[Zawgyi]

First Lady ျဖစ္တဲ့ Melania Trump က ဘယ္လိုအစားအစာေတြ စားေလ့ရွိတာလဲ

အေမရိကန္ျပည္ေထာင္စုမွာကေတာ့ သူတို႔ရဲ႕ First Lady က ဘယ္လိုအစားအေသာက္ပံုစံကိုႏွစ္သက္သလဲဆိုတာဟာ အေရးပါတဲ့အေၾကာင္းအရာတစ္ခုပါပဲ။ သူမတို႔ဟာ အစားအေသာက္ပံုစံကို ေရြးခ်ယ္တဲ့အခါမွာ White House အတြက္ ေရြးခ်ယ္တာမ်ိဳးမဟုတ္ဘဲ သူမအေနနဲ႔ First Lady ျဖစ္ေနသေရြ႕ကာလတစ္ေလွ်ာက္လံုးမွာ ႏိုင္ငံတစ္၀ွမ္းလံုးအတြက္ စံစားေသာက္မႈပံုစံအျဖစ္ ေရြးခ်ယ္သတ္မွတ္ၾကပါတယ္။ ဥပမာအားျဖင့္ဆိုရမယ္ဆိုရင္ Michelle Obama ဟာဆိုရင္ ႏုိင္ငံတစ္၀ွမ္းလံုးကို က်န္းမာေရးနဲ႔ညီညြတ္တဲ့ စားေသာက္ေနထိုင္မႈပံုစံနဲ႔ အားကစားကို ဂရုျပဳေရြးခ်ယ္ေနထိုင္ၾကဖို႔ တိုက္တြန္းခဲ့ဖူးသလို တျခား First Lady ေတြဟာဆိုရင္လည္း သူတို႔ရဲ႕ အမ်ိဳးသားေတြျဖစ္ၾကတဲ့ အေမရိကန္သမၼတေတြတာ၀န္ထမ္းေဆာင္ေနခ်ိန္မွာ ႏိုင္ငံတစ္၀ွမ္းျဖစ္ပ်က္ေနတဲ့ ႏိုင္ငံေရးအေျခအေနအေပၚမူတည္ၿပီး သင့္ေတာ္မယ့္အစားအေသာက္ေနထိုင္မႈပံုစံကို ေရြးခ်ယ္ေလ့ရွိၾကတယ္လို႔ NPR (National Public Radio) က ေရးသားခဲ့ဖူးပါတယ္။ ဒါေၾကာင့္ လက္ရွိ အေမရိကန္ျပည္ေထာင္စုရဲ႕ First Lady တစ္ဦးျဖစ္တဲ့ Melania Trump ရဲ႕ အစားအေသာက္ပံုစံကေရာ ဘယ္လိုျဖစ္လိမ့္မလဲဆိုတာကလည္း စိတ္၀င္စားစရာပါ။

Smoothie

First Lady တစ္ေယာက္အေနနဲ႔ မနက္စာကို နည္းနည္းနဲ႔ က်န္းမာေရးနဲ႔ညီညြတ္ေအာင္စားေသာက္တတ္တာဟာ အရမ္းအံ့ၾသစရာေတာ့မရွိပါဘူး။ သူမဟာ မၾကာခဏ အစိမ္းေရာင္ Smoothie ကို တစ္ေန႔တာအတြက္ ပထမဦးဆံုးအစားအေသာက္အျဖစ္ သံုးေဆာင္ေလ့ရွိပါတယ္။ ေမာ္ဒယ္တစ္ေယာက္လည္းလုပ္ခဲ့ဖူးတယ္ဆိုေတာ့ သူမဟာ လတ္ဆတ္တဲ့ အသီးအႏွံေတြကို အဆီထုတ္ထားတဲ့ဒိန္ခ်ဥ္နဲ႔ေရာေႏွာၿပီးေသာက္တယ္။ ပန္းသီးေဖ်ာ္ရည္ေတြ၊ လိေမၼာသီးေဖ်ာ္ရည္ေတြႀကိဳက္တယ္လို႔ သိရပါတယ္။

