[Zawgyi]

ေနာက္တစ္ဆင့္တက္မယ့္ အသင္းေတြေပၚထြက္ခဲ့တ့ဲ ခ်န္ပီယံလိဂ္ အဂၤါေန႔ပဲြစဥ္မ်ား

ခ်န္ပီယံလိဂ္ပဲြစဥ္(၅) အဂၤါေန႔ပဲြစဥ္ေတြအၿပီးမွာေတာ့ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္မယ့္အသင္းေတြ ထြက္ေပၚလာခဲ့ပါၿပီ။ အိမ္ကြင္းမွာ ႏုိင္ပဲြကုိယ္စီရခဲ့တဲ့ မန္ယူနဲ႔ ဂ်ဴဗင္တပ္စ္၊ အုပ္စု(G)က ရုိးမားနဲ႔ ရီးယဲလ္၊ အုပ္စု(F)မွာ မန္စီးတီး၊ အုပ္စု(E)က ဘုိင္ယန္၊ ေအဂ်က္စ္အသင္းတို႔ ႐ႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ႏုိင္ခဲ့ၿပီျဖစ္ပါတယ္ . .

Group-Standing

Group-Standing

မန္ယူ ၁-၀ ယန္းဘြိဳင္းစ္

Manchester-United-Players

Manchester-United-Players

ေမာ္ရင္ဟုိ Mourinho အေနနဲ႔ အသင္းကုိ ရဲရဲ၀င့္၀င့္ ေျပာင္းလဲမႈလုပ္သင့္ေနၿပီလုိ႔ ထင္တယ္။ ပထမပုိင္းမွာ မန္ယူကစားပုံနဲ႔ ဒုတိယပုိင္း ေပ့ါဘာ Pogba ၊ လူကာကူ Lukaku တို႔ ၀င္လာခ်ိန္က ကစားပုံဟာ အရမ္းကြာျခားလြန္းတယ္။ ပထမပုိင္းမွာ မန္ယူအသင္းရဲ႕ Attacking Play က စိတ္လႈပ္ရွားစရာေကာင္းခဲ့ၿပီး ကစားသမားတိုင္းက Concentration အျပည့္နဲ႔ ကစားခဲ့သလုိ ေျခစြမ္းမျပႏုိင္လုိ႔ ေ၀ဖန္ခံေနရတဲ့ ဖရက္ဒ္ Fred ဟာ Box To Box ကုိ အေကာင္းဆုံး ကစားသြားႏုိင္ခဲ့တယ္။ ရပ္ရွ္ဖုိ႔ဒ္ Rashford ဆုိးဆုိးရြားရြားကုိ လဲြေခ်ာ္ေနလုိ႔သာ ဂုိးမရခဲ့တာပါ။ မာစီယဲလ္ Martial ၊ ရပ္ရွ္ဖုိ႔ဒ္ Rashford ၊ လင္ဂတ္ Lingard ၊ ဖရက္ဒ္ Fred တို႔ရဲ႕ တဲြလုံးေတြ၊ Movement ၊ Short Passing ေတြက အားရစရာေကာင္းခဲ့တယ္။ ေပ့ါဘာ၊ လူကာကူတို႔ ၀င္လာခ်ိန္မွာေတာ့ ပဲေလ့စ္နဲ႔ပဲြက မန္ယူအတိုင္း ျပန္ျဖစ္သြားေတာ့တာပဲ။ ဒါေတာင္ ကံေကာင္းလုိ႔ ဂုိးမေပးခဲ့ရတာျဖစ္ၿပီး ဒီဂီယာ David de Gea လက္စြမ္းျပ ကာကြယ္ႏုိင္ခဲ့လုိ႔သာ သက္သာရာရခဲ့တာပါ။ မန္ယူအတြက္ ကံေကာင္းတာက နာက်င္အခ်ိန္ပုိမွာ လူကာကူ ေခါင္းတိုက္ခ်ေပးတာကုိ ဖယ္ေလနီ Fellaini က ဂုိးဧရိယာအတြင္း အပုိင္ကန္သြင္းၿပီး အႏုိင္ဂုိးသြင္းယူခဲ့တာျဖစ္ၿပီး ေနာက္တစ္ဆင့္တက္ဖုိ႔ လက္မွတ္ပုိင္ဆုိင္ခဲ့တယ္။

