[Zawgyi]

အေဖမ်ားေန႔နဲ႔ သိပ္ခ်စ္တတ္ၾကတဲ့ အနုပညာရွင္ေဖေဖမ်ား

လူမႈကြန္ရက္ေပၚမွာ သူတို႔ရဲ ႔ရင္ေသြးေတြကို ဘယ္ေလာက္အထိေတာင္ခ်စ္တယ္ဆိုတာကို ထင္ထင္ရွားရွားေတြ႔ျမင္ေအာင္ေဖာ္ျပေလ့ရွိတဲ့ အနုပညာရွင္ေဖေဖေတြရွိပါတယ္။ အခုလိုသူတို႔ခ်စ္တတ္တာေတြကို ေတြ႔ျမင္ရတဲ့ အတြက္လည္း ဖခင္တိုင္းရဲ ႔ ေမတၱာတရားနက္ရိႈင္းမႈေတြကို ပိုလို႔ိသိရွိခံစားရပါတယ္။ ဒါေၾကာင့္အေဖမ်ားေန႔ အတြက္ အေဖတိုင္းကိုဂုဏ္ျပဳရင္း အနုပညာရွင္ေဖေဖေတြထဲမွ တခ်ိဳ႕ကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

ေျပတီဦး

သားတစ္ေယာက္ သမီးတစ္ေယာက္နဲ႔ အျမဲေပ်ာ္ရႊင္ေနတဲ့ ေဖေဖတီတီ ကေတာ့ သမီးကိုေရာ သားကိုေရာ တစ္ေယာက္တစ္မ်ိဳးစီ ခ်စ္ရပါတယ္ဆိုိတာကို အျမဲေျပာေလ့ရွိပါတယ္။ ဟုိတေလာက ေစ်းဝယ္စင္တာတစ္ခုကို မိသားစုလိုက္သြားၾကတဲ့ Live ဗီဒီယိုေလးကို ၾကည့္ၿပီးေတာ့ ကိုေျပတီဦး တစ္ေယာက္မိသားစု ကို အေတာ္ခင္တြယ္တတ္တယ္ ဆိုတာကိုပရိသတ္ႀကီးလည္း သတိထားမိမယ္ထင္ပါတယ္။

ဒါေၾကာင့္ ကေလးေတြကို ခ်စ္သလို မိသားစုကို တန္ဖိုးထားတဲ့ ေဖေဖတီတီ ဒီထက္မကေအာင္ျမင္ေက်ာ္ၾကားတဲ့ အနုပညာေတြကို ဖန္တီးနိုင္ပါေစလို႔ ဆုေတာင္းရင္း အေဖမ်ားေန႔ အတြက္ဂုဏ္ျပဳလိုက္ပါတယ္။

လင္းလင္း

အဆိုေတာ္လင္းလင္း ကေတာ့ လူမႈကြန္ရက္ေပၚမွာ အျမႊာနွစ္ေယာက္နဲ႔ အျမဲေတြ႔ေနရတတ္တဲ့ ပြင့္လင္းရိုးသားၿပီး မိသားစုကိုခ်စ္ခင္တဲ့ ဖခင္တစ္ေယာက္ပါ။

သမီးအျမႊာနွစ္ေယာက္နဲ႔ပတ္သက္လာရင္ အေတာ္ကိုခ်စ္တတ္ၿပီး ဂရုစိုက္တတ္တာေတြကိုလည္း သူတင္ေနၾကဓါတ္ပံုေတြနဲ႔ ဗီဒီယိုဖိုင္ေတြကေနတဆင့္သိျမင္နုိင္ပါတယ္။ သမီးေတြကိုခ်စ္သလို ဇနီးျဖစ္သူ ခ်စ္သုေဝကိုလည္း အင္မတန္ခ်စ္တတ္တဲ့ အဆိုေတာ္လင္းလင္း ကိုလည္း အေဖမ်ားေန႕အတြက္ ဂုဏ္ျပဳလို္က္ပါတယ္။

ဂေရဟမ္

သမီးနွစ္ေယာက္နဲ႔ အျမဲအတူတူေတြ႔ရတတ္တဲ့ အနုပညာရွင္ေဖေဖေနာက္ထပ္တစ္ေယာက္ကေတာ့ အဆိုေတာ္ဂေရဟမ္ပဲျဖစ္ပါတယ္။ ဂေရဟမ္ဟာ သမီးေလးနွစ္ေယာက္ကို ကေလးေလးေတြလိုတစ္ေကာက္ေကာက္နဲ႔လိုက္ၿပီးဂရုစိုက္တတ္တဲ့ ေဖေဖတစ္ေယာက္ပါ။

သမီးနွစ္ေယာက္လံုးဟာ ဆယ္ေက်ာ္သက္အရြယ္ေတြေရာက္ေနေပမယ့္လည္း ေဖေဖေရာ ေမေမေရာရဲ ႔ခ်စ္ျခင္းတရားေတြကို အျပည့္အဝရရွိထားသူေတြျဖစ္ပါတယ္။ ပန္းေရာင္ျခယ္နဲ႔ ပန္းသြန္းျခယ္ နွစ္ေယာက္စလံုးဟာ သိပ္ခ်စ္တတ္တဲ့ ေဖေဖကိုပိုင္ဆိုင္ထားရတဲ့ အတြက္ကံေကာင္းလြန္းလွပါတယ္။ သမီးနွစ္ေယာက္ကို သိပ္ခ်စ္တတ္တဲ့ေဖေဖဂေရဟမ္ကိုလည္း အေဖမ်ားေန႔အတြက္ ဂုဏ္ျပဳလိုက္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Htwe Lynn Ko Facebook ၊ Pyay Ti Oo Facebook ၊ Pan Yaung Chel Facebook

www.akhayar.com

[Unicode]

