[Zawgyi]

(၂)ရာသီအတြင္း လီဗာပူးလ္ကစားသမားေတြကုိ ဘာစီလုိနာ ေခၚယူခြင့္ မရွိပါဘူး

ဘာစီလုိနာအသင္းဟာ လာမယ့့္ (၂)ရာသီအထိ လီဗာပူးလ္ကစားသမားေတြကုိ ေခၚယူခြင့္ မရွိဘဲ လီဗာပူးလ္အသငး္က ေရာင္းခ်ဖုိ႔ သေဘာတူညီမွသာ ေခၚယူႏုိင္မွာျဖစ္တယ္လုိ႔ စပိန္ေရဒီယုိ Cadena Ser က ေဖာ္ျပခဲ့ပါတယ္။ အေၾကာင္းရင္းကေတာ့ လီဗာပူးလ္အသင္းဟာ ေကာ္တင္ဟုိ Philippe Coutinho ကုိ ဘာစီလုိနာ ေခၚယူခဲ့စဥ္က (၃)ႏွစ္အတြင္း လီဗာပူးလ္ ကစားသမားေတြကုိ ေခၚယူခြင့္ မရွိဘူးဆုိတဲ့ သေဘာတူညီခ်က္ ထည့္သြင္းခဲ့လုိ႔ပဲျဖစ္ပါတယ္။ ဘာစီလုိနာအသင္းဟာ ေကာ္တင္ဟုိကုိ ေခၚယူဖုိ႔အတြက္ (၃)ႀကိမ္တိုင္တိုင္ ကမ္းလွမ္းခဲ့ရၿပီး လီဗာပူးလ္အသငး္က ပယ္ခ်ခဲ့ေပမယ့္လည္း ကစားသမားကုိယ္တိုင္က ဘာစီလုိနာအသင္းကုိ ေျပာင္းေရႊ႕ခ်င္ေနတဲ့အျပင္ ဘာစီလုိနာအသင္းရဲဲ႕ ကမ္းလွမ္းမႈကလည္း ျငင္းဆန္ရခက္တဲ့ ပမာဏျဖစ္ေနလုိ႔ လက္ခံခဲ့တာပါ။

Coutinho-Liverpool

Coutinho-Liverpool

ဘာစီလုိနာအသင္းဟာ ၂၀၁၈၊ ဇန္န၀ါရီလအတြင္းက ေကာ္တင္ဟုိကုိ ေပါင္ (၁၄၇)သန္းနဲ႔ ေခၚယူခဲ့ၿပီး ဒါဟာ ကမၻာ႔ေစ်းအႀကီးဆုံး ကစားသမားအေျပာင္းအေရႊ႕စာရင္းမွာ တတိယေျမာက္ ေၾကးအႀကီးဆုံးျဖစ္ခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ေကာ္တင္ဟုိလုိပဲ သူတို႔ရဲ႕ အဓိက ကစားသမားေတြကုိ ဘာစီလုိနာအသင္းဆီ ေနာက္ထပ္ လက္လႊတ္ရမွာ စုိးရိမ္တဲ့အတြက္ (၃)ရာသီ (၂၀၁၇-၁၈၊ ၂၀၁၈-၁၉၊ ၂၀၁၉-၂၀၂၀) အတြင္း သူတို႔အသင္းက ကစားသမားေတြကုိ ႀကိဳးစားခြင့္မရွိသလုိ၊ တကယ္လုိ႔ ၂၀၂၀ မတိုင္ခင္ အဲဒီစညး္မ်ဥ္း ခ်ိဳးေဖာက္ၿပီး လီဗာပူလ္အသင္း သေဘာတူညီမႈ မရွိဘဲ ေခၚယူခဲ့မယ္ဆုိရင္ေတာ့ ေလာ်္ေၾကးအေနနဲ႔ ေပါင္(၈၉)သန္း ေပးေခ်ရမယ္ဆုိၿပီး စည္းကမ္းသတ္မွတ္ခဲ့တာျဖစ္ပါတယ္။

Coutinho

Coutinho

ဒါေၾကာင့္ ဘာစီလုိနာအသင္းအေနနဲ႔ လီဗာပူးလ္ကစားသမားေတြကုိ ေခၚယူမယ္ဆုိရင္ေတာ့ ၂၀၂၀ ေနာက္ပုိင္းမွသာ ေခၚယူခြင့္ ရွိမွာပဲျဖစ္ပါေတာ့တယ္။ ဘာစီလုိနာအသင္းဟာ လီဗာပူးလ္ကစားသမားေတြျဖစ္တဲ့ မာေရွရာႏုိ Javier Mascherano (၂၀၁၀)၊ ဆြာရက္ဇ္ Luis Suarez (၂၀၁၄)၊ ေကာ္တင္ဟုိ Philippe Coutinho (၂၀၁၈)တို႔ကုိ ေခၚယူခဲ့ဖူးပါတယ္။

