[ZawGyi]

Rihanna ရဲ႕ Fenty Eye Makeup Collection ထြက္ေတာ႔မယ္

အႏုပညာအလုပ္နဲ႔ ေအးေအးေဆးေဆးေနလုိ႔ရေနေပမယ္႔ Rihanna က သူမႏွစ္သက္တဲ႔ဖက္ရွင္၊ သူမဖန္တီးထားတဲ႔ အလွကုန္ပစၥည္းေတြကို ပရိသတ္ေတြဆီအေရာက္ပို႔ေဆာင္ခ်င္တဲ႔ဆႏၵကလည္း ရွိေနပါေသးတယ္။ ဒါေၾကာင္႔ သူမက Lingerie Line နဲ႔ Beauty Line ကိုထိုးေဖာက္လာခဲ႔တာျဖစ္ပါတယ္။ သူမဟာမၾကာေသးခင္ကပဲ Savage X Fenty နာမည္နဲ႔ အမ်ိဳးသမီးဝတ္အတြင္းခံေတြကို ထုတ္လုပ္ခဲ႔ျပီး ပစၥည္းအားလံုးကသိပ္မၾကာခင္မွာပဲ ေရာင္းစြံသြားခဲ႔တာျဖစ္ပါတယ္။

Savage-X-Fenty

Savage-X-Fenty

Savage X Fenty ထုတ္ကုန္ေတြက ဝသည္ျဖစ္ေစ ပိန္သည္ျဖစ္ေစ အမ်ိဳးသမီးတုိင္းဟာလွပႏိုင္တယ္ဆုိတဲ႔ဘက္ကို ဦးတည္ခ်က္ထားတာမို႔ အားေပးသူေတြလည္း အရမ္းမ်ားခဲ႔ပါတယ္။

MOROCCAN-Spice-Shadow-Palette

MOROCCAN-Spice-Shadow-Palette

Fenty နာမည္နဲ႔ ေဖာင္ေဒးရွင္းမိတ္ကပ္ေတြကိုထုတ္လုပ္ခဲ႔ျပီး အခုကေတာ႔ Eye Makeup Collection ကိုထပ္မံထုတ္လုပ္လိုက္တာျဖစ္ျပီးဒီကုန္ပစၥည္းေတြကို ဇူလိုင္လ ၆ ရက္ေန႔မွာ စတင္ျဖန္႔ခ်ိေတာ႔မွာျဖစ္ပါတယ္။ ဒီ Collection မွာ Eyeshadow ၊ Eyeliner ၊ Primer နဲ႔ Brushes ေတြပါ ပါဝင္ျပီး MOROCCAN Spice Shadow Palette မွာေတာ႔ ပန္းေရာင္၊ ေရႊညိဳေရာင္၊ အစိမ္း၊ အျပာ၊ ခဲေရာင္ေတြနဲ႔ မိန္းကေလးတိုင္းလုိခ်င္စရာ အေရာင္အေသြးအျပည္႔နဲ႔ပါ။ သူမကိုယ္တုိင္ကလည္း ဒီ Shadow Palette နဲ႔ျခယ္မႈန္းထားျပီး သူမရဲ႕ Instagram မွာတင္ထားခဲ႔တာေတြ႔ရပါတယ္။

MOROCCAN eye makeup

MOROCCAN eye makeup

Eyeliner ကေတာ႔ Liquid Eyeliner အမ်ိဳးအစားျဖစ္ျပီး Flyliner လို႔နာမည္ေပးထားပါတယ္။ Pro Filt’r Amplifying Eye Primer ကေတာ႔ Foundation Type ကိုသြားျပီး မ်က္ဝန္းတစ္ဝိုက္က အျပစ္အနာအဆာေတြကို အေကာင္းဆံုးဖံုးအုပ္ေပးႏိုင္စြမ္းရွိေစဖုိ႔ ဖန္တီးထားတာပါ။ Eye Shadow Brush ေတြကိုလည္း Shadow ျခယ္သဖုိ႔အေကာင္းဆံုးျဖစ္ေအာင္ ျပင္ဆင္ဖန္းတီးေပးထားတယ္လုိ႔ဆိုပါတယ္။

her eyemakeup

her eyemakeup

သူမရဲ႕ Eye Makeup Collection ေတြက ျမင္လုိက္တာနဲ႔တင္လုိခ်င္စရာေတြခ်ည္းပဲမို႔ မိန္းကေလးေတြရဲ႕အသည္းကို ဘယ္ေလာက္ထိျမန္ျမန္ဆန္ဆန္ဖမ္းစားသြားဦးမလဲဆုိတာ ေစာင္႔ၾကည္႔ရဦးမွာပါ။ ျပီးေတာ႔ Ri ရဲ႕ထုတ္ကုန္ေတြတုိင္းက ေစတနာပါျပီးအေကာင္းဆံုးေတြနဲ႔ခ်ည္းဖန္တီးတာမုိ႔ သူမအေနနဲ႔ ေနာက္ထပ္ဘာေတြဖန္တီးေရာင္းခ်သြားဦးမလဲဆုိတာကလည္း စိတ္ဝင္စားဖုိ႔ေကာင္းေနပါတယ္။

www.akhayar.com

[Unicode]