အဖေများနေ့နဲ့ သိပ်ချစ်တတ်ကြတဲ့ အနုပညာရှင်ဖေဖေများ

လူမှုကွန်ရက်ပေါ်မှာ သူတို့ရဲ့ရင်သွေးတွေကို ဘယ်လောက်အထိတောင်ချစ်တယ်ဆိုတာကို ထင်ထင်ရှားရှားတွေ့မြင်အောင်ဖော်ပြလေ့ရှိတဲ့ အနုပညာရှင်ဖေဖေတွေရှိပါတယ်။ အခုလိုသူတို့ချစ်တတ်တာတွေကို တွေ့မြင်ရတဲ့ အတွက်လည်း ဖခင်တိုင်းရဲ့ မေတ္တာတရားနက်ရှိုင်းမှုတွေကို ပိုလို့ိသိရှိခံစားရပါတယ်။ ဒါကြောင့်အဖေများနေ့ အတွက် အဖေတိုင်းကိုဂုဏ်ပြုရင်း အနုပညာရှင်ဖေဖေတွေထဲမှ တချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ပြေတီဦး

သားတစ်ယောက် သမီးတစ်ယောက်နဲ့ အမြဲပျော်ရွှင်နေတဲ့ ဖေဖေတီတီ ကတော့ သမီးကိုရော သားကိုရော တစ်ယောက်တစ်မျိုးစီ ချစ်ရပါတယ်ဆိုတာကို အမြဲပြောလေ့ရှိပါတယ်။ ဟိုတလောက ဈေးဝယ်စင်တာတစ်ခုကို မိသားစုလိုက်သွားကြတဲ့ Live ဗီဒီယိုလေးကို ကြည့်ပြီးတော့ ကိုပြေတီဦး တစ်ယောက်မိသားစု ကို အတော်ခင်တွယ်တတ်တယ် ဆိုတာကိုပရိသတ်ကြီးလည်း သတိထားမိမယ်ထင်ပါတယ်။

ဒါကြောင့် ကလေးတွေကို ချစ်သလို မိသားစုကို တန်ဖိုးထားတဲ့ ဖေဖေတီတီ ဒီထက်မကအောင်မြင်ကျော်ကြားတဲ့ အနုပညာတွေကို ဖန်တီးနိုင်ပါစေလို့ ဆုတောင်းရင်း အဖေများနေ့ အတွက်ဂုဏ်ပြုလိုက်ပါတယ်။

လင်းလင်း

အဆိုတော်လင်းလင်း ကတော့ လူမှုကွန်ရက်ပေါ်မှာ အမြွှာနှစ်ယောက်နဲ့ အမြဲတွေ့နေရတတ်တဲ့ ပွင့်လင်းရိုးသားပြီး မိသားစုကိုချစ်ခင်တဲ့ ဖခင်တစ်ယောက်ပါ။

သမီးအမြွှာနှစ်ယောက်နဲ့ပတ်သက်လာရင် အတော်ကိုချစ်တတ်ပြီး ဂရုစိုက်တတ်တာတွေကိုလည်း သူတင်နေကြဓါတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကနေတဆင့်သိမြင်နိုင်ပါတယ်။ သမီးတွေကိုချစ်သလို ဇနီးဖြစ်သူ ချစ်သုဝေကိုလည်း အင်မတန်ချစ်တတ်တဲ့ အဆိုတော်လင်းလင်း ကိုလည်း အဖေများနေ့အတွက် ဂုဏ်ပြုလိုက်ပါတယ်။

ဂရေဟမ်

သမီးနှစ်ယောက်နဲ့ အမြဲအတူတူတွေ့ရတတ်တဲ့ အနုပညာရှင်ဖေဖေနောက်ထပ်တစ်ယောက်ကတော့ အဆိုတော်ဂရေဟမ်ပဲဖြစ်ပါတယ်။ ဂရေဟမ်ဟာ သမီးလေးနှစ်ယောက်ကို ကလေးလေးတွေလိုတစ်ကောက်ကောက်နဲ့လိုက်ပြီးဂရုစိုက်တတ်တဲ့ ဖေဖေတစ်ယောက်ပါ။

သမီးနှစ်ယောက်လုံးဟာ ဆယ်ကျော်သက်အရွယ်တွေရောက်နေပေမယ့်လည်း ဖေဖေရော မေမေရောရဲ့ချစ်ခြင်းတရားတွေကို အပြည့်အဝရရှိထားသူတွေဖြစ်ပါတယ်။ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ် နှစ်ယောက်စလုံးဟာ သိပ်ချစ်တတ်တဲ့ ဖေဖေကိုပိုင်ဆိုင်ထားရတဲ့ အတွက်ကံကောင်းလွန်းလှပါတယ်။ သမီးနှစ်ယောက်ကို သိပ်ချစ်တတ်တဲ့ဖေဖေဂရေဟမ်ကိုလည်း အဖေများနေ့အတွက် ဂုဏ်ပြုလိုက်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Htwe Lynn Ko Facebook ၊ Pyay Ti Oo Facebook ၊ Pan Yaung Chel Facebook

www.akhayar.com