REF:independent.AS
Photo:Toronto Star,Anfield,FC Barcelona
Naing Linn(Akhayar)
www.akhayar.com

[Unicode]

(၂)ရာသီအတွင်း လီဗာပူးလ်ကစားသမားတွေကို ဘာစီလိုနာ ခေါ်ယူခွင့် မရှိပါဘူး

ဘာစီလိုနာအသင်းဟာ လာမယ့် (၂)ရာသီအထိ လီဗာပူးလ်ကစားသမားတွေကို ခေါ်ယူခွင့် မရှိဘဲ လီဗာပူးလ်အသင်းက ရောင်းချဖို့ သဘောတူညီမှသာ ခေါ်ယူနိုင်မှာဖြစ်တယ်လို့ စပိန်ရေဒီယို Cadena Ser က ဖော်ပြခဲ့ပါတယ်။ အကြောင်းရင်းကတော့ လီဗာပူးလ်အသင်းဟာ ကော်တင်ဟို Philippe Coutinho ကို ဘာစီလိုနာ ခေါ်ယူခဲ့စဉ်က (၃)နှစ်အတွင်း လီဗာပူးလ် ကစားသမားတွေကို ခေါ်ယူခွင့် မရှိဘူးဆိုတဲ့ သဘောတူညီချက် ထည့်သွင်းခဲ့လို့ပဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် (၃)ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ရပြီး လီဗာပူးလ်အသင်းက ပယ်ချခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ချင်နေတဲ့အပြင် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကလည်း ငြင်းဆန်ရခက်တဲ့ ပမာဏဖြစ်နေလို့ လက်ခံခဲ့တာပါ။

Coutinho-Liverpool

Coutinho-Liverpool

ဘာစီလိုနာအသင်းဟာ ၂၀၁၈၊ ဇန်နဝါရီလအတွင်းက ကော်တင်ဟိုကို ပေါင် (၁၄၇)သန်းနဲ့ ခေါ်ယူခဲ့ပြီး ဒါဟာ ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားအပြောင်းအရွှေ့စာရင်းမှာ တတိယမြောက် ကြေးအကြီးဆုံးဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ကော်တင်ဟိုလိုပဲ သူတို့ရဲ့ အဓိက ကစားသမားတွေကို ဘာစီလိုနာအသင်းဆီ နောက်ထပ် လက်လွှတ်ရမှာ စိုးရိမ်တဲ့အတွက် (၃)ရာသီ (၂၀၁၇-၁၈၊ ၂၀၁၈-၁၉၊ ၂၀၁၉-၂၀၂၀) အတွင်း သူတို့အသင်းက ကစားသမားတွေကို ကြိုးစားခွင့်မရှိသလို၊ တကယ်လို့ ၂၀၂၀ မတိုင်ခင် အဲဒီစည်းမျဉ်း ချိုးဖောက်ပြီး လီဗာပူလ်အသင်း သဘောတူညီမှု မရှိဘဲ ခေါ်ယူခဲ့မယ်ဆိုရင်တော့ လောျ်ကြေးအနေနဲ့ ပေါင်(၈၉)သန်း ပေးချေရမယ်ဆိုပြီး စည်းကမ်းသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Coutinho

Coutinho

ဒါကြောင့် ဘာစီလိုနာအသင်းအနေနဲ့ လီဗာပူးလ်ကစားသမားတွေကို ခေါ်ယူမယ်ဆိုရင်တော့ ၂၀၂၀ နောက်ပိုင်းမှသာ ခေါ်ယူခွင့် ရှိမှာပဲဖြစ်ပါတော့တယ်။ ဘာစီလိုနာအသင်းဟာ လီဗာပူးလ်ကစားသမားတွေဖြစ်တဲ့ မာရှေရာနို Javier Mascherano (၂၀၁၀)၊ ဆွာရက်ဇ် Luis Suarez (၂၀၁၄)၊ ကော်တင်ဟို Philippe Coutinho (၂၀၁၈)တို့ကို ခေါ်ယူခဲ့ဖူးပါတယ်။

REF:independent.AS
Photo:Toronto Star,Anfield,FC Barcelona
Naing Linn(Akhayar)
www.akhayar.com