။

A combination photo shows singers Taylor Swift (L) and Katy Perry (R) in Beverly Hills and in Inglewood, California, U.S., February 28, 2016 and August 27, 2017 respectively. REUTERS/Danny Moloshok/File Photos

Taylor Swift ရဲ့ Bad Blood MTV အပြီးမှာပဲ မေလ ၉ ရက် ၂၀၁၇ မှာ Katy က Nicki Minaj Featuring ဆိုပေးထားတဲ့ Swish Swish သီချင်း ကို ဖြန့်ဝေခဲ့ပါတယ်။ အဲ့သီချင်းဟာလည်း Taylor ကို စောင်းမြောင်းတဲ့ သီချင်းဆိုပြီး ၂ ဖက်ပရိသတ်တွေပါ အပြန်အလှန် ရန်စပိုကြီးခဲ့ပါတယ်။

နာမည်ကြီး Program တစ်ခုဖြစ်တဲ့ Carpool Karaoke မှာလည်း Katy က ဒါတွေအကုန်လုံးက သူမ(Taylor) စခဲ့တာပါ။ ဒီအချိန်မှာတော့ သူမအားလုံးအဆုံးသတ်သင့်ပါပြီ” လို့ ဖြေကြားခဲ့ပါတယ်။

Taylor and Katy old memories

အဲ့လို Katy နဲ့ ရန်ငြိုးတွေ၊ Kayne တို့နဲ့ဖြစ်ခဲ့တဲ့ ရန်စတွေ၊ မထင်ထားတဲ့သူတွေရဲ့ အပေါ်ယံခင်မင်မှုတွေကြားမှာ Taylor ဟာ ဘယ်သူ့ကိုမှ မယုံကြည်တော့ဘဲ အချိန်အတော်ကြာ လူမှုကွန်ယက်တွေအားလုံးကို ဖြတ်တောက်ခဲ့ပါတယ်။ နောက်ဆုံးတော့ သူ့ကို စွပ်စွဲခဲ့ကြတဲ့ မြွေမဆိုတဲ့ အသွင်ကိုလုံးဝယူခဲ့ပြီး အအောင်မြင်ဆုံး Reputation Tour နဲ့ Billboard ရဲ့ နံပါတ်တစ်နေရာတွေကို သိမ်းပိုက်ခဲ့ပါတယ်။

ပြောင်းလဲသွားတဲ့ Taylor ကြောင့် အားလုံးအံ့သြခဲ့ကြသလို ခုနောက်ဆုံးမှာတော့ Katy ကိုယ်တိုင်ကပါ ပြန်လည်ငြိမ်းချမ်းမှုရယူချင်လာတဲ့အတွက် ချစ်ကြည်ရေးသင်္ကေတဖြစ်တဲ့ သံလွင်ခက်လေးနဲ့ “အရင်က ဖြစ်ခဲ့တဲ့ အခြေအနေတွေအားလုံးကို ရှင်းလင်းလိုက်ကြရအောင် ငါ့သူငယ်ချင်းဟောင်းလေးရေ” ဆိုပြီး စာလွှာပါးခဲ့ပါတယ်။ Taylor ဟာ Katy ရဲ့ အရင်က ပြန်လည်ဆက်သွယ်ခဲ့တာတွေကို ဂရုမစိုက်ခဲ့ပေမယ့် ဒီတခါတော့ Instagram Story မှာတင်ပြီး Thank You Katy လို့ အသိအမှတ်ပြုခဲ့ပါတယ်။

Taylor and Katy at Grammu Music Awards

နှစ်ကာလအတော်ကြာကြာ ၂ဖွဲ့ကွဲနေခဲ့တဲ့ Taylor နဲ့ Katy ရဲ့ ပရိသတ်တွေကလည်း ဒီလိုပြန်လည်ပေါင်းစည်းမှုအတွက် ဝမ်းသာနေကြပါပြီ။ အနုပညာလောကရဲ့ အရှုပ်အထွေးတွေထဲမှာတော့ Katy နဲ့ Taylor က နာမည်အကြီးဆုံးဖြစ်သလို ရန်ငြိုးရန်စလည်း အကြီးမားဆုံးသူတွေမို့ ဒီတစ်ခါတော့ ၂ ယောက်သားအရင်လို နွေးထွေးတဲ့ဆက်ဆံရေးကို ပြန်လည်ထူထောင်နိုင်ပြီလားဆိုတာ မျှော်လင့်ရတော့မှာပါ။

EiEiKhineMinn ( Akhayar )