Fast Food

Melania Trump က က်န္းမာတဲ့အစားအေသာက္ပံုစံကို ေရြးခ်ယ္သလိုပဲ Fast Food ေတြေရာင္းခ်တဲ့ဆိုင္ေတြမွာလည္း စားေသာက္ေလ့ရွိပါတယ္။ အထူးသျဖင့္ေတာ့ သူမဟာ Whataburger ကို သြားေလ့ရွိၿပီး ျပန္လာတဲ့အခါက်ရင္လည္း အထုတ္ႀကီးအထုတ္ငယ္အသြယ္သြယ္နဲ႔ ျပန္ထြက္လာတတ္တယ္လို႔ ေျပာၾကပါတယ္။

Chocolate

ကမာၻေပၚမွာ Chocolate ကို လြန္ဆန္ႏိုင္တဲ့သူကေတာ့ တကယ္ရွားပါတယ္။ ဒီလိုပဲ Melania Trump ဟာလည္း မလြန္ဆန္ႏုိင္ပါဘူး။ Chocolate စားတာကေတာ့ သူမကိုယ္သူမ အလိုလိုက္ထားတဲ့အစားအေသာက္တစ္ခုပါ။ Chocolate မွာ သၾကားေတြနဲ႔ အဆီေတြအမ်ားႀကီးပါ၀င္ေနတာမ်ိဳးေတြပဲမ်ားတတ္ၿပီး Cacao အမ်ားဆံုးပါမွ ၇၀ရာခိုင္ႏႈန္းပဲ ပါ၀င္ႏုိင္ပါတယ္။ ဒါေတာင္မွ Dark Chocolate ထဲမွာမွ ပါႏိုင္တာပါ။ ဒါေပမယ့္လည္း Chocolate စားတာဟာ က်န္းမာေရးနဲ႔ညီညြတ္ၿပီး စိတ္ဖိစီးမႈကိုလည္း ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။

Ice Cream

ယံုခ်င္ယံု၊ မယံုခ်င္ေနပါေနာ္။ Chocolate အျပင္ သူမ စိတ္အလိုလိုက္ၿပီးစားတဲ့ အစားအေသာက္တစ္ခုရွိပါေသးတယ္။ အဲဒါကေတာ့ Ice Cream ပဲျဖစ္ပါတယ္ရွင္။ သူမဟာ တစ္ခါက ဒီလိုအစားအစာမ်ိဳးေတြဟာ တစ္ခါတေလစားဖို႔ သင့္တယ္လို႔ ေျပာဖူးပါတယ္။ ဒါေပမယ့္ သူမရဲ႕ တစ္ခါတေလက ဘယ္ႏွရက္တစ္ခါလဲဆိုတာကိုေတာ့ ေသခ်ာမသိၾကပါဘူး။

Diet Coke

Melania နဲ႔ Donald Trump တို႔ဟာ ေသာက္စရာေရြးခ်ယ္ပံုျခင္း တူညီၾကပါတယ္။ တစ္ေခါက္နဲ႔တစ္ေခါက္ ေသာက္စရာေတြမွာယူတာမတူညီၾကေပမယ့္ မ်ားေသာအားျဖင့္ေတာ့ သူမတို႔ႏွစ္ဦးစလံုးဟာ Diet Coke ကို မွာယူေသာက္သံုးေလ့ရွိၾကပါတယ္တဲ့။