ဂ်ဴဗင္တပ္စ္ ၁-၀ ဗလင္စီယာ

Juventus-Players

Juventus-Players

အပုိင္ဂုိးသြင္းခြင့္ တခ်ိဳ႕ လဲြေခ်ာ္ခဲ့လုိ႔ ဗလင္စီယာ ကံဆုိးခဲ့ၿပီး ႐ႈံးပဲြေတြ႕ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္အုပ္စုက ထြက္ခဲ့ရေပမယ့္ တတိယေနရာကေန ယူ႐ုိပါလိဂ္ ဆက္ကန္ခြင့္ေတာ့ရခဲ့တယ္။ မန္ယူကုိ အိမ္ကြင္းမွာ ႐ႈံးခဲ့လုိ႔ ဂ်ဴဗင္တပ္စ္ အမွားမခံေတာ့ဘဲ ဗလင္စီယာဘက္ကုိ ဖိဖိစီးစီးကစားခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းအတြက္ အႏုိင္ဂုိးကုိေတာ့ (၅၉)မိနစ္မွာ Mandžukić က သြင္းယူခဲ့တာပါ။

လုိင္ယြန္ ၂-၂ မန္စီးတီး

Lyon-2-2-Man-City

Lyon-2-2-Man-City

ပထမအေက်ာ႔က အိမ္ကြင္းမွာ ႐ႈံးနိမ့္ခဲ့တဲ့ လုိင္ယြန္ကုိ အေ၀းကြင္းမွာလည္း မန္စီးတီး အသာမရခဲ့ျပန္ဘူး။ လုိင္ယြန္အသင္းက အႀကိမ္ႀကိမ္ ဦးေဆာင္ခဲ့ေပမယ့္ ေခ်ပဂုိးေတြ ျပန္ေပးခဲ့ရလုိ႔ သေရတစ္မွတ္နဲ႔ ေက်နပ္ခဲ့ရတယ္။ လုိင္ယြန္အသင္းရဲ႕ မာေက်ာတဲ့ကစားပုံေၾကာင့္ မန္စီးတီးအတြက္ ခက္ခဲခဲ့ၿပီး ဒီပုိင္း Depay ကလည္း မန္စီးတီးခံစစ္ကုိ အလုပ္႐ႈပ္ေစခဲ့တယ္။ လုိင္ယြန္အသင္းအတြက္ အဖြင့္ဂုိးကုိ (၅၅)မိနစ္မွာ ေကာ္နက္ Cornet က ဂုိးဧရိယာထိပ္ကေန လွလွပပကန္သြင္းခဲ့ၿပီး (၆၂)မိနစ္မွာ လာေပ့ါတ္ Laporte က ေခ်ပဂုိး ျပန္သြင္းခဲ့တယ္။ (၈၁)မိနစ္မွာ ေကာ္နက္ကပဲ ဦးေဆာင္ဂုိး သြင္းခဲ့ေပမယ့္ (၂)မိနစ္အၾကာမွာပဲ အဂြဲ႐ုိး Aguero က ေခ်ပဂုိးျပန္သြင္းခဲ့လုိ႔ တစ္မွတ္စီခဲြယူခဲ့ၾကပါတယ္။

႐ုိးမား ၀-၂ ရီးယဲလ္

Real-Madrid-Players

Real-Madrid-Players

ျပည္တြင္းလိဂ္မွာ ႐ုန္းကန္ေနရေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ရီးယဲလ္အသင္း ေျခစြမ္းျပေနဆဲပါ။ ႐ုိးမားအသင္း ရီးယဲလ္ကုိ အေကာင္းဆုံး တု႔ံျပန္ကစားခဲ့ေပမယ့္ သေရတစ္မွတ္ေတာင္ မရတာေတာ့ စိတ္မေကာင္းစရာပါပဲ။ ရီးယဲလ္အသင္းအတြက္ ဂုိးေတြကုိ ဂါရတ္ေဘးလ္ Gareth Bale ၊ ဗက္ဇ္ေကး Lucas Vázquez တို႔က သြင္းယူခဲ့တာျဖစ္ပါတယ္။ ဒီပဲြ႐ႈံးခဲ့ေပမယ့္လည္း ႐ုိးမားအသင္းဟာ ရီးယဲလ္အသင္းနဲ႔အတူ ေနာက္တစ္ဆင့္ တက္ေရာက္ႏုိင္ခဲ့ပါၿပီ။

