[Zawgyi]

Gal Gadot အပါအဝင္ နာမည္ေက်ာ္အမ်ိဳးသမီးေတြခ်ည္းပါဝင္ထားတဲ့ Girls Like You

Music Video တစ္ခုမွာ ကုိယ္ၾကိဳက္တဲ့ အရမ္းလည္းမုိက္တဲ့ အႏုပညာရွင္ေတြ တျပံဳၾကီးပါဝင္ျပီ ၾကည့္ရဖို႔ဆိုတာ လံုးဝကို မလြယ္ပါဘူး။ ဒီတစ္ခါေတာ့ အိပ္မက္ထဲက Music Video ကို တကယ္ေတြ႔ျမင္ရပါျပီ။

Maroon 5 နဲ႔ Cardi B တြဲဆုိထားတဲ့ သီခ်င္း ‘Girls Like You’ မွာ နာမည္ၾကီး အႏုပညာရွင္အမ်ိဳးသမီးေတြကို တျပံဳတမၾကီး ေတြ႔ရပါတယ္။ Maroon 5 ရဲ့ အဆုိရွင္ Adam Levine ရဲ့ ေနာက္ေက်ာကပ္ရပ္အေနအထားနဲ႔ တစ္ေယာက္ျပီး တစ္ေယာက္ကို ရို္က္ျပခဲ့တာ ျဖစ္ပါတယ္။

Camila Cabello

Camila Cabello

အဖြင့္မွာ Camila Cabello ေလးနဲ႔ စဖြင့္ျပီး Gal Gadot ၊ Ellen DeGeneres ၊ Jennifer Lopez တို႔လို ဒိတ္ဒိတ္ၾကဲေတြကေန Aly Raisman ၊ Sarah Silverman ၊ Tiffany Haddish ၊ Rita Ora ၊ Millie Bobby Brown ၊ Mary J. Blige ၊ Elizabeth Banks နဲ႔ Ashley Graham လုိ နာမည္ၾကီီးေတြ တစ္ဒါဇင္ေလာက္ ‘Girls Like You’ Music Video မွာ ပါဝင္ထားပါတယ္။

Celebrities in Girls like you

ပါဝင္တဲ့ တခ်ိဳ႕ အမ်ိဳးသမီးေတြဟာဆုိရင္ “Always speak your truth” ဆိုတဲ့ စာသားပါ တီရွပ္ေတြ ဝတ္ထားၾကျပီး ဒီထဲမွာ အိုလံပစ္ကၽြမ္းဘားမယ္တစ္ေယာက္ျဖစ္တဲ့ Aly Raisman ေတာင္ပါပါေသးတယ္။ သူဟာ #MeToo လႈပ္ရွားမႈရဲ့ အဖြဲဝင္တစ္ေယာက္ျဖစ္ျပီး အေမရိကန္ကၽြမ္းဘားအသင္းရဲ့ ဆရာဝန္ေဟာင္း Larry Nassar ရဲ့ လိင္ပိုင္းဆုိင္ရာ ေစာ္ကားမႈကို သက္ေသခံခဲ့သူလည္း ျဖစ္ပါတယ္။

Aly Raisman

Aly Raisman

Video အေၾကာင္းျပန္ဆက္ရရင္ေတာ့ ဒီ Video ကို ေမလ ၃၀ ရက္ေန႔က တင္ခဲ့တာ ျဖစ္ျပီးေတာ့ ၾကည့္ရႈမႈအၾကိမ္ေရ ၃၁ သန္းရွိေနျပီး YouTube ရဲ့ Tranding မွာ No.17 ေရာက္ေနပါတယ္။ ဒီ Video မွာ မမ Gal Gadot ဟာ အားလံုးထဲမွာ ထင္းျပီး အရမ္းခ်စ္ဖို႔ေကာင္းေနပါတယ္။

Gal Gadot

Video Clip ရဲ့ အဆံုးေလးကလည္း ခ်စ္ဖို႔ေကာင္းသလို Adam Levine ဟာ သူ႔ဇနီး Behati Prinsloo နဲ႔ သမီးေလး Dusty Rose ကို ေပြ႔ဖက္ရင္း အဆံုးသတ္ထားပါတယ္။

ဒီ Video မွာ ဘယ္သူေတြ ဘယ္လိုေနရာက ပါဝင္ျပီး ဘယ္ေလာက္ထိခ်စ္ဖို႔ ေကာင္းတယ္ဆိုတာ အခုပဲ ၾကည့္လိုက္ပါေတာ့။