First Lady က ဗီတာမင္ေတြ မွီ၀ဲရတာကိုလည္း သေဘာက်တဲ့သူပါ။ သူမရဲ႕ မနက္စာထဲမွာ သူမလိုအပ္တဲ့အာဟာရေတြကို အၿမဲတြက္ခ်က္ထည့္သြင္းစားသံုးေလ့ရွိၿပီး ဒါဟာ သူမရဲ႕ အလွအပအတြက္ လိုအပ္တဲ့အရာတစ္ခုလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ သူမ စားသံုးတဲ့အစားအေသာက္အေနအထိုင္ပံုစံဟာ ဘယ္လိုမ်ားလဲလို႔ ထပ္ၿပီး အေသအခ်ာသိခ်င္မိတယ္ဆိုရင္ေတာ့ သူမရဲ႕ အလွအပပံုစံနဲ႔ အသားအရည္ကိုၾကည့္ျခင္းအားျဖင့္ ေလ့လာႏုိင္ပါတယ္ေနာ္။

Moethaesay (Akhayar)

[Unicode]

First Lady ဖြစ်တဲ့ Melania Trump က ဘယ်လိုအစားအစာတွေ စားလေ့ရှိတာလဲ

အမေရိကန်ပြည်ထောင်စုမှာကတော့ သူတို့ရဲ့ First Lady က ဘယ်လိုအစားအသောက်ပုံစံကိုနှစ်သက်သလဲဆိုတာဟာ အရေးပါတဲ့အကြောင်းအရာတစ်ခုပါပဲ။ သူမတို့ဟာ အစားအသောက်ပုံစံကို ရွေးချယ်တဲ့အခါမှာ White House အတွက် ရွေးချယ်တာမျိုးမဟုတ်ဘဲ သူမအနေနဲ့ First Lady ဖြစ်နေသရွေ့ကာလတစ်လျှောက်လုံးမှာ နိုင်ငံတစ်ဝှမ်းလုံးအတွက် စံစားသောက်မှုပုံစံအဖြစ် ရွေးချယ်သတ်မှတ်ကြပါတယ်။ ဥပမာအားဖြင့်ဆိုရမယ်ဆိုရင် Michelle Obama ဟာဆိုရင် နိုင်ငံတစ်ဝှမ်းလုံးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ အားကစားကို ဂရုပြုရွေးချယ်နေထိုင်ကြဖို့ တိုက်တွန်းခဲ့ဖူးသလို တခြား First Lady တွေဟာဆိုရင်လည်း သူတို့ရဲ့ အမျိုးသားတွေဖြစ်ကြတဲ့ အမေရိကန်သမ္မတတွေတာဝန်ထမ်းဆောင်နေချိန်မှာ နိုင်ငံတစ်ဝှမ်းဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေအပေါ်မူတည်ပြီး သင့်တော်မယ့်အစားအသောက်နေထိုင်မှုပုံစံကို ရွေးချယ်လေ့ရှိကြတယ်လို့ NPR (National Public Radio) က ရေးသားခဲ့ဖူးပါတယ်။ ဒါကြောင့် လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ First Lady တစ်ဦးဖြစ်တဲ့ Melania Trump ရဲ့ အစားအသောက်ပုံစံကရော ဘယ်လိုဖြစ်လိမ့်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။

Smoothie

First Lady တစ်ယောက်အနေနဲ့ မနက်စာကို နည်းနည်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်တတ်တာဟာ အရမ်းအံ့သြစရာတော့မရှိပါဘူး။ သူမဟာ မကြာခဏ အစိမ်းရောင် Smoothie ကို တစ်နေ့တာအတွက် ပထမဦးဆုံးအစားအသောက်အဖြစ် သုံးဆောင်လေ့ရှိပါတယ်။ မော်ဒယ်တစ်ယောက်လည်းလုပ်ခဲ့ဖူးတယ်ဆိုတော့ သူမဟာ လတ်ဆတ်တဲ့ အသီးအနှံတွေကို အဆီထုတ်ထားတဲ့ဒိန်ချဉ်နဲ့ရောနှောပြီးသောက်တယ်။ ပန်းသီးဖျော်ရည်တွေ၊ လိမ္မောသီးဖျော်ရည်တွေကြိုက်တယ်လို့ သိရပါတယ်။

