This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

စပိန္အသင္းအားကစားဒါ႐ုိက္တာ ရာထူးက ႏုတ္ထြက္ခဲ့တဲ့ ဟီယာ႐ုိ Hierro

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ စပိန္အသင္းယာယီနည္းျပအျဖစ္ ေဆာင္ရြက္ခဲ့တဲ့ ဟီယာ႐ုိ Hierro ဟာ စပိန္ေဘာလုံးအဖဲြ႕ခ်ဳပ္မွာ သူတာ၀န္ယူထားတဲ့ အားကစားဒါ႐ုိက္တာရာထူးကေန ႏုတ္ထြက္သြားၿပီျဖစ္ပါတယ္။ ဟီယာ႐ုိဟာ ကမၻာ႔ဖလားၿပိဳင္ပဲြမတိုင္ခင္ စပိန္အသင္းနည္းျပရာထူးက ထုတ္ပယ္ခံခဲ့ရတဲ့ လုိပယ္တက္ဂီ Lopetegui ေနရာမွာ ယာယီကုိင္တြယ္ခဲ့သူျဖစ္ၿပီး စပိန္အသင္းဟာ ႐ႈံးထြက္(၁၆)သင္းအဆင့္ကေန ထြက္ခဲ့ရတဲ့အတြက္ ဟီယာ႐ုိဟာ ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ေနရသူပါ။

Spain-Crash-Out-Of-World-Cup

Spain-Crash-Out-Of-World-Cup

စပိန္ေဘာလုံးအဖဲြ႕ခ်ဳပ္က ဟီယာ႐ုိကုိ သူ႔ရဲ႕ အရင္ရာထူးအတုိင္း ဆက္လက္တာ၀န္ယူသြားဖုိ႔ တိုက္တြန္းခဲ့ေပမယ့္ ဟီယာ႐ုိက ျငင္းဆန္ၿပီး စိန္ေခၚမႈအသစ္ေတြ ရင္ဆုိင္ဖုိ႔ ရာထူးက ႏုတ္ထြက္ခဲ့တာလည္းျဖစ္ပါတယ္။ အသက္(၅၀)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ စပိန္နဲ႔ရီးယဲလ္ေနာက္ခံလူေဟာင္း ဟီယာ႐ုိဟာ ကစားသမားဘ၀မွာ ရီးယဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္၊ လာလီဂါအပါအ၀င္ ဆုဖလားေပါင္းမ်ားစြာ ရယူခဲ့သူျဖစ္ၿပီး နည္းျပအျဖစ္ ရီးယဲလ္လူငယ္အသင္းရဲ႕လက္ေထာက္နည္းျပ၊ အုိဗီေယဒုိစတဲ့အသင္းေတြကုိ ကုိင္တြယ္ခဲ့ေပမယ့္ ေအာင္ျမင္မႈေတာ့ မရခဲ့ပါဘူး။

REF:BBC
Photo:Evening Standard,Independent
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

စပိန်အသင်းအားကစားဒါရိုက်တာ ရာထူးက နုတ်ထွက်ခဲ့တဲ့ ဟီယာရို Hierro

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဟီယာရို Hierro ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်မှာ သူတာဝန်ယူထားတဲ့ အားကစားဒါရိုက်တာရာထူးကနေ နုတ်ထွက်သွားပြီဖြစ်ပါတယ်။ ဟီယာရိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် စပိန်အသင်းနည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ လိုပယ်တက်ဂီ Lopetegui နေရာမှာ ယာယီကိုင်တွယ်ခဲ့သူဖြစ်ပြီး စပိန်အသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်ကနေ ထွက်ခဲ့ရတဲ့အတွက် ဟီယာရိုဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူပါ။

Spain-Crash-Out-Of-World-Cup

Spain-Crash-Out-Of-World-Cup

စပိန်ဘောလုံးအဖွဲ့ချုပ်က ဟီယာရိုကို သူ့ရဲ့ အရင်ရာထူးအတိုင်း ဆက်လက်တာဝန်ယူသွားဖို့ တိုက်တွန်းခဲ့ပေမယ့် ဟီယာရိုက ငြင်းဆန်ပြီး စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ ရာထူးက နုတ်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။ အသက်(၅၀)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်နဲ့ရီးယဲလ်နောက်ခံလူဟောင်း ဟီယာရိုဟာ ကစားသမားဘဝမှာ ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ လာလီဂါအပါအဝင် ဆုဖလားပေါင်းများစွာ ရယူခဲ့သူဖြစ်ပြီး နည်းပြအဖြစ် ရီးယဲလ်လူငယ်အသင်းရဲ့လက်ထောက်နည်းပြ၊ အိုဗီယေဒိုစတဲ့အသင်းတွေကို ကိုင်တွယ်ခဲ့ပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။

REF:BBC
Photo:Evening Standard,Independent
Naing Linn(Akhayar)
www.akhayar.com