Group-Standing-2

Group-Standing-2

ခ်န္ပီယံလိဂ္အဂၤါေန႔ ပဲြစဥ္ရလဒ္မ်ား

AEK Athens 0 – 2 Ajax
FC Bayern München 5 – 1 Benfica
Hoffenheim 2 – 3 Shakhtar Donetsk
Lyon 2 – 2 Manchester City
CSKA Moscow 1 – 2 Viktoria Plzen
Roma 0 – 2 Real Madrid
Juventus 1 – 0 Valencia
Manchester United 1 – 0 Young Boys

Photo:Juventus Twitter,Manchester United Twitter,Manchester City Twitter,Real Madrid Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နောက်တစ်ဆင့်တက်မယ့် အသင်းတွေပေါ်ထွက်ခဲ့တဲ့ ချန်ပီယံလိဂ် အင်္ဂါနေ့ပွဲစဉ်များ

ချန်ပီယံလိဂ်ပွဲစဉ်(၅) အင်္ဂါနေ့ပွဲစဉ်တွေအပြီးမှာတော့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်မယ့်အသင်းတွေ ထွက်ပေါ်လာခဲ့ပါပြီ။ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရခဲ့တဲ့ မန်ယူနဲ့ ဂျူဗင်တပ်စ်၊ အုပ်စု(G)က ရိုးမားနဲ့ ရီးယဲလ်၊ အုပ်စု(F)မှာ မန်စီးတီး၊ အုပ်စု(E)က ဘိုင်ယန်၊ အေဂျက်စ်အသင်းတို့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ် . .

Group-Standing

Group-Standing

မန်ယူ ၁-၀ ယန်းဘွိုင်းစ်

Manchester-United-Players

Manchester-United-Players

မော်ရင်ဟို Mourinho အနေနဲ့ အသင်းကို ရဲရဲဝင့်ဝင့် ပြောင်းလဲမှုလုပ်သင့်နေပြီလို့ ထင်တယ်။ ပထမပိုင်းမှာ မန်ယူကစားပုံနဲ့ ဒုတိယပိုင်း ပေ့ါဘာ Pogba ၊ လူကာကူ Lukaku တို့ ဝင်လာချိန်က ကစားပုံဟာ အရမ်းကွာခြားလွန်းတယ်။ ပထမပိုင်းမှာ မန်ယူအသင်းရဲ့ Attacking Play က စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး ကစားသမားတိုင်းက Concentration အပြည့်နဲ့ ကစားခဲ့သလို ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေရတဲ့ ဖရက်ဒ် Fred ဟာ Box To Box ကို အကောင်းဆုံး ကစားသွားနိုင်ခဲ့တယ်။ ရပ်ရှ်ဖို့ဒ် Rashford ဆိုးဆိုးရွားရွားကို လွဲချော်နေလို့သာ ဂိုးမရခဲ့တာပါ။ မာစီယဲလ် Martial ၊ ရပ်ရှ်ဖို့ဒ် Rashford ၊ လင်ဂတ် Lingard ၊ ဖရက်ဒ် Fred တို့ရဲ့ တွဲလုံးတွေ၊ Movement ၊ Short Passing တွေက အားရစရာကောင်းခဲ့တယ်။ ပေ့ါဘာ၊ လူကာကူတို့ ဝင်လာချိန်မှာတော့ ပဲလေ့စ်နဲ့ပွဲက မန်ယူအတိုင်း ပြန်ဖြစ်သွားတော့တာပဲ။ ဒါတောင် ကံကောင်းလို့ ဂိုးမပေးခဲ့ရတာဖြစ်ပြီး ဒီဂီယာ David de Gea လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့သာ သက်သာရာရခဲ့တာပါ။ မန်ယူအတွက် ကံကောင်းတာက နာကျင်အချိန်ပိုမှာ လူကာကူ ခေါင်းတိုက်ချပေးတာကို ဖယ်လေနီ Fellaini က ဂိုးဧရိယာအတွင်း အပိုင်ကန်သွင်းပြီး အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး နောက်တစ်ဆင့်တက်ဖို့ လက်မှတ်ပိုင်ဆိုင်ခဲ့တယ်။