Fast Food

Melania Trump က ကျန်းမာတဲ့အစားအသောက်ပုံစံကို ရွေးချယ်သလိုပဲ Fast Food တွေရောင်းချတဲ့ဆိုင်တွေမှာလည်း စားသောက်လေ့ရှိပါတယ်။ အထူးသဖြင့်တော့ သူမဟာ Whataburger ကို သွားလေ့ရှိပြီး ပြန်လာတဲ့အခါကျရင်လည်း အထုတ်ကြီးအထုတ်ငယ်အသွယ်သွယ်နဲ့ ပြန်ထွက်လာတတ်တယ်လို့ ပြောကြပါတယ်။

Chocolate

ကမ္ဘာပေါ်မှာ Chocolate ကို လွန်ဆန်နိုင်တဲ့သူကတော့ တကယ်ရှားပါတယ်။ ဒီလိုပဲ Melania Trump ဟာလည်း မလွန်ဆန်နိုင်ပါဘူး။ Chocolate စားတာကတော့ သူမကိုယ်သူမ အလိုလိုက်ထားတဲ့အစားအသောက်တစ်ခုပါ။ Chocolate မှာ သကြားတွေနဲ့ အဆီတွေအများကြီးပါဝင်နေတာမျိုးတွေပဲများတတ်ပြီး Cacao အများဆုံးပါမှ ၇၀ရာခိုင်နှုန်းပဲ ပါဝင်နိုင်ပါတယ်။ ဒါတောင်မှ Dark Chocolate ထဲမှာမှ ပါနိုင်တာပါ။ ဒါပေမယ့်လည်း Chocolate စားတာဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

Ice Cream

ယုံချင်ယုံ၊ မယုံချင်နေပါနော်။ Chocolate အပြင် သူမ စိတ်အလိုလိုက်ပြီးစားတဲ့ အစားအသောက်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ Ice Cream ပဲဖြစ်ပါတယ်ရှင်။ သူမဟာ တစ်ခါက ဒီလိုအစားအစာမျိုးတွေဟာ တစ်ခါတလေစားဖို့ သင့်တယ်လို့ ပြောဖူးပါတယ်။ ဒါပေမယ့် သူမရဲ့ တစ်ခါတလေက ဘယ်နှရက်တစ်ခါလဲဆိုတာကိုတော့ သေချာမသိကြပါဘူး။

Diet Coke

Melania နဲ့ Donald Trump တို့ဟာ သောက်စရာရွေးချယ်ပုံခြင်း တူညီကြပါတယ်။ တစ်ခေါက်နဲ့တစ်ခေါက် သောက်စရာတွေမှာယူတာမတူညီကြပေမယ့် များသောအားဖြင့်တော့ သူမတို့နှစ်ဦးစလုံးဟာ Diet Coke ကို မှာယူသောက်သုံးလေ့ရှိကြပါတယ်တဲ့။

First Lady က ဗီတာမင်တွေ မှီဝဲရတာကိုလည်း သဘောကျတဲ့သူပါ။ သူမရဲ့ မနက်စာထဲမှာ သူမလိုအပ်တဲ့အာဟာရတွေကို အမြဲတွက်ချက်ထည့်သွင်းစားသုံးလေ့ရှိပြီး ဒါဟာ သူမရဲ့ အလှအပအတွက် လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် သူမ စားသုံးတဲ့အစားအသောက်အနေအထိုင်ပုံစံဟာ ဘယ်လိုများလဲလို့ ထပ်ပြီး အသေအချာသိချင်မိတယ်ဆိုရင်တော့ သူမရဲ့ အလှအပပုံစံနဲ့ အသားအရည်ကိုကြည့်ခြင်းအားဖြင့် လေ့လာနိုင်ပါတယ်နော်။

Moethaesay (Akhayar)