Rihanna ရဲ့ Fenty Eye Makeup Collection ထွက်တော့မယ်

အနုပညာအလုပ်နဲ့ အေးအေးဆေးဆေးနေလို့ရနေပေမယ့် Rihanna က သူမနှစ်သက်တဲ့ဖက်ရှင်၊ သူမဖန်တီးထားတဲ့ အလှကုန်ပစ္စည်းတွေကို ပရိသတ်တွေဆီအရောက်ပို့ဆောင်ချင်တဲ့ဆန္ဒကလည်း ရှိနေပါသေးတယ်။ ဒါကြောင့် သူမက Lingerie Line နဲ့ Beauty Line ကိုထိုးဖောက်လာခဲ့တာဖြစ်ပါတယ်။ သူမဟာမကြာသေးခင်ကပဲ Savage X Fenty နာမည်နဲ့ အမျိုးသမီးဝတ်အတွင်းခံတွေကို ထုတ်လုပ်ခဲ့ပြီး ပစ္စည်းအားလုံးကသိပ်မကြာခင်မှာပဲ ရောင်းစွံသွားခဲ့တာဖြစ်ပါတယ်။

Savage-X-Fenty

Savage-X-Fenty

Savage X Fenty ထုတ်ကုန်တွေက ဝသည်ဖြစ်စေ ပိန်သည်ဖြစ်စေ အမျိုးသမီးတိုင်းဟာလှပနိုင်တယ်ဆိုတဲ့ဘက်ကို ဦးတည်ချက်ထားတာမို့ အားပေးသူတွေလည်း အရမ်းများခဲ့ပါတယ်။

MOROCCAN-Spice-Shadow-Palette

MOROCCAN-Spice-Shadow-Palette

Fenty နာမည်နဲ့ ဖောင်ဒေးရှင်းမိတ်ကပ်တွေကိုထုတ်လုပ်ခဲ့ပြီး အခုကတော့ Eye Makeup Collection ကိုထပ်မံထုတ်လုပ်လိုက်တာဖြစ်ပြီးဒီကုန်ပစ္စည်းတွေကို ဇူလိုင်လ ၆ ရက်နေ့မှာ စတင်ဖြန့်ချိတော့မှာဖြစ်ပါတယ်။ ဒီ Collection မှာ Eyeshadow ၊ Eyeliner ၊ Primer နဲ့ Brushes တွေပါ ပါဝင်ပြီး MOROCCAN Spice Shadow Palette မှာတော့ ပန်းရောင်၊ ရွှေညိုရောင်၊ အစိမ်း၊ အပြာ၊ ခဲရောင်တွေနဲ့ မိန်းကလေးတိုင်းလိုချင်စရာ အရောင်အသွေးအပြည့်နဲ့ပါ။ သူမကိုယ်တိုင်ကလည်း ဒီ Shadow Palette နဲ့ခြယ်မှုန်းထားပြီး သူမရဲ့ Instagram မှာတင်ထားခဲ့တာတွေ့ရပါတယ်။

MOROCCAN eye makeup

MOROCCAN eye makeup

Eyeliner ကတော့ Liquid Eyeliner အမျိုးအစားဖြစ်ပြီး Flyliner လို့နာမည်ပေးထားပါတယ်။ Pro Filt’r Amplifying Eye Primer ကတော့ Foundation Type ကိုသွားပြီး မျက်ဝန်းတစ်ဝိုက်က အပြစ်အနာအဆာတွေကို အကောင်းဆုံးဖုံးအုပ်ပေးနိုင်စွမ်းရှိစေဖို့ ဖန်တီးထားတာပါ။ Eye Shadow Brush တွေကိုလည်း Shadow ခြယ်သဖို့အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ဖန်းတီးပေးထားတယ်လို့ဆိုပါတယ်။

her eyemakeup

her eyemakeup

သူမရဲ့ Eye Makeup Collection တွေက မြင်လိုက်တာနဲ့တင်လိုချင်စရာတွေချည်းပဲမို့ မိန်းကလေးတွေရဲ့အသည်းကို ဘယ်လောက်ထိမြန်မြန်ဆန်ဆန်ဖမ်းစားသွားဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ပြီးတော့ Ri ရဲ့ထုတ်ကုန်တွေတိုင်းက စေတနာပါပြီးအကောင်းဆုံးတွေနဲ့ချည်းဖန်တီးတာမို့ သူမအနေနဲ့ နောက်ထပ်ဘာတွေဖန်တီးရောင်းချသွားဦးမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

www.akhayar.com