ဂျူဗင်တပ်စ် ၁-၀ ဗလင်စီယာ

Juventus-Players

Juventus-Players

အပိုင်ဂိုးသွင်းခွင့် တချို့ လွဲချော်ခဲ့လို့ ဗလင်စီယာ ကံဆိုးခဲ့ပြီး ရှုံးပွဲတွေ့ခဲ့တာကြောင့် ချန်ပီယံလိဂ်အုပ်စုက ထွက်ခဲ့ရပေမယ့် တတိယနေရာကနေ ယူရိုပါလိဂ် ဆက်ကန်ခွင့်တော့ရခဲ့တယ်။ မန်ယူကို အိမ်ကွင်းမှာ ရှုံးခဲ့လို့ ဂျူဗင်တပ်စ် အမှားမခံတော့ဘဲ ဗလင်စီယာဘက်ကို ဖိဖိစီးစီးကစားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းအတွက် အနိုင်ဂိုးကိုတော့ (၅၉)မိနစ်မှာ Mandžukić က သွင်းယူခဲ့တာပါ။

လိုင်ယွန် ၂-၂ မန်စီးတီး

Lyon-2-2-Man-City

Lyon-2-2-Man-City

ပထမအကျော့က အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ လိုင်ယွန်ကို အဝေးကွင်းမှာလည်း မန်စီးတီး အသာမရခဲ့ပြန်ဘူး။ လိုင်ယွန်အသင်းက အကြိမ်ကြိမ် ဦးဆောင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ရလို့ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတယ်။ လိုင်ယွန်အသင်းရဲ့ မာကျောတဲ့ကစားပုံကြောင့် မန်စီးတီးအတွက် ခက်ခဲခဲ့ပြီး ဒီပိုင်း Depay ကလည်း မန်စီးတီးခံစစ်ကို အလုပ်ရှုပ်စေခဲ့တယ်။ လိုင်ယွန်အသင်းအတွက် အဖွင့်ဂိုးကို (၅၅)မိနစ်မှာ ကော်နက် Cornet က ဂိုးဧရိယာထိပ်ကနေ လှလှပပကန်သွင်းခဲ့ပြီး (၆၂)မိနစ်မှာ လာပေ့ါတ် Laporte က ချေပဂိုး ပြန်သွင်းခဲ့တယ်။ (၈၁)မိနစ်မှာ ကော်နက်ကပဲ ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် (၂)မိနစ်အကြာမှာပဲ အဂွဲရိုး Aguero က ချေပဂိုးပြန်သွင်းခဲ့လို့ တစ်မှတ်စီခွဲယူခဲ့ကြပါတယ်။

ရိုးမား ဝ-၂ ရီးယဲလ်

Real-Madrid-Players

Real-Madrid-Players

ပြည်တွင်းလိဂ်မှာ ရုန်းကန်နေရပေမယ့် ချန်ပီယံလိဂ်မှာတော့ ရီးယဲလ်အသင်း ခြေစွမ်းပြနေဆဲပါ။ ရိုးမားအသင်း ရီးယဲလ်ကို အကောင်းဆုံး တုံ့ပြန်ကစားခဲ့ပေမယ့် သရေတစ်မှတ်တောင် မရတာတော့ စိတ်မကောင်းစရာပါပဲ။ ရီးယဲလ်အသင်းအတွက် ဂိုးတွေကို ဂါရတ်ဘေးလ် Gareth Bale ၊ ဗက်ဇ်ကေး Lucas Vázquez တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲရှုံးခဲ့ပေမယ့်လည်း ရိုးမားအသင်းဟာ ရီးယဲလ်အသင်းနဲ့အတူ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါပြီ။

Group-Standing-2

Group-Standing-2

ချန်ပီယံလိဂ်အင်္ဂါနေ့ ပွဲစဉ်ရလဒ်များ

AEK Athens 0 – 2 Ajax
FC Bayern München 5 – 1 Benfica
Hoffenheim 2 – 3 Shakhtar Donetsk
Lyon 2 – 2 Manchester City
CSKA Moscow 1 – 2 Viktoria Plzen
Roma 0 – 2 Real Madrid
Juventus 1 – 0 Valencia
Manchester United 1 – 0 Young Boys

Photo:Juventus Twitter,Manchester United Twitter,Manchester City Twitter,Real Madrid Twitter
Naing Linn(Akhayar)
www.akhayar.com