ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲတွေမှာ ပရီးမီးယားလိဂ်ဟာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ ပရိသတ်စိတ်ဝင်စားမှု အများဆုံးပြိုင်ပွဲလို့ သတ်မှတ်ရမယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ စံချိန်တစ်ခုတင်ရှိနိုင်ဖို့ဆိုတာက မလွယ်ကူတဲ့ကိစ္စပါပဲ။ ဒါပေမဲ့လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စံချိန်တွေရေးထိုးခဲ့ကြတဲ့ ဂန္ထ၀င်ကစားသမားတွေ ရှိကြပြီး သူတို့ဟာ တစ်ခေတ်တစ်ခါတုန်းက အကောင်းတကာ့အကောင်းဆုံးလို့ သတ်မှတ်ရမယ့်သူတွေဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စံချိန်သစ်တွေတင်ရှိခဲ့တဲ့သူတွေထဲက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံး သွင်းဂိုးပိုင်ရှင်တွေကို အပိုင်း(၁)အဖြစ် ဖော်ပြလိုက်ပါတယ် . . .

Shane Long (Watford v Southampton 2018/19)

ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက ၀က်ဖို့ဒ်နဲ့ဆောက်သမ်တန်တို့ ကစားခဲ့တဲ့ပွဲမှာ ဆောက်သမ်တန်အသင်း ၀ါရင့်တိုက်စစ်မှူး ရှိန်းလောင်း Shane Long ဟာ အဖွင့်ဂိုးကို ပွဲအစ (၇.၆၉)စက္ကန့်မှာ သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံးသွင်းဂိုးပိုင်ရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ စပါးနောက်ခံလူဟောင်း လက်ဒလေကင်း Ledley King (၁၉)နှစ်ကြာတင်ထားတဲ့ စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရှိန်းလောင်းရဲ့ သွင်းဂိုးကို ကြည့်ရန် ရုပ်သံလင့်ခ်

Ledley King (Bradford City v Spurs 2000/01)

ဒဏ်ရာပြဿနာကြောင့် ကစားသမားဘ၀ကနေ စောစောစီးစီး အနားယူခဲ့ရတဲ့ စပါးအသင်းနောက်ခံလူဟောင်း လက်ဒလေကင်း Ledley King ဟာ ၂၀၀၀ ခုနှစ်တုန်းက ဘရန့်ဖို့ဒ်နဲ့ကစားခဲ့တဲ့ပွဲမှာ ပွဲအစ(၉.၈၂)စက္ကန့်မှာပဲ ဂိုးသွင်းယူခဲ့ပါတယ်။ အခုတော့ အဲဒီစံချိန်ကို ရှိန်းလောင်း Shane Long က ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

လက်ဒလေကင်းရဲ့ သွင်းဂိုးကိုကြည့်ရန်​ ရုပ်သံလင့်ခ်

Alan Shearer (Newcastle v Man City 2002/03)

ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံး သွင်းယူခဲ့တဲ့ ဘလက်ဘန်း၊ နယူးကာဆယ်ဂန္ထ၀င်တိုက်စစ်မှူး အလန်ရှီးယား Alan Shearer ဟာ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးသွင်းဂိုးပိုင်ရှင်စာရင်းထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ ၂၀၀၂-၀၃ ရာသီတုန်းက မန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာ ပွဲအစ(၁၀.၅၂)စက္ကန့်မှာပဲ သွင်းယူခဲ့တာဖြစ်ပါတယ်။

အလန်ရှီးယားရဲ့ သွင်းဂိုးကိုကြည့်ရန် ရုပ်သံလင့်ခ်

Christian Eriksen (Spurs v Man Utd 2017/18)

ပြီးခဲ့တဲ့ရာသီတုန်းက မန်ယူအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ စပါးအသင်းအတွက် အဖွင့်ဂိုးသွင်းခဲ့တဲ့ အဲရစ်ဆင် Christian Eriksen ရဲ့ ဂိုးကလည်း ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံးသွင်းဂိုးစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ အဲရစ်ဆင်ဟာ စပါးအသင်းအတွက် အဖွင့်ဂိုးကို (၁၀.၅၄)စက္ကန့်မှာ သွင်းယူခဲ့တာပါ။

အဲရစ်ဆင်ရဲ့ သွင်းဂိုးကိုကြည့်ရန် ရုပ်သံလင့်ခ်

Mark Viduka (Charlton v Leeds 2000/01)

တစ်ချိန်က ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်၊ လိဒ်စ်အသင်းဂန္ထ၀င်တိုက်စစ်မှူး ဗီဒူကာ Mark Viduka ဟာ ၂၀၀၀-၀၁ ရာသီတုန်းက ချာလ်တန်နဲ့ ကစားခဲ့တဲ့ပွဲမှာ (၁၁.၉)စက္ကန့်နဲ့ ဂိုးသွင်းယူခဲ့ပြီး ဒီစာရင်းမှာတော့ ပဉ္စမနေရာမှာရပ်တည်နေပါတယ်။

ဒီကစားသမားတွေကတော့ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးသွင်းဂိုးပိုင်ရှင်တွေဖြစ်ပါတယ်။ ကျန်တဲ့ ကစားသမား(၅)ဦးကိုလည်း ဆက်လက်ဖော်ပြမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး . . .

REF:Premier League
Photo:telegraph
Naing Linn(Akhayar)
www.akhayar.com