Yoe Lu (Akhayar)

www.akhayar.com

Ref : Variety.com
[Unicode]

Gal Gadot အပါအဝင် နာမည်ကျော်အမျိုးသမီးတွေချည်းပါဝင်ထားတဲ့ Girls Like You

Music Video တစ်ခုမှာ ကိုယ်ကြိုက်တဲ့ အရမ်းလည်းမိုက်တဲ့ အနုပညာရှင်တွေ တပြုံကြီးပါဝင်ပြီ ကြည့်ရဖို့ဆိုတာ လုံးဝကို မလွယ်ပါဘူး။ ဒီတစ်ခါတော့ အိပ်မက်ထဲက Music Video ကို တကယ်တွေ့မြင်ရပါပြီ။

Maroon 5 နဲ့ Cardi B တွဲဆိုထားတဲ့ သီချင်း ‘Girls Like You’ မှာ နာမည်ကြီး အနုပညာရှင်အမျိုးသမီးတွေကို တပြုံတမကြီး တွေ့ရပါတယ်။ Maroon 5 ရဲ့ အဆိုရှင် Adam Levine ရဲ့ နောက်ကျောကပ်ရပ်အနေအထားနဲ့ တစ်ယောက်ပြီး တစ်ယောက်ကို ရိုက်ပြခဲ့တာ ဖြစ်ပါတယ်။

Camila Cabello

Camila Cabello

အဖွင့်မှာ Camila Cabello လေးနဲ့ စဖွင့်ပြီး Gal Gadot ၊ Ellen DeGeneres ၊ Jennifer Lopez တို့လို ဒိတ်ဒိတ်ကြဲတွေကနေ Aly Raisman ၊ Sarah Silverman ၊ Tiffany Haddish ၊ Rita Ora ၊ Millie Bobby Brown ၊ Mary J. Blige ၊ Elizabeth Banks နဲ့ Ashley Graham လို နာမည်ကြီးတွေ တစ်ဒါဇင်လောက် ‘Girls Like You’ Music Video မှာ ပါဝင်ထားပါတယ်။

Celebrities in Girls like you

ပါဝင်တဲ့ တချို့ အမျိုးသမီးတွေဟာဆိုရင် “Always speak your truth” ဆိုတဲ့ စာသားပါ တီရှပ်တွေ ဝတ်ထားကြပြီး ဒီထဲမှာ အိုလံပစ်ကျွမ်းဘားမယ်တစ်ယောက်ဖြစ်တဲ့ Aly Raisman တောင်ပါပါသေးတယ်။ သူဟာ #MeToo လှုပ်ရှားမှုရဲ့ အဖွဲဝင်တစ်ယောက်ဖြစ်ပြီး အမေရိကန်ကျွမ်းဘားအသင်းရဲ့ ဆရာဝန်ဟောင်း Larry Nassar ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို သက်သေခံခဲ့သူလည်း ဖြစ်ပါတယ်။

Aly Raisman

Aly Raisman

Video အကြောင်းပြန်ဆက်ရရင်တော့ ဒီ Video ကို မေလ ၃၀ ရက်နေ့က တင်ခဲ့တာ ဖြစ်ပြီးတော့ ကြည့်ရှုမှုအကြိမ်ရေ ၃၁ သန်းရှိနေပြီး YouTube ရဲ့ Tranding မှာ No.17 ရောက်နေပါတယ်။ ဒီ Video မှာ မမ Gal Gadot ဟာ အားလုံးထဲမှာ ထင်းပြီး အရမ်းချစ်ဖို့ကောင်းနေပါတယ်။

Gal Gadot

Video Clip ရဲ့ အဆုံးလေးကလည်း ချစ်ဖို့ကောင်းသလို Adam Levine ဟာ သူ့ဇနီး Behati Prinsloo နဲ့ သမီးလေး Dusty Rose ကို ပွေ့ဖက်ရင်း အဆုံးသတ်ထားပါတယ်။

ဒီ Video မှာ ဘယ်သူတွေ ဘယ်လိုနေရာက ပါဝင်ပြီး ဘယ်လောက်ထိချစ်ဖို့ ကောင်းတယ်ဆိုတာ အခုပဲ ကြည့်လိုက်ပါတော့။

Yoe Lu (Akhayar)

www.akhayar.com

Ref : Variety.com